← Chapters

အခန်း ၅၅၆

Vol. 47 Ch. 556

အခန်း ၅၅၆

Vol. 47 Ch. 556

အပိုင်း (၅၅၆)

ထို့နောက် ယွင်ကျုံးဟဲ့သည် ဤတွေ့ဆုံခွင့် တောင်းခံလွှာများကို တစ်စောင်ချင်းစီ ဖတ်ရှုနေတော့သည်။

ရုတ်တရက် အလွန် ရင်းနှီးကျွမ်းဝင်နေသော နာမည်တစ်ခုကို တွေ့လိုက်ရ၏။ “ထန်ထိုင်မြဲ့မင်…”

ထိုပုဂ္ဂိုလ်သည် တစ်ချိန်က ပိုင်ရှင်မဲ့နယ်မြေတွင် အထွတ်အထိပ်ရောက်ခဲ့သော အဆင့်တစ် နယ်စားကြီး ဖြစ်ခဲ့ဖူးရုံမျှမက အင်အားအတောင့်တင်းဆုံး အချိန်ကာလတုန်းကမူ အင်အားတစ်သိန်းနီးပါးရှိသည့် စစ်တပ်ကြီး တစ်တပ်လုံးကိုပင် စိတ်တိုင်းကျ ကွပ်ကဲပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် သူသည် ယွင်ကျုံးဟဲ့ တစ်သက်တာတွင် မြင်တွေ့ခဲ့ဖူးသမျှသော လူသားများထဲ၌ အထက်မြက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်၏။

ပိုင်ရှင်မဲ့နယ်မြေရှိ နယ်စားအပေါင်းတို့၏ အချုပ်အခြာ အာဏာပိုင် ခေါင်းဆောင်ကြီး ဖြစ်ရုံသာမက ထိုနယ်မြေတစ်ခုလုံးကို ပေါင်းစည်းကာ လွတ်လပ်သော နိုင်ငံတော်သစ်တစ်ခု တည်ထောင်ပြီး ဘုရင်အဖြစ် နန်းတက်ရန် လက်တစ်ကမ်း အလိုအထိပင် ရောက်ရှိခဲ့ဖူးသည်။

သူသည် တာယင်အင်ပါယာနှင့် တာ့ကျိုးအင်ပါယာ နိုင်ငံကြီးနှစ်ခုလုံးကို အချင်းချင်း စစ်ခင်းစေပြီး နှစ်ဖက်စလုံး၏ အင်အားများ ဆုတ်ယုတ်သွားအောင် အကွက်ချ စီမံခဲ့ကာ ထိုအင်ပါယာကြီးနှစ်ခုလုံး၏ ပခုံးပေါ်တွင် ခွစီး၍ ကြီးပွားအောင်မြင်ရန်အထိပင် ရည်မှန်းကြိုးပမ်းခဲ့သူ ဖြစ်၏။

စင်စစ် သူသည် လုံးဝဥဿုံ ပြိုင်ဘက်ကင်းလှသော သူရဲကောင်းတစ်ဦးဖြစ်ပြီး အထက်တန်းကျလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်သည်။

ကာလအတန်ကြာအောင် ယွင်ကျုံးဟဲ့၏ ကံကြမ္မာနှင့် ကျင်းကျုံးယွဲ့၏ ကံကြမ္မာ အားလုံးကို မိမိစိတ်ကြိုက် လှည့်ပတ်ချုပ်ကိုင်ထားခဲ့သူဖြစ်ရာ လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် ယွင်ကျုံးဟဲ့ကို အလွယ်တကူ ဖိသတ်ပစ်နိုင်လောက်သည့် အစွမ်းရှိ၏။

သို့သော်လည်း ယခုကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်ကြီးက အောက်ကျနောက်ကျဖြင့် တွေ့ဆုံခွင့် တောင်းခံလွှာကို ကိုယ်တိုင် ကိုင်ဆောင်ကာ ယွင်ကျုံးဟဲ့ထံ လာရောက်တွေ့ဆုံနေသည်ဆိုသည်မှာ ဖြစ်နိုင်သည်လား။

သူ့ကို တွေ့ဆုံခွင့် ပေးသင့်သည်လား။ အကယ်၍ တွေ့ဆုံခွင့်ပေးလိုက်လျှင် သူ၏ အဆင့်အတန်း အစစ်အမှန်ကို သူ ရိပ်မိသွားမည်လား။ အမှန်တရားမှာတော့ လွန်လွန်ကဲကဲ တွေးတောပူပန်နေမိခြင်းသာ ဖြစ်သည်။

