အခန်း (၃၃၁-၃၃၂)
Vol. 28 Ch. 331-332
အခန်း(၃၃၁)
တစ်ဖက်မှာတော့ လူယုတ်မာဓါးပြအဖွဲ့ကို ပြန်လည်တိုက်ခိုက်တဲ့ စစ်ဆင်ရေးက တော်တော်လေးကို အဆင်ပြေချောမွေ့နေပါတယ်။ သူတို့တွေ ရီနေးတားတက္ကစီတစ်စီးကို ချုံခိုတိုက်ခိုက်ဖို့ ပေါ်လာတဲ့ အကြိမ်တိုင်းမှာ ချောကလက်အစွမ်းသုံးထားတဲ့ တက္ကစီဒရိုင်ဘာတွေရဲ့ လက်ချက်နဲ့ အမြဲတမ်း အရေးနိမ့်သွားခဲ့ရတယ်။
လူယုတ်မာဓါးပြအဖွဲ့ဟာ သူတို့ဘက်က လူအင်အားတွေ တဖြည်းဖြည်း နည်းပါးလာတာကို နောက်ဆုံးတော့ သတိထားမိသွားတဲ့ပုံပဲ။ မစ်ရှင်အတွက် သူတို့လွှတ်လိုက်တဲ့ အဖွဲ့တွေဟာ လေထဲမှာပဲ ပျောက်ကွယ်သွားသလိုမျိုး ဘာသတင်းမှမရဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ကြတာကိုး။ ပြီးတော့ ချုံခိုတိုက်ခိုက်မှုတွေဆီကနေ ဘယ်သူမှ ပြန်မလာကြတော့ အထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူတို့ လုံးဝမသိကြရဘူး။
ဒါကြောင့်မို့လို့ ဓါးပြတွေက ချုံခိုတိုက်ခိုက်တဲ့နေရာမှာ လူအင်အားအသာစီးရအောင် သေချာပြင်ဆင်ပြီး တစ်ဖွဲ့ကို ဓါးပြအင်အား ပိုထည့်ပြီး လွှတ်လိုက်ကြတယ်။
အခုဆိုရင် ရီနေးတားဒရိုင်ဘာတွေဟာ ၁ ယောက်ကို ၁၀ ယောက်လောက်အထိ အင်အားချင်း မမျှဘဲ အဝိုင်းခံရမယ့် အခြေအနေမျိုးနဲ့ ကြုံနေရတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ အခြေအနေတွေ သိပ်ပြီးအန္တရာယ်များလာတဲ့အချိန်တိုင်းမှာ ကူညီပေးဖို့အတွက် အရိပ်ဝံပုလွေတွေက အမြဲတမ်း အသင့်ရှိနေပေးခဲ့ပါတယ်။
ဒီတော့ လူယုတ်မာဓါးပြအဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ပွဲမှာ သူတို့ရဲ့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲဆိုတာကို သိရအောင် မိုက်ကယ်က ရီနေးတားထောင်ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့တယ်။
"အခု ငါတို့ဆီမှာ လူဘယ်လောက်ရှိသွားပြီလဲ" လို့ မိုက်ကယ်က စလစ်ဇီကို မေးလိုက်ပါတယ်။
"၅၀၀ လောက်ရှိပြီ သခင်။ ဒါပေမဲ့ သူတို့တွေ မကြာခင်မှာ ဓါးပြတွေကို ထပ်လွှတ်တော့မယ် မထင်ဘူး။ အခြေအနေတစ်ခုခု ထူးခြားနေတာကို သူတို့ရိပ်မိသွားပြီး ဂူထဲမှာပဲ အောင်းနေကြတော့မှာ" လို့ စလစ်ဇီက ပြန်ပြောတယ်။
မိုက်ကယ်က ခေါင်းငြိမ့်လိုက်ပြီး "အေး ဟုတ်တယ်။ အော်ကပ်စ်တွေ ပြောပြချက်အရဆိုရင် ရွှေလမ်းမကြီးမှာ ချုံခိုတိုက်ခိုက်တာတွေ တဖြည်းဖြည်း နည်းသွားပြီတဲ့။ သူတို့ အဲဒီနားမှာ ရှိနေတုန်းပဲဆိုပေမဲ့ အမှောင်ထဲမှာပဲ ပုန်းနေပြီး မော်တော်ကားတွေကို ချောင်းကြည့်နေကြတာ"
"သူတို့တွေ ချုံခိုတိုက်ခိုက်တိုင်း ဘာလို့ ရှုံးနေရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ရှာဖို့ ကြိုးစားနေကြတယ်"
"ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပါဘူး။ သူတို့က ငါတို့ကို ချောင်းကြည့်နေတဲ့အချိန်မှာ အော်ကပ်စ်တွေကလည်း သူတို့ကို ပြန်ချောင်းနေတာလေ" လို့ မိုက်ကယ်က စိတ်ချလက်ချ ပြောလိုက်တယ်။ "ဒါနဲ့ ဒီဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ"
စိတ်ဓာတ်ပြုပြင်ပြောင်းလဲပြီးသား ဖြစ်နေတဲ့ အဲဒီအကျဉ်းသားက ကွင်းပြင်ထဲမှာ စုဝေးနေကြပြီး လိမ္မော်ရောင် အကျဉ်းသားဝတ်စုံတွေ ဝတ်ထားတဲ့ ဓါးပြအမြောက်အမြားဆီကို လက်ညှိုးထိုးပြလိုက်တယ်။ တချို့က ဘေ့စ်ဘောအသေးစားလေး ကစားနေကြပြီး တချို့က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နေကြတယ်။ တချို့ဆိုရင် ပန်းချီသင်တန်းမှာတောင် ပါဝင်ဆင်နွှဲနေကြတယ်။
