အခန်း (၃၂၉-၃၃၀)
Vol. 28 Ch. 329-330
အခန်း(၃၂၉)
ရေတိုင်နှစ်တိုင်က အဲဒီဓားပြနှစ်ယောက်ဆီကို တစ်ဟုန်ထိုး ကပ်သွားပြီး တစ်နာရီကို ကီလိုမီတာ သုံးရာနီးပါးနှုန်းနဲ့ လည်ပတ်နေတဲ့ ရေရဲ့အရှိန်အဟုန်ပြင်းပြင်းနဲ့ ရိုက်ခတ်လိုက်တယ်။ ဒါဟာ ခေတ်ပေါ် ရေဖိအားသုံး ဆေးကြောတဲ့စက်နဲ့ တိုက်ခိုက်ခံရတာနဲ့ အတူတူပါပဲ။ ဓားပြတွေရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေက ချက်ချင်းပဲ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး သူတို့ရဲ့ သံချပ်ကာအင်္ကျီတွေလည်း လုံးဝ စုတ်ပြတ်လုနီးပါး ဖြစ်သွားရတယ်။
"အား" လို့ သူတို့ အော်ဟစ်လိုက်ကြတယ်။
ခဏနေတော့ ဒရိုင်ဘာရဲ့ မန္တန်က ပြီးဆုံးသွားတာမို့ ရေတိုင်တွေက ဆက်မလည်တော့ဘဲ ဘာမှမရှိသလို ပျောက်ကွယ်သွားတယ်။ သတိ ဆက်မထိန်းထားနိုင်တော့တဲ့ ဓားပြနှစ်ယောက်ဟာ ရေတွေ ရွှဲရွှဲစိုပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားပါတော့တယ်။
ဒါကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့ ပုခုံးကပ်အကာနဲ့ ဓားပြဟာ ကြောက်လန့်တကြားနဲ့ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားမိတယ်။
ဒီအထဲမှာ အကြောက်စရာအကောင်းဆုံး အချက်ကတော့ အဲဒီမန္တန်ဟာ တိုက်ခိုက်ရေးအတွက် ရည်ရွယ်ထားတာ တောင်မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ အဲဒါက မော်တော်ကားပေါ်က ဖုန်တွေနဲ့ အညစ်အကြေးတွေကို သန့်ရှင်းဖို့အတွက်ပဲ သုံးတဲ့ ရိုးရိုး ကြယ်နှစ်ပွင့်မန္တန် လေးပါ။
ဒါပေမဲ့ ဒရိုင်ဘာက အထူးထုတ်လုပ်ထားတဲ့ ၃၅ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ကိုကိုးခဲကို စားလိုက်တာကြောင့် သူ့ရဲ့ ပင်ကိုယ် အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည် ဖြစ်တဲ့ အချိုဓါတ်အရှိန်အစွမ်းက အသက်ဝင်လာပြီး သူ့ရဲ့ သာမန် ကြယ်နှစ်ပွင့် အစွမ်းကို အမြင့်ဆုံး ကြယ်သုံးပွင့် အစွမ်းအထိ မြှင့်တင်ပေးလိုက်တာပါ။ အဲဒါက ဘာအန္တရာယ်မှမရှိတဲ့ ကုန်ထုတ်လုပ်မှုသုံး မန္တန်တစ်ခုကို သံချပ်ကာအင်္ကျီတွေကိုတောင် အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးရေးလက်နက်အဖြစ် ပြောင်းလဲပေးလိုက်နိုင်တာ ဖြစ်တယ်။
"ဒါ... ဒါ ဘာကြီးလဲ" လို့ ဓားပြက အော်ဟစ်လိုက်တယ်။ သူက ဒီကြောက်စရာကောင်းတဲ့ အခြေအနေကနေ ထွက်ပြေးဖို့ စိတ်ကူးနဲ့ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်နေခဲ့တယ်။
အချိုဓါတ်အရှိန်အစွမ်းရဲ့ အာနိသင်တွေကို ခံစားနေရဆဲဖြစ်တဲ့ ဒရိုင်ဘာက သတိလစ်နေတဲ့ ဓားပြတွေဆီကနေ လွတ်ကျနေတဲ့ ဓားနှစ်မြှောင်ကို ကောက်ကိုင်လိုက်တယ်။
သူက သူ့လမ်းကို ပိတ်ဆို့နေတဲ့ ခြုံပုတ်တွေကို ကျော်ဖြတ်နေတဲ့ ထွက်ပြေးဖို့ ပြင်နေတဲ့ ပုခုံးကပ်အကာနဲ့ ဓားပြကို စိုက်ကြည့်လိုက်တယ်။
"ပန်းတိုင်သို့ အလိုအလျောက် သွားရောက်ခြင်း" လို့ ဒရိုင်ဘာက ရေရွတ်ရင်း သူ့လက်ထဲက ဓားနှစ်မြှောင်ကို ဝှေ့ယမ်း ပစ်လွှတ်လိုက်တယ်။
သူ့ရဲ့ နည်းစနစ်က သိပ်မကျွမ်းကျင်သလို ချိန်ရွယ်မှုကလည်း တော်တော်လေး ဆိုးရွားလှတယ်။ ဒါပေမဲ့ သူ အသုံးပြုလိုက်တဲ့ စွမ်းရည်က ဓားတွေကို ပစ်မှတ်ဆီကို အတိအကျ အလိုအလျောက် ရောက်ရှိသွားစေတာ ဖြစ်တယ်။