ဤလောကကမ္ဘာတွင် မျက်လုံးကို မှိတ်ထားလျှင်ပင် ယွင်ကျုံးဟဲ့ကို ကွဲကွဲပြားပြား မှတ်မိနိုင်စွမ်းရှိသူဟူ၍ ကျင်းကျုံးယွဲ့ ဆိုသည့် မိန်းမတစ်ယောက်တည်းသာ ရှိသည်။ ယခုအခြေအနေတွင်မူ မျက်လုံးကို ဖွင့်ထားသည့်တိုင်အောင် ထို ကျင်းကျုံးယွဲ့ ကိုယ်တိုင်ပင်လျှင် သူ့ကို မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီ နန်ဖိန်ဟောက်ကို တွေ့လိုက်တာပေါ့။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲအတွင်း ကျရှုံးခဲ့ရပြီးနောက်တွင်မူ ထန်ထိုင်မြဲ့မင်အဖို့ သူတည်ဆောက်ထားသမျှသော အခြေခံအုတ်မြစ် အားလုံးကို ဆုံးရှုံးလိုက်ရသည်။

ထို့ကြောင့် သူသည် သစ္စာခံလူအင်အား ထောင်ဂဏန်းကိုသာ ခေါ်ဆောင်လျက် တာ့ကျိုးအင်ပါယာအတွင်းသို့ မလွှဲမရှောင်သာ ခိုလှုံထွက်ပြေးခဲ့ရ၏။

တစ်ချိန်က ထန်ထိုင်မြို့နှင့်တကွ မိသားစုပိုင်ဆိုင်ခဲ့သော နယ်မြေဒေသ အားလုံးမှာလည်း တာယင် အင်ပါယာ၏ သိမ်းပိုက်ဝါးမြိုခြင်းကို ခံလိုက်ရသည်။

သို့သော်လည်း တာ့ကျိုးအင်ပါယာ၏ ဧကရာဇ်မင်းမြတ်သည် သူ့အား နန်ဖိန်ဟောက် အဖြစ် ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်မြှောက်စားခဲ့သည်။ အကြောင်းမူကား ထန်ထိုင်မြဲ့မင်သည် မိမိထံ လာရောက်ခိုလှုံလာခဲ့ကြသော နယ်စားများထဲတွင် အရှိန်အဝါ အကြီးမားဆုံးသော အချုပ်အခြာအာဏာပိုင် နယ်စားကြီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။

သို့သော်ငြား အမှန်စင်စစ်တွင်မူ ထန်ထိုင်မြဲ့မင်၏ ရင်တွင်း၌ ကိန်းအောင်းခဲ့ဖူးသော ယခင်က ရည်မှန်းချက်ကြီးမှာ ယခုကဲ့သို့ သူတစ်ပါးလက်အောက်၌ ခိုလှုံရန် မဟုတ်ဘဲ နယ်မြေဒေသများကို သီးခြားခွဲဝေ၍ ကိုယ်ပိုင်အုပ်ချုပ်သော ဘုရင်တစ်ပါးအဖြစ် နန်းတက်စိုးစံရန်သာ ဖြစ်သည်။

ခဏအကြာတွင် ထန်ထိုင်မြဲ့မင်သည် အောက်ယွီ၏ အရှေ့သို့ ရောက်ရှိလာပြီး ဦးညွတ်လျက် ပြောလိုက်၏။ “နုလန်ဟောက်ကို အရိုအသေပေးပါတယ်။”

ယွင်ကျုံးဟဲ့သည် မျက်စိရှေ့ရှိ ဤလူမှာ ထန်ထိုင်မြဲ့မင် ဖြစ်ကြောင်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

ယခင်က နတ်ဒေဝါကဲ့သို့ ခံ့ညားထည်ဝါပြီး စိတ်ဓာတ် တက်ကြွနေသော ထန်ထိုင်မြဲ့မင် ဘယ်ရောက် သွားပြီနည်း။ ဤသည်မှာ အသက် နှစ်ဆယ်ကျော် ပိုအိုသွားသကဲ့သို့ ပင် ဖြစ်နေ၏။

“မလုပ်ပါနဲ့... မလုပ်ပါနဲ့...”

