← Chapters

အခန်း ၄၆၅

Vol. 26 Ch. 465

အခန်း ၄၆၅

Vol. 26 Ch. 465

အပိုင်း (၄၆၅) ကျုပ်ဘယ်နေရာရောက်ရောက် ရိုင်းပြတယ်။

“ဒီဂေါ်ဘလင်က တောက်ယွမ်ခရိုင်မှာ တော်တော်လေး ရိုးသားပါတယ်။ နောက်ပိုင်း ကျုပ်က သူ့ကို ဘာသာစကား သင်ပေးဖို့ လူသီးသန့် စေလွှတ်လိုက်တယ်။ ကံကောင်းချင်တော့ သူက တော်တော်လေး ဉာဏ်ကောင်းတယ်။ လအနည်းငယ်လောက် သင်ပြီးတာနဲ့ လူစကားကို နည်းနည်းပါးပါး ပြောတတ်လာတယ်။”

“နောက်တော့ကော ဘာဆက်ဖြစ်သေးလဲ။ အခု သူ ဘယ်မှာလဲ။” ဝူမင်းသားက ဆက်မေးလိုက်၏။

“ဒီဂေါ်ဘလင်က အချစ်ကြီးတဲ့လူပဲ။ သူတော်စင်မလေးကို မေ့လို့မရဘူးတဲ့။ သူက ကုန်းမြေသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ပြောတယ်။ နိုင်ငံကို ပြန်ပြီး အပြစ်တွေကို ချေဖျက်ဖို့အတွက် ကျုပ်ဆီက ငွေနည်းနည်း ချေးပြီး ထွက်သွားတယ်။ ကျုပ်လည်း မတားလိုက်ပါဘူး။ ဘာအန္တရာယ်မှ မရှိဘူးဆိုရင်တောင် ပင်လယ်ထဲမှာ သေသွားလောက်ပြီ။”

ဝူမင်းသားက အသံထွက်ရယ်မောပြီး လှောင်ပြောင်လိုက်၏။ “ဟမ့် ... ဒီဂေါ်ဘလင်ဆိုတဲ့ကောင်က အမြင်ကျဉ်းမြောင်းပြီး တကယ်ကို မိုက်မဲတာပဲ။”

“ဟုတ်ပါ့ … မိုက်မဲတဲ့ ဂေါ်ဘလင်။” ဖန်ကျန်းရီက ထောက်ခံလိုက်သည်။

ဝူမင်းသားသည် ဂေါ်ဘလင်ကို ချက်ချင်း စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပြီး ဘေးနားရှိ အခြားပစ္စည်းတစ်ခုကို ယူကာ ဖန်ကျန်းရီထံသို့ ကမ်းပေးလိုက်ပြန်၏။

ဖန်ကျန်းရီက လှမ်းယူလိုက်ပြီး အနည်းငယ် စမ်းသပ်ကြည့်လိုက်သည်။ ထိုအရာသည် အဖုံးဖွင့်၍ရသော အဝိုင်းပုံစံ သေတ္တာငယ်လေးတစ်ခု ဖြစ်သည်။

ဝူမင်းသားက ရှင်းပြလိုက်၏။ “ဒီပစ္စည်းကို အိတ်ဆောင်နာရီလို့ ခေါ်တယ်။ အချိန်မှတ်တာ တကယ်ကို တိကျတယ်။ အနောက်တိုင်းက အတော်ဆုံး လက်မှုပညာရှင်တွေ ဖန်တီးထားတာ။ ကျုပ် ငွေတုံး တစ်ထောင်ကျော် ပေးပြီးမှ ဝယ်လို့ရခဲ့တာ။ တစ်ရက်ကို အချိန် ဆယ့်နှစ်နာရီရှိတယ်။ ဒီအိတ်ဆောင်နာရီရဲ့ မျက်နှာပြင်ပေါ်မှာက နှစ်ဆယ့်လေးပိုင်း ခွဲထားတယ်။”