တကယ်တော့ ဒါဟာ ရီနေးတား ယာဉ်မောင်းအားလုံး အလုပ်ရကတည်းက ရရှိထားတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါက နေ့ခင်းဘက်မှာ သူတို့ရဲ့ မောင်းနှင်ရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပြီး စတီယာရင်ပေါ်ကနေ လက်ကို လွှတ်ထားရုံနဲ့ စွမ်းရည်က မော်တော်ကားကို အလိုအလျောက် မောင်းနှင်ပေးမှာ ဖြစ်တယ်။
အခုတော့ အဲဒီစွမ်းရည်ကို ထွက်ပြေးနေတဲ့ ဓားပြရဲ့ ခြေထောက်တွေကို တည့်တည့်မှန်အောင် သုံးလိုက်တာမို့ သူ ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့ဘဲ ဖြစ်သွားရတယ်။
"ဟူး... ဟူး..." ဒရိုင်ဘာက အမောတကော သက်ပြင်းချလိုက်တယ်။ အသက်အနည်းငယ် ရှူလိုက်ပြီးတဲ့နောက် သူက ကုန်သည်ခရီးသည်ဘက်ကို လှည့်ပြီး "အဆင်ပြေရဲ့လား ခင်ဗျာ" လို့ မေးလိုက်တယ်။
ကုန်သည်ကတော့ သူ့ပါးစပ်ကနေ ဘာစကားမှ ထွက်မလာနိုင်တော့ဘူး။ သူက ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ဓားပြသုံးယောက်ကို ကြည့်လိုက်၊ ပြီးတော့ သူ့ရှေ့က သာမန် ဒရိုင်ဘာကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်နဲ့ပဲ ဖြစ်နေတယ်။
'ရီနေးတားနိုင်ငံသားတွေ အကုန်လုံးက သူလိုပဲ သန်မာကြတာလား' လို့ ခရီးသည်က သူ့ဘာသာ ပြန်မေးနေမိတယ်။
ဓားပြတွေကို ရှင်းလင်းပြီးတာနဲ့ အရိပ်ဝံပုလွေတွေက ချက်ချင်းပဲ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာကြတယ်။ သူတို့က ကူညီပေးတဲ့အတွက် ဒရိုင်ဘာကို ကျေးဇူးတင်စကားပြောပြီး သတိလစ်နေတဲ့ ဓားပြတွေကို ပုခုံးပေါ်ထမ်းလို့ ပျောက်ကွယ်သွားကြတယ်။
အန်ဂိုရာမြို့မှာ ရှိတဲ့ ရီနေးတား ဌာနချုပ်ဆီကိုတော့ ရီနေးတားတက္ကစီမောင်းသူ တစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေက မကြာခင်မှာပဲ မိုက်ကယ်ဆီကို သတင်းရောက်ရှိသွားတယ်။ သူ မျှော်လင့်ထားတဲ့အတိုင်းပဲ ယာဉ်မောင်းဟာ စမ်းသပ်ဆဲ ၃၅ ရာခိုင်နှုန်း ကိုကိုးကို အသုံးပြုပြီး သူ့ကိုယ်သူရော၊ သူ့ရဲ့ ခရီးသည်ကိုပါ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တာ ဖြစ်တယ်။
"ဒါဟာ ဓားပြတွေ ကျွန်တော်တို့ ယာဉ်မောင်းတွေကို တိုက်ခိုက်တာ ပထမဆုံးအကြိမ်တော့ ဖြစ်မှာမဟုတ်ဘူး" လို့ ရှီနာက မိုက်ကယ်ရဲ့ စားပွဲပေါ်မှာ ရေတစ်ခွက် လာချပေးရင်း ပြောလိုက်တယ်။
"ဟုတ်တယ်၊ ဒါက ရီနေးတားနဲ့ ရွှေလမ်းမကြီးကို နာမည်ဖျက်ဖို့ ဘလဇဲလ် လုပ်တဲ့ အစီအစဉ်ပဲ။ အခုထိ ကျွန်တော်တို့ ဖမ်းမိထားတဲ့ ဓားပြတွေ အားလုံးက တက္ကစီတွေကို ပစ်မှတ်ထားနေတဲ့ အခြားဓားပြအုပ်စုတွေ အများကြီး ရှိသေးတယ်လို့ ပြောပြကြတယ်"
စလစ်ဇီ ပြောခဲ့သလိုပဲ ဖမ်းဆီးထားတဲ့ ဓားပြတွေ အားလုံးဟာ မကြာခင်မှာပဲ သူတို့ရဲ့ အခြေအနေအသစ်ကို သဘောကျလာကြတယ်။ ရက်အနည်းငယ်ပဲ ကြာခဲ့ပေမယ့် သူတို့ဟာ ရီနေးတားရဲ့ အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ပြီး အဲဒီ လူယုတ်မာဓါးပြအဖွဲ့တွေကို အတွင်းကနေ ဖျက်ဆီးဖို့ ကူညီပေးလာကြတယ်။ သူတို့က ဓားပြတွေရဲ့ အစီအစဉ်တွေ၊ ဘယ်နေရာနဲ့ ဘယ်အချိန်မှာ တိုက်ခိုက်ဖို့ အလားအလာ အရှိဆုံးလဲ ဆိုတာ အပါအဝင် သူတို့သိသမျှ အရာအားလုံးကို ပြောပြခဲ့ကြတယ်။