ယွင်ကျုံးဟဲ့ အလျင်အမြန် ရှေ့သို့တက်ကာ ပြောလိုက်သည်။ “နန်ဖိန်ဟောက်... ခင်ဗျားက ဟောက်ဘွဲ့ ရထားသူ ဖြစ်သလို လူကြီးလည်း ဖြစ်နေတော့ ကျုပ်ကို ဒီလို အရိုအသေ မပေးပါနဲ့။ လူငယ်လေးကို အားနာစရာ ကောင်းလွန်းလို့ပါ။”

ထန်ထိုင်မြဲ့မင်က လက်သီးဆုပ်ကာ ခါးကိုကိုင်းလျက် ပြန်ပြောလိုက်၏။ “ကျုပ်က လက်နက်ချလာတဲ့ လူတစ်ယောက်ပါ။ တာ့ကျိုးအပေါ်မှာ ဘာအကျိုးဆောင်မှုမှ မရှိသေးဘဲနဲ့ ဒီ ဟောက်ဘွဲ့ကို ရထားရတာ တကယ်ကို ရှက်စရာ ကောင်းပါတယ်။

ပြီးတော့ ကျုပ်က ခင်ဗျားရဲ့အဖေ စစ်သေနာပတိချုပ် အောက်ရှင်းကို အမြဲတမ်း လေးစားကြည်ညိုခဲ့တာပါ။ ဒီနှစ်နှစ်အတွင်းမှာ တွေ့ဆုံခွင့် မရခဲ့တာကိုပဲ နှမြောမိပါတယ်။ ဒီတစ်ကြိမ် နုလန်ဟောက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး ဧကရာဇ်ဟောင်းကို အာဏာ ပြန်လုနိုင်အောင် ကူညီပေးခဲ့တာ တကယ်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီးပါပဲ။

ကျုပ်လို အဘိုးကြီးက အရမ်းကို လေးစားကြည်ညိုတဲ့အတွက် သေချာပေါက် ကြီးမားတဲ့ အရိုအသေ ပေးရမှာပါ။ ဒါက ကိုယ်ရေးကိုယ်တာ အတွက် မဟုတ်ဘဲ ကျုပ်တို့ တာ့ကျိုးအင်ပါယာ အတွက်ပါ။ ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ အန္တရာယ် ရှိတဲ့ အချိန်မှာ နုလန်ဟောက်က ကယ်တင်ပေးခဲ့လို့ လောက က လူတိုင်း ခင်ဗျားကို အရိုအသေ ပေးသင့်ပါတယ်။”

“ချီးတဲ့မှ…. လူတွေက ဘာလို့ ဖားတာကို သဘောကျကြလဲ ဆိုတာ နားလည်သွားပြီ။ ဒါက ဘာလို့ ဒီလောက်တောင် နားထောင်လို့ ကောင်းနေရတာလဲ။ အရင်က ရန်သူ ဖြစ်ခဲ့ဖူးပေမယ့် ဒီလို ဖားတဲ့ စကားတွေက နားထောင်လို့ အရမ်း ကောင်းနေတာပဲ။’

ထို့နောက် ထန်ထိုင်မြဲ့မင်သည် ကျူးလန်ထျန်း ထံသို့ ဦးညွတ်ကာ ပြောလိုက်သည်။ “အမတ်ကြီးကျူး…”

ဆက်လက်၍ သာမန် စကားအနည်းငယ် ပြောဆိုပြီးနောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နန်ဖိန်ဟောက်... ဒီတစ်ကြိမ် လာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ ဆိုတာ သိပါရစေ။”

ထန်ထိုင်မြဲ့မင် ချက်ချင်း မတ်တတ်ရပ်ကာ နောက်တစ်ကြိမ် ဦးညွတ်လျက် ပြောလိုက်၏။ “အဘိုးကြီး ရှက်ပေမယ့် ဒီတစ်ကြိမ် နုလန်ဟောက် ဆီကနေ အကူအညီ တောင်းချင်လို့ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ထိုင်ပါ... ထိုင်ပါ။ ဖြည်းဖြည်း ပြောပါ။”

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “နုလန်ဟောက်လည်း သိတဲ့အတိုင်း အဲဒီတုန်းက တာယင်အင်ပါယာနဲ့ စစ်ဖြစ်တုန်းက ကျုုပ်ကခင်ဗျားရဲ့ အဖေနဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ နောက်ကို လိုက်ခဲ့တာပါ။”

ဤစကားမှာ အမှန်ကန်ဆုံး ဖြစ်၏။ ထိုစဉ်က ထန်ထိုင်မြဲ့မင် သည် ကျိုးလီ၏ အုပ်စုဘက်သို့ ဝင်ရောက် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