ဝူမင်းသားက ဘေးမှ ရှင်းပြနေစဉ် ဖန်ကျန်းရီကတော့ အာရုံစူးစိုက်စွာ ကြည့်ရှုနေခဲ့သည်။

ဤအိတ်ဆောင်နာရီက သူ့အတွက် သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပေ။ ပြဿနာမှာ နာရီမျက်နှာပြင်ပေါ်ရှိ ဂဏန်းများသည် ရောမဂဏန်းများ ဖြစ်နေခြင်းပင်။ လုံးဝ မမှားပေ။ တာ့ကျင်းတွင် တရုတ်စကား ပြောသော်လည်း ရောမဂဏန်းများ ရှိနေသည်က မဆန်းပေ။

ယဉ်ကျေးမှုများ၏ တိုးတက်ပြောင်းလဲမှုသည် သဘာဝတရား၏ စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်မည်။

လူသားများက ဦးဆောင်နေသရွေ့ ကမ္ဘာကြီး ပြောင်းလဲသွားလျှင်တောင် အတူတူပင် ဖြစ်ပေလိမ့်မည်။

ဖန်ကျန်းရီက စိတ်ထဲ အံ့ဩနေစဉ် ဝူမင်းသားက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။ “ဒီပစ္စည်းကို ခင်ဗျား ဘယ်လိုထင်လဲ။”

“အို ... အရမ်းကောင်းပါတယ်။ ဒီပစ္စည်းကို လူတိုင်း တစ်လုံးစီ ကိုင်ဆောင်ထားသင့်တယ်။ ဒါမှ အလုပ်လုပ်ရတာ အများကြီး ပိုအဆင်ပြေမှာ။” ဖန်ကျန်းရီသည် သတိပြန်ဝင်လာပြီး ရမ်းသန်းဖြေဆိုလိုက်ကာ အိတ်ဆောင်နာရီကို စင်ပေါ်သို့ ပြန်တင်ထားလိုက်သည်။

“မင်းသားဝူ... အချိန်လည်း မစောတော့ဘူးဆိုတော့ ကျုပ် ပြန်နားချင်ပြီ။ ဒီပစ္စည်းတွေကို နောက်ကြည့်ဖို့ အချိန်တွေ အများကြီး ရအုံးမှာပဲလေ။”

အိပ်ဖို့ကတော့ ဖန်ကျန်းရီ စိတ်မပါသေးချေ။

သို့ပေမည့် ဝူမင်းသားဆီတွင် ကောင်းမွန်သည့် ပစ္စည်းများ အများအပြား ရှိနေသည်ဖြစ်ရာ အနည်းငယ်တော့ ... လုယူချင်စိတ်ပေါက်သွား၏။

အကယ်၍ ကျိုးထျဲ့ လမ်းတစ်လျှောက် အမှတ်အသားများ ချန်ထားခဲ့သည်ဆိုပါက သူ့လူများ အမြန်ဆုံး လိုက်လာပြီး ရှာတွေ့နိုင်ပေလိမ့်မည်။

ယခု သူတို့ ဘယ်ရောက်နေပြီလဲ ဆိုသည်ကိုတော့ မသိရသေးပေ။ နည်းလမ်းတစ်ခု စဉ်းစားရန် အရင်ပြန်ရမည်။

သူသိသင့်သည်များကို သိထားပြီဖြစ်ရာ ဝူမင်းသားနှင့် ဆက်စကားပြောနေလည်း အဓိပ္ပာယ်မရှိတော့ချေ။

ဝူမင်းသားကလည်း မတားဆီးတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျား ကို အခန်းဆီ ပြန်ပို့ပေးဖို့ လူလွှတ်လိုက်မယ်။”

ဖန်ကျန်းရီ အခန်းတွင်းသို့ ပြန်ရောက်သောအခါ ကောင်းကင်ကြီးက လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။

သူ၏အခန်းသည် ကျိုးထျဲ့၏အခန်းနှင့် ခြားထားသော်လည်း ကုန်းမြေဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက် တစ်ခု ရှိ၏။

ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ကုန်းမြေပေါ်တွင် မီးတိုင်များ ကိုင်ဆောင်ကာ ကင်းစောင့်နေသော စစ်သည်များကို တွေ့ရပြီး အဝေးတွင် လရောင်ဖြင့် တောအုပ်နှင့် တောင်တန်းများကို မြင်နေရသည်။

ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားခဲ့၏။

အနည်းဆုံးတော့ သူ့လူများ ပုန်းအောင်းရန် နေရာရှိသည်။ အရမ်းကျယ်ပြန့်လွန်းပါက တိုက်ခိုက်ရန် အဆင်မပြေသလို ထွက်ပြေးရန်လည်း ခက်ခဲလိမ့်မည်။