"သူတို့ရဲ့ အစီအစဉ်တွေက သူတို့ ဖြစ်ချင်တဲ့အရာနဲ့ လုံးဝ တခြားစီ ဖြစ်နေတယ်။ ရွှေလမ်းမကြီးကို ဖြတ်သန်းဖို့ ရီနေးတား တက္ကစီတွေကို အသုံးပြုတဲ့လူတွေ သိသိသာသာ တိုးလာတာကို တွေ့ရတယ်" လို့ ရှီနာက မိုက်ကယ်ကို ရှုပ်ထွေးတဲ့ ဂရပ်ဖ်တစ်ခု ပြရင်း ပြောလိုက်တယ်။
"မက်တိုနီစ်ကလည်း တော်တော်လေး အဆင်ပြေနေတယ်၊ ကားရပ်နားစခန်းကို လာရောက်သူ အရေအတွက် ပိုများလာတယ်။ သူတို့က အဲဒီနေရာကို အိပ်စက်အနားယူဖို့ ဘေးကင်းတဲ့ နားခိုရာတစ်ခုလို သဘောထားနေကြတယ်။ ကျွန်တော်တို့ နောက်ထပ် ကားရပ်နားစခန်းတွေ စပြီး တည်ဆောက်ကြမလား"
"မလုပ်သေးဘူး" လို့ မိုက်ကယ်က ပြောလိုက်တယ်။ "ကျွန်တော်တို့မှာ ပိုလျှံနေတဲ့ အရင်းအမြစ်တွေ မရှိသေးဘူး။ အခုလောလောဆယ်တော့ အရှေ့ဘက်ကို ရွှေလမ်းမကြီး တိုးချဲ့တဲ့ အပိုင်းကိုပဲ အာရုံစိုက်ကြရအောင်။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် အခြေအနေ ဘယ်လိုရှိလဲ"
ရွှေလမ်းမကြီးက အရှေ့ဘက် တောအုပ်ဆီကို ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်တယ်။ လူတွေ မော်တော်ကားတွေကို အသုံးပြုပြီး အဲဒီနေရာကို သွားလာနိုင်ဖို့ နောက်ထပ် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက် ထပ်ကြာဦးမှာ ဖြစ်တယ်။
* * * * * * * *
ဒါပေမဲ့ အဲဒီပရောဂျက် မပြီးမချင်း လူတွေက အရှေ့ဘက်ကို သွားဖို့ ရိုးရာနည်းလမ်းဖြစ်တဲ့ မြင်းရထားတွေကိုပဲ အသုံးပြုပြီး သွားလာနေကြရတယ်။
အဲဒီ မြင်းရထားယာဉ်တန်းတစ်ခုမှာတော့ ရီနေးတားက ရွှေလမ်းမကြီးကို အမြန်ဆုံး ပြီးအောင် လုပ်ပေးဖို့ မျှော်လင့်နေကြတဲ့ ကုန်သည်တွေနဲ့ ခရီးသွားတွေ ပါဝင်နေကြတယ်။
"ရီနေးတား တက္ကစီတွေ ဒီနေရာကို လာနိုင်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး" လို့ အမျိုးသမီး ကုန်သည်တစ်ယောက်က ပြောလိုက်တယ်။
"ကျွန်တော်ကတော့ ရိုးရိုးသားသားပဲ၊ မကြာခင်မှာ အဲဒီ မက်တိုနီစ်က ကြက်ကြော်ကို ပြန်စားချင်နေပြီ။ သူတို့ ဒီမှာ ဆိုင်အသစ် ထပ်ဆောက်မယ်လို့ ထင်လား၊ ဆောက်ရင်တော့ ကောင်းမှာပဲ..." လို့ ဝတုတ်တုတ် ကုန်သည်က ပြောလိုက်တယ်။
"ကျွန်တော်တို့ ပစ္စည်းတွေကို အရှေ့ဘက်မှာ ရောင်းပြီးရင် ရီနေးတားနိုင်ငံမှာ အနည်းဆုံး တစ်လလောက် နေနိုင်ဖို့ ငွေအလုံအလောက် ရမှာပါ။ ဒါကြောင့် အဲဒီအချိန်အထိ စိတ်တင်းထားကြပါ"
ဒီကုန်သည်တွေဟာ ရွှေလမ်းမကြီးရဲ့ အဆုံးအထိ ခရီးနှင်ပြီး အပူပိုင်းဒေသတွေထဲက ကတိပေးထားတဲ့ နယ်မြေတွေဆီကို ရောက်ရှိလာကြတဲ့ လူတွေထဲက အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ သူတို့ဟာ ရီနေးတားတွေရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝကို တကယ်ပဲ သဘောကျ နှစ်သက်သွားကြတယ်။
သူတို့မှာ သုံးစွဲဖို့ ငွေအလုံအလောက် ရှိမယ်ဆိုရင် ရီနေးတားနိုင်ငံမှာ အမြဲတမ်း နေထိုင်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ချင်ကြတယ်။ သူတို့က သူတို့ရဲ့ နယ်မြေတွေကို တိုးချဲ့နေတာမို့ ဒါဟာ သူတို့အတွက် ကိုယ်ပိုင်မြေဝယ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်နေတယ်
