← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀)

အပ်ငွေသန်းတစ်ရာကျော်သို့ ရောက်ရှိခြင်း

ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ နောက်ဖေးလမ်းကြား၊ လုံခြုံရေး အထူးတင်းကျပ်ထားသော ဂိုဒေါင်ရှေ့တွင် ဖြစ်၏။

ရှန့်ကွမ်းသည် အရေးကြီးသည့် ကြေးဝါသော့တွဲကို ကိုင်ဆောင်လျက် ဖုန်များဖြင့် ထူထဲနေသော သစ်သားတံခါး ကို ဖြည်းညှင်းစွာဖြင့် ဖွင့်လိုက်လေသည်။

"သခင်လေးဖန်း၊ ဒီခရိုင်ဘဏ္ဍာတိုက်ထဲက နှစ်တစ်ရာကျော်လွန်နေတဲ့ ရှားပါးဆေးမြစ်တွေကို ဒီနေရာမှာ စုစည်း ထားပါတယ်...။”

"ကျွီ...။”

တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်နှင့် အချိန်ကာလများစွာ စုဆောင်းထားသည့် ဆေးနံ့သင်းသင်းတို့က လေထုထဲတွင် ပျံ့နှံ့သွားခဲ့လေ၏။

ထိုဆေးနံ့များမှာ အလွန်ပြင်းထန်လှရာ ဖန်းဟန်၏ ခန္ဓာကိုယ်အတွင်းရှိ အပေါက်ငယ်များပင် ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လန်းဆန်းသွားရလေသည်။

ဂိုဒေါင်အတွင်း၌ မီးရောင် မှိန်ပျပျသာရှိသော်လည်း အတွင်းရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ဘယ်ဘက်ခြမ်းတွင် သစ်သားစင်ကြီးများ ထန်းထားရှိပြီး ၎င်းအပေါ်တွင် တံဆိပ်ခတ်နှိပ်ထားသည့် သစ်သား သေတ္တာများက စနစ်တကျ ရှိနေခဲပေ၏။

ညာဘက်ခြမ်းတွင်မူ ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ လူတစ်ဝက်ခန့်အမြင့်ရှိသော ကျားအရိုးပုံ ကြီးမှာ တောင်ငယ်တစ်ခုကဲ့သို့ ပုံထားလေသည်။ ၎င်းတို့၏ ဖြူဖွေးသော အရိုးများမှာ ယခုတိုင် အစွမ်းထက် သည့် သြဇာအရှိန်အဝါများ ကျန်ရှိနေသေး၏။ ၎င်းဘေးတွင်မူ သွေးနံ့သင်းနေပြီး အကြောများ ပြည့်နှက်နေ သော သမင်ချိုများကို စုပုံထားလေသည်။ အတွင်းဆုံး စင်ပေါ်တွင်မူ အနက်ရောင်ပိတ်စဖြင့် ပတ်ထားသော သစ်သားသေတ္တာကြီးအချို့ ရှိနေပေ၏။

ရှန့်ကွမ်းက သေတ္တာတစ်လုံးကို သတိကြီးစွာဖြင့် ဖွင့်ပြလိုက်ရာ ကလေးလက်မောင်းလုံးခန့်ရှိသော နှစ်တစ်ရာ ကျော် တောဂျင်ဆင်းကို မြင်လိုက်ရလေသည်။ ၎င်း၏ အမြစ်မွှားများမှာ မပျက်မစီးဘဲ ဝိညာဉ်စွမ်းအင်များ တောက်ပနေလျက်ရှိလေသည်။

"ဒီ... ဒီဟာတွေက တကယ်ကို ထိပ်တန်းပစ္စည်းတွေပဲ...။”