ထို့အပြင် တောတောင်ထဲတွင် တိုက်ခိုက်ခြင်းက သူတို့၏ အားသာချက်ပင်။ သို့ပေမည့် သူ့ကို မည်သို့ လာရောက် ကယ်တင်မည်ကိုတော့ မသိရသေးပေ။

ရှုပ်ထွေးစွာ တွေးတောနေစဉ် အဝေးမှနေ၍ သဲသဲကွဲကွဲမရှိသော ငှက်အော်သံ အချို့ကို ကြားလိုက်ရ၏။

ဖန်ကျန်းရီ တစ်ကိုယ်လုံး တုန်ခါသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

သို့သော်ငြား အမှောင်ထုကိုသာ မြင်ရ၏။

ခေါင်းကိုစောင်းကာ သေသေချာချာ နားထောင်ကြည့်လိုက်ရာ ငှက်အော်သံ နှစ်ချက်သုံးချက် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့၏။

လာပြီ ... ငါ့လူတွေ ရောက်လာပြီ။ သူတို့ လှုပ်ရှားတာ တော်တော်မြန်တာပဲ။

ဤအော်သံက စည်းချက်ကျပြီး အဓိပ္ပာယ်ရှိသည်။ သို့ပေမည့် အချိန်အကြာကြီး အသုံးမပြုခဲ့သောကြောင့် သူ သိပ်မမှတ်မိတော့ချေ။ ကျိုးထျဲ့နှင့် တွေ့ဆုံရန် အခွင့်အရေးရှာရဦးမည်။

သို့မဟုတ်ပါက အတူတကွ ပူးပေါင်းလှုပ်ရှားရန် မဖြစ်နိုင်ချေ။

စဉ်းစားနေစဉ်မှာပဲ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

ဖန်ကျန်းရီ တံခါးဖွင့်ပေးရန်ပင် မစောင့်ဘဲ အိမ်တော်ထိန်းချန်ကျန့်သည် ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ပြုံးရွှင်စွာဖြင့် တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။

သူ့သဘောနှင့်သူ ကျူးကျော်ဝင်ရောက်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် စိတ်ထဲတွင် အလွန် မကျေမနပ်ဖြစ်သွားပြီး မနှစ်မြို့သော မျက်နှာထားဖြင့် မေးလိုက်၏။ “အိမ်တော်ထိန်းချန် ... ကျုပ်ဆီ ဘာကိစ္စရှိလို့လဲ။”

“အမတ်မင်းဖန် ... အရှင်မင်းကြီးက ခင်ဗျားဆီ ပစ္စည်းတချို့ ပို့ပေးခိုင်းလို့ပါ။” ထိုသို့ပြောပြီးနောက် ချန်ကျန့်သည် ဗန်းပေါ်ရှိ ပစ္စည်းကို ဖန်ကျန်းရီရှေ့သို့ ချပေးလိုက်သည်။

ထိုအရာက ခုနက အိတ်ဆောင်နာရီပင် ဖြစ်၏။

အသေးအမွှား ကျေးဇူးလေးတွေနဲ့ ငါ့ကို သိမ်းသွင်းချင်နေတာလား။ ဒီလိုအကွက်တွေ ငါက ရိုးနေပြီကွ။

ဖန်ကျန်းရီသည် နှုတ်ခမ်းမဲ့လိုက်ပြီး အိတ်ဆောင်နာရီကို ယူကာ ရင်ဘတ်ထဲသို့ ချက်ချင်း ထည့်လိုက်ပြီးနောက် လုံးဝ အားနာခြင်းမရှိဘဲ ပြောလိုက်၏။ “ရပြီ ... သွားတော့။”

မင်း အမေ …။

ချန်ကျန့်၏ မျက်နှာသည် တောင့်တင်းသွားပြီး တိုးတိုးလေး ပြောလိုက်၏။ “အမတ်မင်းဖန် ... ဒါက အရှင်မင်းကြီးရဲ့ စေတနာပါ။”

