အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆)
သခင်မ၏ ဖိတ်ကြားချက်
ဤစနစ်က... ပို၍ပို၍ ထူးဆန်းလာပေသည်။
အနည်းဆုံးတော့ ယခင်က ပိုင်ညီအစ်မများကို ကယ်တင်ခဲ့ခြင်း ဖြစ်လေသည်။
လျူရူမေကလည်း သူ့အပေါ် တိတ်တဆိတ် မေတ္တာရှိနေခဲ့ခြင်း ဖြစ်၏။
သို့သော် သူ၏ရှေ့မှောက်ရှိ အမျိုးသမီးမှာမူ... ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး၏ တရားဝင်ဇနီးမယားပင် ဖြစ်နေ ချေသည်။
ဖန်းဟန်၏ အကြည့်များက ရှန့်ကွမ်း၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်နေသော အထက်တန်းလွှာ အမျိုး သမီးထံသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့လေ၏။
သူမသည် ဇာပုဝါပါးအုပ် ဦးထုပ်ကို ဆောင်းထားပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အဖြူရောင် ဇာပုဝါ တစ်လွှာက သူမ၏ အနှိုင်းမဲ့ အလှတရားကို ဖုံးကွယ်ထားလေသည်။ သို့သော်လည်း ၎င်းက သူမ၏ ပြည့်စုံလှပ ပြီး ဆွဲဆောင်မှုရှိသော ရင့်ကျက်သည့် ခန္ဓာကိုယ် ကောက်ကြောင်းများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
ရေခဲကဲ့သို့ အပြာရောင် ဇာဂါဝန်ကို ဝတ်ဆင်ထားပြီး ဤမျှ ပူပြင်းအိုက်စပ်လှသော ရာသီဥတုတွင်ပင် သူမထံမှ အေးစက်ကာ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့လေသည်။
ရှင်းလင်းစွာ မမြင်ရသော်လည်း ပါးလွှာသော ဇာပုဝါကြားမှတစ်ဆင့် အပြစ်အနာအဆာကင်းသည့် ဘဲဥပုံ မျက်နှာပေါက်လေးကို ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။
ထို့အပြင် ဆောင်းဦးရာသီ၏ ရေပြင်ကဲ့သို့ နက်ရှိုင်းလှသော ဖီးနစ်မျက်ဝန်းတစ်စုံကိုလည်း မြင်တွေ့နိုင်လေ၏။ ဤသည်မှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ ရိုးသားဖြူစင်မှုမျိုး မဟုတ်ဘဲ အချိန်ကာလက ထုဆစ်ထား သည့် အလှတရားတစ်ခုပင် ဖြစ်ပေသည်။
တည်ငြိမ်ရင့်ကျက်မှုမှ ပေါက်ဖွားလာသော ကျက်သရေနှင့် မြင့်မြတ်မှုပင် ဖြစ်လေသည်။ သူမ၏ လှုပ်ရှားမှုတိုင်း ၊ မျက်မှောင်ကြုတ်ခြင်းနှင့် အပြုံးတိုင်းကပင်...၊ လူတို့၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သည့် အဆုံးမဲ့ ဆွဲဆောင် မှုများကို ထုတ်လွှတ်နေခဲ့လေ၏။
၎င်းက လူတစ်ဦးကို...၊ ထိုဇာပုဝါအား ဆွဲလှန်ကာ မည်သို့ဖြစ်နေသည်ကို သိရှိလိုစိတ်များ ပြင်းပြလာစေရန် ဖမ်းစားထားလေသည်။ ထို့အပြင်... သစ္စာဖောက် ချောင်ချောင် ကဲ့သို့သော အရာမျိုးကိုပင် လုပ်ဆောင် ချင်စိတ်များ ပေါ်ပေါက်လာစေခဲ့လေ၏။
ဖန်းဟန်၏ လည်စေ့မှာ အလိုအလျောက် လှုပ်ရှားသွားခဲ့ပြီး သူသည် စကားပင် မဆိုနိုင်တော့ပေ။
စနစ်က သူ့အား ခရိုင်အုပ်ချုပ်ရေးမှူး၏ လူကို လုယူရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ အလွန်ပင် လွန်ကဲလှပြီး ထူးဆန်းလွန်းလှပေသည်။ သူသည် မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ် လိုက်ပြီး ဤယုတ္တိမရှိသော အတွေးကို ယာယီ ဖိနှိပ်ထားလိုက်လေ၏။