"သူတို့ကို ကြည့်လိုက်ပါဦး ဆရာကြီး။ ဒီကို ပထမဆုံး ရောက်ခါစတုန်းကဆိုရင် အခွင့်အရေးရတာနဲ့ ထွက်ပြေးဖို့ပဲ ချောင်းနေကြတာ။ အခုတော့ သူတို့လည်း ကျွန်တော့်လိုပဲ ဒီက ဘဝနဲ့ လိုက်လျောညီထွေ ဖြစ်သွားကြပါပြီ"
စလစ်ဇီက နည်းနည်း ရှက်ကိုးရှက်ကန်းနဲ့ သူ့နှာခေါင်းကို ပွတ်လိုက်ရင်း "အမှန်အတိုင်းပြောရရင် သူတို့ကို ဒီထောင်ထဲမှာ အဖမ်းခံရအောင် ကူညီပေးခဲ့လို့ဆိုပြီး သူတို့က ကျွန်တော့်ကိုတောင် ကျေးဇူးတင်နေကြသေးတယ်။ မဟုတ်ရင် သူတို့က အဲဒီဂူထဲမှာပဲ ပိတ်မိနေပြီး ဖလဲယားကော့ပ်ရဲ့ အစေခံတွေ ဖြစ်နေကြတော့မှာ" လို့ ဆိုတယ်။
ဒီဓါးပြတွေကို အခွင့်အရေးတစ်ခု ပေးနိုင်ခဲ့တဲ့အတွက် မိုက်ကယ် သဘောကျမိသွားတယ်။ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ သေချာပေါက် ကျူးလွန်ခဲ့ကြဖူးတယ်ဆိုပေမဲ့ အဲဒါက သူတို့တွေ နောင်တရပြီး လမ်းမှန်ပြန်ရောက်ဖို့ မထိုက်တန်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ။
ပြီးတော့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့ ကြည့်လိုက်တဲ့အခါမှာ ဒီအကျဉ်းသားတွေဆီမှာ လက်သီးပုန်းပဲ သုံးတတ်တာထက် ပိုပြီးတော့ ကောင်းမွန်တဲ့ လမ်းကြောင်းတွေဆီ လျှောက်လှမ်းနိုင်မယ့် ပါရမီမျိုးစုံ ရှိနေကြတာကို သူ မြင်လိုက်ရတယ်။ ထူးချွန်တဲ့ အင်ဂျင်နီယာတွေ၊ စာဖိုမှူးတွေ၊ နောက်ဆုံး ပန်းချီပညာရှင်တွေတောင် ဖြစ်လာနိုင်မယ့်သူတွေ ပါဝင်နေတယ်။
သူတို့တွေ ထောင်ဒဏ် သေချာပေါက် ကျခံပြီးသွားတဲ့အခါမှာ လူ့အဖွဲ့အစည်းထဲကို ပြန်လည်ဝင်ဆံ့နိုင်အောင် ပေါင်းစည်းပေးဖို့ သူ စီစဉ်ထားတယ်။ သူတို့က ကွင်းစ်နယ်မြေထဲမှာ မိုက်ကယ် လုပ်ဆောင်မယ့် ပရောဂျက်အားလုံးအတွက် တကယ်ကို လိုအပ်နေတဲ့ တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေပဲလေ။
ဒါနဲ့ပတ်သက်လို့ ပြောရရင် မိုက်ကယ်က အရှေ့ဘက်မှာရှိတဲ့ ရွှေလမ်းမကြီးရဲ့ လုပ်ငန်းတိုးတက်မှု အခြေအနေကို သွားရောက် စစ်ဆေးချင်နေမိတယ်။ သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် သူတို့တွေ တောအုပ်နားအထိ တော်တော်လေး ကပ်နေလောက်ပြီပေါ့။
သူက စလစ်ဇီကို နှုတ်ဆက်လိုက်ပြီး ရွှေလမ်းမကြီးရဲ့ အစွန်းဆုံးနေရာဆီကို ကိုယ်ယောင်ဖျောက်ပြီး ချက်ချင်း ကူးပြောင်းသွားလိုက်တယ်။
သူ့ရှေ့မှာတော့ ကွန်ကရစ်လောင်းဖို့ လမ်းခင်းနိုင်အောင် မြေကြီးတွေနဲ့ ကျောက်ခဲတွေကို တူးထုတ်ဖို့အတွက် သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်ဖြစ်တဲ့ မြေတူးလမ်းခင်းစွမ်းရည်ကို သုံးနေကြတဲ့ ဆောက်လုပ်ရေးလုပ်သား တစ်စု ရှိနေကြတယ်။
သူ့နောက်ကျောဘက်မှာတော့ ပိုပြီးတော့ ခိုင်ခံ့တောင့်တင်းမှုရှိအောင် ကွန်ကရစ်ကို အားဖြည့်ပေးမယ့် သံချောင်းတွေ အထပ်လိုက် တင်ဆောင်ထားတဲ့ အနောက်ဖွင့် မော်တော်ကားထရပ်ကားကြီးတစ်စီးကို သူ မြင်လိုက်ရတယ်။ အဲဒီဘေးမှာတော့ ပုံမှန်အရှိန်တစ်ခုနဲ့ လည်ပတ်နေတဲ့ စလင်ဒါပုံစံ စည်ပိုင်းကြီးတစ်ခု တင်ထားတဲ့ နောက်ထပ် ထရပ်ကားတစ်စီး ရှိနေပြန်တယ်။ အဲဒါကတော့ ကွန်ကရစ်အရည်ပျော်တွေကို သိုလှောင်ထားတဲ့ နေရာပေါ့။
