အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) ခွေးသုံးကောင် တောဝက်ကို လိုက်ဖမ်းခြင်း၊ စစ်သူကြီးဟေးလုံ၏ နတ်ဘုရားအလား စွမ်းပကား
ဒိုင်း...
သေနတ်သံ ထွက်ပေါ်လာပြီးနောက် ကျည်ဆန်များသည် တောသီးများကို စားသုံးနေသော ကျင်းနှစ်ရာကျော်ရှိသည့် တောဝက်ဆီသို့ ကြယ်ပျံများပမာ ပြေးထွက်သွားလေသည်။
"ထိသွားတာလား..."
လျူဇီ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ မှင်သက်အံ့ဩသွားတော့သည်။
မီတာ ၁၀၀ ကျော် အကွာအဝေးမှပင် အစ်ကိုလန်က သေနတ်ကို တကယ် ပစ်ရဲခဲ့ပေသည်။ ထိုကဲ့သို့သော သေနတ်ပစ်စွမ်းရည်ဖြင့် တကယ်သာ ထိမှန်သွားခဲ့လျှင် မည်မျှပင် အံ့မခန်းဖြစ်မည်နည်း။
"အောင်မြင်သွားပြီ..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
သူ၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်လှသဖြင့် ထိုကျည်ဆန်မှာ တောဝက်၏ လည်ပင်းကို ဖောက်ဝင်သွားကာ သွေးများ ပန်းထွက်သွားစေကြောင်း သေချာပေါက် မြင်တွေ့လိုက်ရ၏။
သို့သော်လည်း တောဝက်များမှာ အလွန်တရာ အသက်ပြင်းကြသဖြင့် သေနတ်မှန်လျှင်တောင်မှ အချိန်အတော်ကြာ တောင့်ခံထားနိုင်သေးသည်။
ကျင်းနှစ်ရာရှိသော အမွေးဝါကောင်မှာ သေနတ်မှန်ပြီးနောက် စူးရှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ဧရာမကိုယ်လုံးကြီးဖြင့် တောင်စောင်းဆီသို့ ပြေးသွားကာ လမ်းဘေးရှိ ချုံပုတ်များကို တစ်ခုပြီးတစ်ခု တိုက်ခိုက်ချေမွသွားလေသည်။
"ဟေးလုံ သွားစမ်း..."
လီလန်က ခွေးကြိုးကို လွှတ်ပေးလိုက်သည်။
"ဝုတ်... ဝုတ်... ဝုတ်..."
ကြိုးမှ လွတ်ကင်းသွားသော ဟေးလုံသည် အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်ပြီး အမြီးကို ဝှေ့ယမ်းကာ သေနတ်မှန်ထားသော အမွေးဝါကောင်နောက်သို့ စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါသွားတော့သည်။
"မင်းတို့ကောင်တွေလည်း သွားကြစမ်း..."
လျူဇီသည်လည်း ကြိုးများကို ဖြေလျှော့ပေးလိုက်သည်။
လျန်ရှန်ခွေး နှစ်ကောင်သည် သူတို့၏ အစ်ကိုကြီး ဟေးလုံနောက်မှ ကပ်လျက် လိုက်ပါသွားကြပြီး အမွေးဝါကောင်နောက်သို့ ပြေးလိုက်ကြလေသည်။
"အဲဒီကောင် နောက်ခြေထောက်မှာ သေနတ်မှန်ပြီး ဒဏ်ရာရသွားတယ်၊ အဝေးကြီး မပြေးနိုင်ပါဘူး ငါတို့ လိုက်သွားကြရအောင်..."
လီလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
လျူဇီ၏ စိတ်လှုပ်ရှားကာ ထက်သန်နေသော အမူအရာကို မြင်လိုက်ရသောအခါ လီလန်က ပြင်းထန်စွာ သတိပေးလိုက်သည်။
"လျူဇီ အရမ်းမလုပ်နဲ့..."
"အဲဒါက ကျင်းနှစ်ရာရှိတဲ့ အမွေးဝါကောင်ကွ မင်းကိုသာ ဝင်တိုက်လိုက်ရင် မင်းရဲ့ ကိုယ်လုံးသေးသေးလေးက တစ်စစီ ဖြစ်သွားလိမ့်မယ်..."
