အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) ဓားသွားတစ်သောင်း အစီအရင်၏ စွမ်းအား
"မြေကြွက်... မင်း ဘာကိစ္စပြန်လာတာလဲ..."
"ဒီည ကျူရှန်းလုံကို စောင့်ရမယ့်အလှည့် မင်းအလှည့်မဟုတ်လား..."
ကျောက်တုံးအိမ်တစ်လုံးအတွင်းဝယ် နားထင်ကြောများ ထောင်ထနေသော လူလတ်ပိုင်းတစ်ယောက်သည် မြေကြွက် ပျံသန်းဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် စာရေးနေခြင်းကို ရပ်တန့်လိုက်ကာ မြေကြွက်အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
ထိုမြေကြွက်က လုပ်ကြံသူစခန်း၏ တပ်မှူးကို ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အကြောင်းရင်းမရှိဘဲ တုန်ယင်သွားလေသည်။
"တပ်မှူးထျန်းရင်း... ကျူရှန်းလုံရဲ့ ခံတပ်က ဖောက်ထွင်းခံလိုက်ရပြီ... မြေအောက်ခန်းထဲက မှတ်တမ်းတွေနဲ့ ငွေစက္ကူတွေ အကုန်လုံး အခိုးခံလိုက်ရတယ်..."
"အဘိုးလျိုက စခန်းမှာရှိတဲ့ လုပ်ကြံသူတွေ အကုန်လုံးကို စုဆောင်းဖို့ ခင်ဗျားကို အကြောင်းကြားခိုင်းလိုက်လို့ပါ... ဒီည လျန်ရှီးခရိုင်ထဲက အင်အားစုအကြီးအသေး အကုန်လုံးကို စုံစမ်းရမယ်... ခိုးသွားတဲ့ တကယ့်တရားခံကို အမြန်ဆုံး ရှာဖွေရမယ်..."
မြေကြွက်က အလျင်အမြန် ပြန်ဖြေလိုက်၏။
ဝမ့်ရှန်းလုံမှ လုပ်ကြံသူများကို သေမျိုး၊ မြေကမ္ဘာ၊ ကောင်းကင်၊ ဘုရင်၊ ဧကရာဇ်နှင့် အင်မော်တယ် ဟူ၍ အဆင့်များ ခွဲခြားထားသည်။
ရွှေခန္ဓာနယ်ပယ်အောက်ရှိ သူများအားလုံးမှာ သေမျိုးအဆင့် လုပ်ကြံသူများဖြစ်ကြ၏။
ကျောက်စိမ်းဗိမာန်နယ်ပယ်မှာ ဒုတိယအဆင့် လုပ်ကြံသူ ဖြစ်သည်။
ပေါင်းစည်းခြင်းနယ်ပယ်မှာ ကောင်းကင်အဆင့် လုပ်ကြံသူ ဖြစ်၏။
"ဘာ..."
ထျန်းရင်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အံ့သြတကြီး အော်ဟစ်လိုက်သည်။
အဘိုးလျိုက ပုံမှန်အားဖြင့် ကျူရှန်းလုံကို စောင့်ကြပ်လေ့ရှိပြီး ညဘက်များတွင်လည်း အဆင့်တစ် လုပ်ကြံသူကို စောင့်ကြည့်ရန် စေလွှတ်လေ့ရှိ၏။ ကျူရှန်းလုံသို့ မည်သူမျှ မသိစေဘဲ ခိုးဝင်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်ပင် ပို၍ ခက်ခဲလှပေသည်။
"ကောင်းပြီ..."
"ငါတို့ ဝမ့်ရှန်းလုံဆီက ခိုးတဲ့သူတွေကို အမြစ်ပြတ် သတ်ပစ်ရမယ်..."
