← Chapters

အခန်း ၄၆၇

Vol. 26 Ch. 467

အခန်း ၄၆၇

Vol. 26 Ch. 467

အပိုင်း (၄၆၇) ထွက်ပြေးရန် အချိန်နီးကပ်လာပြီ။

မလှမ်းမကမ်းရှိ တောအုပ်ထဲတွင် လူတစ်စုသည် မြေပြင်ပေါ်၌ မှောက်လျက်နေကြ၏။

ကျောက်လျဲ့သည် မှန်ပြောင်းကိုကိုင်ကာ တိုးတိုးလေး အော်လိုက်သည်။ “ရှာတွေ့ပြီ။ သခင်လေး သင်္ဘောပေါ်မှာ ရှိတယ်။”

ဘေးနားရှိ ညီအစ်ကိုအနည်းငယ်သည် သူစကားပြောသည်ကို ကြားသောအခါ အလျင်အမြန် စုရုံးလာကြပြီး တိုးတိုးလေး မေးလိုက်ကြ၏။ “သခင်လေး ဟုတ်ရဲ့လား။ အခြေအနေ ဘယ်လိုရှိလဲ။”

“ဘာမှမဖြစ်ဘူး။ သခင်လေးက လူတစ်ယောက်နဲ့ စကားပြောနေပုံရတယ်။”

“ဒါဆို တိုက်တော့မလား။ မိုးကြိုးပျံအမြောက်တွေ အဆင်သင့်ဖြစ်နေပြီ။”

“ခဏစောင့်အုံး။ သခင်လေးက ကျုပ်တို့ရောက်နေပြီဆိုတာ သိလောက်တယ်။ သူ့ဆီက အချက်ပြတာကို စောင့်ကြရအောင်။ အစ်ကိုထျဲ့က သင်္ဘောခန်းထဲမှာ ရှိနေသေးတယ်။ အမြောက်နဲ့ပစ်လိုက်လို့ သူပါ သေသွားရင် ဘယ်လိုလုပ်မလဲ။”

ကျောက်လျဲ့သည် ဖန်ကျန်းရီ ဘေးကင်းကြောင်း မြင်လိုက်ရသဖြင့် ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားပြီး အနောက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။ “ညီအစ်ကိုတွေကို ခဏနားခိုင်းထားလိုက်။ လူနှစ်ဆယ်က ကင်းစောင့်ပြီး ကျန်တဲ့သူတွေ အိပ်ကြ။ မနက်ဖြန်မှ ဆက်လှုပ်ရှားမယ်။”

ဖန်ကျန်းရီသည် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။

ဝူမင်းသားက သူ့ကို သင်္ဘောပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားသောကြောင့် အခြားသူများ၏ အကြည့်များကို သူ ဂရုမစိုက်တော့ပေ။

တစ်ညလုံး အချိန်ယူ၍ သင်္ဘောတစ်စီးလုံးကို နှစ်ခေါက်ခန့် ပတ်ကြည့်ခဲ့ပြီး သင်္ဘော၏ ဖွဲ့စည်းပုံအကြမ်းဖျင်းကို ရာခိုင်နှုန်းခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် မှတ်မိသွားခဲ့ပြီဖြစ်၏။

မနက်စောစော ထလာပြီးနောက် ဝူမင်းသားနှင့်အတူ နံနက်စာ သုံးဆောင်ခဲ့၏။ ထမင်းစားနေစဉ်အတွင်း သူတို့နှစ်ယောက်သည် အလွန်ပင် ရင်းနှီးပျော်ရွှင်စွာ စကားပြောဆိုခဲ့ကြသည်။

နံနက်စာ စားပြီးနောက် ဖန်ကျန်းရီသည် ကျိုးထျဲ့ကို ဖမ်းဆီးထားသော အခန်းရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့၏။