"နည်းနည်းပါးပါး စဉ်းစားဉာဏ်ရှိစမ်းပါ၊ အရမ်းကာရော ဝင်မပြေးနဲ့ တစ်ခုခု ဖြစ်သွားရင် မင်းအဘိုးကို ငါ ဘယ်လို မျက်နှာပြရမလဲ..."
"အဲဒီအမွေးဝါကောင်က ရူးသွပ်ပြီး မင်းဆီ ပြေးဝင်လာရင် သစ်ပင်ကြီးကြီးတစ်ပင်ကို ရှာပြီး တက်ပြေး အကိုက်မခံရစေနဲ့ အဲဒီကောင်ရဲ့ အစွယ်တွေက ထက်မြက်ပြီး သန်မာတယ်ဆိုတာ နားလည်လား..."
ကျင်းနှစ်ရာရှိသော အမွေးဝါကောင်မှာ ယခုအခါ သေနတ်မှန်ထားပြီး တောင်ကုန်းပေါ်တွင် ရူးသွပ်စွာ ပြေးလွှားနေသည်။ လျူဇီကဲ့သို့ အသိလွတ်နေပြီး ဉာဏ်မမြန်သော သူမျိုးနှင့်ဆိုလျှင် ဂရုမစိုက်မိပါက အမွေးဝါကောင်က ဝက်တစ်ကောင်၏ ဝင်တိုက်ခြင်းမျိုးဖြင့် တိုက်ခိုက်လာမည်ကို လီလန်က အမှန်တကယ် စိုးရိမ်နေမိသည်။
ရူးသွပ်နေသော တောဝက်တစ်ကောင်ကို ဆိုက်ဘေးရီးယန်း ကျားသစ်တစ်ကောင်ပင်လျှင် ဝင်ရောက်မတိုက်ခိုက်မီ နှစ်ကြိမ်ခန့် စဉ်းစားရမည်သာ ဖြစ်သည်။
ကျင်းနှစ်ရာကျော်ရှိသော အသားတုံးကြီး၏ ဝင်တိုက်အားမှာ နောက်ပြောင်စရာ ကိစ္စမဟုတ်ပေ။ အမဲလိုက်ခြင်းက အဆင်ပြေသော်လည်း မိမိအသက်ကိုတော့ အန္တရာယ် မပေးသင့်ပေ။
လီလန်၏ စကားများသည် လျူဇီ၏ ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"အစ်ကိုလန်… ကျွန်တော်… ကျွန်တော် နားလည်ပါပြီ..."
"သိရင် ပြီးတာပဲ ဟေးလုံနဲ့ တခြားနှစ်ကောင်ကို တောဝက်တွေရဲ့ အင်အားကို အရင်သွားပြီး အားလျော့အောင် လုပ်ခိုင်းလိုက်မယ် ပြီးမှ ငါတို့တက်သွားပြီး အဆုံးသတ်ကြတာပေါ့..."
"သွားကြစို့ သူတို့နောက် လိုက်သွားကြမယ်..."
လီလန်က လျူဇီကို ခေါ်လိုက်ပြီး သူတို့နှစ်ဦးသား ခွေးသုံးကောင်နောက်သို့ လိုက်ပါသွားကြလေသည်။
တောင်ကုန်းပေါ်တွင် လည်ပင်း၌ သေနတ်မှန်ထားသော အမွေးဝါကောင်မှာ ရူးသွပ်စွာ ပြေးလွှားနေသည်။ ၎င်း၏ လည်ပင်းတွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ရှိနေပြီး ထိုနေရာမှ သွေးများ ပန်းထွက်နေ၏။
အသက်ဝိညာဉ် လွင့်စင်သွားတော့မည်ကို ခံစားနေရပုံရသော တောဝက်မှာ တကျီကျီမြည်ကာ မရပ်မနား အော်ဟစ်နေဆဲပင် ဖြစ်သည်။
လီလန်နှင့် သူ၏အဖော်တို့သည် တောင်ကုန်းပေါ်သို့ အလျင်အမြန် တက်လာခဲ့ကြပြီး ဟေးလုံအပါအဝင် ခွေးသုံးကောင်ကို မီသွားကြလေသည်။
တောဝက်သည် ၎င်း၏ နောက်ခြေထောက်တွင် ဒဏ်ရာရရှိထားပြီးသားဖြစ်ကာ ထပ်မံ၍ သေနတ်မှန်လိုက်သောကြောင့် ဒဏ်ရာမှာ ပိုမိုပြင်းထန်သွားပြီး မြန်မြန်မပြေးနိုင်တော့ပေ။
ထို့ကြောင့် ၎င်းကို ဟေးလုံနှင့် အခြား အမဲလိုက်ခွေးနှစ်ကောင်တို့က လျင်မြန်စွာပင် ကျော်တက်သွားကြသည်။
"ဝုတ်... ဝုတ်... ဝုတ်..."