ဆောက်လုပ်ရေးခွင်က ရီနေးတားအင်ဂျင်နီယာဟာ စက္ကူချပ်ပေါ်ကနေ မော့ကြည့်လိုက်တဲ့အခါကျမှ သူ့ရှေ့မှာ ရှိနေတဲ့ မိုက်ကယ်ကို နောက်ဆုံးတော့ မြင်သွားခဲ့တယ်။
"ဟေး ဘက်စ်ကာ။ ဆောက်လုပ်ရေးအခြေအနေ ဘယ်လိုရှိလဲ"
ဝါဂွမ်းရောင် ဟော့ဘ်မျောက်လူ အင်ဂျင်နီယာက စိတ်မသက်မသာဖြစ်နေတဲ့ မျက်နှာပေးမျိုး ပြလိုက်တယ်။ "အခုလောလောဆယ်တော့ အဆင်ပြေပါတယ် သခင်။ ဒါပေမဲ့ တောအုပ်ထဲမှာ ပိုပြီး ရှေ့ရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက ထူးထူးဆန်းဆန်း ဖြစ်ရပ်အချို့နဲ့ ကြုံတွေ့နေရတယ်ဗျ"
အင်ဂျင်နီယာကင်းထောက်တွေက ရွှေလမ်းမကြီးအတွက် လမ်းကြောင်းကို တိုင်းတာစစ်ဆေးဖို့ တာဝန်ယူထားရတဲ့သူတွေ ဖြစ်တယ်။ ဒီလမ်းကြောင်းက ဆောက်လုပ်ရေးလုပ်ဖို့ သင့်တော်ရဲ့လားဆိုတာကို သူတို့က သေချာအောင် လုပ်ပေးကြတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ ဆန်းစစ်ချက်တွေက သဘာဝလွန် ဖြစ်ရပ်အချို့ကြောင့် အနှောင့်အယှက် ဖြစ်နေခဲ့ရတယ်။
"သူတို့တွေက ချောမွေ့နေတဲ့ လမ်းမပေါ်မှာတင် ခလုတ်တိုက်လဲတာမျိုး ဖြစ်နေကြတယ်၊ သူတို့ရဲ့ ကျောပိုးအိတ်ထဲက ပစ္စည်းတွေ ပျောက်ပျောက်သွားတယ်၊ ပြီးတော့ အိပ်တဲ့အချိန်ကျရင် သူတို့ရဲ့ တဲတွေပတ်ပတ်လည်မှာ တိုးတိုးတိုးတိုး ပြောသံတွေနဲ့ မရပ်မနား ရယ်မောနေကြတဲ့ အသံတွေကို ကြားနေရတယ်တဲ့ဗျာ"
မိုက်ကယ်က အဝေးကို လှမ်းကြည့်လိုက်တဲ့အခါမှာ ရွှေလမ်းမကြီးဟာ အရှေ့ဘက်က စိမ်းလန်းစိုပြည်နေတဲ့ တောအုပ်ကြီးနဲ့ ကီလိုမီတာ ၁၀ ခုလောက်ပဲ လိုတော့တာကို မြင်လိုက်ရတယ်။
"နတ်သူငယ်တွေပဲ" လို့ မိုက်ကယ်က ကောက်ချက်ချလိုက်တယ်။
"နတ်သူငယ်တွေ ဟုတ်လား... ဗုဒ္ဓေါ... သူတို့က အန္တရာယ်များလား ဆရာ"
"မဖြစ်နိုင်ပါဘူး။ အန္တရာယ်များတယ်ဆိုရင် သူတို့ ငါတို့ကို တိုက်ခိုက်ပြီးလောက်ပြီပေါ့"
ဆောက်လုပ်ရေးခွင်က အင်ဂျင်နီယာက သက်ပြင်းတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်နိုင်တော့တယ်။
"သူတို့က လူတွေရဲ့ ခံစားချက်တွေကိုပဲ လိုချင်ကြတာဆိုတော့ ညဘက်ကျရင် မင်းတို့ကို ခြောက်လှန့်ရုံလောက်ပဲ လုပ်မှာပါ"
အင်ဂျင်နီယာက ပြန်ပြီး ကြောက်လန့်သွားပြန်တယ် "ကျွန်တော်တို့ တောအုပ်ထဲမှာ ရွှေလမ်းမကြီးကို ဆောက်နိုင်ပါဦးမလားဗျာ"
"မင်းတို့ အနားကို ပိုကပ်သွားလေလေ သူတို့က ပိုပြီး လာနှောင့်ယှက်လေလေ ဖြစ်မှာပေါ့။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်းတို့ အလုပ်လုပ်နေတဲ့အချိန်မှာ ငါနဲ့ တခြားလူအချို့ မင်းတို့နဲ့အတူ လိုက်ပါပေးပါ့မယ်" လို့ မိုက်ကယ်က သူ့ကို စိတ်ချအောင် ပြောလိုက်တယ်။
မိုက်ကယ်က သူတို့ကို ကာကွယ်ပေးမယ်ဆိုတာကို အင်ဂျင်နီယာက သိလိုက်ရတဲ့အခါမှာတော့ အရင်ကထက် ပိုပြီးတော့ ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ စိတ်ဓာတ်တွေ တက်ကြွသွားခဲ့တယ်။
ကုန်သည်တွေနဲ့ စွန့်စားရှာဖွေသူတွေဘက်ကို ပြန်ကြည့်ရအောင်၊ သစ်ကိုင်းလိုမျိုး ထူထဲလှတဲ့ လက်မောင်းကြီးတွေကို သူတို့ဆီ ဦးတည်ပြီး ရိုက်ချလိုက်တဲ့ ကြယ်ခြောက်ပွင့် ကျောက်ဆောင်ဂိုလမ် လေးကောင်ကို မြင်လိုက်ရတဲ့အချိန်မှာ သူတို့အားလုံး မျက်စိမှိတ်ထားလိုက်ကြတယ်။
ဒါဟာ သူတို့ရဲ့ ဘဝနိဂုံးပဲလို့ သူတို့ ထင်လိုက်ကြတယ်။
ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာသွားတဲ့အခါမှာ ဘာမှ ဖြစ်မလာခဲ့ဘူး။