“ဘယ်က အရှင်မင်းကြီးလဲ။ အရှင်မင်းကြီးက ခင်ဗျား သတ်လိုက်ပြီ မဟုတ်ဘူးလား။ ဟက်ဟက် ... သောက်ရူးမိန်းမလျာ။” ဖန်ကျန်းရီသည် မဆင်မခြင် စတင်၍ စကားကြမ်းများ ပြောဆိုတော့သည်။

မူလကတည်းက ဤအဘိုးကြီး၏ ကောက်ကျစ်သော မျက်နှာကို သူ မနှစ်သက်ခဲ့ချေ။ သခင်ကို ရောင်းစားပြီး ဂုဏ်အာဏာရှာသည့် အကျင့်စရိုက်ညံ့ဖျင်းသူဖြစ်သည်။

သူကဲ့သို့သော အရည်အသွေးမြင့် အမျိုးသားတစ်ယောက်အနေဖြင့် ဤကဲ့သို့ အမှိုက်များကို လုံးဝ အထင်မကြီးချေ။

ထို့အပြင် ဝူမင်းသား၏ ဖမ်းဆီးခြင်းကို ခံထားရသောကြောင့် ဒေါသထွက်နေရသည့်အထဲ ယခု ဒေါသဖြေစရာ လူတစ်ယောက် ရောက်လာပြီ မဟုတ်ပါလား။

ချန်ကျန့်၏ နဖူးတွင် သွေးကြောများ ထောင်ထလာပြီး အံကြိတ်ကာ တီးတိုး ပြောလိုက်၏။ “အမတ်မင်းဖန်... ကျုပ်တို့ကြားမှာ ဘာရန်ငြိုးများ ရှိနေလို့လဲ။”

ဖန်ကျန်းရီက ပြုံးလိုက်သည်။ “ကျုပ်နဲ့ ရန်ငြိုးရှိဖို့ ခင်ဗျား က တန်လို့လား။ ခင်ဗျားက ဧကရာဇ်ဘေးနားက ကိုယ်ရံတော် မိန်းမလျာတစ်ယောက် ဖြစ်ပါလျက်နဲ့ ဧကရာဇ်ကို ကိုယ်တိုင် အဆိပ်ခတ်သတ်ခဲ့တာ။ ခင်ဗျား ကာကွယ်ပေးရမယ့် ဧကရာဇ်ကိုတောင် သတ်ခဲ့သေးတာ တခြားလူဆိုရင် ပြောစရာတောင် မလိုတော့ဘူး။ ခင်ဗျားလို လူမျိုးနဲ့ အတူရှိနေရတာကို ကျုပ် အရမ်းကြောက်တယ်။”

“ဒါတွေက အတိတ်က ကိစ္စတွေပါ။ လိမ္မာတဲ့ငှက်က နားခိုဖို့ သစ်ပင်ကောင်းကို ရွေးချယ်တတ်ပါတယ်။ အမတ်မင်းဖန်အနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။” ချန်ကျန့်သည် ဒေါသကို အတင်းဖိနှိပ်ထားရပြီး ရင်ထဲတွင် အလွန်နာကျင်နေ၏။

မဖြစ်ဘူး ... ဖန်ကျန်းရီနဲ့ လုံးဝ ရန်ဖြစ်လို့ မဖြစ်ဘူး။ မဟုတ်ရင် ဝူမင်းသားဆီမှာ ရှင်းပြဖို့ ခက်သွားလိမ့်မယ်။ အဲဒီလိုဆိုရင် ငါ့အတွက် တကယ် နေစရာနေရာ မရှိတော့ဘူး။

“ရှေးခေတ်တည်းက သစ္စာရှိတဲ့သူနဲ့ သစ္စာဖောက်က အတူတူ နေလို့မရဘူး။ ခင်ဗျား တာ့ကျင်းတစ်ခွင်လုံးမှာ သွားစုံစမ်းကြည့်လိုက်စမ်း။ ကျုပ် ဖန်ကျန်းရီက တာ့ကျင်းရဲ့ နံပါတ်တစ် သစ္စာတော်ခံဆိုတာ ဘယ်သူက မသိလို့လဲ။ ခင်ဗျားလို သစ္စာဖောက် မိန်းမလျာ ... ထွက်သွားစမ်း။” ဖန်ကျန်းရီ၏ မျက်နှာသည် တဖြည်းဖြည်း မောက်မာလာခဲ့၏။