ကံမကောင်းစွာပဲ သူတို့အနေနဲ့ စရန်ငွေအတွက် အလုံအလောက် ရှာဖွေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ အရှေ့ဘက်ကို သွားမယ့် လှည့်လည်ကုန်သည်တွေ ဖြစ်လာဖို့ပဲ ရှိတယ်။ ဒီခရီးစဉ်က လူယုတ်မာဓါးပြအဖွဲ့တွေရဲ့ တောအုပ်ကို ဖြတ်သန်းရမှာမို့လို့ အန္တရာယ်များပါတယ်၊ ဒါပေမဲ့ အဲဒီလို အန္တရာယ်ရှိလို့ပဲ သူတို့ အောင်မြင်သွားတဲ့အခါ ငွေအမြောက်အမြား ရရှိနိုင်မှာ ဖြစ်တယ်။
သူတို့ တောအုပ်ရဲ့ နယ်စပ်ကို ရောက်တဲ့အခါ ယာဉ်တန်းက ရပ်တန့်ပြီး စောင့်ဆိုင်းနေခဲ့ကြတယ်။ ပုံမှန်ဆိုရင်တော့ ဒါဟာ ဓားပြတွေ ပေါ်လာပြီး အကာအကွယ်ပေးခ တောင်းမယ့် နေရာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်နာရီလောက် ကြာတဲ့အထိ ဘယ်ဓားပြမှ ပေါ်မလာခဲ့ဘူး။
"ထူးဆန်းတယ်၊ အဲဒီ ငွေမက်တဲ့ ကောင်တွေက ကျွန်တော်တို့ နယ်စပ်ကို မရောက်ခင်ကတည်းက ဒီမှာ ရှိနေတာကို သိနေရမှာ"
"ကျွန်တော်တို့ ရှေ့ဆက်သွားသင့်တယ် ထင်တယ်၊ သူတို့ ဒီမှာ မရှိရင် ကျွန်တော်တို့ ပေးစရာလူ မရှိဘူးလေ၊ အဲဒါကို သူတို့ ကျွန်တော်တို့ကို လာအပြစ်တင်လို့ မရဘူး"
အခြားရွေးချယ်စရာ မရှိတော့တာမို့ ကုန်သည်တွေက ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့ တောအုပ်ကို ဖြတ်သန်းသွားလာရင်း နေဝင်သွားတာမို့ ယာဉ်တန်းက စခန်းချဖို့ ရပ်နားလိုက်ကြတယ်။
သူတို့က အိပ်ရာလိပ်တွေကို ဖြန့်ခင်းပြီး အပူဓာတ်ရဖို့နဲ့ ချက်ပြုတ်ဖို့အတွက် မီးပုံတစ်ခု ပြုလုပ်လိုက်ကြတယ်။ ဓားပြတွေကို သတိထားနေကြရတုန်း ဖြစ်ပေမယ့် ကုန်သည်တွေက အမြန်စားပြီး စောစောအိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါပေမဲ့ သူတို့ မသိလိုက်တာကတော့ သစ်ပင်တွေရဲ့ အပေါ်ကနေ သူတို့ကို စောင့်ကြည့်နေတဲ့ အလင်းစက်လေးတွေ ရှိနေတယ်ဆိုတာပါပဲ။
'ဟိဟိဟိဟိ၊ အစားအစာအသစ်တွေပါလား'
'သူတို့ရဲ့ ခံစားချက်တွေက အရသာရှိပါ့မလား သိချင်မိတယ်...'
'ဗီဗီ၊ အဲဒီ ဓားပြတွေ ဘယ်ရောက်ကုန်တာလဲ၊ သူတို့ ဘာလို့ ဒီမှာ မရှိကြတာလဲ'
ဗီဗီ လို့ အမည်ရတဲ့ နတ်သူငယ်မလေး ကတော့ သူမရဲ့ ပင်ကိုယ် အလှအပတွေနဲ့ အပြစ်အနာအဆာမရှိတဲ့ အသားအရေကို ပေါ်လွင်စေတဲ့ ခရမ်းရောင် တောက်ပတဲ့ ဂါဝန်ကို ဝတ်ဆင်ထားတယ်။ သူမရဲ့ အတောင်ပံတွေက လိုင်လီယာပန်းလို ခရမ်းရောင်သန်းပြီး ပုံဆောင်ခဲတစ်ခုလို ကြည်လင်နေတယ်။
သူမက အောက်က လူသားတွေကို လှောင်ပြုံးလေးနဲ့ ကြည့်လိုက်တယ်။
'ကျွန်မတို့ ကိုယ့်ဘာသာပဲ လုပ်ရတော့မှာပေါ့' လို့ သူမက ပြောလိုက်တယ်။
* * * * * * * *
စာစဉ်(၂၈)
အခန်း(၃၃၀)
ကုန်သည်တွေ ညဦးပိုင်း ယာဂုစွပ်ပြုတ် သောက်နေကြတဲ့အချိန်မှာပဲ ခပ်လှမ်းလှမ်းဆီကနေ ကျယ်လောင်လှတဲ့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတယ်။ အဲဒီအသံက တောင်ကြီးတစ်လုံး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မြေပြင်တစ်ခုလုံး ဘေးဆီကို လျှောခနဲ ရွေ့စောင်းသွားသလိုမျိုးကို ကြားလိုက်ရတယ်။
“အစောင့်တွေ... ဟိုဘက်ကို သွားပြီး တစ်ချက်လောက် စစ်ဆေးပေးကြပါဦး”
ကုန်သည်ယာဉ်တန်းက ခရီးသွားတဲ့အခါ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စွန့်စားရှာဖွေသူတွေကို ငှားရမ်းထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ လည်ချောင်းသံကြီးနဲ့ ဟိန်းဟောက်လိုက်တဲ့ အသံဆိုးကြီး ထွက်လာတဲ့အခါမှာ တစ်ဖွဲ့လုံးရဲ့ ဘေးကင်းလုံခြုံရေးကို အတည်ပြုဖို့အတွက် သူတို့မှာ တာဝန်ရှိလာတယ်။