နောက်မှလိုက်ပါလာသော စာရေးကြီးမှာလည်း ဤသို့သော ရတနာများကို မြင်တွေ့လိုက်ရသောအခါ အံ့အား သင့်စွာဖြင့် ရေရွတ်လိုက်မိလေသည်။ ဤပစ္စည်းများထဲမှ တစ်ခုခုသာဆိုလျှင်ပင် ခရိုင်ရှိ ဆေးဆိုင်ကြီးများတွင် အလုအယက် ဖြစ်သွားနိုင်ပေသည်။ သို့သော် ယခုမူ ထင်းပုံကဲ့သို့ပင် ပေါ့ပေါ့တန်တန် စုပုံထားခြင်း ဖြစ်သည်။

ရှန့်ကွမ်းသည် ဖန်းဟန်၏ မျက်နှာကို စိုးရိမ်တကြီးဖြင့် ငေးကြည့်နေမိလေ၏။ ဤပစ္စည်းများမှာ အဖိုးတန်လှ သော်လည်း ခရိုင်အတွင်းရှိ ပြည်သူသိန်းပေါင်းများစွာ၏ အသက်နှင့်နှိုင်းယှဉ်လျှင် ဘာမှမထူးခြားလှပေ။ သူ သည် ဖန်းဟန်အနေဖြင့် ဤပမာဏကို နည်းသည်ဟု ထင်မြင်သွားမည်ကို စိုးရိမ်နေခြင်းပင် ဖြစ်သည်။

ဖန်းဟန်သည် တစ်ခန်းလုံးပြည့်နေသော ရတနာများကို အကြည့်တစ်ချက် လွှဲလိုက်ရာ သူ၏ နှလုံးသားမှာ လှုပ် ရှားသွားသော်လည်း မျက်နှာတွင်မူ တည်ငြိမ်နေခဲ့လေသည်။ သူသည် ကျားအရိုးပုံကြီးကို လက်ဖြင့် ဖြည်း ညင်းစွာ ထိတွေ့လိုက်ပြီးနောက် ရှန့်ကွမ်းကို ကြည့်ကာ စကားသုံးခွန်းသာ ပြောလိုက်လေသည်။

"ကျွန်တော် အကုန်ယူမယ်...။”

သူ၏ အသံမှာ တိုးသော်လည်း ခိုင်မာပြတ်သားလှပေသည်။ ရှန့်ကွမ်း၏ ရင်ထဲတွင် တုန်လှုပ်နေသော စိုးရိမ် စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရလေသည်။

"ကောင်းပါပြီ….။ ဟေ့...၊ တွန်းလှည်းပြင်ဆင်ကြစမ်း…။ ဂိုဒေါင်ထဲက ဆေးမြစ်တွေ အကုန်ယူမယ်…၊ ဘာ တစ်ခုမှ မကျန်စေရဘူး…။ သခင်လေးဖန်းရဲ့ အိမ်ကို ချက်ချင်းပို့ပေးလိုက်….။ အရည်အသွေးအကောင်းဆုံး တွန်းလှည်းတွေနဲ့ အတော်ဆုံး လူတွေကိုပဲ စေလွှတ်ကြ….၊ ဘယ်ဟာကို မထိခိုက်စေရဘူး...။”

အမိန့်ရသည်နှင့် ရုံးစေများမှာ ချက်ချင်း လှုပ်ရှားသွားကြလေသည်။ ခဏအကြာတွင် မြင်းလှည်းကြီး (၁၂) စီးဖြင့် ဆေးမြစ်များကို ဂရုတစိုက် သယ်ယူကြရာ မြင်ကွင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူး၏ စစ်ဆေးရေးခရီးစဉ်ထက်ပင် ခမ်းနားလှပေသည်။

ဤယာဉ်တန်းကြီး လျိုရှီးရွာသို့ ရောက်ရှိလာသောအခါ ရွာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်လေသည်။

ရွာသားများမှာ အိမ်အပြင်ဘက်သို့ ထွက်လာကြပြီး ရွာလမ်းကို ပိတ်ဆို့လုနီးပါး ဖြစ်နေသော ယာဉ်တန်းကြီးကို ငေးကြည့်နေကြသည်။ ယခင်က ထောင်လွှားသော ရုံးစေများက ယခုမူ အလုပ်သမားများကဲ့သို့ ဂရုတစိုက်ဖြင့် ပစ္စည်းများကို ချပေးနေသည်ကို မြင်ရသောအခါ သူတို့မှာ အံ့အားသင့်လွန်း၍ စကားပင်မပြောနိုင်တော့ပေ။

...

ညအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

ဖန်းဟန်၏ အခန်းထဲတွင် မီးရောင်များ ထိန်ထိန်ညီးလျက်ရှိနေလေသည်။ ပိုင်ကျီရိုနှင့် အခြားအမျိုးသမီးနှစ်ဦးမှာ အိပ်စက်နားနေကြပြီ ဖြစ်သည်။ သူသည် အခန်းတစ်ဝက်နီးပါး ပြည့်နေသော ဆေးမြစ်များရှေ့တွင် တစ်ယောက် တည်း ရပ်နေပြီး သူ၏ မျက်လုံးများမှာ တောက်ပနေခဲ့လေ၏။

သူသည် မဆိုင်းမတွပင် စိတ်ထဲတွင် တွေးလိုက်ရာ ဖန်းဟန်ရှေ့ရှိ ကျားအရိုးများ၊ သမင်ချိုများနှင့် နှစ်တစ်ရာ ကျော် တောဂျင်ဆင်းများမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး သူ၏ (၁) ကုဗမီတာရှိသော သိုလှောင်နေရာ ထဲသို့ ရောက်ရှိသွားကြလေတော့သည်။

ထို့နောက် သူသည် ခုတင်နားသို့ သွားပြီး စိတ်ကို စုစည်းကာ သူတစ်ဦးတည်း မြင်နိုင်သော ကမ္ဘာနှစ်ခုကြား တံခါးကို ညွှန်ကြားလိုက်လေသည်။

*စနစ်...၊ ကမ္ဘာနှစ်ခုကြားတံခါး စတင်ပါ...။*

ဤပစ္စည်းများမှာ ခေတ်သစ်ဆေးဝါးကုမ္ပဏီများအတွက် အလွန်တန်ဖိုးရှိလှပေသည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့၏ တန်ဖိုးမှာ ပို၍ပင် မြင့်မားလှပေသည်။ ခေတ်သစ်ကမ္ဘာတွင် ဤကဲ့သို့သော သဘာဝအတိုင်း အဆိပ် အတောက်ကင်းစင်သည့် နှစ်တစ်ရာကျော် ဆေးမြစ်များ၏ တန်ဖိုးမှာ မခန့်မှန်းနိုင်အောင်ပင် ကြီးမားလှသည်။

ခေါင်းနည်းနည်း မူးဝေသွားပြီးနောက် ဖန်းဟန်၏ မြင်ကွင်းမှာ ပြောင်းလဲသွားလေသည်။ ရိုးရှင်းသော သစ်သား အခန်းမှသည် သူ၏ ရင်းနှီးနေသော ခေတ်သစ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။ သူသည် ဖုန်းကို ထုတ်ပြီး သူ၏ လူကို ချက်ချင်းပင် ဖုန်းဆက်လိုက်လေသည်။

ဖုန်းမှာ ချက်ချင်းပင် လက်ခံဖြေဆိုလိုက်လေသည်။

"အစ်ကိုဟန်….။ ဘုရားရေ...၊ နောက်ဆုံးတော့ ဖုန်းဆက်လာပြီပေါ့ဗျာ…။အစ်ကိုသာ မဆက်ရင် ကျွန်တော် ရဲစခန်းကို အကြောင်းကြားတော့မလို့…။"

ဝမ်ရှောင်၏ ကျယ်လောင်သော အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာလေသည်။

"စကားများမနေနဲ့….၊ အရင်နေရာပဲ…။ မင်းရဲ့ ကျွမ်းကျင်သူကို ခေါ်ခဲ့၊ ပြစရာ ပစ္စည်းအသစ်တွေ ရလာ တယ်...။”

...