အကြောင်းမူကား ကျိုးလီသည် အနာဂတ်တွင် အိမ်ရှေ့စံမင်းသားအဖြစ် ရွေးချယ်မြှောက်စားခံရရန် အခွင့်အလမ်းနှင့် ဖြစ်နိုင်ခြေ အရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု သူက အလေးအနက် ယုံကြည် မျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။

“အဲဒီနောက်မှာ ဘာဖြစ်သွားလဲ ဆိုတာကို ခင်ဗျားလည်း သိပါတယ်။ အိမ်ရှေ့စံမင်းသား ကျိုးလီနဲ့ ခင်ဗျားရဲ့ အဖေ စစ်သေနာပတိချုပ် အောက်ရှင်းတို့ ချောက်ချခံလိုက်ရတယ်။ ကျုပ်ရဲ့ ထန်ထိုင် မိသားစုကလည်း အိမ်ရှေ့စံမင်းသားရဲ့ အဖွဲ့အစည်းလို့ သတ်မှတ်ခံရပြီး ဒုက္ခရောက်ခဲ့ရတယ်။ သေချာပေါက် ကျုပ်တို့က လက်နက်ချလာတဲ့ လူတွေဆိုတော့ အပြစ်ပေးတာမျိုးတော့ မခံခဲ့ရပါဘူး။ ဒါပေမဲ့ ဘယ်သူမှလည်း ဂရုမစိုက်တော့ဘဲ ဒီအတိုင်း ပစ်ထားခံရတာ နှစ်အတော်ကြာသွားပါပြီ။”

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အဘိုးကြီးက အသက်ကြီးပြီ ဖြစ်သလို ကျန်းမာရေးလည်း မကောင်းတော့လို့ ဘာမှ မျှော်လင့်ချက် မရှိတော့ပါဘူး။ အဓိကက ကျုပ်ရဲ့ သား၊ ကျုပ်ရဲ့ တူတွေနဲ့ ကျုပ်ရဲ့ ညီတွေပါပဲ။ သူတို့က အရည်အချင်း ရှိတဲ့ သူတွေပါ။ ဒီအတိုင်း ဆက်ပြီး အလဟဿ ဖြစ်နေမယ်ဆိုရင် တကယ်ပဲ နှမြောစရာ ကောင်းပါတယ်။ ဒါကြောင့် နုလန်ဟောက်ဆီ အရှက်မရှိ လာပြီး လမ်းကြောင်း တစ်ခုလောက် ရှာပေးဖို့ တောင်းဆိုတာပါ။”

ထန်ထိုင်ကျင့် သည် လွန်ခဲ့သော အတိတ်ကာလက ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံး၌ ကောင်းကင်ဘုံ၏ သားတော် ဟု တင်စားရလောက်အောင် အရှိန်အဝါကြီးမားခဲ့သူ ဖြစ်သည်။

ယခုအခါ ယွင်ကျုံးဟဲ့သည် ထိုပုဂ္ဂိုလ်၏ အကြောင်းကို ကောင်းကောင်းကြီး မှတ်မိသွားသည်။ ထိုသူသည် သိုင်းပညာ ထူးချွန်မြတ်ပြတ်လှရုံသာမက အလွန်တရာလည်း ရုပ်ရည်ချောမောခန့်ညားသူ ဖြစ်၏။

ထို့အပြင် တစ်ချိန်က သူသည် ကျင်းကျုံးယွဲ့ကို လက်ထပ်ထိမ်းမြားနိုင်ရန် အသည်းအသန် ကြိုးပမ်းခဲ့ဖူးပြီး ကိုယ်ကိုယ်ကိုယ်နှင့် ကျင်းကျုံးယွဲ့ကို ပိုင်ရှင်မဲ့နယ်မြေ၏ ပြိုင်ဘက်ကင်း နှစ်ဦးဟုပင် အမွှန်းတင် သတ်မှတ်ထားခဲ့ဖူးသည်။

ထို့အပြင် ထိုသူသည် အလွန်တရာ မာနကြီးသူတစ်ဦး ဖြစ်သော်လည်း သိုင်းပညာအရာတွင်မူ အလွန် မြင့်မားလှသောကြောင့် ကျင်းကျုံးယွဲ့ ပြီးလျှင် ဒုတိယမြောက် ထိပ်တန်းသိုင်းပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ၏။