သူတို့ ဖြည်းဖြည်းချင်း မျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာ သူတို့ကို ဝိုင်းထားတဲ့ ဧရာမ ကျောက်ဆောင်ဂိုလမ်ကြီးတွေက ပျောက်ကွယ်သွားပြီး အစအနတောင် မကျန်တော့တာကို မြင်လိုက်ရတယ်။ ပထမကတည်းက အဲဒီနေရာမှာ ရှိမနေခဲ့သလိုမျိုးပဲ။
သူတို့အားလုံး ကိုယ့်ခန္ဓာကိုယ်ကိုယ် ပြန်ပွတ်သပ်ကြည့်ကြပြီး ဘာဒဏ်ရာဒဏ်ချက်မှ၊ ဘာအပြောင်းအလဲမှ မရှိတာကို သိလိုက်ရတယ်။ ဒါက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ အိပ်ရေးပျက်တာကြောင့် ဖြစ်လာတဲ့ အိပ်မက်တစ်ခု ဒါမှမဟုတ် မျက်လှည့်တစ်ခုပဲလားဆိုပြီး သူတို့ကို တွေးတောမိသွားစေခဲ့တယ်။
တစ်ဖက်မှာတော့ သူတို့တွေ ဗိုက်ဝအောင် စားသောက်ပြီးသွားတဲ့အခါမှာ ဗီဗီနဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ လက်ရှိလောကထဲကနေ ချက်ချင်း ပျောက်ကွယ်သွားကြတယ်။ မကြာခင်မှာပဲ သူတို့ဟာ အမှောင်ထု လွှမ်းမိုးထားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ကြပြီး အဲဒီနေရာမှာတော့ သစ်ပင်တွေက အစိမ်းရောင်နဲ့ အပြာရောင် အလင်းတန်းတွေ ထွက်ပေါ်နေပြီး သစ်ရွက်တွေရဲ့ အကြောတွေက တလက်လက်နဲ့ လင်းထိန်နေတယ်။
ဒါကတော့ အရှေ့ဘက် တောအုပ်နဲ့ တစ်ထပ်တည်းကျနေတဲ့ နေရာလွတ်အာကာသတစ်ခုထဲမှာ တည်ရှိနေတဲ့ နတ်သူငယ်တွေရဲ့ ကမ္ဘာပဲ ဖြစ်ပါတယ်။
ဒီနေရာက တောအုပ်ရဲ့ မှန်သားပြင်လို ပုံတူကူးထားတဲ့ နေရာမျိုးဖြစ်ပြီး နတ်သူငယ်တွေပဲ ဝင်ထွက်သွားလာနိုင်တဲ့ မှော်ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေတယ်။
ဒီနေရာမှာ သူတို့ဟာ လက်ရှိလောကထဲကို သူတို့ လိုချင်တဲ့အချိန်၊ လိုချင်တဲ့နေရာကနေ စိတ်ကြိုက် ဝင်လိုက် ထွက်လိုက် လုပ်နိုင်ကြတယ်။
ဒီနည်းလမ်းနဲ့ပဲ သူတို့က လူတွေရဲ့ မျက်စိအောက်ကနေ ပုန်းကွယ်နေနိုင်ကြပြီး ဘယ်သူမှ မသိစေဘဲ တောအုပ်ကို ဖြတ်သန်းသွားလာနိုင်ကြတယ်။
ဗီဗီက အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာ ကုန်သည်တွေနဲ့ စွန့်စားရှာဖွေသူတွေဟာ သန်းခေါင်ယံအချိန်ကြီးမှာ သူတို့ရဲ့ ပစ္စည်းတွေကို အလျင်အမြန် သိမ်းဆည်းပြီး ထွက်ခွာသွားကြတာကို မြင်လိုက်ရတယ်။
သူတို့က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကြောင့် ကြောက်လန့်သွားကြပြီး ချက်ချင်း ပြန်ချင်နေကြတာ။
စိတ်ကူးပေါက်တာနဲ့ ဗီဗီက နတ်သူငယ်ကမ္ဘာထဲကနေ သူတို့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သူတို့တွေ လှည်းတန်းကြီးကို လှည့်လိုက်ပြီး တောအုပ်ရဲ့ ထွက်ပေါက်ဆီကို အပြေးအလွှား မောင်းထွက်သွားကြတာကို သူမ စောင့်ကြည့်နေခဲ့တယ်။
ဘယ်ကနေ ဘယ်လို ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားမှန်းမသိတဲ့ အဲဒီဆန်းကြယ်တဲ့ ကျောက်ဆောင်ဂိုလမ်ကြီးတွေကြောင့် သူတို့ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေက ရှိနေတုန်းပဲ။
ဒါပေမဲ့ သူတို့တွေ တောအုပ်ထဲကနေ ထွက်လိုက်တဲ့အချိန်မှာတော့ ဗီဗီဟာ သူတို့ရဲ့ မျက်နှာအမူအရာတွေက စိုးရိမ်စိတ်ကနေ စိတ်အေးသွားတဲ့ ပုံစံမျိုးကို ပြောင်းလဲသွားတာ မြင်လိုက်ရတယ်။