သူ၏ အကြည့်များက စိုးရိမ်ပူပန်နေပြီး ဖုန်မှုန့်များ ပေကျံနေသည့်အလား ဖြစ်နေသော ခရိုင်အုပ်ချုပ်ရေးမှူး ရှန့်ကွမ်းထံသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
ပြည်သူများအတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်ကာ သွေးကြောများ နီရဲနေသော ထိုမျက်လုံးများကို ကြည့်ရင်း...၊ မိုးခေါင်ရေရှားမှုဒဏ်ကြောင့် လူသားများနှင့်ပင် မတူတော့လောက်အောင် ဆိုးရွားနေသည့် ရွာထိပ်ရှိ ဒုက္ခသည်များကို ပြန်လည်သတိရသွားစေခဲ့လေ၏။
ဖန်းဟန်၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားခဲ့လေသည်။ မူလက အကျိုးအမြတ်အတွက် တွက်ချက်မှု တစ်ခုသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ကွဲပြားခြားနားသော ခံစားချက်တစ်မျိုး ပါဝင်လာခဲ့ချေပြီ။
*ကောင်းပြီ...၊ အသက်တစ်ချောင်းကို ကယ်တင်ခြင်းက စေတီခုနစ်ဆူ တည်ထားခြင်းထက်ပင် ပို၍ ကောင်းမွန် ပေသည်တဲ့။*
ထို့အပြင် ဤအပေးအယူက သူ၏အမြင်တွင် အရှုံးမရှိသော ကိစ္စတစ်ခုလည်း ဖြစ်နေလေ၏။
"အရှင်အုပ်ချုပ်ရေးမှူး...၊ ကျေးဇူးပြု၍ ထပါ...။"
ဖန်းဟန်က ရှေ့သို့ တိုးသွားကာ ထူမပေးလိုက်ပြီး ရှန့်ကွမ်း ထပ်မံဦးညွှတ်မည့်အရေးကို တားဆီးလိုက်လေသည်။
ရှန့်ကွမ်း၏ မျက်နှာမှာ ဝမ်းသာအားရမှုများဖြင့် လင်းလက်သွားခဲ့ပြီး သူက စိတ်အားထက်သန်စွာဖြင့် ကြည့် လိုက်လေ၏။
"ဒါဆိုရင် သခင်လေးက...၊ သဘောတူလိုက်ပြီပေါ့...။"
ဖန်းဟန်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီး၏ မျှော်လင့်တကြီး စောင့်ကြည့်နေသော အကြည့်များအောက်တွင် ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"ပြည်သူတွေအတွက် ထွက်ပေါက်တစ်ခု ရှာပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ...၊ ကျွန်တော် ကူညီပေးနိုင် ပါတယ်...။"
သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး သူ၏ လေသံမှာ အေးစက်သွားခဲ့လေ၏။
"ဒါပေမဲ့...၊ ကျွန်တော်က ရွှေ၊ ငွေ၊ မြေဆီသြဇာကောင်းတဲ့ လယ်ယာတွေနဲ့ ရာထူးတွေကို မလိုချင်ပါဘူး...။"
ရှန့်ကွမ်းမှာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။ သူက ဖန်းဟန်သည် ကြီးမားသော တောင်းဆိုမှုများ ပြု လုပ်လာမည်ဟု ကြိုတင်မျှော်လင့်ထားခဲ့ပြီး သူ့အား ကျေနပ်စေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ဘဏ္ဍာ တိုက်ကိုပင် ရှင်းထုတ်ပေးရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် အားလုံး၏ အံ့သြမှုနှင့်အတူ ဖန်းဟန်သည် လောကလူသားများ မက်မောကြသည့် ဤအရာများကို တန်ဖိုးမရှိသည့်အလား စွန့်ပယ်လိုက်လေ၏။
အကယ်၍ သူက ဤအရာများကို မလိုချင်ပါက မည်သည့်အရာကို လိုချင်ပါသနည်း။
ရှန့်ကွမ်းသာမက သူ၏ နောက်ကွယ်ရှိ စာရေးနှင့် ရုံးစေမှာလည်း ကြောင်အသွားခဲ့ကြလေသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ နန်ကုန်းယွင်ရှူးမှာလည်း သူမ၏ ဇာပုဝါအောက်တွင် ပို၍ပင် ဆွဲဆောင်မှု ရှိသော ဖီးနစ်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလေ၏။