"ဝုတ်... ဝုတ်... ဝုတ်..."
အမဲလိုက်ခွေး သုံးကောင်က အမွေးဝါကောင်ကို ဝိုင်းရံလိုက်ကြ၏။
ခွေးသုံးကောင်က တောဝက်ကို လိုက်ဖမ်းနေသည့် အထင်ကြီးဖွယ် မြင်ကွင်းကို လီလန် မြင်လိုက်ရသောအခါ သူ အလျင်စလို လုပ်ရန် မလိုတော့ကြောင်း သိလိုက်သည်။ ကျင်းနှစ်ရာရှိသော အမွေးဝါကောင်မှာ သေချာပေါက် ဘယ်မှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
"လျူဇီ အပေါ်ကို မတက်သွားနဲ့ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး ခွေးတွေနဲ့ တောဝက် တိုက်ခိုက်တာကို စောင့်ကြည့်ကြတာပေါ့..."
လီလန်သည် ဓားမြှောင်တစ်လက်ကို ကိုင်ကာ အပေါ်သို့ ပြေးတက်ရန် ပြင်နေသော လျူဇီကို တားဆီးလိုက်သည်။
လျူဇီမှာ ယခင်ကကဲ့သို့ပင် မဆင်မခြင် နိုင်ဆဲပင်။ တောင်အောက်တွင် သူ့ကို တစ်ခုခု ပြောပြခဲ့သော်လည်း လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် မေ့သွားခဲ့လေပြီ။
လျူဇီကတော့ မေ့သွားခဲ့ပြီဖြစ်သည်။ သူသည် စိတ်လှုပ်ရှားနေရုံသာ ဖြစ်၏။ ၎င်းမှာ ကျင်းနှစ်ရာကျော် အလေးချိန်ရှိသော တောဝက်တစ်ကောင် ဖြစ်နေသောကြောင့်ပင်။ ကျင်းနှစ်ရာကျော်ရှိသော အသားများ။
လျူဇီသည် ဧရာမ တောဝက်ကြီးကို စူးစိုက်ကြည့်ကာ တံတွေးမျိုချလိုက်ပြီး ရပ်တန့်သွားတော့သည်။
လျူဇီနှင့် ပတ်သက်၍ ကောင်းသောအချက်တစ်ခုမှာ သူက စကားနားထောင်ခြင်းပင် ဖြစ်သည်။ သူသည် လူနှစ်ယောက်၏ စကားကိုသာ နားထောင်လေသည်။ သူ၏အဘိုးဖြစ်သူ ကျောက်ထျဲ့ကျွင်းနှင့် အခြားတစ်ယောက်မှာမူ လီလန်ပင် ဖြစ်၏။
တောဝက်မှာ မြန်မြန် မပြေးနိုင်တော့ပေ။ အမဲလိုက်ခွေးများက ၎င်းနောက်သို့ လိုက်လာကာ ဝိုင်းရံထားသည်ကို မြင်သောအခါ ၎င်းသည် ထိတ်လန့်သွားပြီး တရှူးရှူးမြည်ကာ ပတ်ချာလှည့်ရင်း ၎င်း၏အစွယ်များကို အမဲလိုက်ခွေး သုံးကောင်ဆီသို့ ချိန်ရွယ်ထားလေသည်။
ဟေးလုံနှင့် အမဲလိုက်ခွေး သုံးကောင်လုံးမှာ အတွေ့အကြုံရှိသော မုဆိုးများဖြစ်ကြသည်။ သူတို့ရှေ့ရှိ တောဝက်မှာ ကစားစရာ မဟုတ်ကြောင်း သိထားကြသဖြင့် အရှေ့သို့ ပြေးဝင်ကာ မတိုက်ခိုက်ကြပေ။ ယင်းအစား သူတို့သည် တောဝက် ထွက်မပြေးနိုင်စေရန်သာ ဝိုင်းရံထားကြသည်။
ခွေးသုံးကောင်နှင့် တောဝက်တစ်ကောင်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြပြီး မည်သူကမျှ အရှေ့သို့ မတက်ရဲကြပေ။
အချိန်အတန်ကြာသည်အထိ တောဝက်တောင်ကြော၏ တောင်စောင်းတွင် ခွေးဟောင်သံများနှင့် တောဝက်များ၏ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးကြိုးသံကဲ့သို့ နားစည်ကွဲမတတ် ကျယ်လောင်နေတော့သည်။
"ဝုတ်... ဝုတ်... ဝုတ်..."
