← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 28 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 28 Ch. 327-328

အခန်း(၃၂၇)

ဓားပြတွေကို ရှင်းလင်းပြီးသွားတဲ့နောက်မှာတော့ မိုက်ကယ်က အခုလိုမျိုး ကိစ္စတွေ နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူးလို့ စားသုံးသူတွေကို အာမခံဖို့အတွက် မီးဖိုချောင်ထဲကနေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ၊ စားသုံးသူတွေက ဓားပြတွေကြောင့် သူတို့ရဲ့ ထမင်းစားချိန် ပျက်စီးသွားရလို့ စိတ်ဆိုးဒေါသထွက်မယ့်အစား ဒရာဂွန်ဘွန်းတွေဆီ တိုးကပ်သွားပြီး ချီးမွမ်းစကားတွေ ပြောဆိုလာကြတယ်။ ဆိုင်တွင်းက ပစ္စည်းအချို့ ပျက်စီးသွားခဲ့ရပေမဲ့လည်း ဓားပြတွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် နှိမ်နင်းပေးလိုက်နိုင်တာကို သူတို့က သဘောကျသွားကြတာပါ။

"ဟဲဟဲ၊ ဒါပေါ့၊ ဒါက ကျွန်တော် အမြဲတမ်း လုပ်နေကျ အလုပ်ပဲဥစ္စာ" လို့ ဇိုင်ယွန်က သူ့နှာခေါင်းကို ကုတ်ရင်း ဝင့်ကြွားလိုက်တယ်။

ဂျာကူက သူ့ရဲ့ ဓားအိမ်နဲ့ သူ့ညီဖြစ်သူရဲ့ ခေါင်းကို တစ်ချက် ခေါက်လိုက်ရင်း "အိန္ဒြေမရတဲ့ကောင်၊ မင်း စားသောက်ဆိုင်ကြီးကို အပေါက်ကြီး ဖြစ်အောင် လုပ်လိုက်ပြီလေ" လို့ ပြောလိုက်တယ်။

"အား" နီရဲတဲ့ အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းက သူ့အစ်ကိုဖြစ်သူကို စိုက်ကြည့်ရင်း "ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြန်ပြင်ပေးမှာပဲဟာကို" လို့ ပြန်အော်တယ်။

"တောက်၊ ငါက ပြန်ပြင်ပေးရမှာကို စိုးရိမ်နေတာ မဟုတ်ဘူး၊ ဒီစားသောက်ဆိုင်ကို ပြန်ပြင်နေတဲ့ အချိန်အတွင်းမှာ ဘာဖြစ်သွားမလဲဆိုတာ မင်း စဉ်းစားမိလား၊ သူတို့ ကြက်သား ဆက်ရောင်းနေဦးမယ် ထင်လို့လား"

အဲဒီအသိတရားက ဇိုင်ယွန်ရဲ့ ခေါင်းထဲကို ထရပ်ကားတစ်စီး တိုက်မိလိုက်သလိုမျိုး ပြင်းပြင်းထန်ထန် ဝင်ရောက်လာခဲ့တယ်။ သူက ဓားပြတွေဆီက ရတဲ့ ဒဏ်ရာထက် ပိုပြီး နာကျင်ရတဲ့ ပုံစံမျိုးနဲ့ သူ့ရင်ဘတ်ကို ဖိထားမိတယ်။

"မရတော့ဘူး၊ ငါ တကယ့် အမှားကြီး မှားခဲ့ပြီ၊ ဆိုင်ကြီးကိုတော့ မပိတ်လိုက်ပါနဲ့၊ ဒီအတိုင်းပဲ ထားလိုက်ကြရအောင်"

တော်သေးတယ်၊ ရှီနာသာ ဒီနေရာမှာ ရှိမနေလို့၊ မဟုတ်ရင် သူတို့နှစ်ယောက်စလုံး ဘဝမှာ တစ်ခါမှ မကြားဖူးတဲ့ အော်ဟစ်ဆူပူသံတွေကို တစ်သက်လုံး နားမဆံ့အောင် ကြားရမှာ သေချာတယ်။

"ဒါနဲ့ သူတို့က ဘယ်သူတွေလဲဟင်" လို့ စားသုံးသူတစ်ယောက်က ဇိုင်ယွန်နဲ့ ဂျာကူကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်တယ်။