သူမက အဝေးကို လှမ်းကြည့်လိုက်တဲ့အခါမှာ ဒီလူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေဟာ မြောင်းတစ်ခုထဲကို အရည်တစ်မျိုးမျိုး လောင်းထည့်ဖို့အတွက် အတူတူ အလုပ်လုပ်နေကြတာကို မြင်လိုက်ရတယ်။ သူတို့ရဲ့ နောက်ကွယ်မှာတော့ ချောင်းမြောင်းစောင့်ဆိုင်းနေတဲ့ မိစ္ဆာတွေလိုမျိုး ပုံစံရှိတဲ့ ထူးဆန်းတဲ့ သံကိုယ်ထည် မော်တော်ကားကြီးတွေ ရှိနေကြတယ်။
ပြီးတော့ ဗီဗီက ပိုပြီး အနီးကပ် ကြည့်လိုက်တဲ့အခါမှာ အလုပ်သမားအားလုံးရဲ့ အင်္ကျီပေါ်မှာ ထိုးထားတဲ့ တံဆိပ်ကို နောက်ဆုံးတော့ မြင်သွားခဲ့ရတယ်။
အဲဒါကတော့ သူမရဲ့ ပစ်မှတ်ဆီက မှတ်ဉာဏ်ထဲကနေ သူမ ရင်းနှီးနေခဲ့တဲ့ 'R' ဆိုတဲ့ သင်္ကေတလေးပဲ ဖြစ်နေပါတော့တယ်။
* * * * * * * *
စာစဉ်(၂၈)
အခန်း(၃၃၂)
နတ်သူငယ်တွေဆိုတာ တောအုပ်ရဲ့ နယ်နိမိတ်ပြင်ပကို မထွက်ရဘူးလို့ သတ်မှတ်ထားတာ ဖြစ်ပေမဲ့ ဗီဗီကတော့ စုစုစမ်းစမ်းလုပ်ချင်တဲ့ စိတ်ကြောင့် ရီနေးတားနိုင်ငံသားတွေ ဘာတွေလုပ်နေလဲဆိုတာကို သွားကြည့်ဖို့ စိတ်အားထက်သန်နေခဲ့တယ် ဆုတောင်းပြည့် မှော်ဝင်နယ်မြေထဲမှာ ရှိနေစဉ်မှာပဲ ဗီဗီက တောအုပ်အပြင်ဘက်ကို ဖြတ်သန်းပြီး ရီနေးတားနိုင်ငံသားတွေဆီကို ဦးတည်သွားလိုက်တယ်။
ဒါက သူမအတွက် အဲဒီရီနေးတား လူသားတွေ မသိအောင် တိတ်တဆိတ် ချောင်းမြောင်း စောင့်ကြည့်နိုင်ခွင့် ရစေခဲ့တယ်။ သူမ ပိုပြီးနီးကပ်လာတဲ့အခါ ပထမဆုံး သတိပြုမိတာကတော့ မိုးကုပ်စက်ဝိုင်း တစ်ဖက်ကမ်းအထိ သူတို့ ဖောက်လုပ်ထားတဲ့ လမ်းမကြီးပဲ ဖြစ်တယ် သူမတောင်မှ အတော်လေး သဘောကျသွားရတယ်။ လမ်းက မယုံနိုင်စရာကောင်းလောက်အောင် ညီညာပြန့်ပြူးနေပြီး ခိုင်ခံ့တဲ့ သဘာဝပစ္စည်းတွေနဲ့ပဲ တည်ဆောက်ထားတာ ဖြစ်တယ်။ ဘာမှော်ပညာမှလည်း ပါဝင်ပတ်သက်မနေဘူး ဒါက အဲဒီလမ်းကို ဖောက်လုပ်နေတဲ့ လူတွေအပေါ် သူမကို ပိုပြီးတော့တောင် သဘောကျသွားစေခဲ့တယ်။
သူတို့အားလုံးဟာ သူမ တစ်ခါမှမမြင်ဖူးတဲ့ ထူးဆန်းဆန်းပြားပြီး ရှုပ်ထွေးတဲ့ မှော်ပညာ အမျိုးအစားတွေကို လုပ်ဆောင်နေကြပုံရတယ်။ ဒီမန္တန်တွေက ထူးထူးဆန်းဆန်း သီးသန့်ဆန်လှပြီး သူတို့ရဲ့ အလုပ်တွေအတွက် ကွက်တိဖြစ်အောင် ပုံသွင်းထားသလိုပဲ။
ဥပမာပြောရရင် မြေတူးဖို့ တာဝန်ယူထားတဲ့သူတွေက သူတို့နောက်က လမ်းအတိုင်း အနံတူပြီး ညီညာတဲ့ လမ်းကြောင်းတစ်ခုကို သီးသန့် ဖန်တီးပေးတဲ့ မန္တန်တွေကို အသုံးပြုကြတယ်။ ပိုပြီး ထူးဆန်းတာက သူတို့ကြားထဲမှာ လူတစ်ပိုင်းသတ္တဝါတွေ ရှိနေတာပဲ ဖြစ်တယ်။
မှော်ပညာဘက်မှာ ထူးချွန်တဲ့ လူတစ်ပိုင်းသတ္တဝါတွေပေါ့ သူတို့ကို ဦးဆောင်နေတာကလည်း မှော်ပညာ မသုံးနိုင်ဘူးလို့ နာမည်ကြီးတဲ့ မျိုးနွယ်စုထဲက အဝါရောင်မျောက်လူ တစ်ကောင် ဖြစ်နေတယ်။ ဗီဗီက သူတို့ကို စောင့်ကြည့်လေလေ ရီနေးတားဟာ ပိုပြီးတော့တောင် ထူးဆန်းလာလေလေ ဖြစ်နေတော့တယ်။
သူမက လမ်းဘေးမှာ ရပ်ထားတဲ့ သတ္တု မော်တော်ကားတွေကို ကြည့်လိုက်တယ်။ အစတုန်းကတော့ ဒါတွေဟာ အသုံးမဝင်တဲ့ တီထွင်ဖန်တီးမှု အမှိုက်ပုံတစ်ခုပဲလို့ သူမ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ကားတစ်စီးက လမ်းပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းနှင်သွားခဲ့တယ်။
'ဒါတွေက သတ္တု ဂိုလမ်တွေလား'
နတ်သူငယ်တွေတောင်မှ ဒီလောက်အနုစိတ်ပြီး အစွမ်းထက်တဲ့ ဂိုလမ်တွေကို မလုပ်နိုင်ကြဘူး။ အမှန်တော့ ဒါက တော်တော်လေးကို အဆင့်မြင့်လွန်းတာကြောင့် ဗီဗီက အဲဒါဆီကနေ မှော်စွမ်းအင် လုံးဝကို ခံစားလို့မရခဲ့ဘူး။