ဒိုင်းကာသမားတစ်ယောက်၊ ဓားသမားတစ်ယောက်၊ မှော်ပညာရှင်တစ်ယောက်နဲ့ ဆေးဖော်စပ်သူတစ်ယောက် ပါဝင်တဲ့ စွန့်စားရှာဖွေသူ လေးယောက်ဟာ အသံလာရာဘက်ကို မျက်နှာမူရင်း သူတို့ရဲ့ လက်နက်တွေကို လေထဲ မြှောက်ကိုင်လိုက်ကြတယ်။
နောက်ထပ် ဟိန်းဟောက်သံတစ်ခု ထပ်ထွက်လာတာကြောင့် သူတို့အားလုံး လန့်ဖျပ်သွားရပြန်တယ်။ အဲဒီအသံက ပိုပြီးတော့ကို နီးကပ်လာခဲ့တယ်၊ သူတို့ မျှော်လင့်ထားတာထက်ကို အများကြီး ပိုနီးလာတယ်။ မိစ္ဆာကြီးက သူတို့ရဲ့ ရှေ့တည့်တည့်မှာ တင် ရှိနေသလိုမျိုးပါပဲ။
စွန့်စားရှာဖွေသူတွေဟာ မှောင်မိုက်နေတဲ့ တောအုပ်ထဲကို လှမ်းမျှော်ကြည့်နေတုန်းမှာပဲ သူတို့ခြေထောက်အောက်က မြေပြင်က ရုတ်တရက် ဘုန်းဆိုပြီး အပြင်ဘက်ကို ပေါက်ကွဲထွက်သွားပြီး သူတို့အားလုံး ကုန်သည်တွေရဲ့ စခန်းချရာနေရာထဲကို နောက်ပြန် လွင့်စဉ်ကျသွားတော့တယ်။
မြေကြီးတွေနဲ့ ကျောက်ခဲတွေက စခန်းတစ်ခုလုံးပေါ်ကို မိုးရွာချသလို ကျလာခဲ့တယ်။
လူတိုင်းက နေရာကနေ ထရပ်လိုက်ကြပြီး မြေကြီးထဲကနေ ထွက်ပေါ်လာတဲ့ ဧရာမ သတ္တဝါကြီးကို ကြည့်ရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြတယ်။
သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံတစ်ခုလုံးကို မြေအောက်အနက်ပိုင်းတွေမှာပဲ ပုံမှန်တွေ့ရတတ်တဲ့ မြေသားလိုမျိုး ဒြပ်စင် သတ္တုရိုင်းတွေနဲ့ ဖွဲ့စည်းထားတယ်။ သစ်ပင်ပင်စည်ကြီးတွေလို တုတ်ခိုင်လှတဲ့ သူ့ရဲ့ ခြေထောက်နှစ်ဖက်ကို မြေပြင်ပေါ်မှာ ကျကျနန အမြစ်တွယ် စိုက်ထူထားပြီး ကြီးမားလှတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိန်းမတ်ပေးထားတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းက သန်မာထွားကျိုင်းတဲ့ လူသားတစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုး ဖြစ်နေပြီး ဧရာမကျောက်တုံးကြီးတွေက သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေအဖြစ် တည်ရှိနေတယ်။
ဘေးဘက်က လက်မောင်းတွေကတော့ အမြစ်တွေ သီရစ်တွယ်ဖြာနေတုန်းဖြစ်တဲ့ သစ်ပင်အုပ်ကြီးရဲ့ သစ်ကိုင်းအထူစားကြီးတွေနဲ့ တူနေတယ်။
ကိုယ်ထည်အပေါ်ဘက်မှာတော့ မိစ္ဆာကြီးရဲ့ မျက်လုံးတွေအဖြစ် အနီရောင်အလင်းတန်း နှစ်ခုက ရဲရဲတောက် လင်းထိန်နေတယ်။ ကြီးမားတဲ့ နှာခေါင်းကြီးရဲ့ အောက်က ကျောက်တုံးခံတွင်းကြီးကို အကျယ်ကြီး ဟလိုက်တဲ့အခါမှာ သူတို့ရဲ့ သွားဖုံးတွေပေါ်မှာ သလင်းကျောက်လို အလင်းတောက်နေတဲ့ ပစ္စည်းတွေကို အထင်းသား မြင်လိုက်ရတယ်။
သူ့ရဲ့ ဟိန်းဟောက်သံက ကုန်းမြေနှစ်ခု တစ်ခုနဲ့တစ်ခု ပြင်းပြင်းထန်ထန် စောင့်မိသွားသလိုမျိုးပါပဲ။ အသံက နက်ရှိုင်းလှပြီး ဝိညာဉ်ကိုပါ တုန်လှုပ်ခြောက်ခြားသွားစေတယ်။
စွန့်စားရှာဖွေသူတွေဟာ မျက်နှာတွေမှာ ထိတ်လန့်တုန်လှုပ်မှုတွေ အပြည့်နဲ့ ကျောက်တုံးသတ္တဝါကြီးကို မော့ကြည့်နေမိကြတယ်။
“ဒါ... ကျောက်တုံးဂိုလမ်ပဲ...” ဒိုင်းကာသမားဖြစ်သူက တုန်ရီနေတဲ့ အသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
“ကြယ်ခြောက်ပွင့်... ကြယ်ခြောက်ပွင့်အဆင့် မိစ္ဆာကြီးပဲ...”