နာရီဝက်ခန့်အကြာ၊ မြို့ပြင်ရှိ သီးသန့်ဂိုဒေါင်တစ်ခုတွင် ဖြစ်သည်။

ဝမ်ရှောင်နှင့် ဆံပင်ဖြူဖြူနှင့် မျက်မှန်တပ်ထားသော သက်ကြီးကျွမ်းကျင်သူတို့မှာ စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်နေကြလေသည်။

"သခင်လေးဝမ်၊ သခင်လေးဖန်း ပြောတဲ့အရာက တကယ်ပဲ အံ့သြစရာ ကောင်းလို့လား...။”

သက်ကြီးကျွမ်းကျင်သူက မျက်မှန်ကို ပင့်တင်ရင်း မယုံသင်္ကာဖြင့် မေးလိုက်လေသည်။

"လီအဘိုးကြီး၊ ခဏစောင့်ကြည့်လိုက်…၊ ကျွန်တော့်အစ်ကိုဟန် ယူလာတဲ့အရာမှန်သမျှ သာမန်မဟုတ်ဘူး…။"

စကားမဆုံးခင်မှာပင် ဂိုဒေါင်၏ တံခါးမှာ "ဝုန်း" ခနဲ ပွင့်သွားခဲ့လေသည်။ ဖန်းဟန် ဝင်လာခဲ့၏။

"အစ်ကိုဟန်…။"

ဝမ်ရှောင် ချက်ချင်းပင် ကြိုဆိုလိုက်လေသည်။ ဖန်းဟန် ခေါင်းညိတ်ပြပြီး စကားမများတော့ဘဲ ဂိုဒေါင်အလယ် သို့ သွားကာ စိတ်ထဲမှ တွေးလိုက်လေသည်။

နောက်တစ်စက္ကန့်တွင်...

ဝမ်ရှောင်နှင့် အဘိုးအိုလီတို့၏ အံ့အားသင့်နေသော မျက်ဝန်းများအောက်တွင်...၊

*ဒုန်း...။*

ရတနာတောင်တစ်ခု ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။ ဖြူဖွေးသော ကျားအရိုးပုံကြီးများနှင့် တောက်ပနေသော သမင်ချိုများ၊ နှစ်တစ်ရာကျော် တောဂျင်ဆင်းများနှင့် ဟယ်ရှောက်ဝူတို့မှာ မြေပြင်ပေါ်သို့ အပုံလိုက် ကျရောက်လာခဲ့လေသည်။

ကမ္ဘာပေါ်တွင် ရှားပါးလှပြီး လေလံပွဲများတွင်သာ မြင်တွေ့ရသော ထိုဆေးမြစ်များမှာ ကွန်ကရစ်ကြမ်းပြင် ပေါ်တွင် ထင်းပုံကဲ့သို့ ပြန့်ကျဲနေလေ၏။ ဂိုဒေါင်တစ်ခုလုံးတွင် ပြင်းထန်သော ဆေးနံ့များ ပျံ့နှံ့သွားလေသည်။

ဝမ်ရှောင်၏ မျက်နှာပေါ်မှ အပြုံးမှာ ရပ်တန့်သွားသည်။ သူ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားပြီး မျက်လုံးများ မှာလည်း ပြူးကျယ်သွားခဲ့လေသည်။ သူသည် ဆေးရတနာပုံကြီးကို စိုက်ကြည့်ရင်း ကျောက်ရုပ်ကဲ့သို့ အသက် ရှူရန်ပင် မေ့သွားတော့သည်။

ဘေးရှိ အဘိုးအိုလီ၏ တုံ့ပြန်မှုမှာ ပို၍ပင် ပြင်းထန်လှသည်။ သူသည် လျှပ်စစ်ဓာတ်လိုက်ခံရသကဲ့သို့ နောက်သို့ နှစ်လှမ်းဆုတ်သွားပြီး လက်ထဲမှ ရေနွေးအိုးမှာလည်း "ခလွမ်း" ခနဲ ဖြစ်ကာ ကျကွဲသွားလေသည်။