"သူတို့က ဒရာဂွန်ဘွန်းတွေလေ" လို့ နောက်တစ်ယောက်က ပြန်ဖြေလိုက်တယ်။

"သူတို့က တကယ်မရှိဘူးလို့ ငါထင်နေတာ၊ ကောလာဟလတွေက အမှန်ပဲပေါ့၊ သူတို့က သူတို့ထက် ကြယ်တစ်ပွင့် အဆင့်ပိုမြင့်တဲ့သူတွေကိုတောင် အနိုင်တိုက်နိုင်တယ်ဆိုတာလေ"

"ပြီးတော့ အပြင်က ကုလားအုတ်လူသားတွေကို မြင်လိုက်လား၊ သူတို့သာ ရွှေလမ်းမကြီးကို ကာကွယ်စောင့်ရှောက်ပေးနေမယ်ဆိုရင် ဒီဘက်မှာ ခရီးသွားရတာ ငါ စိတ်အေးရပြီ"

တကယ်တော့ ဒီလိုမျိုး ဓားပြတိုက်တာ၊ ဓားစာခံလုပ်တာတွေက ဒီကမ္ဘာမှာတော့ ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ အထူးသဖြင့် ဘာမှမရှိတဲ့ တောကန္တာရအလယ်က ကားရပ်နားစခန်း ဖြစ်နေလို့ ပိုဆိုးတယ်။

တောရိုင်းမြေတွေထဲ ခရီးသွားတဲ့အခါ ဓားပြတွေ၊ မိစ္ဆာတွေနဲ့ တိုးတာက ထမင်းစားရေသောက်လိုပါပဲ။ ခရီးသွားချိန် သုံးရက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အဲဒီနှစ်ခုထဲက တစ်ခုခုနဲ့ တိုက်ခိုက်ရတာ ပုံမှန်ဖြစ်နေခဲ့ပြီလေ။

ပြီးတော့ သူတို့ ရွှေလမ်းမကြီးကို အသုံးပြုခဲ့တဲ့ အချိန်တစ်လျှောက်လုံးမှာ အခုတစ်ကြိမ်ပဲ အန္တရာယ်ရှိတယ်လို့ ခံစားခဲ့ရတာပါ။ အဲဒါကြောင့်လည်း သူတို့က ဓားပြတွေကို လုံးဝ ဂရုမစိုက်ဘဲ ကိစ္စအားလုံး ပြီးသွားတဲ့အခါမှာတော့ သူတို့ရဲ့ ကြက်သားတွေကို ဆက်ပြီး စားသောက်နေကြတာ ဖြစ်တယ်။

"စားဖိုမှူး၊ ကြက်သား နောက်တစ်ပွဲ ထပ်ပေးပါဦး" လို့ စားသုံးသူတစ်ယောက်က ကြမ်းပြင်ပေါ်မှာ သတိမေ့လဲကျနေတဲ့ ဓားပြတစ်ယောက်ကို ကွေ့ပတ်သွားရင်း ကောင်တာဆီ တိုးလာပြီး ပြောလိုက်တယ်။

မိုက်ကယ်က တိုနီရဲ့ ပုခုံးကို ပုတ်ရင်း "တွေ့လား၊ သူတို့ ကြက်သားတွေ ထပ်မှာနေကြပြန်ပြီ" လို့ ပြောလိုက်တယ်။

တိုနီက ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြရှာတယ်။ သူကတော့ ဒီည ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်သေးဘူး ဖြစ်နေတယ်။ အားလုံးက ဒီလိုအခြေအနေမျိုးကို ရိုးအီနေကြပြီ ဖြစ်ပေမဲ့ သူတစ်ယောက်တည်းပဲ ပုံမှန်လူတစ်ယောက်လို တုံ့ပြန်နေမိတာပါ။

"စိတ်မပူပါနဲ့၊ ဓားပြတွေကို အကုန် ရှင်းလင်းပြီးပါပြီ" လို့ မိုက်ကယ်က ပြောလိုက်တဲ့ အချိန်မှာပဲ ကုလားအုတ်လူသားတွေက ဓားပြအားလုံးကို မချီပြီး ဝိုင်းကြီးတစ်ခု ဖြစ်အောင် စုစည်းလိုက်ကြတယ်။

"ဒါပေမဲ့ သူတို့ နောက်တစ်ခါ ထပ်လာရင်ကော"