ကျိုးထျဲ့နှင့် ပတ်သက်၍ ဝူမင်းသားသည် လုံးဝ စိတ်မချချေ။ သူ၏ ကိုယ်ပေါ်တွင် လက်နက်များစွာ ပါလာနိုင်သည်ဖြစ်ရာ သေချာပေါက် ရှာဖွေသိမ်းဆည်းခံရမည်ဖြစ်ပြီး သင်္ဘောပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုမည်မဟုတ်ပေ။

ဖန်ကျန်းရီသည် ဤအချက်ကို ကောင်းစွာ သိရှိထားသောကြောင့် ကျိုးထျဲ့ကို လွှတ်ပေးရန် ဝူမင်းသားထံ တစ်ခါမှ မတောင်းဆိုခဲ့ချေ။

အစောင့်များ၏ အကူအညီဖြင့် အခန်းတံခါး ပွင့်သွားချိန်တွင်တော့ ကိုယ်တုံးလုံးချွတ်ခံထားရသော ကျိုးထျဲ့သည် ကိုယ်လုံးကို ကွေးကာ ကုတင်ထောင့်တွင် မျက်နှာသေဖြင့် ကျုံ့ကျုံ့လေး ထိုင်နေသည်ကို မြင်လိုက်ရသည်။

ဖန်ကျန်းရီ ဝင်လာသည်ကို မြင်သောအခါမှသာ မျက်လုံးများအနည်းငယ် လှုပ်ရှားသွားပြီးနောက် ခေါင်းကို ဒူးကြားထဲ ပြန်ဝှက်ထားလိုက်၏။

ဖန်ကျန်းရီက ဘေးဘယ်ညာရှိ အစောင့်များကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ထွက်သွားကြ။ ကျုပ် သူနဲ့ သီးသန့် စကားပြောစရာရှိတယ်။”

“မရဘူး။” အစောင့်က အေးစက်စက် ပြန်ဖြေလိုက်၏။

“ခင်ဗျား တို့ မထွက်သွားရင် ကျုပ်ကို အနိုင်ကျင့်ပါတယ်ဆိုပြီး အရှင်မင်းကြီးဆီ သွားတိုင်မယ်။”

အစောင့်နှစ်ယောက်၏ မျက်ခွံများသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ရှေ့ကိုသာ စိုက်ကြည့်ကာ လုံးဝ မလှုပ်ရှားကြချေ။

လဒ ….။ ငါတို့ကို လာလိမ်နေပြန်ပြီလား။ နောက်တစ်ခါ ထပ်အလိမ်ခံရရင်တော့ ငါတို့က ခွေးပဲ။

သူတို့နှစ်ယောက် စကားမပြောသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် သူတို့အနီးသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။

ဖောင်း ဖောင်း

လူတစ်ယောက်ချင်းစီ၏ မျက်နှာတည့်တည့်ဆီသို့ လက်သီးတစ်ချက်စီ ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ ရုတ်တရက် ဝင်လာသော လက်သီးချက်ကြောင့် အစောင့်နှစ်ယောက်စလုံး ကြောင်အမ်းသွားကြ၏။

သူတို့သည် ဗီဇအရ ရှည်လျားသော ဓားများကို ဆွဲထုတ်ကာ ဖန်ကျန်းရီကို ဒေါသတကြီး စိုက်ကြည့် လိုက်ကြသည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ရိုက်ချင်စရာကောင်းသော အမူအရာများ ပေါ်လွင်နေပြီး ခေါင်းကို ရှေ့သို့ထုတ်ကာ မောက်မာစွာ ပြောလိုက်၏။ “ခုတ်လေ။ မခုတ်ရဲဘူးလား။ မထွက်သွားလည်း ကိစ္စမရှိဘူး။ ကျုပ် ဆက်ထိုးနေမယ်။ ခင်ဗျား တို့ ပြန်ချရဲရင် ကျုပ်ကို အနိုင်ကျင့်ပါတယ်ဆိုပြီး အရှင်မင်းကြီးဆီ သွားတိုင်မယ်။”

“ခင်ဗျား ... ။”