တစ်ခါက သူသည် စစ်သည်အင်အား တစ်သိန်းကို ကိုယ်တိုင်ဦးဆောင်၍ ကျင်းကျုံးယွဲ့၏ လေခွင်းမြို့ကို သိမ်းပိုက်ရန် ချီတက်တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော်လည်း ယွင်ကျုံးဟဲ့၏ ပါးနပ်လှသော အကွက်ဆင်မှုကြောင့် ထိုစစ်သည်တစ်သိန်းလုံး အရှင်လတ်လတ် မြေမြှုပ်သတ်ခြင်း ခံခဲ့ရရုံမျှမက သူကိုယ်တိုင်လည်း မြေတိုက်ထဲတွင် ပိတ်မိကာ ပြဒါးအဆိပ်သင့်သည့် ဘေးဒုက္ခနှင့်ပင် ကြုံတွေ့ခဲ့ရဖူး၏။

စင်စစ် ထန်ထိုင်မိသားစုတွင် ထန်ထိုင်ကျင့် တစ်ဦးတည်းသာမက တန်ထိုက်ယွီကျိုး ကဲ့သို့သော ထူးချွန်ထက်မြက်သည့် ပါရမီရှင်များစွာလည်း ရှိနေသေးသည်။

ထို့ပြင် ထန်ထိုင်မိသားစု၌ မုဆိုးမလေး နင်ချင်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းဖြစ်သူ သမီးပျိုလေးတစ်ဦးလည်း ရှိနေသေးသည် မဟုတ်ပါလား။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အခု နန်းတွင်းက လူလိုအပ်နေတဲ့ အချိန်ဆိုတော့ နုလန်ဟောက် အနေနဲ့ အချိန်နည်းနည်းလောက် ပေးပြီး တွေ့ပေးလို့ ရမလား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ခေါ်လိုက်ပါ။”

ခဏအကြာတွင် လူသန်ကြီးနှစ်ဦး ဧည့်ခန်း အတွင်းသို့ ဝင်ရောက်လာပြီး တိုက်ရိုက် ဒူးထောက်ကာ ပြောလိုက်၏။ “နုလန်ဟောက်ကို အရိုအသေပေးပါတယ်။”

‘ဒါ... ဒါက ထန်ထိုင်ကျင့် လား။ လုံးဝ လူတစ်ယောက် ပြောင်းသွားသလိုပါပဲ။ ဆံပင်တွေက တစ်ဝက်လောက် ဖြူနေပြီ။ မျက်နှာပေါ်မှာလည်း အမာရွတ်တွေ ပြည့်နှက်နေပြီး မုတ်ဆိတ်မွေးတွေတောင် ထားထားသေးတယ်။ အရင်တုန်းက လုံးဝ ပြိုင်ဘက်ကင်း အလှတရား ရှိတဲ့ ထိပ်တန်း မင်းသားလေး ပုံစံမျိုးကနေ အခုတော့ ရိုင်းစိုင်းတဲ့ စစ်သူကြီး ပုံစံမျိုး ဖြစ်သွားပြီပေါ့။’

ထန်ထိုင်မြဲ့မင်က ပြောခဲ့ဖူးသည်။ “အရင်တုန်းက မင်းက အရှင်သခင် ဖြစ်ချင်တာဆိုတော့ သေချာပေါက် မတ်မတ်ရပ်ပြီး လူသောင်းချီထဲမှာ အချောဆုံး အမျိုးသား ဖြစ်လို့ ရပါတယ်။ အခုတော့ မင်းက အမတ် လုပ်ရတော့မှာဆိုတော့ ဒီလောက် ချောအောင် လုပ်ပြီး ဘာလုပ်မလို့လဲ။ ဧကရာဇ်ရဲ့ အရှိန်အဝါကို ဖုံးလွှမ်းချင်လို့လား"

ထို့ကြောင့် ထန်ထိုင်ကျင့် ကဲ့သို့ ထူးခြားချောမောသည့် ရုပ်အဆင်းရှိသော အမျိုးသားတစ်ဦးက မိမိကိုယ်ကိုယ် ယခုကဲ့သို့သော အခြေအနေမျိုး ရောက်ရှိအောင် ဖန်တီးပစ်လိုက်ခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင်လည်း ထန်ထိုင်ယွီကျိုးသည် သိသာထင်ရှားသော ပြောင်းလဲမှုမရှိဟု ထင်ရသော်လည်း သူ၏ မျက်ဝန်းအစုံ၌ ကိန်းအောင်းနေတတ်သည့် မာနထောင်လွှားမှုနှင့် ရိုင်းစိုင်းကြမ်းတမ်းသော အရိပ်အယောင်တို့မှာမူ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခြင်းအရာကို ထောက်ရှုခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့လှပါသည်ဆိုသော အင်ပါယာကြီးက လူသားတို့အား ပိုမို၍ နှိပ်စက်ညှဉ်းပန်းနိုင်ကြောင်း ထင်ရှားလို့နေ၏။