"အဲဒါကြောင့်ပဲ ငါက ကုလားအုတ်လူသားတွေကို ဒီမှာ လာပြီး ကူညီပေးဖို့ တောင်းဆိုထားတယ်၊ လုံခြုံရေးအတွက် သူတို့ကို မင်း စိတ်ချလို့ရတယ်"

ကုလားအုတ်လူသားတစ်ယောက်က မီးဖိုချောင်ဘက်ကို တိုးလာပြီး တံခါးဝမှာ ခေါင်းငုံ့ရင်း ဝင်လာခဲ့တယ်။

"သခင်၊ ကျွန်တော်တို့ ဓားပြအားလုံးကို ဖမ်းဆီးထားပြီးပါပြီ"

"တော်ကြတယ်" လို့ မိုက်ကယ်က သူတို့ကို ချီးမွမ်းလိုက်ရင်း "ငါက တိုနီကို ဒီမှာရှိမယ့် မင်းတို့ရဲ့ တာဝန်အသစ်တွေအကြောင်း ပြောပြနေတာ၊ မင်းတို့ကို အနီရောင်မျောက်လူတွေနဲ့ ပူးပေါင်းစေချင်တယ်၊ ရွှေလမ်းမကြီးကို ကင်းလှည့်ပြီး အခုလို ကိစ္စမျိုး နောက်ထပ် မဖြစ်အောင် တားဆီးဖို့ပေါ့" လို့ ဆိုတယ်။

မိုက်ကယ်က ဟော့ဘ်မျောက်လူ ခေါင်းဆောင်ကိုလည်း အနားကို လာဖို့ ပြောလိုက်ပြီး နောက်တစ်ချိန်မှာ ရွှေလမ်းမကြီးရဲ့ လမ်းမကင်းလှည့်ရဲဘော်တွေ ဖြစ်လာမယ့် လူတစ်ပိုင်းသတ္တဝါ နှစ်ဦးကို တရားဝင် မိတ်ဆက်ပေးလိုက်တယ်။

"မင်းတို့ နှစ်ဖွဲ့က တွဲပြီး လုပ်ဆောင်ရမယ်၊ ကုလားအုတ်လူသားတွေအနေနဲ့ မြင်းလိုမျိုး အစီးခံရတာကို ပြဿနာမရှိဘူး မဟုတ်လား"

ကုလားအုတ်လူသားက ခေါင်းညွှတ်လိုက်ရင်း "ကျွန်တော်တို့ ရီနေးတားကို ကာကွယ်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ဖို့ အဆင်သင့်ပါပဲ" လို့ ပြောတယ်။

"ကောင်းပြီ၊ မင်းတို့က လမ်းမကင်းလှည့်ရဲဘော်တွေ ဖြစ်လာမှာဆိုတော့ အရှိန်ပြင်းပြင်းနဲ့ ပြဿနာရှာတဲ့သူတွေကို အမှီလိုက်နိုင်ဖို့ လိုလိမ့်မယ်၊ ငါ မင်းတို့ကို အများကြီး မျှော်လင့်ထားတယ်နော်"

အနီရောင် ဟော့ဘ်မျောက်လူ ခေါင်းဆောင်က ကုလားအုတ်လူသားကို မျက်နှာမူလိုက်တယ်၊ ဘာစကားမှ အပြန်အလှန် မပြောကြပေမဲ့လည်း သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ရီနေးတားအပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုကို အပြန်အလှန် မြင်တွေ့နေရတယ်။ အဲဒီနောက် သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေလိုက်ကြတယ်။

"ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်ပါ့မယ်" လို့ အနီရောင်မျောက်လူက မိုက်ကယ်ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။

"မင်းတို့ရဲ့ ဌာနချုပ်ကတော့ ဒီကားရပ်နားစခန်းမှာပဲ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ရွှေလမ်းမကြီးတစ်လျှောက်ကိုတော့ ပုံမှန် ကင်းလှည့်ပေးစေချင်တယ်၊ အခုလောလောဆယ် မင်းတို့မှာ လူအင်အား နည်းနေသေးတာကို ငါသိပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ မင်းတို့ရဲ့ လူအင်အားကို တိုးမြှင့်ပေးနိုင်ဖို့ ငါတို့ ကြည့်ရတယ်"