“ခင်ဗျား ဘာဖြစ်လဲ။ ထွက်သွားမှာလား မထွက်သွားဘူးလား။”

အစောင့်နှစ်ယောက်သည် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အချင်းချင်း တစ်ချက်ကြည့်ကာ ဒေါသကို အတင်းဖိနှိပ်ထားရင်း ပြောလိုက်ကြသည်။ “အမတ်မင်းဖန်ကို နံ့သာတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ ပြောစရာရှိတာ မြန်မြန်ပြော။”

“ကျုပ် ပြောချင်သလောက် ပြောမယ်။ ခင်ဗျား ကျုပ်ကို ဆရာလာလုပ်နေတာလား။ မြန်မြန် လစ်စမ်း။ မကျေနပ်ရင် အရှင်မင်းကြီးဆီ သွားတိုင်လိုက်။” ဖန်ကျန်းရီသည် မဆင်မခြင် ဆဲဆိုတော့၏။

အစောင့်များသည် ဘာမှမတတ်နိုင်သဖြင့် မကျေမနပ်ဖြင့် ထွက်သွားကြပြီး တံခါးပိတ်ချိန်တွင် ဖန်ကျန်းရီကို အမုန်းတရားများဖြင့် ခိုးကြည့်သွားကြသေးသည်။

အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ချိန်မှာတော့ ကျိုးထျဲ့က ခေါင်းကို ဖြည်းဖြည်းချင်း မော့လာပြီး တိုးတိုးလေး ပြောလိုက်၏။ “သခင်လေး ... ကျုပ်တို့လူတွေ ရောက်လာပြီ။”

“ဘာလို့ ကိုယ်တုံးလုံး ချွတ်ခံထားရတာလဲ။ တစ်ယောက်ယောက်ကများ စော်ကားသွားလို့လား။”

ကျိုးထျဲ့၏ မျက်နှာကြီးသည် နီရဲသွားခဲ့သည်။ “သခင်လေး ... အရေးကြီးတဲ့ ကိစ္စ ပြောရအောင်ပါ။ ကျုပ်တို့လူတွေ ရောက်နေပြီ။ ဒီကနေ ထွက်ပြေးဖို့ နည်းလမ်း ရှာရမယ်။”

“ခင်ဗျား မှာ ဘာနည်းလမ်းရှိလို့လဲ။” ဖန်ကျန်းရီက မေးလိုက်သည်။

“သခင်လေး ... ဒီသင်္ဘောရဲ့ ဖွဲ့စည်းပုံကို သိလား။ ဒီအခန်းကနေ အပြင်ကို ထွက်ပြေးဖို့ ဘယ်လိုသွားရမလဲ။ သင်္ဘောအပြင်ဘက်က အစောင့်အကြပ် အခြေအနေကကော ဘယ်လိုရှိလဲ။ စစ်သည်အင်အား စုစုပေါင်း ဘယ်လောက်ရှိသလဲ။” ကျိုးထျဲ့သည် လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ “သိတယ်။ သင်္ဘောနဲ့ မလှမ်းမကမ်းမှာ တောအုပ်တစ်ခုရှိတယ်။ သင်္ဘောအပြင်ဘက်က အစောင့်အကြပ်တွေက သိပ်မတင်းကျပ်ဘူး။ လူအများစုက သင်္ဘောထဲမှာပဲ ရှိကြတယ်။ ကမ်းခြေမှာ သင်္ဘောကို စောင့်နေတဲ့သူ လေးငါးယောက်လောက်ပဲ ရှိပြီး သူတို့ဆီမှာ မြင်းတွေလည်း ရှိတယ်။ ကုန်းပတ်ပေါ်မှာတော့ လေးသည်တော်တွေ ရှိတယ်။