အဘယ်ကြောင့်ဆိုသော် နှစ်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် ထိုလူနှစ်ဦးစလုံး၏ ရဲရင့် စွန့်စားလိုစိတ်များနှင့် မာနတရားအားလုံးကို အကြွင်းမဲ့ ချိုးနှိမ်ဖျက်ဆီးပစ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ထန်ထိုင်ကျင့်ကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ပြောလိုက်၏။ “သခင်လေး ထန်ထိုင်က အရည်အချင်းတွေကို ဖုံးကွယ်ထားပြီး ဩဇာတိက္ကမ အပြည့် ရှိနေတာ တကယ်ကို လေးစားစရာ ကောင်းပါတယ်။”

ထန်ထိုင်ကျင့် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။ “နုလန်ဟောက်ရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်လေး ထန်ထိုင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နန်ဖိန်ဟောက်မှာ ဘာအကြံအစည် ရှိလဲ။”

ထန်ထိုင်မြဲ့မင်က ပြန်ဖြေလိုက်သည်။ “ဘာအကြံအစည်မှ မရှိပါဘူး။ နုလန်ဟောက် စီစဉ်ပေးတဲ့ အတိုင်းပါပဲ။ စစ်တပ်ထဲမှာ သာမန် စစ်သား တစ်ယောက်အဖြစ် သွားလုပ်ရမယ် ဆိုရင်တောင် ရပါတယ်။”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်လေး ထန်ထိုင်ရဲ့ သိုင်းပညာတွေကို ဘယ်လိုလုပ် အလဟဿ ဖြစ်စေရမှာလဲ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ထန်ထိုင်မြဲ့မင် နောက်တစ်ကြိမ် မတ်တတ်ရပ်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “ဒါဆို အဘိုးကြီးက နုလန်ဟောက်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူသည် အလွန် နားလည်တတ်သူ ဖြစ်သောကြောင့် ပြောလိုက်၏။ “နုလန်ဟောက်က အလုပ်များနေတော့ အဘိုးကြီး မနှောင့်ယှက်တော့ပါဘူး။ ကျုပ်မှာလည်း ဘာကောင်းတဲ့ လက်ဆောင်မှ မရှိပါဘူး။ သခင်လေးက စာအုပ် စုဆောင်းရတာကို သဘောကျတယ် ဆိုတာ သိသလို ခင်ဗျားရဲ့ ရိုးသားတဲ့ အကျင့်စရိုက်ကိုလည်း သိပါတယ်။ ဒါကြောင့် စာအုပ် တစ်စုံ လက်ဆောင် ပေးပါရစေ။ လက်ခံပေးပါ။”

ထို့နောက် ထန်ထိုင်ကျင့်သည် စာအုပ်သေတ္တာ တစ်ခုကို သယ်ဆောင်လာပြီး မြေပြင်ပေါ်တွင် ချထားလိုက်၏။ စာအုပ်ရေ ဆယ်အုပ်ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ယွင်ကျုံးဟဲ့ ရှေ့သို့တက်ကာ တစ်ချက် ခေါက်ကြည့်လိုက်ရာ ချက်ချင်းပဲ နားလည်သွားတော့၏။ ဤသေတ္တာ အတွင်းရှိ စာအုပ်များမှာ စာအုပ် အစစ်များ ဖြစ်သော်လည်း ဤသေတ္တာမှာမူ ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

ပေါင်ရာချီ အလေးချိန် ရှိကာ ငွေသား သောင်းချီ တန်ဖိုးရှိပြီး စုစုပေါင်း ငွေသား ငါးသောင်း ခန့် တန်ကြေး ရှိ၏။ ဤသည်မှာ အမှန်တကယ်ပင် ရက်ရောလွန်းလှသည်။

ထို့အပြင် ဤသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းသာ ဖြစ်ပြီး အနာဂတ်တွင် အောက်ယွီက ထန်ထိုင်ကျင့် နှင့် အခြားသူများအတွက် ရာထူးများ စီစဉ်ပေးပြီးပါက ပိုမို ကြီးမားသော လက်ဆောင်များ ရရှိဦးမှာ ဖြစ်၏။

All Chapters