လက်ရှိအချိန်မှာ ရီနေးတား နိုင်ငံတော်ထဲမှာ အနီရောင်မျောက်လူ အယောက်တစ်ဆယ်ပဲ ရှိသေးတာကြောင့် မိုက်ကယ်က ကုလားအုတ်လူသား အယောက်တစ်ဆယ်ကိုပဲ ကွင်းစ်နယ်မြေဆီ ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ လမ်းမကင်းလှည့်အဖွဲ့မှာ လောလောဆယ် အယောက်နှစ်ဆယ်ပဲ ရှိသေးပေမဲ့ အနာဂတ်မှာ အထူးသဖြင့် အနီရောင်မျောက်လူတွေရဲ့ လျှို့ဝှက်ရွာကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာတော့ သေချာပေါက် လူအင်အား တိုးပွားလာမှာပါ။

"ကဲ၊ အခုတော့ ဓားပြတွေနဲ့ တွေ့ဆုံရမယ့် အချိန်ရောက်ပြီ ထင်တယ်၊ တိုနီ၊ မင်း အဆင်ပြေရဲ့လား"

တိုနီက ခေါင်းငြိမ့်ပြရင်း "နည်းနည်းတော့ လန့်နေတုန်းပဲ၊ ဒါပေမဲ့ ဒီလူတွေက စားသောက်ဆိုင်ကို ကာကွယ်ပေးမယ်ဆိုတာ သိရတော့ ပိုပြီး စိတ်အေးသွားပါပြီ" လို့ ပြောတယ်။

ကုလားအုတ်လူသားနဲ့ မျောက်လူတို့က ယုံကြည်မှုအပြည့်နဲ့ သူတို့ရဲ့ ရင်ဘတ်တွေကို ပုတ်ပြကြတယ်။

"စိတ်မပူပါနဲ့ အဖေ၊ သား နောက်ကျရင် အဖေတို့ကို ကာကွယ်ပေးမယ်" လို့ ရီမီက ကြားဖြတ်ပြောလာတယ်။ "သားလည်း အဲဒီ ဒရာဂွန်ဘွန်းတွေလို ဖြစ်အောင် လုပ်မှာ"

တိုနီက ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ပန်းကန်ထဲက နောက်ဆုံး ကြက်သားတစ်တုံးအတွက် တစ်ယောက်ကိုတစ်ယောက် လည်ပင်းညှစ်လုမတတ် ဖြစ်နေကြတဲ့ ဒရာဂွန်ဘွန်း နှစ်ယောက်ကို မြင်လိုက်ရတယ်။ ကြက်သားတုံးက ကြမ်းပြင်ပေါ် ကျသွားတာတောင်မှ သူတို့က အသစ်အတိုင်းပဲ သဘောထားပြီး လုနေကြတုန်းပါပဲ။

စားသောက်ဆိုင်ထဲက ကိစ္စအရပ်ရပ်ကို ရှင်းလင်းပြီးတဲ့နောက်မှာတော့ မိုက်ကယ်က အပြင်ဘက်ကို ထွက်လာခဲ့တယ်၊ ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ သတိမေ့ပြီး လဲကျနေကြတဲ့ ဓားပြပုံကြီးကို သူ မြင်လိုက်ရတယ်။

ဝံပုလွေအော့ခ် အရိပ်ဝံပုလွေတစ်ယောက်က မိုက်ကယ်နား တိုးလာပြီး "သူ့ကို အခုပဲ ခေါ်လိုက်ရမလား သခင်" လို့ မေးတယ်။

"ရတယ်လေ" လို့ မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။

အော့ခ်က လူတစ်ယောက်ကို အဝေးကနေ ခေါ်ဆောင်ဖို့အတွက် သူ့ရဲ့ အရိပ်အတွင်း သယ်ယူပို့ဆောင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်တဲ့ အချိန်မှာပဲ မိုက်ကယ်ကလည်း အိပ်ပျော်နေတဲ့ ဓားပြအားလုံးကို အိပ်ရာကနေ နှိုးဖို့အတွက် ရိုးရှင်းတဲ့ ရေလုံးမန္တန် ကို အသုံးပြုလိုက်တယ်။

"ဘယ်... ဘာဖြစ်သွားတာလဲ"

ဓားပြတွေ ဖြည်းဖြည်းချင်း သတိပြန်ရလာတဲ့အချိန်မှာ သူတို့ဆီ တိုးကပ်လာတဲ့ လူတစ်ယောက်ရဲ့ အရိပ်ပုံသဏ္ဌာန်ကို မြင်လိုက်ရလို့ မျက်လုံးတွေ ပွင့်လာကြတယ်။ သူတို့ရဲ့ ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်တွေကို လှုပ်ရှားဖို့ ကြိုးစားလိုက်ပေမဲ့လည်း သူတို့ရဲ့ လက်တွေက နောက်ပြန် ခြေချုပ်အနှောင်ခံထားရပြီဆိုတာကို သိလိုက်ရတယ်။