တောဝက်၏ အသက်ရှူသံများမှာ တဖြည်းဖြည်း အားနည်းလာလေသည်။
ဟေးလုံသည် ဟိန်းဟောက်လိုက်ပြီး လျန်ရှန်ခွေး နှစ်ကောင်ကို အမိန့်ပေးလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ လျန်ရှန်ခွေး နှစ်ကောင်သည် တောဝက်ဆီသို့ ပြေးဝင်သွားကြ၏။ ၎င်းတို့သည် ဒဏ်ရာရနေသော နောက်ခြေထောက်ကို ကိုက်လိုက်ကြသည်။ တင်ပါးကိုပါ ကိုက်လိုက်ကြလေသည်။
"ဒီအမဲလိုက်ခွေးက တကယ့်ကို အတွေ့အကြုံရင့်ကျက်တာပဲ..."
လီလန်ပင်လျှင် ဟေးလုံ၏ အမဲလိုက်စွမ်းရည်များကို အံ့ဩသွားတော့သည်။
ဟေးလုံ၏ အမိန့်ပေးမှုအောက်တွင် အခြားလျန်ရှန်ခွေးနှစ်ကောင်က တောဝက်၏ ခွန်အားကို အားလျော့အောင် လုပ်နေကြောင်း သူ သဘာဝကျကျပင် မြင်တွေ့နိုင်လေသည်။
လီလန်က တိတ်တဆိတ် ဝမ်းသာသွားသည်။ သူသည် ရွှေတွင်းကို တူးမိသကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ကောင်းစွာ လေ့ကျင့်ထားသော အမဲလိုက်ခွေးမှာ တောင်ပေါ်တွင် အမဲလိုက်ရာ၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဟေးလုံ ရှိနေခြင်းဖြင့် ကျောက်ဘိုင်တောင်တန်းတွင် ကျားသစ် သို့မဟုတ် ဝက်ဝံတစ်ကောင်နှင့် ကြုံတွေ့ရလျှင်ပင် သူတို့ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
"ဝုတ်... ဝုတ်... ဝုတ်..."
ဟေးလုံမှာ တောင်ပေါင်းတစ်သိန်းကို အောင်နိုင်ခဲ့သော ခွေးစစ်သူကြီးတစ်ဦးနှင့် တူနေလေသည်။ အမဲလိုက်ခွေး နှစ်ကောင်က တောဝက်ကို တိုက်ခိုက်ပြီးနောက် ၎င်းသည်လည်း ပြေးဝင်သွားကာ ပရမ်းပတာဖြစ်နေမှုကို အခွင့်ကောင်းယူ၍ တောဝက်၏ အားနည်းချက်များကို တိုက်ခိုက်လိုက်တော့သည်။
ထိုဒဏ်ရာရနေသော နောက်ခြေထောက်ပင်။
"ဟေးလုံက တအားကို ဉာဏ်ကောင်းတာပဲ..."
ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် လီလန်က ရိုးသားစွာ အာမေဍိတ်သံ ပြုလိုက်လေသည်။
ဒဏ်ရာရနေသော ဘယ်ဘက်နောက်ခြေထောက်မှာ ထိုကျင်းနှစ်ရာရှိသော အမွေးဝါကောင်၏ သေကွင်းသေကွက်ဖြစ်ပြီး တိုက်ခိုက်ရန် အလွယ်ကူဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။ ဟေးလုံသည် အဆုံးသတ်ရန်အတွက် ဤနေရာကို အထူးပစ်မှတ်ထားခဲ့ရာ ၎င်း၏ အသိဉာဏ်ကို ပြသနေလေသည်။
အမဲလိုက်ခွေးများ ၎င်းဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ တောဝက်မှာ ရူးသွပ်သွားပြီး အလွန် ကြမ်းတမ်းလာကာ မကြာခဏ ခေါင်းကို နောက်သို့လှည့်၍ ပြေးဝင်လာသော အမဲလိုက်ခွေးများကို ၎င်း၏ အစွယ်များဖြင့် တိုက်ထုတ်ရန် ကြိုးစားတော့သည်။
သို့သော်လည်း အမဲလိုက်ခွေးများမှာ အလွန် အတွေ့အကြုံရှိကြပြီး တောဝက်၏ ခြိမ်းခြောက်နေသော အစွယ်များကို မည်သည့်အခါမျှ ထိပ်တိုက် မရင်ဆိုင်ကြပေ။
အစွယ်များနှင့် ရင်ဆိုင်ရချိန်တွင် အမဲလိုက်ခွေးများက သူတို့၏ တိုက်ခိုက်ရေး နေရာကို ပြောင်းလဲကြပြီး ပတ်ချာလှည့်ကာ ၎င်း၏ တင်ပါးနှင့် နောက်ခြေထောက်များကို အထူးပစ်မှတ်ထား၍ ကိုက်ကြလေသည်။
အမွေးဝါကောင်မှာ အရေပြားထူထဲပြီး ၎င်း၏ခန္ဓာကိုယ်မှာ သံချပ်ကာကဲ့သို့ ရွှံ့များဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်းကို ဖုံးအုပ်မထားနိုင်သော နေရာများ ရှိနေသေးသည်။
၎င်း၏ နောက်ခြေထောက်များနှင့် တင်ပါးများမှာ အကာအကွယ်မဲ့နေပြီး အမဲလိုက်ခွေးတစ်ကောင်က ကိုက်လိုက်သောအခါ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ၎င်း၏ တင်ပါးများမှာ ဆုတ်ဖြဲခံရပြီး သွေးသံရဲရဲ ဖြစ်သွားတော့သည်။
တောဝက်မှာ ထိတ်လန့်သွားပြီး အမဲလိုက်ခွေးများ၏ ဝိုင်းရံထားမှုမှ ရုန်းထွက်နိုင်ရန် ကြိုးစားရင်း ရူးသွပ်စွာ ပြေးဝင်လာသည်။
သို့သော်လည်း ၎င်း မည်မျှပင် ရူးသွပ်စွာ ပြေးလွှားနေပါစေ ဟေးလုံနှင့် ၎င်း၏ အမဲလိုက်ခွေးများက အမြဲတမ်း ဝိုင်းရံထားနိုင်ခဲ့သည်။
တောဝက်က လှည့်၍ ပြေးဝင်လာတိုင်း ခွေးသုံးကောင်မှာ ချက်ချင်း ရှောင်တိမ်းကြလေသည်။
တောဝက်မှာ သူတို့ကို လျစ်လျူရှု၍ တောင်ကုန်းပေါ်သို့ အသည်းအသန် ပြေးတက်သွားသည်။ ထိုအခါ အမဲလိုက်ခွေးများက ပြေးဝင်လာကာ ၎င်းတို့၏ နောက်ခြေထောက်များနှင့် တင်ပါးများကို ဆွဲဖြဲလျက် နှောင့်ယှက်ကြတော့သည်။
ခွေးသုံးကောင်နှင့် တောဝက်တစ်ကောင်တို့မှာ လွန်ဆွဲပွဲတစ်ခု ဆင်နွှဲနေကြပြီး အချင်းချင်း ဆွဲငင်တိုက်ခိုက်နေကြလေသည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေရင်း လီလန်နှင့် လျူဇီတို့မှာ အထပ်ထပ် အံ့ဩခဲ့ရသည်။ ဤအမဲလိုက်ခွေးများမှာ အလွန် ဉာဏ်ကောင်းကြပြီး တောဝက်၏ ခွန်အားနှင့် ခံနိုင်ရည်ကို စဉ်ဆက်မပြတ် အားလျော့စေရန် ပြီးပြည့်စုံသော အခွင့်အရေးကို အမြဲ ရှာဖွေနိုင်ခဲ့ကြသည်။
"ဝုတ်... ဝုတ်... ဝုတ်..."