သူတို့ ထိတ်လန့်သွားတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမှန်တော့ သူတို့ရဲ့ စွန့်စားရှာဖွေသူအဖွဲ့က ကြယ်လေးပွင့်နဲ့ အောက်ဘက်အဆင့်ရှိတဲ့ မိစ္ဆာတွေကိုပဲ ရင်ဆိုင်ဖို့ သတ်မှတ်ထားတာကိုး။ အဲဒီအဆင့်ထက် နှစ်ပွင့်တောင် ပိုမြင့်တဲ့ သတ္တဝါကြီးကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲပေါ့။
“ပြေး... ပြေးကြတော့” ဓားသမားက ကုန်သည်တွေကို အော်ပြောလိုက်တယ်။
ဒီတော့မှပဲ စီးပွားရေးသမား ယာဉ်တန်းကြီးက သုတ်သီးသုတ်ပျာနဲ့ လှုပ်ရှားတော့တယ်။ သူတို့တွေ ကျောက်တုံးဂိုလမ်ရဲ့ ဆန့်ကျင်ဘက်အရပ်ဆီကို သုတ်ခြေတင် ပြေးကြတော့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မြေပြင်က နောက်တစ်ကြိမ် ထပ်ပြီး ပေါက်ကွဲထွက်သွားပြန်ပြီး ထွက်ပြေးနေတဲ့ ကုန်သည်တွေကို ကျောက်တုံးဂိုလမ်ရဲ့ ခြေဖဝါးရိပ်အောက်ဆီကိုပဲ လွင့်စင်ကျသွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။
ပထမဆုံး ကောင်လိုပဲ ကြီးမားထွားကျိုင်းပြီး အစွမ်းထက်လှတဲ့ နောက်ထပ် ကျောက်တုံးဂိုလမ် သုံးကောင် မြေကြီးထဲကနေ ထပ်ထွက်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ လူတိုင်း မျှော်လင့်ချက်မဲ့သွားကြရရှာတယ်။
ဒီလိုမျိုး ကြောက်မက်ဖွယ် သတ္တဝါကြီး လေးကောင်ရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရတဲ့အခါမှာတော့ ကုန်သည်ယာဉ်တန်းကြီးဟာ သူတို့ရဲ့ ဇာတ်သိမ်းခန်းကို ရောက်ဖို့ နီးနေပြီလို့ပဲ တွေးလိုက်ကြတော့တယ်။ သူတို့မှာ ထွက်ပြေးစရာ လမ်းမရှိတော့ဘူးလေ။
ကျောက်တုံးဂိုလမ် လေးကောင်က သစ်ကိုင်းလို လက်မောင်းကြီးတွေကို လေထဲ မြှောက်လိုက်ကြတယ်၊ ဒီလူသားတွေကို အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခြေပစ်ဖို့ ရည်ရွယ်ထားတယ်။ ဒိုင်းကာသမားရဲ့ ဒိုင်းကာကလည်း ဒီမိစ္ဆာ လေးကောင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။
လူသားတွေ ဒီလိုမျိုး ထိတ်လန့်တုန်လှုပ်နေကြတဲ့အချိန်မှာပဲ နတ်သူငယ်တွေ ငါးယောက်က တောင်ပံခတ်ရင်း ဒီလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခြေအနေကြီးကို အပေါ်စီးကနေ ငုံ့ကြည့်နေကြတယ်။
ဒီကျောက်တုံးဂိုလမ်တွေက သူတို့ကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး လူသားတွေ ကြုံတွေ့ခံစားရမယ့် အန္တရာယ်ကြီးမားပြီး တင်းကျပ်လှတဲ့ အခြေအနေမျိုးကို ဖန်တီးဖို့အတွက် ခဏခဏ အသုံးချလေ့ရှိတယ်။
ဘာလို့လဲဆိုတော့ နတ်သူငယ်တွေရဲ့ အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည်ဖြစ်တဲ့ ခံစားချက်ကို ဝါးမြိုခြင်းက လူသားတွေရဲ့ စိတ်ခံစားမှုဆိုတဲ့ နာမ်ပိုင်းဆိုင်ရာ နယ်ပယ်အထိ လက်လှမ်းမီနိုင်ပြီး လူသားတွေရဲ့ ရှုပ်ထွေးဆန်းကြယ်ပြီး ပြင်းပြလှတဲ့ ခံစားချက်တွေကို သူတို့ရဲ့ အာဟာရအဖြစ် အသုံးချနိုင်လို့ပဲဖြစ်တယ်။
အခြား လေးယောက်ထက် ကိုယ်လုံးနည်းနည်းပိုကြီးတဲ့ ပန်းရောင်ဆံပင်နဲ့ နတ်သူငယ်မလေးကတော့ ဒီနေ့ရဲ့ ကောင်းမွန်လှတဲ့ စားပွဲတော် အတွေ့အကြုံအတွက် ကျင့်စဉ်အတိုင်း ဦးဆောင်လိုက်တယ်။
သူမက ညကောင်းကင်ယံမှာ ကပြလိုက်ပြီး ရွှေရောင်သဲပွင့်လေးတွေလို သေးငယ်တဲ့ အမှုန်အမွှားတွေကို မြေပြင်ပေါ်ကို လွင့်မျော ဝဲကျသွားစေတယ်။
နတ်သူငယ်တွေရဲ့ မှုန်နံ့သာက လူတစ်ယောက် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကို လွင့်မျောစေရုံတင်မကဘဲ အဲဒါနဲ့ ထိတွေ့မိတဲ့ လူသားတွေရဲ့ စိတ်ခံစားမှုကိုလည်း ပိုမို ပြင်းထန်လာစေတယ်။