"ငါတို့ သခင်က မင်းတို့ကို မေးခွန်းအချို့ပဲ မေးချင်တာပါ" လို့ အသံတစ်သံက သူတို့ကို ပြောလိုက်တယ်။

"ငါတို့ ဘာမှ ပြောမှာ မဟုတ်ဘူး..." လို့ ဓားပြတစ်ယောက်က တိုးတိုးလေး ရေရွတ်ရင်း "မင်းတို့ ငါ့ကို ဒီအတိုင်း သတ်လိုက်သင့်တာ" လို့ ဆိုတယ်။

"ဒီမှာရှိတဲ့သူ အားလုံးက တခြားကုမ္ပဏီတစ်ခုအောက်မှာ ဒူးထောက်မယ့်အစား သေတာကိုပဲ ရွေးကြလိမ့်မယ်"

"တောက်၊ ဖလဲယားကော့ပ်က ငါတို့ဆီ လာတုန်းက စလစ်ဇီတို့လိုမျိုး အဖွဲ့ထဲကနေ ဒီအတိုင်း ထွက်သွားခဲ့သင့်တာ"

အဲဒီလူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း "ငါ အဖွဲ့ထဲက ထွက်သွားခဲ့တာ မဟုတ်ဘူး၊ ဖမ်းဆီးခံလိုက်ရတာ" လို့ ပြောလိုက်တယ်။

စလစ်ဇီက ဓားပြတွေနားကို တိုးကပ်သွားပြီး သူ့ရဲ့ ထင်ရှားတဲ့ မျက်နှာနဲ့ ချွန်ထက်တဲ့ မေးစေ့ကို သူတို့ မြင်အောင် ပြလိုက်တယ်။ သူတို့အနေနဲ့ သူ့ကို တခြားသူတစ်ယောက်လို့ မှားစရာ အကြောင်းမရှိပါဘူး၊ သူက ငြင်းပယ်တာကို လုံးဝလက်မခံဘဲ သူလိုချင်တာမှန်သမျှကို အတင်းယူတတ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စလစ်ဇီပဲ။

"မင်း သေသွားပြီလို့ ငါတို့ ထင်နေတာ"

"မင်း... မင်းက အခု သူတို့နဲ့ တစ်ဖွဲ့တည်း ဖြစ်နေပြီပေါ့ ဟုတ်လား"

စလစ်ဇီက ဓားပြတွေကို သနားစရာ သတ္တဝါတွေလို ကြည့်လိုက်ရင်း "မဟုတ်သေးပါဘူး၊ လောလောဆယ်တော့ မဟုတ်သေးဘူး၊ ငါ အဲဒီလို အဆင့်မျိုး ရောက်အောင် မစွမ်းဆောင်နိုင်သေးလို့ပါ" လို့ ပြန်ပြောတယ်။

"ဘာလို့လဲ" လို့ ဓားပြက အက်ကွဲကွဲအသံနဲ့ အော်ဟစ်လိုက်ရင်း "မင်းက တကယ့် ဓားပြစစ်စစ်ရဲ့ ပြယုဂ်ပဲလေ၊ ဥပဒေလည်း ဂရုမစိုက်ဘူး၊ လူသားချင်းစာနာမှုလည်း မရှိဘူး၊ ကိုယ်ကျင့်တရားလည်း မရှိတဲ့သူ... မင်း ဘာဖြစ်သွားရတာလဲ" လို့ မေးတယ်။

"ငါက... ရီနေးတားနိုင်ငံသား ဖြစ်သွားခဲ့တာ၊ ငါက သေသင့်ခဲ့တဲ့သူပါ၊ ဒါပေမဲ့ ဒုတိယအကြိမ် အခွင့်အရေး ရခဲ့တယ်၊ ပိုကောင်းတဲ့ ဘဝတစ်ခုပေါ့၊ ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံး ကိစ္စတွေကို အမှားကြီး မှားခဲ့တယ်ဆိုတာကိုလည်း ငါ သိမြင်သွားခဲ့တယ်၊ အခုတော့ မင်းတို့ကိုလည်း အဲဒီအသိတရား ရစေချင်တာပဲ"