တပ်မှူးထျန်းရင်းက အေးစက်စွာ ပြောလိုက်၏။
ဤလုပ်ကြံသူများ၏ စိတ်ထဲတွင် မည်သည့် အဆင်မပြေမှုမျိုးကိုမဆို သတ်ခြင်း…သတ်ခြင်း… သတ်ခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့နေသမျှ အရာအားလုံးကို ရှင်းလင်းပစ်ကြသည်။
ထို့နောက် ထျန်းရင်းက စားပွဲပေါ်မှ နွားချိုကို ကောက်ကိုင်လိုက်ပြီး မှုတ်လိုက်လေ၏။
“ဝူး…”
နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံကြီးက တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ကျောက်တုံးအိမ်အသီးသီးတွင် သီးခြားနေထိုင်ကြသော လုပ်ကြံသူများအားလုံး ထွက်လာကြ၏။
သေမျိုးအဆင့် လုပ်ကြံသူ ၅၀၊ မြေကမ္ဘာအဆင့် လုပ်ကြံသူ ၁၀ ယောက်နှင့် ကောင်းကင်အဆင့် လုပ်ကြံသူတစ်ယောက် ရှိပြီး ထျန်းရင်အပြင် ထျန်းယာလည်း ရှိသေးသည်။
လူတိုင်းက ထျန်းရင်၏ ရှေ့တွင် စုရုံးရောက်ရှိလာကြ၏။
"ကျူရှန်းလုံ ခံတပ်မှာ တစ်ယောက်ယောက်က ငါတို့ ဝမ့်ရှန်းလုံရဲ့ မှတ်တမ်းတွေနဲ့ ငွေစက္ကူတွေကို ခိုးသွားတယ်..."
"တကယ့် တရားခံကိုရှာဖို့ လျန်ရှီးခရိုင်ကို အမြန်သွားပြီး အင်အားစုအားလုံးကို သေချာရှာဖွေဖို့ အဘိုးလျိုက ငါတို့ကို အမိန့်ပေးထားတယ်..."
ထျန်းရင်က အကျဉ်းချုံး ရှင်းပြလိုက်သည်။
"သတ်..."
လုပ်ကြံသူအားလုံးက ဤကိစ္စအတွက် ရိုးရှင်းပြတ်သားသော အဖြေတစ်ခုဖြင့်သာ တုံ့ပြန်လိုက်ကြ၏။
အရာအားလုံးက သတ်ခြင်း..သတ်ခြင်း…သတ်ခြင်းသာ ဖြစ်ပေသည်။
ဤအချိန်တွင် ထျန်းရင်က ခပ်ဝဝ တပ်မှူးတစ်ဦးဖြစ်သူ ထျန်းယာကို ကြည့်လိုက်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်၏။
"စခန်းကို စောင့်ကြပ်ဖို့ မင်းကို ထားခဲ့မယ်... သူတို့ကို လျန်ရှီးခရိုင်မြို့ဆီ ငါ ဦးဆောင်သွားလိုက်မယ်..."
ထျန်းယာက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ထျန်းရင်က အနီးအနားမှ ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
ကျောက်လင်က ဤအချိန်တွင် အမှန်တကယ်ပင် ပေါ်လာခဲ့ပြီး စုရပ်နှင့် မီတာငါးဆယ်ခန့်သာ ကွာဝေးပေသည်။
"ဘယ်သူလဲ..."
ထျန်းရင်၏ မျက်လုံးများက ကျောက်လင်ရှိရာ နေရာဆီသို့ စူးစိုက်သွားလေ၏။
"ဒါက ဝမ့်ရှန်းလုံက လုပ်ကြံသူတွေ အခြေစိုက်တဲ့ နေရာပေါ့လေ..."
မျက်နှာကို ဖုံးအုပ်ထားသော ကျောက်လင်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ထျန်းရင်နှင့် ထျန်းယာတို့က တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြ၏။
"သတ်..."
ထိပ်တန်းလုပ်ကြံသူနှစ်ဦးက တုံ့ဆိုင်းနေခြင်းမရှိဘဲ ခုန်တက်သွားကာ ကျောက်လင်ဆီသို့ အတူတကွ ခုန်အုပ်လိုက်ကြသည်။
ဝမ့်ရှန်းလုံ၏ လုပ်ကြံသူစခန်းကို မည်သည့်အခါမှ မပေါက်ကြားစေရပေ။
သဘာဝကျကျပင် စခန်းကို တာဝန်ယူထားရသော တပ်မှူးနှစ်ဦးမှာ စကားပြောဆို၍ အချိန်မဖြုန်းလိုကြဘဲ ကျောက်လင်အား သတ်ပစ်ရန် ချက်ချင်းပင် ပျံသန်းလာခဲ့ကြ၏။
"သူတို့ လွတ်သွားပြီ... သူတို့ လွတ်သွားပြီ..."