အင်း ... ဝူမင်းသားရဲ့ စကားအရဆိုရင် သင်္ဘောသုံးစီးပေါ်မှာ စစ်သည်အင်အား သုံးထောင်ကျော်လောက် ရှိမယ်ထင်တယ်။ ဒါပေမဲ့ ကျုပ်အမြင်ကတော့ အဲဒီထက် အများကြီး ပိုများနိုင်တယ်။ သင်္ဘောသားတွေနဲ့ တခြားလူတွေကိုပါ ပေါင်းလိုက်ရင် လူဦးရေက ပိုတောင်များနေအုံးမယ်။”

ကျိုးထျဲ့သည် မျက်မှောင်ကုတ်ကာ စဉ်းစားနေပြီးနောက် ခေတ္တအကြာတွင် စကားပြောလိုက်၏။ “ကျုပ်တို့လူတွေ လာကယ်မယ်ဆိုရင် မိုးကြိုးပျံအမြောက်ကို သုံးမှာ သေချာတယ်။ ဒါပေမဲ့ ကျုပ်တို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အတိအကျ မသိရင် သူတို့ ရမ်းသန်းပြီး ပစ်မှာမဟုတ်ဘူး။ ကျုပ် အပြင်ထွက်ပြီး သူတို့ကို အမိန့်ပေးမှပဲ ရမယ်။

အဲဒီမတိုင်ခင် သခင်လေးက သင်္ဘောပေါ်မှာ ခဏလောက် သည်းခံနေရအုံးမယ်။ ကျုပ် အရင်ဆုံး အပြင်ကို ထွက်ပြေးမယ်။ သခင်လေးက အမြောက်ဒဏ်ကနေ ကင်းလွတ်မယ့် လုံခြုံတဲ့ နေရာတစ်ခုကို ရှာပြီး ပုန်းနေ။

မိုးကြိုးပျံအမြောက်ရဲ့ စွမ်းအားက အရမ်းကြီးတာဆိုတော့ သူတို့ အားလုံး ခဏလောက်တော့ ကြောက်လန့် သွားကြလိမ့်မယ်။ အဲဒီအချိန်မှာ အစောင့်ဝတ်စုံကို လဲဝတ်ပြီး ရှုပ်ရှက်ခတ်နေတဲ့ ကြားထဲကနေ သင်္ဘောပေါ်ကနေ ထွက်ပြေးဖို့ ကြိုးစား။ ပြီးရင် သခင်လေးကို လာကြိုဖို့ လူလွှတ်လိုက်မယ်။

လူသုံးထောင် ... ကျုပ်တို့လူက နှစ်ရာတောင် မပြည့်ပေမဲ့ တောထဲကိုသာ ရောက်သွားရင် ကျုပ်တို့ရဲ့ တောတွင်းတိုက်ခိုက်ရေးစွမ်းရည်နဲ့ လွယ်လွယ်ကူကူ ဆုတ်ခွာနိုင်မှာ သေချာတယ်။”

“ခင်ဗျား သေချာရဲ့လား။” လူအင်အား ကွာဟချက်က အရမ်းကြီးမားလွန်းသဖြင့် ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေမိ၏။

“သေချာတယ်။ သခင်လေး ... ကျုပ်ရဲ့ စွမ်းရည်ကို ယုံကြည်ပါ။ စစ်သည်တွေအားလုံးကို ကျုပ်ကိုယ်တိုင် လေ့ကျင့်ပေးထားတာ။ တောက်ယွမ်ခရိုင်က စစ်သည်တွေက တစ်ယောက်ကို ဆယ်ယောက်လောက် ရင်ဆိုင်နိုင်တယ်လို့ ကျုပ် ရဲရဲကြီး ပြောရဲတယ်။ တာ့ကျင်းရဲ့ ဘယ်စစ်တပ်မှာမဆို အတော်ဆုံးထဲက အတော်ဆုံးတွေပဲ။ ကျုပ်က စစ်ပွဲတွေချည်း နွှဲလာတာ ... ကျုပ်ရဲ့ အမြင် လုံးဝ မမှားနိုင်ဘူး။”