ကျန်တဲ့ ဓားပြတွေက စလစ်ဇီကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်ကြရင်း သူက တကယ်ပဲ စလစ်ဇီလား ဒါမှမဟုတ် ပုံတူပွားထားတဲ့သူလားဆိုတာကို တွေးတောနေကြတော့တယ်။

"မင်းတို့ မကြာခင် သိရမှာပါ" လို့ စလစ်ဇီက ပြုံးရင်း ပြောလိုက်တယ်။

* * * * * * * *

စာစဉ်(၂၈)

အခန်း(၃၂၈)

ဓားပြတွေဟာ ညှဉ်းပန်းနှိပ်စက်တာနဲ့ မတရားဆက်ဆံတာကလွဲလို့ တခြားဘာမှ မျှော်လင့်မထားကြတဲ့အချိန်မှာ မက်တိုနီစ် ကြက်ကြော်တစ်တုံးစီ ရုတ်တရက် ကျွေးမွေးခြင်းခံလိုက်ရတာမို့ အကုန်လုံး ကြောင်အမ်းသွားကြတယ်။ ပထမတော့ ဒါဟာ အဆိပ် ဒါမှမဟုတ် တစ်ခုခု ခတ်ထားတာလို့ ထင်ခဲ့ကြပေမဲ့ တစ်ကိုက် ကိုက်လိုက်ရုံနဲ့တင် သူတို့မျက်လုံးတွေဟာ အံ့ဩဝမ်းသာမှုတွေနဲ့ ဝိုင်းစက်သွားကြတော့တယ်။

“ဒါက ရီနေးတားရဲ့ အကျဉ်းသားတစ်ယောက် ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲလေ” လို့ စလစ်ဇီက သူတို့ကို ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ ဂီနင် အဆင့်ရှိတဲ့ အရိပ်ဝံပုလွေ ၃၀ လောက် ပေါ်လာပြီး ဓားပြတစ်ယောက်ချင်းစီကို တွဲခေါ်ကာ ရီနေးတားနိုင်ငံတော်ဆီ တိုက်ရိုက်ခေါ်ဆောင်သွားပြီး ထောင်ရဲ့ ကွင်းပြင်ကျယ်ထဲကို ဆင်းသက်လိုက်ကြတယ်။

အဲဒီနေရာမှာတော့ သူတို့ဟာ အကျဉ်းသားတစ်ယောက်ပဲ ဖြစ်နေသေးတာတောင်မှ သူတို့အတွက် စီစဉ်ပေးထားတဲ့ သက်တောင့်သက်သာရှိမှုတွေနဲ့ အကျိုးခံစားခွင့် အားလုံးကို မြင်တွေ့လိုက်ရတယ်။ အိပ်ဖို့အတွက် နွေးနွေးထွေးထွေး တစ်ခုခု ရှိနေတယ်ဆိုတဲ့ အချက်တင်ပဲ သူတို့ အရင်က နေခဲ့တဲ့ ဓားပြဂူထဲက ဘဝထက် အဆပေါင်းများစွာ ပိုကောင်းနေပါပြီ။ ဒါတင်မကဘဲ ဓားပြတိုက်လို့ရတဲ့ ပိုက်ဆံနဲ့တောင် ဝယ်မစားနိုင်လောက်တဲ့ အလွန်ကောင်းမွန်တဲ့ အစားအစာတွေကိုလည်း သူတို့ ကျွေးမွေးခြင်း ခံကြရတယ်။

စလစ်ဇီက ဓားပြတွေအတွက် ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်တယ်။ နာမည်ကျော် သေမင်းလက်သည်းက သူ့ကို ထောင်ထဲကဘဝကို ဘယ်လိုလက်ခံရမလဲဆိုတာ သင်ပေးခဲ့သလိုမျိုး၊ သူကလည်း ဒီဓားပြတွေကို ရီနေးတားမှာ နေရတာ ဘယ်လောက်ကောင်းလဲဆိုတာ သိရှိနားလည်အောင် ကူညီပေးမယ့် စီနီယာတစ်ယောက် ဖြစ်လာတော့မှာပေါ့။