ဤအမျိုးသားသည် သူမ စိတ်ကူးထားသည့်အတိုင်းပင် ဖြစ်ပေသည်။ သူသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ထူးခြားလှသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ချေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ရွှေနှင့် ငွေကို ဖုန်မှုန့်များကဲ့သို့ သဘောထားပါက သူ လိုချင်သော အရာမှာ လည်း အလွန်ပင် ထူးခြားနေမည်မှာ သေချာပေသည်။
"ကျွန်တော် ရွှေနဲ့ ငွေကို မလိုချင်ပါဘူး...။"
ဖန်းဟန်၏ တည်ငြိမ်သောအသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့လေ၏။
"ခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ ဘဏ္ဍာတိုက်မှာ သိမ်းဆည်းထားတဲ့ နှစ်တစ်ရာသက်တမ်းရှိ ဆေးဖက်ဝင် အပင်တွေ ကိုပဲ လိုချင်ပါတယ်...၊ သက်တမ်းပိုရင့်လေ ပိုကောင်းလေပါပဲ...။ အထူးသဖြင့် ကျားအရိုး၊ သမင်ဂျိုနဲ့ တောဂျင်ဆင်း လိုမျိုး အားဖြည့်ပေးနိုင်တဲ့ အရာတွေကို ခင်ဗျားတို့ ရှာနိုင်သလောက် အများကြီး လိုချင်ပါ တယ်...။"
ဤစကားများက အခန်းထဲရှိ လူအားလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။ ရှန့်ကွမ်းမှာ အချိန်အတော်ကြာ ကြောင်အသွားခဲ့ပြီးနောက် သူ၏ မျက်နှာပေါ်တွင် ကြီးမားလှသော ဝမ်းသာအားရမှုများ လွှမ်းမိုးသွားခဲ့လေ၏။
*ဆေးဖက်ဝင်အပင်တွေ ဟုတ်လား...။ ဆေးဖက်ဝင်အပင်တွေကိုပဲ လိုချင်တာလား...။*
ဤသည်မှာ သူ့အတွက် တောင်းဆိုချက်တစ်ခုပင် မဟုတ်ခဲ့ပေ။
ချင်းရှီးခရိုင်သည် ဆင်းရဲနွမ်းပါးသော်လည်း တောင်တန်းများကို ကျောထောက်နောက်ခံ ပြုထားလျှက်ရှိလေ သည်။
ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ဂိုဒေါင်ထဲတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဆေးဖက်ဝင်အပင်များ ရှိနေ ပြီး အထူးသဖြင့် မုဆိုးများထံမှ သိမ်းဆည်းရမိထားသည့် ရှားပါးပစ္စည်းများပင် ဖြစ်လေသည်။
၎င်းတို့မှာ အတော်လေး များပြားလှပေသည်။ များသောအားဖြင့် ထိုအရာများကို မည်သူမျှ ဂရုမစိုက်ဘဲ ပစ်ထား လေ့ရှိကြရာ ပိုးကောင်များ စားသောက်ခြင်းကိုပင် ခံနေရလုနီးပါး ဖြစ်ချေပြီ။
ယခုအခါတွင်မူ ၎င်းက ခရိုင်အတွင်းရှိ လူသိန်းပေါင်းများစွာအတွက် အသက်များကယ်ဆယ်ရန် ဆောင်ကြဉ်း ပေးနိုင်ပေပြီ။ ဤသည်မှာ မျှော်လင့်မထားသော ကံကောင်းမှုတစ်ခုပင် ဖြစ်လေ၏။
"ဒါ...၊ ဒါပဲလား...။"
ရှန့်ကွမ်းမှာ သူ၏ နားကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
"ဒါတွေက ကျွန်တော် လိုချင်တာ အားလုံးပါပဲ...။"
ဖန်းဟန်က ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေလိုက်လေ၏။
"ကောင်းပြီ...၊ ကောင်းပြီ...၊ ကောင်းပြီ...။ ပြဿနာ မရှိပါဘူး...။"
ရှန့်ကွမ်းမှာ အလွန်ပင် ဝမ်းသာသွားခဲ့ပြီး အာမခံချက်ပေးရန်အတွက် သူ၏ ရင်ဘတ်ကိုပင် ပုတ်ပြလိုက် မိလေ၏။
"ကျွန်တော် သဘောတူပါတယ်...။ ခရိုင်ရုံးကို လူတစ်ယောက် ချက်ချင်းလွှတ်ပြီး စာရင်းကောက်ခိုင်းလိုက်ပါ့ မယ်...၊ ပြီးရင် နှစ်တစ်ရာသက်တမ်းရှိတဲ့ ဆေးဖက်ဝင်အပင် အားလုံးကို သခင်လေးဆီ ပို့ပေးပါ့မယ်...။”