ကျိုးထျဲ့သည် အလွန်ပင် ယုံကြည်မှုရှိနေ၏။ တောက်ယွမ်ခရိုင်က စစ်သည်များအကြောင်းကို သူ့လောက် သိသူ မရှိတော့ချေ။ လူတစ်ယောက်ကို လေ့ကျင့်ပေးရန် ကုန်ကျစရိတ် ကြီးမားစွာ အကုန်အကျခံထားရသည်။

အကောင်းဆုံး ရွေးချယ်ထားသော လူငယ်များ၊ အကန့်အသတ်မရှိ ကျွေးမွေးထားသော အသားဟင်းများ၊ ရူးသွပ်လောက်အောင် ပြင်းထန်သော လေ့ကျင့်မှုများနှင့် အံ့ဩစရာကောင်းလှသော ယမ်းမှုန့်လက်နက်များ ပေါင်းစပ်လိုက်သောအခါ တစ်ယောက်ချင်းစီတိုင်းသည် အလွန်အမင်ူ အစွမ်းထက်သော စစ်သည်များ ဖြစ်လာကြ၏။

လက်တွေ့ တိုက်ပွဲအတွေ့အကြုံ နည်းပါးသော်ငြား အခြေခံအုတ်မြစ်ကတော့ ပြိုင်ဘက်ကင်းအောင် ခိုင်မာနေပြီဖြစ်သည်။

“စစ်ပွဲတွေချည်း နွှဲလာတာလား။ ခင်ဗျား က စစ်ပွဲတစ်ပွဲပဲ ရှုံးဖူးတာ မဟုတ်ဘူးလား။” ဖန်ကျန်းရီက ဇဝေဇဝါဖြင့် မေးလိုက်၏။

ထိုစကားကို ကြားသောအခါ ကျိုးထျဲ့၏ မျက်နှာသည် မိဘများ သေဆုံးသွားသည့်အလား ချက်ချင်း ညှိုးနွမ်းသွားပြီး ဘဝကို စိတ်ကုန်သွားသည့်ဟန်ဖြင့် နံရံကို မှီချလိုက်သည်။

“စကားပြောလေ။”

“ကျုပ် ဒီနေရာမှာပဲ သေလိုက်တော့မယ်။”

သူ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် ရှေ့သို့တိုးကာ ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်၏။ “သေချင်ယောင် ဆောင်မနေနဲ့။ ခင်ဗျား အပြင်ကို ဘယ်လို ထွက်ပြေးမှာလဲ။ အပေါ်မှာ လေးသည်တော်တွေ ရှိသေးတယ်နော်။”

“ကျုပ် ဒီကနေ အရင်ဆုံး ဖောက်ထွက်မယ်။ သင်္ဘောထဲက လျှောက်လမ်းတွေက ကျဉ်းတော့ သိပ်ပြဿနာမရှိဘူး။ အပြင်ကို ရောက်သွားတာနဲ့ မြင်းတစ်ကောင်ကို လုပြီး တောထဲကို ဝင်ပြေးမယ်။ ကျုပ်တို့လူတွေနဲ့ ပူးပေါင်းမယ်။ ပြီးရင် အမြောက်ပစ်ဖို့ ပြင်ဆင်မယ်။ လေးသည်တော်တွေအတွက်ကတော့ ကံတရားကိုပဲ ယုံရတော့မှာပေါ့။

ကျုပ် အပြင်မှာ သေသွားရင်တောင် ညီအစ်ကိုတွေက ချက်ချင်း လှုပ်ရှားကြမှာပဲ။ ဒါက နည်းလမ်းမရှိတဲ့အဆုံး သုံးရမယ့် နည်းလမ်းပဲ။ ဘာပဲဖြစ်ဖြစ် သခင်လေးကတော့ လုံခြုံတဲ့ နေရာမှာ သေချာပုန်းနေပါ။”

“မရဘူး ... ဒါက အရမ်း အန္တရာယ်များတယ်။” ဖန်ကျန်းရီ၏ မျက်မှောင်များ ပြင်းပြင်းထန်ထန် ကြုတ်သွားခဲ့၏။