ဒါကြောင့်မို့လို့ ကုန်သည်တွေနဲ့ စွန့်စားရှာဖွေသူတွေဟာ ကျောက်တုံးဂိုလမ် လေးကောင်ကို ရင်ဆိုင်ရင်း သူတို့ရဲ့ ဘဝမှာ ကြုံဖူးသမျှ ထိတ်လန့်မှုတွေကို ပိုပြီးတော့တောင် ခံစားလာရတော့တယ်။
ဗီဗီက လူသားတွေကို လှမ်းကြည့်လိုက်ပြီး ဝဝတုတ်တုတ်နဲ့ အသက်လတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသားကြီးကို အသင့်တော်ဆုံး ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်။ သူက ခံစားချက်တွေကို အများဆုံး ပြသနေတဲ့သူ ဖြစ်နေလို့ပဲ။
သူမက အမျိုးသားကြီးရဲ့ ခေါင်းပေါ်ကို ထိုးဆင်းသွားပြီး သူမရဲ့ လက်တွေပေါ်မှာ သေးငယ်တဲ့ မှော်စက်ဝိုင်းတစ်ခု ထွက်ပေါ်လာစေခဲ့တယ်။
'ငါ့ရဲ့ အချောလေးတို့ရေ... ဆင်းလာခဲ့ကြတော့' ဗီဗီက အပေါ်မှာရှိနေတဲ့ သူမရဲ့ နတ်သူငယ် သူငယ်ချင်းတွေကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။
နတ်သူငယ် လေးယောက်ကလည်း အောက်ကို လွင့်မျောဆင်းလာပြီး သူတို့ရဲ့ ပစ်မှတ်တွေကို အသီးသီး ရွေးချယ်လိုက်ကြတယ်။ သူတို့ ဖန်တီးလိုက်တဲ့ မှော်စက်ဝိုင်းတွေက ခံစားချက်တွေကို ရိတ်သိမ်းပြီး အသုံးချလို့ရတဲ့ စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တယ်။
'ဟိဟိ' ဗီဗီက ရယ်မောလိုက်တယ်။ 'ကဲ စားကြစို့... ဂိုလမ်တို့... အခု ချက်ချင်း လုပ်လိုက်တော့'
နောက်ဆုံးတော့ ကျောက်တုံးဂိုလမ်တွေက လက်မောင်းကြီးတွေကို ရိုက်ချလိုက်ကြပြီး လူသားတွေကတော့ ထိတ်လန့်လွန်းလို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ကျုံ့ထားမိကြတယ်။
အဲဒီအချိန်မှာ နတ်သူငယ်တွေအတွက်တော့ အချိန်တွေက တရွေ့ရွေ့နဲ့ နှေးကွေးသွားသလိုမျိုး ဖြစ်သွားတယ်။ ပြင်းထန်လှတဲ့ အခြေအနေကြီးက လူသားတွေရဲ့ စိတ်ထဲမှာ အားငယ်မှုကို ဖြစ်ပေါ်စေပြီး နတ်သူငယ်တွေအနေနဲ့ လူသားတွေရဲ့ အမှတ်တရတွေနဲ့ ခံစားချက်တွေကို ထိုးဖောက်မြင်နိုင်အောင် လမ်းစဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်။
ဗီဗီက သူမရဲ့ ပစ်မှတ်ခေါင်းထဲမှာ ရှိနေတဲ့ မတူညီတဲ့ ခံစားချက် အလင်းရောင်စုံတွေကို ခွဲခြားရင်း သူမရဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်တယ်။
သူမက အမျိုးသားကြီးရဲ့ အမှတ်တရတွေထဲက ခရမ်းရောင် အလင်းတန်းတွေကို ချက်ချင်းပဲ ရှာဖွေလိုက်တယ်။ ဒါက ထိတ်လန့်ခြင်း ခံစားချက်ဖြစ်ပြီး အတိအကျ ပြောရရင်တော့ သေရမှာကို ကြောက်တဲ့ စိတ်ပဲ ဖြစ်တယ်။ အဲဒါက ခံစားချက်အားလုံးထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး နတ်သူငယ်တွေအတွက် အာဟာရ အဖြစ်နိုင်ဆုံးပဲလေ။ ဒါကြောင့်လည်း သူတို့တွေက အဲဒီလို ရိုင်းစိုင်းလှတဲ့ လူမိုက်ဓားပြတွေကို သည်းခံပေါင်းသင်းနေကြတယ်။ သူတို့က လူတွေကို သေဘေးနဲ့ အမြဲ ခြိမ်းခြောက်ပြီး ကြောက်စိတ်သွင်းပေးလေ့ရှိတာကိုး။
'ကောင်းကောင်း သုံးဆောင်ပါတော့မယ်' ဗီဗီက ပြောလိုက်တယ်။
ဒါပေမဲ့ သူမက ခရမ်းရောင် အလင်းတန်းကို ဝါးမြိုတော့မယ့် အချိန်မှာပဲ အလင်းအသစ်တစ်ခုက သူမရဲ့ မျက်လုံးထဲကို ရုတ်တရက် ဝင်လာခဲ့တယ်။
အဲဒါက ကြောက်ရွံ့ခြင်း ခံစားချက်ရဲ့ အောက်ခြေနားလေးကနေ လှမ်းပြီး ပြူထွက်နေတယ်။
ဗီဗီက စူးစမ်းချင်စိတ်နဲ့ ခရမ်းရောင်အလင်းတန်းကို ဘေးကို ဖယ်လိုက်တဲ့အခါမှာ သူမ တစ်ခါမှ မမြင်ဖူးသေးတဲ့ ထူးခြားပြီး ဆန်းသစ်တဲ့ အရောင်တစ်ခုကို မြင်လိုက်ရတယ်။