'အာရုံစိုက်စမ်း' ဗီဗီက သူမကိုယ်သူမ ပြန်သတိပေးလိုက်တယ်။ သူမ ဒီကိုလာတာ သူတို့ရဲ့ ထူးဆန်းတဲ့ တီထွင်မှုတွေကို အံ့ဩဘနန်း ငေးမောဖို့ မဟုတ်ဘူး။ ရီနေးတားက ဘာဖြစ်လို့ တခြားလူတွေဆီကနေ ဒီလောက် ပြင်းထန်တဲ့ ခံစားချက်တွေကို နှိုးဆွပေးနိုင်လဲဆိုတာကို နားလည်ဖို့ လာခဲ့တာ ဖြစ်တယ်။
ဗီဗီက သူမရဲ့ အတောင်ပံတွေကို ခတ်လိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်အမှုန်အမွှား အမြောက်အမြားကို မြေပြင်ပေါ်ကို ခါချလိုက်တယ်။ သူမရဲ့ လက်ကို အသာလေး ဝေ့ယမ်းလိုက်တာနဲ့ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး အောက်ခြေမှာရှိတဲ့ မြေဒြပ်စင် မှော်စွမ်းအင်တွေကို သူမရဲ့ အမိန့်အတိုင်း လုပ်ဆောင်ဖို့ စတင် စေခိုင်းလိုက်တော့တယ်။
ရုတ်တရက် မြေအောက်က မာကျောတဲ့ ကျောက်တုံးကြီးက အပေါ်ကို ပေါက်ကွဲထွက်လာပြီး သူ့ရဲ့ ရဲရဲတောက်နေတဲ့ မျက်လုံးတွေနဲ့ ရီနေးတားနိုင်ငံသားတွေကို ငုံ့ကြည့်နေတဲ့ ဧရာမ ကျောက်တုံးဂိုလမ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
'ဒါဆိုရင်တော့ သူတို့ကို ခြောက်လှန့်ဖို့ လောက်ပါပြီ' ဗီဗီက စိတ်ထဲကနေ တွေးလိုက်တယ်။
ဒါပေမဲ့ သူတို့ရှေ့မှာ ဒီလို ထိတ်လန့်စရာကောင်းတဲ့ ကျောက်တုံးသတ္တဝါကြီး ပေါ်ထွက်လာတာကို မြင်လိုက်ရတဲ့တိုင် ရီနေးတားက လူတွေကတော့ ကြောက်ရွံ့တာ ဒါမှမဟုတ် တုန်လှုပ်တဲ့ အရိပ်အယောင် လုံးဝ ပြသခြင်း မရှိကြဘူး သူတို့က ကျောက်တုံးဂိုလမ်ကြီးကို အနည်းငယ် အံ့ဩရုံနဲ့ စိတ်ဝင်စားတဲ့ ပုံစံမျိုးနဲ့ပဲ မော့ကြည့်နေကြတယ်။
"အာ... ဒါ အဲဒီကုန်သည်တွေ ကျွန်တော်တို့ကို ပြောပြခဲ့တဲ့ ကျောက်တုံးဂိုလမ်တွေ ဖြစ်ရမယ်" လို့ ဆိတ်လူသား ဆောက်လုပ်ရေး လုပ်သားတစ်ယောက်က ပြောလိုက်တယ်။
"ဒါတွေ ဘယ်လို အလုပ်လုပ်လဲ သိချင်မိတယ်" လို့ ကွန်ကရစ်တွေကို ကိုယ်တိုင် ဖျော်စပ်နေတုန်းပဲဖြစ်တဲ့ ကြောင်လူသား ကွန်ကရစ်ဖျော်စပ်သူက ပြန်ဖြေလိုက်တယ် "သူတို့ လှုပ်ရှားပုံက နိုင်ငံတော်ဘက်က စက်ရုံတွေမှာရှိတဲ့ သတ္တုလက်တံတွေနဲ့ တော်တော် ဆင်တူတာပဲ"
‘ဒီလူတွေက ဘာဖြစ်နေကြတာလဲ’ ဗီဗီက သူမဘာသာ တွေးလိုက်မိတယ်။
သူတို့ ဘာတွေ ပြောနေကြမှန်း သူမ လုံးဝ နားမလည်ဘူး။ ပြီးတော့ သူမအနေနဲ့ သိချင်တယ်ဆိုရင်တောင် ဒီလူတွေက သူမ စားသုံးဖို့အတွက် ပြင်းထန်တဲ့ ခံစားချက်မျိုးကို ထုတ်မပြနေကြဘူး သူတို့ရဲ့ တုံ့ပြန်မှုတွေက အကောင်းဆုံးပြောရရင် မသိမသာလောက်ပဲ ရှိတယ်။
"ဒါကို ဆရာ့ကို သွားပြောလိုက်တာ ပိုကောင်းလိမ့်မယ်" လို့ အဝါရောင် ဟော့ဘ်မျောက်လူ ပါရမီရှင် အင်ဂျင်နီယာက ပြောလိုက်တယ်။
မိုက်ကယ်က မကြာခင်မှာပဲ အရိပ်ဝံပုလွေတစ်ယောက်ကြောင့် အိပ်ပျော်နေရာကနေ နိုးလာခဲ့တယ်။ လိပ်ပြာဆူးအော့ခ် နင်ဂျာက မိုက်ကယ်ကို ရွှေလမ်းမကြီး တည်ဆောက်ရေး စီမံကိန်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ အကြောင်းကြားပြီး မြန်မြန်လာဖို့ တိုက်တွန်းခဲ့တယ်။
သူက အော့ခ်ကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သူတို့အသုံးပြုတဲ့ ကွန်ကရစ်ဖျော်စက်တွေထဲက တစ်ခုမှာ ချန်ထားခဲ့တဲ့ သူ့ရဲ့ အရိပ်ခွဲပွားတစ်ခုဆီကို တယ်လီပို့လုပ်ပြီး သွားလိုက်တယ်။