ချန်ကျန့်၏ လက်သီးများ မာကြောလာခဲ့သည်။

သို့ပေမည့် အသိစိတ်ကို ထိန်းထားဆဲဖြစ်ပြီး အေးအေးဆေးဆေးပင် ဆက်ပြောလိုက်၏။ “အမတ်မင်းဖန်... ကျုပ်တို့အားလုံးက အရှင်မင်းကြီးအတွက် အလုပ်လုပ်နေကြတာပါ။ နောက်ပိုင်းလည်း အတူတကွ ဆက်လက် လက်တွဲသွားရမှာဆိုတော့ ဘာဖြစ်လို့ အရှင်မင်းကြီးကို မပျော်မရွှင်ဖြစ်အောင် လုပ်ချင်ရတာလဲ။ ကျုပ်ရဲ့ အတိတ်က ကိစ္စတွေကလည်း ပြီးသွားပြီပဲ။ ခင်ဗျား ဒီလိုမျိုး လိုက်ပတ်သက်နေတာ အဓိပ္ပာယ်ရှိလို့လား။”

ဖန်ကျန်းရီက လှောင်ပြောင်စွာ ပြုံးလိုက်၏။ “ကျုပ် ဒီလောက်ဆဲနေတာတောင် ခင်ဗျား ဒေါသမထွက်ဘူး ဆိုတော့ ခင်ဗျားမှာ တကယ်ပဲ ဥ မရှိတာကိုး။ ကောက်ကျစ်တဲ့ လူယုတ်မာ။ ကျုပ်က ဒေါသမရှိတဲ့လူတွေကို အမုန်းဆုံးပဲ။”

“အမတ်မင်းဖန်... ”

ဂုဏ်သိက္ခာကို အလွန်အခင်ဗျား စော်ကားခံလိုက်ရသော ချန်ကျန့်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

သို့ပေမည့် စကားမဆုံးခင်မှာပဲ "ဖြောင်း" ဟူသော ရိုက်သံတစ်ချက်နှင့်အတူ ချန်ကျန့်၏ ပါးပြင်က ဖြတ်ရိုက်ခံလိုက်ရသည်။

ဤရုတ်တရက် ပါးရိုက်ခံလိုက်ရမှုကြောင့် ချန်ကျန့်သည် မှင်တက်သွားခဲ့၏။

ဖန်ကျန်းရီသည် စကားဖြင့် အနိုင်ယူရုံသာမက လက်ပါ ပါလာမည်ဟု သူ မထင်ထားခဲ့ချေ။

ဖန်ကျန်းရီသည် ချန်ကျန့်ကို မောက်မာသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား ဘာလို့ ခွေးလို ဟောင်နေတာလဲ။ ကျုပ် ဘာအဆင့်အတန်းလဲ။ ခင်ဗျား က ဘာအဆင့်အတန်းလဲ။ ကျုပ်ကိုလာပြီး ဒေါသထွက်ပြနေတဲ့လူကို ကျုပ်က အမုန်းဆုံးပဲ။

အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားတယ်။ ကျုပ်ကို တိုင်းပြည်ရဲ့ ပညာရှိတစ်ယောက်လို ဆက်ဆံတယ်။ ကျုပ်ကို အိတ်ဆောင်နာရီတောင် လက်ဆောင်ပေးသေးတယ်။ ခင်ဗျားမှာ ရှိလား။ ခင်ဗျား က ဘာကောင်မို့လို့လဲ။ ဧကရာဇ်ဘေးနားက ခွေးတစ်ကောင်ပဲ မဟုတ်ဘူးလား။ ခွေးဖြစ်ရင် ခွေးလိုနေစမ်း။”

“…….”

ချန်ကျန့်သည် ကြောင်အမ်းသွားခဲ့၏။ ဤအခိုက်အတန့်တွင် ပါးပြင်ပေါ်မှ နာကျင်မှုကိုပင် လုံးဝ မေ့သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ ဖန်ကျန်းရီကို မယုံနိုင်စွာ ကြည့်နေမိသည်။

ခင်ဗျား က တာ့ကျင်းရဲ့ နံပါတ်တစ် သစ္စာတော်ခံဆို။

တစ်ရက်တောင် မပြည့်သေးဘူး ... သစ္စာဖောက်သွားပြီလား။

All Chapters