ကျောက်လင်က သူတို့၏ လုပ်ရပ်များကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကာ ကြိုတင်၍ပင် ပျံသန်းထွက်ပြေးသွားခဲ့လေပြီ။
ကျောက်လင်က ပျံသန်းရန် မတ်တပ်ရပ်လိုက်သောအခါ သူ၏ ကျောပေါ်တွင် အလွန်ကြီးမားသော ကျောပိုးအိတ်ကြီးတစ်ခု ရှိနေပြီး ထိုကျောပိုးအိတ်မှာ အလွန်ထူးခြားသော ဒီဇိုင်းရှိပေသည်။
ဤအခိုက်အတန့်တွင် ကျောက်လင်၏ ပျံသန်းမှုအမြန်နှုန်းမှာ ကောင်းကင်သို့ ဒုံးပျံတစ်စင်း ပျံသန်းသွားသည့်အလား ဖြစ်နေ၏။
အမှန်တော့ ကျောက်လင်သည် လိုဏ်ခေါင်းတူးနေစဉ်ကတည်းက စနစ်ဈေးဆိုင်မှ ပျံသန်းရေး ကျောပိုးအိတ်တစ်ခုကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်လင်က သူသည် ကျောက်စိမ်းခန္ဓာနယ်ပယ် အဆင့်တွင်သာ ရှိသေးကြောင်း အလွန်ကောင်းစွာ သိထားပြီး ပေါင်းစည်းခြင်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်လိုပါက နည်းပညာကိုသာ အားကိုးရမည်ဖြစ်ကြောင်း သိထားပေသည်။
[အသံထက်မြန်သော ကျောပိုးအိတ် - အမှတ် ၂၀,၀၀၀,၀၀၀]
ဤအသံထက်မြန်သော ကျောပိုးအိတ်အတွက် လိုအပ်သည့် စနစ်အမှတ်များမှာ ကိုယ်တိုင်မောင်းနှင်နိုင်သော ယာဉ်များအတွက် လိုအပ်သည်ထက်ပင် ပိုများနေပြီး ယင်းက ၎င်းတွင်ပါဝင်သော နည်းပညာအဆင့်အတန်းကို ပြသနေပေသည်။
"ခွေးကောင်..."
"သူ အရမ်းမြန်တာပဲ..."
ပေါင်းစည်းခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများဖြစ်ကြသော ထျန်းရင်နှင့် ထျန်းယာ နှစ်ဦးစလုံးသည် လေတိုက်နှုန်း၏ နက်နဲသော အဓိပ္ပါယ်ကို ကျွမ်းကျင်ပိုင်နိုင်ထားကြပြီး အလွန်မြန်ဆန်သော အမြန်နှုန်းများကို ပိုင်ဆိုင်ထားကြ၏။ သို့သော်လည်း ကျောက်စိမ်းဝမ်းဗိုက်နပယ်တွင်သာ ရှိနေသော ကျောက်လင်အား သူတို့ မမီနိုင်သည်ကို တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားကြလေသည်။
အသံထက်မြန်သော ကျောပိုးအိတ်၏ အမြန်နှုန်းကို အားကိုးကာ ကျောက်လင်က ကြွက်လေး ရှိနေသည့်အရပ်ဆီသို့ ပျံသန်းသွားလေ၏။
သူတို့၏ ကိုယ်ပိုင်လုပ်ကြံသူစခန်းအတွင်း၌ တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ အစီအရင်တစ်ခု ချထားကြောင်းကို ထျန်းရင်နှင့် ထျန်းယာတို့က အနည်းငယ်မျှပင် မသိခဲ့ကြပေ။
ထိုနှစ်ဦးက ကျောက်လင်သည် အလွန်မြန်ဆန်ကြောင်း သိထားသော်လည်း သူ့ကို အလွတ်မပေးနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ လုပ်ကြံသူစခန်း၏ လျှို့ဝှက်ချက်ကို ပေါက်ကြားခွင့် မပေးနိုင်ပေ။ သူတို့အနေဖြင့် သူ့ကို ဆက်လက် လိုက်လံဖမ်းဆီးပြီး ဤခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။
မကြာမီတွင် ကျောက်လင်သည် ကြွက်လေးမှ ဓားသွားတစ်သောင်း အစီအရင်တပ်ဆင်ထားသည့် နယ်မြေသို့ ရောက်ရှိလာပြီး အစီအရင်၏ အလယ်တည့်တည့်သို့ ဆင်းသက်သွားလေ၏။
ဆင်းသက်လာသည်နှင့် ကျောက်လင်က တမင်တကာပင် ညည်းတွားလိုက်သည်။
"ဟူး... ဒီအဂ္ဂိရတ် ပျံသန်းရေးအိတ်က ငါ့ကို အချိန်အကြာကြီး ပျံသန်းနိုင်အောင် ထောက်ပံ့ပေးဖို့ လုံလောက်တဲ့ ဝိညာဉ်စွမ်းအင် မရှိဘူးပဲ..."