သူက အရိပ်တွေထဲကနေ ထွက်လာတဲ့အခါ သူ့ရဲ့ ရီနေးတား အလုပ်သမားတွေရဲ့ ရှေ့မှာ မတ်တတ်ရပ်နေတဲ့ ဧရာမ ကျောက်တုံးဂိုလမ်ကြီးကို ချက်ချင်း မြင်လိုက်ရတယ်။
[ ဒီလို ဖန်တီးထားတဲ့အရာတွေက သက်မဲ့သတ္တဝါတွေဖြစ်ပြီး မှော်စွမ်းအင် သက်သက်နဲ့သာ ပြုလုပ်ထားတာ ဖြစ်တယ်။ သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အားကောင်းပေမဲ့ သူတို့ရဲ့ ဒြပ်စင် အမြုတေတွေထဲမှာ ကျန်ရှိနေတဲ့ မှော်စွမ်းအင် ပမာဏအပေါ်မှာပဲ ကန့်သတ်ထားတယ်။ ဒီကျောက်တုံးဂိုလမ်တွေကတော့ များသောအားဖြင့် လူသူမနီးတဲ့ နတ်သူငယ်မျိုးနွယ်စုရဲ့ အဓိက အကာအကွယ်ပေးရေး အင်အားစုနဲ့ အကာအကွယ်တွေပဲ ဖြစ်တယ်]
ဒီဖော်ပြချက်ကို ဖတ်ပြီးတာနဲ့ မိုက်ကယ်က နတ်သူငယ်တွေရဲ့ အရိပ်အယောင် ရှိမရှိဆိုတာကို အဲဒီနယ်မြေတစ်ဝိုက်မှာ ချက်ချင်း ရှာဖွေကြည့်လိုက်တယ်။
အဲဒီမှာ သူ ဘာကို မြင်လိုက်ရလဲဆိုတော့ ကျောက်တုံးဂိုလမ်ရဲ့ အပေါ်မှာ ပျံသန်းနေတဲ့ အတောင်ပံပါတဲ့ အလွန်သေးငယ်တဲ့ လူသားတစ်ယောက်ရဲ့ ပုံရိပ်ကိုပဲ ဖြစ်တယ်။
သူက နတ်သူငယ်ရဲ့ တကယ့်ရုပ်သွင်ကို မမြင်ရပေမဲ့ အဲဒီနတ်သူငယ်ဆီက ထွက်နေတဲ့ မှော်စွမ်းအင် လက္ခဏာတွေကိုတော့ မြင်လိုက်ရတယ် နတ်သူငယ်လို့ ယူဆရတဲ့အရာ ရှိနေတဲ့ ကောင်းကင်ယံမှာ အလင်းဒြပ်စင် မှော်စွမ်းအင်တွေ ပုံမှန်မဟုတ်ဘဲ စုဝေးနေတာကို သူ မြင်လိုက်ရတာ ဖြစ်တယ်။
သူတို့ကို ကိုယ်ပျောက်ထားဖို့ ဘယ်လိုမှော်ပညာမျိုး သုံးထားလဲဆိုတာ သူ မသိပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ အလင်းဒြပ်စင် မှော်စွမ်းအင်တွေကိုတော့ ကောင်းကင်က တောက်ပတဲ့ နေရောင်ခြည်ကို နောက်ထပ် ကိုယ်ယောင်ဖျောက်စရာအဖြစ် သုံးထားရင်တောင်မှ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ရှေ့ကနေ ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ဘူး။
"သခင်... ကျောက်တုံးဂိုလမ်ကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ" လို့ အဝါရောင် ဟော့ဘ်မျောက်လူ အင်ဂျင်နီယာက သူ့ကို မေးလိုက်တယ် "သူက ကျွန်တော်တို့ကို ဘာမှမလုပ်တော့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားဖို့ မျှော်လင့်နေတာ"
"မင်း နောက်ကျသွားပြီ ထင်တယ်" မိုက်ကယ်က ပြန်ဖြေလိုက်တယ် "တစ်ယောက်ယောက်က ဒီကျောက်တုံးဂိုလမ်ကို ပိုင်ဆိုင်ထားပြီးသားပဲ"
မိုက်ကယ်က ကောင်းကင်ပေါ် ပျံတက်ပြီး နတ်သူငယ်နဲ့ တွေ့ဆုံဖို့အတွက် ရိုးရှင်းတဲ့ လေထဲပျံဝဲတဲ့ မန္တန်တစ်ခုကို အသုံးပြုလိုက်တယ်။
သူ အပေါ်ကို တက်လာတာနဲ့အမျှ နတ်သူငယ်က သူ့ကို နောက်ဆုံးတော့ သတိပြုမိသွားပြီလို့ သူ ခံစားလိုက်ရတယ် အဲဒီအရာက သူ့ဘက်ကို လှည့်လာပြီး သူ့မျက်နှာကို စိုက်ကြည့်ကာ သူက သူတို့ရဲ့ ကိုယ်ပျောက်မှုကို တကယ်ပဲ ထိုးဖောက်မြင်နိုင်တာလားဆိုတာ တွေးတောနေပုံရတယ်။
လူသားတစ်ယောက်က သူတို့ကို ထိုးဖောက်မြင်နိုင်တယ်ဆိုတဲ့ အချက်ကို မယုံကြည်နိုင်တာကြောင့် နတ်သူငယ်က ခေါင်းခါပြနေတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့တယ်။
ဒါပေမဲ့ မိုက်ကယ်က သူတို့ဆီကို မျဉ်းဖြောင့်အတိုင်း ဆက်ပြီး ပျံသန်းလာတဲ့အခါမှာတော့ အဲဒီရွှေရောင်ဆံပင်နဲ့ ကောင်လေးက သူတို့ကို ပြဿနာမရှိ တကယ်ပဲ မြင်နိုင်နေတယ်ဆိုတာကို နတ်သူငယ် ခါးခါးသီးသီး လက်ခံလိုက်ရတော့တယ်။
အဲဒီအရာက ချက်ချင်းပဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။