ဟေးလုံမှာ အခြားအမဲလိုက်ခွေး နှစ်ကောင်ထက် ပိုမို ဉာဏ်ကောင်းလေသည်။ တောဝက်၏ အရေပြားမှာ မည်သည့်နေရာတွင် အနူးညံ့ဆုံးဖြစ်ကြောင်း သိထားသဖြင့် ၎င်းသည် ဥကြီးနှစ်လုံးကို အထူးပစ်မှတ်ထား၍ ကိုက်လိုက်တော့သည်။( ༎ຶ‿༎ຶ)
၎င်း၏ ထက်မြက်သော အစွယ်များဖြင့် ကိုက်ချလိုက်ရာ ဥကြီးနှစ်လုံးမှာ ပေါက်ထွက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။( ༎ຶ‿༎ຶ)
အမွေးဝါကောင်မှာ အကိုက်ခံရပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်ပြီး ပိုမို ကြမ်းတမ်းလာလေသည်။ ၎င်းမှာ အလွန် နာကျင်လွန်းသဖြင့် ရူးသွပ်သွားပြီး နားစည်ကွဲမတတ် စူးရှသောအသံများက တောဝက်တောင်ကြော တစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။
ပြင်းထန်စွာ အသက်ရှူနေသော တောဝက်သည် သွေးကဲ့သို့ နီရဲနေသော မျက်လုံးများ ခြိမ်းခြောက်နေသော အစွယ်များဖြင့် အနက်ရောင် အမဲလိုက်ခွေး သုံးကောင်ကို စိုက်ကြည့်နေလေသည်။
၎င်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ကိုက်ရာများ ရှိနေကာ ၎င်း၏ နောက်ပိုင်းမှ အသားတုံးကြီးတစ်ခု အကိုက်ခံလိုက်ရသဖြင့် သွေးသံရဲရဲ ဖြစ်နေတော့သည်။
တောဝက်မှာ အမောတကောဖြင့် အမဲလိုက်ခွေးများဆီသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။
ဝက်က ရုတ်တရက် အရှေ့သို့ ပြေးဝင်လာ၏။
ဟေးလုံသည် ဟောင်လိုက်ပြီး ၎င်း၏ လျန်ရှန်ခွေး နောက်လိုက်နှစ်ကောင်နှင့်အတူ ရှောင်တိမ်းသွားလေသည်။
တောဝက်မှာ ၎င်း၏ပစ်မှတ်ကို နောက်တစ်ကြိမ် လွဲချော်သွားပြန်သည်။ ၎င်း၏ ဧရာမကိုယ်လုံးကြီးမှာ သွေးထွက်လွန်နေပြီး လုံးဝ အားကုန်ခမ်းနေလေပြီ။
ပြင်းထန်စွာ ဒဏ်ရာရနေသော ၎င်း၏ နောက်ခြေထောက်များမှာ နောက်ဆုံးတွင် ၎င်း၏ ဧရာမကိုယ်လုံးကြီးကို မခံနိုင်တော့ဘဲ ခြေဆိုင်းကာ ယိမ်းယိုင်သွားတော့သည်။
"အခွင့်အရေးကောင်းပဲ..."
လီလန်က သူ၏ ဓားမြှောင်ကို ကောက်ကိုင်လိုက်လေသည်။