အဲဒါက များသောအားဖြင့် ဝမ်းနည်းမှု ဒါမှမဟုတ် နောင်တရမှုတွေနဲ့ ဆက်နွှယ်လေ့ရှိတဲ့ အပြာရောင် ဖြစ်နေတယ်။
ဒါပေမဲ့ ဒီအပြာရောင်ရဲ့ အရိပ်အမြွက်ကတော့ ကွဲပြားခြားနားနေခဲ့တယ်။ အလင်းက ပိုပြီးတော့ လင်းလက်နေတယ်။ အများကြီး ပိုပြီး လင်းနေတယ်၊ အမှတ်တရထဲက စိတ်ခံစားမှုက နောင်တတွေနဲ့ ပြည့်နှက်နေမယ့်အစား အပြုသဘောဆောင်တဲ့ တစ်ခုခု ဖြစ်နေသလိုမျိုးပါပဲ။
စိတ်ဝင်စားဖို့ကောင်းတာက ဒီမိုးပြာရောင်လေးရဲ့ အရွယ်အစားက ခရမ်းရောင်နဲ့ မတိမ်းမယိမ်း ဖြစ်နေတာပဲ၊ ဆိုလိုတာက ဒီခံစားချက်က သေရမှာကို ကြောက်တဲ့ စိတ်ကိုတောင် လွှမ်းမိုးလုနီးပါး ဖြစ်နေတယ်။
ဗီဗီက ဒီအပြာရောင် ခံစားချက်ကို အရင်ဆုံး ဝါးမြိုဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒီအရာက သူမရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားချက် ဒါမှမဟုတ် အမှတ်တရမျိုးကို ဖြစ်ပေါ်စေမလဲဆိုတာကို စူးစမ်းချင်နေတာကိုး။
သူမက မျက်လုံးတွေကို မှိတ်လိုက်ပြီး ပါးစပ်နဲ့ ရှူသွင်းလိုက်တယ်။
သူမရဲ့ ပစ်မှတ်စိတ်ထဲက မိုးပြာရောင် အလင်းတန်းဟာ မီးခိုးငွေ့တွေလိုမျိုး သူမရဲ့ နှုတ်ခမ်းတွေဆီကို စုပ်ယူခြင်း ခံလိုက်ရပြီး သူမကို အဲဒီခံစားချက်ကို ဝါးမြိုခွင့် ပေးလိုက်သလို ဒီခံစားချက်နဲ့ ဆက်နွှယ်နေတဲ့ အမှတ်တရတွေကိုလည်း ခဏတာ ထိတွေ့ခွင့် ရသွားစေတယ်။
အခု သူမ ဒီခံစားချက်ထဲမှာ မြင်တွေ့နေရတဲ့ အမှတ်တရက အတိအကျကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီလူရဲ့ အမြင်ကနေ တစေ့တစောင်း ပုံရိပ်တွေကိုတော့ သူမ မြင်နိုင်ခဲ့တယ်။
ဗီဗီက အပြာရောင် အလင်းတန်းကို ဝါးမြိုလိုက်တာနဲ့အမျှ သူမက အဲဒီအရာကို စတင် မြင်တွေ့လိုက်ရတော့တယ်။
မှော်ကမ္ဘာငယ်လေးတစ်ခုက ခမ်းနားထည်ဝါလှတဲ့ မြို့ကြီးတစ်မြို့ရဲ့ ပုံရိပ်က သူမရဲ့ ရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။ သူမက ကမ္ဘာမြေဆွဲအား နိယာမတွေကို ဆန့်ကျင်ပြီး မြင့်မားစွာ တည်ရှိနေတဲ့ အဆောက်အအုံကြီးတွေကို မော့ကြည့်နေမိတယ်၊ မှော်ဆရာတွေ သူတို့ရဲ့ အခြေစိုက်စခန်းအဖြစ် တည်ဆောက်ထားတဲ့ မျှော်စင် အချွန်ကြီးတွေလိုမျိုးပါပဲ။ ဒါပေမဲ့ ဒီအဆောက်အအုံတွေကို မှော်စွမ်းအင်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ အမှန်တော့ အဲဒီအဆောက်အအုံတွေ တည်တံ့ခိုင်မြဲနေဖို့အတွက် မှော်စွမ်းအင်ကို လုံးဝ အသုံးမပြုထားတယ်။
မကြာခင်မှာပဲ ပုံရိပ်က မှေးမှိန်ပျောက်ကွယ်သွားပြီး ဒီမြို့ကြီးထဲက လူနေမှုဘဝ ပုံရိပ်တွေက ဗီဗီရဲ့ စိတ်ထဲမှာ ထပ်ပြီး ဖြတ်ပြေးသွားပြန်တယ်။
သူမအနေနဲ့ ဒီပုံရိပ်တွေရဲ့ အဓိပ္ပာယ် အများစုကို နားမလည်နိုင်ခဲ့ပါဘူး၊ အဲဒီထဲက ပုံရိပ်တစ်ခုကတော့ အမျိုးသားတစ်ယောက်က တုတ်တစ်ချောင်းနဲ့ ဘောလုံးတစ်လုံးကို ရိုက်ပုတ်လိုက်ပြီး ဘေးနားက လူတွေက အကျယ်ကြီး အော်ဟစ်အားပေးနေတဲ့ ပုံမျိုးပေါ့။
ဒါပေမဲ့ သူမ အသေအချာ နားလည်နိုင်တဲ့ ရှင်းလင်းပြတ်သားတဲ့ ခံစားချက်တစ်ခုတော့ ရှိနေခဲ့တယ်။
အဲဒါက လွမ်းဆွတ်တမ်းတမှုပဲ ဖြစ်တယ်။ အဲဒီမြို့ကြီးဆီကို ပြန်သွားချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကြီးပေါ့။
သူမက ပစ်မှတ်ရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်အားလုံးကို စုပ်ယူလိုက်တဲ့ အချိန်မှာပဲ သူမရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ နာမည်တစ်ခု ရှိနေခဲ့တယ်။