"နေဦး... ကျွန်တော် စကားပြောချင်ရုံတင်ပါ" မိုက်ကယ်က နတ်သူငယ်ဆီကို အလျင်အစလို လှမ်းပြောလိုက်တယ်။
အဲဒီအရာက သူ့ကို တစ်စက္ကန့်လောက် ပြန်လှည့်ကြည့်ပြီးမှ ကြောက်လန့်တကြားနဲ့ သူ့ဆီကနေ အရှိန်ပြင်းပြင်း ပျံထွက်သွားခဲ့တယ်။ လူသားတစ်ယောက်က နောက်ဆုံးမှာ သူတို့ကို ထိုးဖောက်မြင်နိုင်ပြီဆိုတဲ့ အချက်က နတ်သူငယ်ကို နောက်ဆုတ်သွားစေဖို့ ဖိအားပေးခဲ့တဲ့ တကယ့်ကို ထိတ်လန့်စရာနဲ့ တုန်လှုပ်စရာ အဖြစ်ဆိုးတစ်ခု ဖြစ်ခဲ့တယ်။
မိုက်ကယ်က တောအုပ်ရဲ့ နယ်နိမိတ်ကို မရောက်မချင်း ကောင်းကင်မှာ ပျံသန်းနေတဲ့ အလင်းတန်းနောက်ကို လိုက်လံဖမ်းဆီးခဲ့တယ်။
နတ်သူငယ်က နယ်မြေထဲကို ဝင်သွားတာနဲ့ အလင်းဒြပ်စင် မှော်စွမ်းအင်တွေက သူ့ရဲ့ အမြင်အာရုံထဲကနေ ကွယ်ပျောက်သွားပုံရပြီး နတ်သူငယ်ကို သူ မျက်ခြေပြတ်သွားခဲ့ရတယ်။
မိုက်ကယ်က သစ်ပင်တစ်ပင်ရဲ့ သစ်ရွက်အုပ်နဲ့ မီတာအနည်းငယ်အကွာ လေထဲမှာ တန့်ရပ်လိုက်တယ်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ နိုဗာ”
[ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာနေပါတယ်...]
[ပြီးမြောက်ပါပြီ။ တောအုပ်ထဲမှာ သေးငယ်ပြီး အနုစိတ်တဲ့ မှော်စွမ်းအင် ပုံမှန်မဟုတ်မှုတွေကို ကျွန်ုပ် ရှာဖွေတွေ့ရှိထားပါတယ်။ အာကာသ ဟင်းလင်းပြင်ထဲမှာပဲ အပေါက်တစ်ခု ရှိနေသလိုမျိုး အချို့သော မှော်စွမ်းအင်တွေက နယ်မြေထဲကို အလိုအလျောက် ဝင်ရောက်ပြီး ပြန်ထွက်သွားကြပါတယ်။ သာမန်လူတွေကတော့ ဒီကွာခြားချက်ကို သတိမပြုမိနိုင်ပေမဲ့ သင်၏ အဆင့်မြင့်စွမ်းရည်ကြောင့် ကောက်ချက်ချနိုင်မည့် အချက်အလက်များကို လုံလောက်စွာ စုဆောင်းနိုင်ခဲ့ပါတယ်။]
[တောအုပ်ထဲမှာ ကွဲပြားခြားနားတဲ့ မှော်ကမ္ဘာငယ်လေးတစ်ခု ကပ်ပါဝင်နေပုံရပါတယ်။]
မိုက်ကယ်က မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်ဖို့ သူ့ကိုယ်သူ အားတင်းရင်း တောအုပ်ထဲကို ပျံသန်းဝင်ရောက်ခဲ့ပေမဲ့ ဘာမှ ဖြစ်မလာခဲ့ဘူး
“ငါ ဒီမှော်ကမ္ဘာငယ်လေးထဲကို ဝင်လို့ရမလား”
[ရပါတယ်။ ဂရီးဗ်ရဲ့ ဂူဗိမာန်ထဲက မှော်ကမ္ဘာငယ်လေးဆီကနေ ကျွန်ုပ်တို့ စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေကြောင့် မှော်ကမ္ဘာငယ်လေးတွေရဲ့ သဘောသဘာဝကို အပေါ်ယံအဆင့် နားလည်သဘောပေါက်ခွင့် ရခဲ့ပါတယ်။ ဒါကတော့ ပိုင်ရှင်ရှိပြီး အကာအကွယ်ပေးထားတဲ့ မှော်ကမ္ဘာငယ်လေးတစ်ခုထဲကို အဓမ္မဝင်ရောက်ဖို့ ပင်ကိုယ်အားဖြင့် မလုံလောက်သေးပါဘူး။ ဒါပေမဲ့ နတ်သူငယ်က မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်သွားတာက သူတို့ရဲ့ ကာကွယ်ရေးစနစ်မှာ ခဏတာ အားနည်းချက်တစ်ခုကို ဖန်တီးပေးခဲ့တာကြောင့် အထဲကို ဘယ်လိုဝင်ရမလဲဆိုတာကို ကျွန်ုပ် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပါတယ်။]
မိုက်ကယ် ပြုံးလိုက်မိတယ် သိပ်ပြီး ကသိကအောက် မဖြစ်ဘူးဆိုရင် နိုဗာရဲ့ အထင်ကြီးစရာကောင်းတဲ့ စွမ်းရည်တွေအတွက် သူ့ခေါင်းကို သူ ပြန်ပုတ်ပေးမိမှာ ဖြစ်တယ်။
ရုတ်တရက် အချက်အလက် အမြောက်အမြားက သူ့ခေါင်းထဲကို စီးဆင်းဝင်ရောက်လာပြီး နတ်သူငယ်တွေရဲ့ မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်နိုင်မယ့် မှော်ကျင့်စဉ်အသစ်တစ်ခုကို သူ နားလည်သဘောပေါက်သွားခဲ့တော့တယ်။