ပေါင်းစည်းခြင်းနယ်ပယ်မှ ထျန်းရင်နှင့် ထျန်းယာတို့က အမီလိုက်လာနိုင်ပြီး ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ နှစ်ယောက်စလုံးက နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ကြလေသည်။
ဤသည်မှာ သူတို့၏ နားလည်ထားမှုနှင့် အတိအကျ ကိုက်ညီနေပေသည်။
ထိုနှစ်ဦးက နောက်ထပ်တစ်ကြိမ် စဉ်းစားမနေတော့ဘဲ ကျောက်လင်၏ရှေ့သို့ ဆင်းသက်လိုက်ကြရာ သူတို့၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် တောက်ပနေ၏။
"ကောင်လေး... မင်းက ငါတို့ ဝမ့်ရှန်းလုံကို စူးစမ်းဖို့ ဘယ်လိုတောင် ရဲတင်းနေရတာလဲ..."
"မင်းက သေချင်နေတာပဲ... ဒါဆိုလည်း ငါတို့လက်ထဲမှာ သေလိုက်တော့..."
ထျန်းရင်က အေးစက်စွာ ပြောလိုက်သည်။
"ကောင်လေး... မင်းက ဘယ်အင်အားစုကလဲ..."
"မင်းက ငါတို့ ဝမ့်ရှန်းလုံကို ဘာလို့ စုံစမ်းနေတာလဲ..."
ထျန်းယာက ကျောက်လင်အား စူးစိုက်ကြည့်ကာ အေးစက်စက်ဖြင့် မေးခွန်းထုတ်လိုက်၏။
ကျောက်လင်အား မသတ်မီ တပ်မှူးနှစ်ဦးစလုံးက သူသည် မည်သည့်အင်အားစုမှ လာသည်ကို သိချင်နေကြပြီး အဘယ်ကြောင့် ဝမ့်ရှန်းလုံကို စုံစမ်းနေရသနည်းဆိုသည်ကို သိလိုကြသည်။
ဝမ့်ရှန်းလုံကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် အင်အားစုကိုမဆို ရှင်သန်ခွင့် မပေးနိုင်ဘဲ အမြစ်ပြတ် ရှင်းလင်းပစ်ရမည် ဖြစ်သည်။
"ငါ... ငါ မင်းတို့ကို မပြောပြနိုင်ဘူး..."
ကျောက်လင်က ပြုံးလ်ုက်၏။
ထျန်းရင်နှင့် ထျန်းယာတို့က ကျောက်လင်၏ ကောက်ကျစ်သော အပြုံးကို မြင်လိုက်ရသောအခါ သူက သူတို့ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်သွားကြလေသည်။
ထို့ကြောင့် ထိုလူနှစ်ဦးက ကျောက်လင်အား ထပ်မံ၍ ဖိအားမပေးလိုတော့ပေ။ သူတို့က ရှည်လျားသော ဓားများကို ချက်ချင်း ကောက်ကိုင်လိုက်ကြပြီး ကျောက်လင်အား ထိုးစိုက်တော့မည် ဖြစ်သည်။
"နောက်ကျသွားပြီ..."