ပထမဆုံး ဓားပြအုပ်စုကို အောင်အောင်မြင်မြင် ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက်မှာတော့ မိုက်ကယ်နဲ့ ရီနေးတားနိုင်ငံသားတွေဟာ ကွင်းစ်နယ်မြေထဲမှာ လှည့်လည်သွားလာနေတုန်းဖြစ်တဲ့ ကျန်တဲ့ဓားပြတွေအပေါ်ကို အာရုံစူးစိုက်လိုက်ကြတယ်။

“သူတို့ အခု ဘာဆက်လုပ်ဖို့ ပြင်နေကြလဲ” လို့ မိုက်ကယ်က နာရီတိုနဲ့ ဆာစူကီကို မေးလိုက်တယ်။

“ဘူတိုတို... ကျွန်တော့ရဲ့ ကိုယ်ပိုင် အလယ်အလတ်အဆင့် အရိပ်ဝံပုလွေ ၅၀ ကို ဒီနယ်မြေကို စူးစမ်းဖို့ စေလွှတ်ခဲ့ပြီးပါပြီ။ ရွှေလမ်းမကြီး ဘေးပတ်ပတ်လည်မှာ ပုန်းအောင်းစောင့်ဆိုင်းနေတဲ့ တခြားဓားပြအုပ်စုတချို့ကိုလည်း တွေ့ထားတယ်။ သူတို့က ကျွန်တော်တို့ရဲ့ တက္ကစီတွေနဲ့ ဘတ်စ်ကားတွေကို ပစ်မှတ်ထားနေကြတာ။ ကျွန်တော့်ရဲ့ ဝံပုလွေအော့ခ်တွေက အဲဒီပြဿနာရှာတဲ့ကောင်တွေကို ဘာမှမဖြစ်သလိုမျိုး နင်းချေပစ်မှာ အသေအချာပါပဲ” လို့ နာရီတိုက အစီရင်ခံတယ်။

“ရာတာတာ... သူဌေး... ကျွန်တော်ကတော့ အလယ်အလတ်အဆင့် အရိပ်ဝံပုလွေ ၅၀ နဲ့ တင် မလုံလောက်ဘူးလို့ ထင်တာနဲ့ ကျွန်တော်တို့ ရီနေးတားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒရိုင်ဘာတွေနဲ့အတူ လိုက်ပါဖို့အတွက် အဆင့်မြင့် အရိပ်ဝံပုလွေ ၃၀ ကို စေလွှတ်ထားလိုက်တယ်။ ဓားပြတွေ တိုက်ခိုက်တာနဲ့ သူတို့ ကာကွယ်မှု ရမှာပါ” လို့ ဆာစူကီက သူ့ရဲ့ပြိုင်ဘက်ကို လှောင်ပြုံး ပြုံးပြရင်း ပြောလိုက်တယ်။

“ဟင်... မင်းက ငါ့ရဲ့ ဝံပုလွေအော့ခ်တွေက ဓားပြတွေကို နှိမ်နင်းဖို့ မလုံလောက်ဘူးလို့ ပြောချင်တာလား” နာရီတိုက ရင်ဘတ်ကို မတ်ပြီး အားရပါးရ ပုတ်ခတ်ရင်း ဆာစူကီဘက်ကို လှည့်ကာ ရင်ဆိုင်လိုက်တယ်။

“ငါက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတာပါ” ဆာစူကီက ပြန်ပက်လိုက်တယ်။ “မင်းရဲ့ အော့ခ်တွေ မစ်ရှင်တစ်ခုကို ပျက်စီးအောင်လုပ်ခဲ့တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ”

“မင်း ဘာပြောလိုက်တယ်... ဘူတိုတို...”

“ရာတာတာ... မင်း ကြားတဲ့အတိုင်းပဲလေ...”

မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်တယ်။ “ကဲ... ကဲ... တော်ကြပါတော့။ မင်းတို့ရဲ့ အပြိုင်အဆိုင်တွေကို အခုလောလောဆယ် ဘေးဖယ်ထားလိုက်ကြစမ်းပါ”

“သခင်... ဒီမစ်ရှင်ကို ကျွန်တော်တို့အဖွဲ့ကိုပဲ ပေးလိုက်ပါ။ သခင် စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ကတိပေးပါတယ်” လို့ ဆာစူကီက ပြောရင်း သူ့ကိုယ်သူ ပိုကြီးမားလာအောင် သူ့ရဲ့ဆူးတွေကို ဖြန့်လိုက်ရာကနေ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ပြိုင်ဘက်ဆီကို ဆူးအနည်းငယ် လွင့်စင်သွားတယ်။