ကိစ္စမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်ကာ အားလုံးမှာလည်း ပျော်ရွှင်နေခဲ့ကြလေသည်။
ရှန့်ကွမ်းတစ်ယောက် နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်ပြီး ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြင်ဆင် နေစဉ်မှာပင်...၊
သူ၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ နေခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့လေ၏။
"သခင်လေးဖန်း...။”
သူမက နှုတ်ခမ်းကို အနည်းငယ် ဟလိုက်ရာ တောင်ကြားထဲတွင် သီဆိုနေသော ညဉ့်ငှက်လေးတစ်ကောင်ကဲ့သို့ နူးညံ့ပြီး သာယာငြိမ့်ညောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံတွင် ရင့်ကျက်သော အမျိုး သမီးတစ်ဦး၏ ထူးခြားလှသည့် ဆွဲဆောင်မှုများလည်း ပါဝင်နေခဲ့ရာ ကြားရသူများ၏ အရိုးများကိုပင် အရည် ပျော်ကျသွားစေနိုင်လောက်ပေသည်။
"ဒီနေ့ သခင်လေးကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်...။ ရေရှာတဲ့ကိစ္စက အရမ်းကို အရေးကြီးတော့ ဆွေးနွေးစရာ အသေးစိတ်အချက်အလက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ သေချာပါ တယ်...။ မနက်ဖြန်များ သခင်လေး အားမလား မသိဘူး...။ ကျွန်မရဲ့ ခင်ပွန်းက သခင်လေးနဲ့ လူချင်းတွေ့ပြီး ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် အိမ်မှာ စားသောက်ပွဲငယ်လေးတစ်ခု ပြင်ဆင်ချင်လို့ပါ...။”
နန်ကုန်းယွင်ရှူးက သူမ၏ ဇာပုဝါနောက်ကွယ်ရှိ လှပသော မျက်ဝန်းများကို ဖုံးကွယ်ထားရင်း ဖိတ်ကြားရန် အတွက် စတင်ကမ်းလှမ်းလိုက်လေ၏။
သူမသည် ဖန်းဟန်ကို စူးစိုက်ကြည့်နေခဲ့ပြီး သူမ၏ အကြည့်များတွင် ဖုံးကွယ်မထားသော စပ်စုလိုမှုများနှင့် မေးခွန်းထုတ်လိုမှုများ ပြည့်နှက်နေခဲ့လေသည်။
ဤနက်နဲလှသော အမျိုးသားသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ အလွန်အမင်း သိရှိလိုနေခဲ့ပေသည်။ ရိုးရှင်းသော တောသားတစ်ဦး ဖြစ်သော်လည်း ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည့် စံအိမ်ကြီးတစ်ခုတွင် နေထိုင်နေလေ၏။
လူငယ်တစ်ဦး ဖြစ်သော်လည်း မှန်းဆ၍မရနိုင်လောက်သော ရေရှာဖွေနိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။ သာမန် လူတစ်ဦး ဖြစ်သော်လည်း ရွှေ၊ ငွေနှင့် ရာထူးဂုဏ်သိမ်တို့ကို စက်ဆုပ်ရွံရှာလေသည်။ အသုံးမဝင်ဟု ထင်ရသော ထိုဆေးဖက်ဝင်အပင်များကိုမှ အထူးတလည် နှစ်သက်သဘောကျနေခဲ့ပေသည်။
သူသည် ကြီးမားလှသော ပဟေဠိတစ်ခုကဲ့သို့ပင် သူမကို နက်ရှိုင်းစွာ ဆွဲဆောင်နေခဲ့လေ၏။
ဖန်းဟန်က သူမကို ကြည့်လိုက်ရာ စနစ်၏ တာဝန်က သူ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
သူက ခေါင်းညိတ်လိုက်ပြီး အလွယ်တကူပင် သဘောတူလိုက်လေ၏။
"သခင်မဆီက ဒီလို ကြင်နာတတ်တဲ့ ဖိတ်ကြားမှုကို ကျွန်တော်က ဘယ်လိုလုပ် ငြင်းဆန်ဝံ့မှာပါလဲ...။ မနက်ဖြန် အချိန်မှီ လာခဲ့မယ်ဆိုတာ သေချာပါတယ်...။”
ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးမားလှသော အခြွေအရံများကို လိုက်ပို့ပြီးနောက် ဖန်းမိသားစု၏ ခြံဝင်းမှာ ပုံမှန် တိတ်ဆိတ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
ပိုင်ကျီရိုနှင့် လျူရူမေတို့က စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များကို ရှင်းလင်းရန် အလျင်အမြန် ရှေ့သို့ တိုးလာ ခဲ့ကြပြီး သူတို့၏ မျက်လုံးများတွင် ဖန်းဟန်ကို ကြည့်ရင်း တမ်းတမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
၎င်းမှာ ဂုဏ်ယူဝင့်ကြွားမှုများနှင့် အောင်မြင်မှု ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
သူတို့၏ အမျိုးသားမှာ အလွန်ပင် လေးစားခံရသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကပင် သူတို့ထံသို့ ကြီးမားသော ရိုသေ လေးစားမှုဖြင့် လာရောက်ခဲ့ရပေသည်။ ဤသည်မှာ အလွန်ပင် ကြီးမားလှသော ဂုဏ်ကျက်သရေတစ်ရပ် ဖြစ် ပေတော့သည်။
ဖန်းဟန်က သူတို့၏ အလုပ်များကို ဆက်လုပ်ရန် လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် သူ၏ အခန်းထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့လေ၏။ အတွေးတစ်ချက်နှင့်အတူ သူ တစ်ဦးတည်းသာ မြင်နိုင်သော စနစ် မျက်နှာပြင် ခေါ်ထုတ်လိုက်လေသည်။
[ ဒင်...။ ပေါင်းစည်းရန် အခြေအနေနှင့် ကိုက်ညီသော ဇာတ်ကောင်ကို စစ်ဆေးတွေ့ရှိပါသည် - နန်ကုန်းယွင်ရှူး...။ ]
[ မည်သူမည်ဝါဖြစ်ကြောင်း - ချင်းရှီးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီး...။ ]
[ အကယ်၍ စတုတ္ထမြောက် ဇနီးအဖြစ် အောင်မြင်စွာ ပေါင်းစည်းနိုင်ပါက ကမ္ဘာနှစ်ခုကြားတံခါးစနစ်သည် အဆင့် (၄) သို့ မြင့်တက်သွားမည် ဖြစ်ပါသည်...။ ဆုလာဘ် - 'မျိုးဗီဇအဆင့်မြှင့်တင်ရေးအရည် (အခြေခံ အဆင့်)' ကို ဖွင့်လှစ်နိုင်မည်...။ ]
လင်းလက်နေသော စနစ်မျက်နှာပြင်ကို ကြည့်ရင်း ဖန်းဟန်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးများမှာ အနည်းငယ် နောက်ပြောင်လိုသည့်အသွင် ဖြစ်သွားခဲ့လေ၏။
*မျိုးဗီဇအဆင့်မြှင့်တင်ရေးအရည် ဟုတ်လား...။*
ဤအရာ၏ နာမည်ကို ကြားရုံဖြင့်ပင် အလွန်အမင်း အစွမ်းထက်မည်ဟု ထင်ရပေသည်။
'မျိုးဗီဇ အဆင့်မြှင့်တင်ခြင်း' ဆိုသည်မှာ အသက်တရားကို ၎င်း၏ အခြေခံအကျဆုံး အဆင့်မှ ပြုပြင်ပြောင်း လဲခြင်းနှင့် တိုးတက်စေခြင်းတို့ ပါဝင်လေသည်။
*အကယ်၍ ငါသာ ဒီအရာကို အသုံးပြုလိုက်ရင် အမြင်အာရုံ စူးရှလာပြီး မြင်သမျှကို မှတ်မိနိုင်စွမ်း ရှိလာ မှာလား...။*
*ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းရမှာလား...။*
ဖန်းဟန်၏ နှလုံးသားမှာ လုံးဝပင် မီးဟုန်းဟုန်း တောက်လောင်သွားခဲ့လေ၏။ ကြည့်ရသည်မှာ သူ ခရိုင်အုပ်ချုပ် ရေးမှူးရုံးသို့ မသွားဘဲ နေ၍မရနိုင်တော့ပေ။
*ဒီသစ္စာဖောက် ချောင်ချောင်လိုမျိုးပဲ...၊ ငါ မဖြစ်မနေ လုပ်ဆောင်မှရတော့မယ်…။*