ကျောက်လင်က ခပ်ရေးရေး ပြုံးလိုက်သည်။
ရုတ်တရက် ကျောက်လင်က လေထဲသို့ ပျံတက်သွားလေ၏။
တစ်ချိန်တည်းမှာပင် ကြွက်လေးက အနီးအနားရှိ မြေပြင်သို့ ပြေးသွားကာ သူ၏ ရှေ့လက်ဖဝါးများဖြင့် ဝိညာဉ်သလင်းကျောက်ကို ကိုင်ဆောင်ထားပြီး မြေပြင်ပေါ်သို့ ဖိချလိုက်၏။
ထိုနေရာတွင် ဓားသွားတစ်သောင်း အစီအရင်အတွက် အစီအရင်ပြားကို တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ချက်ချင်းပင် အစီအရင်က သက်ဝင်လာလေသည်။
ထျန်းရင်နှင့် ထျန်းယာတို့က ကျောက်လင်နောက်သို့ လိုက်ရန် ပြေးထွက်တော့မည့် အချိန်တွင်ပင် သူတို့၏ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားကြောင်း တွေ့လိုက်ရ၏။ မရေမတွက်နိုင်သော အလင်းဓားသွားများက လေထဲတွင် ပျံသန်းနေပြီး သူတို့ဆီသို့ ရက်စက်စွာ ပိုင်းဖြတ်လာလေသည်။
ဤဓားသွားတစ်သောင်း အစီအရင်မှာ အဆင့်ခုနစ် အစီအရင်တစ်ခု ဖြစ်သည်။
သက်ဝင်လာသည်နှင့် ၎င်းက ဤနေရာကို ချိတ်ပိတ်လိုက်ပြီး ဝိညာဉ်သလင်းကျောက်များအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လွှတ်ထုတ်ကာ မရေမတွက်နိုင်သော ဓားအလင်းတန်းများကို ဖြစ်ပေါ်စေသည်။
ဤနေရာမှာ စစ်မှန်သော ဓားနယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
"ဘာ..."
"ဒီမှာအစီအရင်တစ်ခု ဘယ်လိုလုပ် ရှိနေရတာလဲ..."
ထျန်းရင်နှင့် ထျန်းယာတို့မှာ အလွန်တရာ တုန်လှုပ်သွားကြသော်လည်း ဓား၏အလင်းက ရက်စက်စွာ ပိုင်းဖြတ်လာလေ၏။ သူတို့တွင် စဉ်းစားရန် အချိန်မရှိတော့ဘဲ ကပျာကယာ တုံ့ပြန်လိုက်ရသည်။
သို့သော် ထိုနှစ်ဦးက မည်မျှပင် ကျွမ်းကျင်နေစေကာမူ ထိုသို့သော ကြောက်မက်ဖွယ် ဓားနယ်ပယ်၏ ပိုင်းဖြတ်မှုကို မခံရပ်နိုင်ခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် ထိုနှစ်ဦးက နာကျင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ဓားသွားများကြောင့် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပိုင်းဖြတ်ခံလိုက်ရကာ ကြီးမားလှသော သွေးမြူတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။
ကျောက်လင်က ကြွက်လေး၏ ဘေးတွင် ရပ်နေကာ ၎င်းက ဝိညာဉ်သလင်းကျောက်ကို ဖိချထားပြီး အစီအရင်ကို ရူးသွပ်စွာ ထိန်းချုပ်နေသည်ကို ကြည့်နေလိုက်၏။
ထိုနှစ်ဦး သေဆုံးသွားပြီးနောက် ကြွက်လေးက ဝိညာဉ်သလင်းကျောက်ကို ချက်ချင်း ပြန်ယူလိုက်သည်။
ဝိညာဉ်စွမ်းအင် အနည်းငယ် ကျန်ရှိနေသေးပြီး ဓားသွားတစ်သောင်း အစီအရင်ဖြင့် နောက်ထပ်တစ်ကြိမ် ကစားရန် လုံလောက်ပေသေးသည်။
"ဖက်တီး... အဲ့ဒီလုပ်ကြံသူတွေကို သတ်ဖို့ ငါနဲ့လိုက်ခဲ့..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။
ကျွီ…
ကြွက်လေးက ချက်ချင်း တုံ့ပြန်လိုက်လေသည်။