ဤကဲ့သို့ စွန့်စားရမည့် နည်းလမ်းကို မသုံးမနေရ မဟုတ်သေးပေ။ အလကား အသက်သေခံရခြင်းက လုံးဝ မတန်ပေ။

“သခင်လေး ... အခြေအနေက ဒီလိုဖြစ်နေပြီဆိုတော့ ဒါက အကောင်းဆုံး နည်းလမ်းပဲ။ ကျုပ်ရဲ့ သိုင်းစွမ်းရည်ကို ယုံကြည်ပါ။ ကျုပ်ရဲ့ လုံခြုံရေးအတွက် စိတ်မပူပါနဲ့။” ကျိုးထျဲ့က ဖျောင်းဖျလိုက်၏။

ဖန်ကျန်းရီသည် ကျိုးထျဲ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ အပေါ်ဝတ်ရုံကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။

“အဲဒီလိုကြီး မကြည့်နဲ့လေ။ ကျုပ်က ကျန်းပြောင်ထက် အများကြီး သာတယ်။ သူက အရိုးတစ်ချောင်းတည်း၊ ကျုပ်က အရိုးနှစ်ချောင်း ... ဟေး သခင်လေး ဘာလုပ်မလို့လဲ။”

“ကျုပ်ရဲ့ သံချပ်ကာအင်္ကျီကို ဝတ်ထား။ အပြင်က အစောင့်ရဲ့ ဦးထုပ်ကိုလည်း လုဖို့ မမေ့နဲ့။ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကာကွယ်ထားရင် နည်းနည်းတော့ ပိုလုံခြုံသွားလိမ့်မယ်။”

လက်နက်များ မပါလာသော်ငြား အကာအကွယ်အင်္ကျီကိုတော့ သူ အမြဲဝတ်ဆင်ထားခဲ့၏။

ကျိုးထျဲ့ကို ပေးလိုက်ခြင်းက အသက်မသေရန် အနည်းဆုံးတော့ အထောက်အကူ ဖြစ်စေလိမ့်မည်။

သူပေးလာသော သံချပ်ကာအင်္ကျီကို မြင်သောအခါ ကျိုးထျဲ့က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ “မရဘူး။ သခင်လေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”

“ယူထားစမ်းပါ။ စကားမများနဲ့။ ကျုပ်က ဝူမင်းသားအတွက် အသုံးဝင်နေသေးတော့ သူ ကျုပ်ကို မသတ်ရဲဘူး။”

ထိုစကားကို ကြားသောအခါ ကျိုးထျဲ့သည် ဆက်မငြင်းတော့ဘဲ လက်ခံယူကာ တင်ပါးအောက်တွင် ဖိထိုင်ထားလိုက်၏။

“ခင်ဗျား ဘယ်အချိန် လှုပ်ရှားဖို့ စီစဉ်ထားလဲ။” ဖန်ကျန်းရီက မေးလိုက်သည်။

“သခင်လေး ထွက်သွားပြီး ခဏနေရင် လှုပ်ရှားမယ်။ ကျုပ် ထွက်ပြေးပြီးတာနဲ့ ကျုပ်တို့လူတွေဆီ အမြန်ဆုံး သွားပူးပေါင်းမယ်။ ပြီးရင် ချက်ချင်း အမြောက်နဲ့ ပစ်မယ်။”

ဖန်ကျန်းရီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ကျုပ်အပြင်က အစောင့်တွေရဲ့ အာရုံကို လွှဲပေးထားဖို့ နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ်။ ခင်ဗျား တို့ အမြောက်မပစ်ခင် ကျုပ်ကို ငှက်လေချွန်သံနဲ့ အချက်ပြလိုက်။”

“ခင်ဗျား ကို ထွက်ပြေးရမယ့် လမ်းကြောင်း အရင်ပြောပြမယ်။ ခင်ဗျား အခန်းထဲက ထွက်တာနဲ့ ဘယ်ဘက်ကို ခြေလှမ်း ငါးဆယ်လောက် သွား ... ”

All Chapters