"ဒီ... ဒီ... ဒီ...။”

အသက်ကြီးကျွမ်းကျင်သူမှာ ဆေးမြစ်ပုံကြီးကို လက်ညှိုးထိုးရင်း တုန်ရီနေခဲ့ပေသည်။ သူ၏ မျက်နှာမှာ စိတ် လှုပ်ရှားလွန်း၍ အရောင်များ ပြောင်းလဲသွားလေ၏။ သူသည် အပြေးသွားပြီး ပေါင်လုံးခန့်ရှိသော ကျားအရိုး တစ်ချောင်းကို ဆွဲကိုင်လိုက်ကာ ဂျင်ဆင်းမြစ်ကို နှာခေါင်းနားတွင်ကပ်၍ ရှူရှိုက်လိုက်လေသည်။

နောက်ဆုံးတွင် သူသည် ရင်ဘတ်ကို ဖိရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။

သူသည် အသက်ပြင်းပြင်းရှူရင်း မျက်ရည်များပင် ဝဲလာခဲ့၏။

"အံ့ဖွယ်ပါ...၊ ဒါဟာ အံ့ဖွယ်ပါပဲ…။"

အဘိုးအိုလီမှာ ကောင်းကင်ကို မော့ကြည့်ပြီး အသံဝင်ကာ ပြောလိုက်လေသည်။

"ကျွန်တော် တစ်သက်လုံး တရုတ်ဆေးမြစ်တွေကို လေ့လာခဲ့တာပါ၊ ဒါပေမဲ့ ဒီလောက် အရည်အသွေးကောင်းပြီး ဒီလောက်အသက်အရွယ်ကြီးတဲ့ တောရိုင်းရတနာတွေကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး…။ ဒါ...ဒါကတော့ ဒီလောက မှာ မရှိသင့်တဲ့အရာတွေပါပဲ...။ မယုံနိုင်စရာပါပဲ…။"

ဝမ်ရှောင်မှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာခဲ့လေသည်။ သူသည် တံတွေးကို အသာမျိုချလိုက်ပြီး ဖန်းဟန် ကို လေးစားစွာဖြင့် ငေးကြည့်နေမိလေတော့၏။ သူ ဘာမှမမေးတော့ပေ။ အချို့အရာများကို မမေးခြင်းက ပို၍ ကောင်းသည်ကို သူသိပေသည်။ သူ ဖုန်းကိုထုတ်ပြီး အသာအယာ နှိပ်လိုက်လေသည်။

ခဏအကြာတွင် ဖန်းဟန်၏ ဖုန်းမှာ "တီ" ဟူသော အသံနှင့်အတူ မီးလင်းလာခဲ့သည်။ ဘဏ်၏ စာတိုမှာ မျက်နှာ ပြင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာခဲ့လေသည်။

[XX ဘဏ် - သင်၏ ငွေစုစာရင်းသို့ ယနေ့ ရက်စွဲတွင် ယွမ် (၈၀,၀၀၀,၀၀၀) ရောက်ရှိလာပါပြီ၊ လက်ရှိ လက်ကျန်ငွေမှာ ယွမ် (၁၀၅,၃၄၀,၀၀၀.၅၂) ဖြစ်ပါသည်။]

*သန်းရှစ်ဆယ်…*

အရင်ကရှိနှင့်ပြီးသား ငွေများနှင့် ပေါင်းလိုက်လျှင် သူ၏ ဘဏ်လက်ကျန်ငွေမှာ...၊ သူ၏ သန်းတစ်ရာပန်းတိုင်ကို အေးအေးဆေးဆေးပင် ကျော်လွန်သွားခဲ့လေတော့၏။

All Chapters