“အား... မင်းရဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ ဆူးတွေကို ငါ့နားက ဖယ်စမ်း။ သခင်... ကျွန်တော်တို့ ဒီမစ်ရှင်ကို လုပ်ပါရစေ။ ကျွန်တော့်ရဲ့ ပူးတွဲမျိုးနွယ်စုခေါင်းဆောင်က သူ့ရဲ့ ကိုယ်ပိုင်ဆူးတွေကိုတောင် ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ ဒီလိုမျိုး ပေါ့ဆတတ်တဲ့ စိတ်နဲ့ မစ်ရှင်ကို ကောင်းကောင်း အကောင်အထည်ဖော်နိုင်မယ်လို့ မမျှော်လင့်နိုင်ပါဘူး”

မိုက်ကယ်က ခေါင်းခါလိုက်တယ်။ “အခုလောလောဆယ်တော့ ကျွန်တော်တို့ ရင်ဆိုင်နေရတာက ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဓားပြတစ်စုပဲ ဖြစ်တာမို့ မင်းတို့ နှစ်ယောက်လုံးကို ဒီမစ်ရှင် မပေးတော့ဘူး”

“ဘာဖြစ်လို့လဲ သခင်... သခင် သေချာလို့လား...”

“ကျွန်တော်တို့ မဟုတ်ရင် ဘယ်သူ လုပ်မှာလဲ...”

“ကျွန်တော်တို့ရဲ့ တက္ကစီဒရိုင်ဘာတွေကိုပဲ သူတို့ဘာသာသူတို့ ကာကွယ်ခွင့် ပေးလိုက်မယ်” လို့ မိုက်ကယ်က ဖွင့်ဟလိုက်တယ်။

“သခင်...” အော့ခ်ခေါင်းဆောင် နှစ်ယောက်လုံး ပြိုင်တူ ရေရွတ်လိုက်မိကြတယ်။

“စိတ်မပူပါနဲ့။ သူတို့ကို ကူညီပေးမယ့် အရာတစ်ခု ငါ ပေးထားပြီးသားပါ”

မိုက်ကယ်ဟာ အရိပ်ဝံပုလွေတွေရဲ့ အကူအညီမပါဘဲ ရီနေးတားနိုင်ငံသားတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မလားဆိုတာကို ကြည့်ချင်နေတာဖြစ်တယ်။ နောက်ဆုံးတော့ သူတို့အားလုံးမှာ ‘အခြေခံ သဟဇာတ ကာကွယ်ရေးစွမ်းရည်’ ရှိကြပြီးသားဖြစ်သလို နိုးထလာတဲ့အချိန်တုန်းကလည်း အခြေခံ မှော်စွမ်းအားမန္တန်တွေကို သင်ယူခဲ့ကြပြီးသားပဲ။ သူတို့အနေနဲ့ ဓားပြတစ်စုကိုတော့ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ရမယ်လေ။

ဒါပေမဲ့ အခြေအနေတွေ အလွန်အမင်း ဆိုးဝါးလာရင် ဒရိုင်ဘာတွေကို ကူညီပေးဖို့အတွက် အရိပ်ဝံပုလွေတွေကို မိုက်ကယ်က ညွှန်ကြားထားပြီးသားပါ။ ဒါတင်မကသေးဘဲ တိုက်ပွဲရဲ့ အလှည့်အပြောင်းကို အဆုံးအဖြတ်ပေးနိုင်မယ့် ဝှက်ဖဲအချို့ကိုလည်း သူတို့ဆီ အပ်နှင်းထားသေးတယ်။

* * * * * * * *

ဒီအတောအတွင်းမှာတော့ မည်သည့် မြို့ကြီးပြကြီးနဲ့မဆို ရက်အနည်းငယ်လောက် ဝေးကွာတဲ့ ရွှေလမ်းမကြီးရဲ့ လူသူဆိတ်ညံတဲ့ နေရာတစ်ခုမှာ ရီနေးတား တက္ကစီတစ်စီးဟာ ညီညာတဲ့ အဝေးပြေးလမ်းမပေါ်မှာ တစ်နာရီကို ကီလိုမီတာ ၆၀ နှုန်းနဲ့ သုတ်ခြေတင် မောင်းနှင်နေတယ်။

သူ့ရဲ့ခရီးသည်ကတော့ ခရီးသွားကုန်သည်တစ်ယောက်ဖြစ်ပြီး အန်ဂိုရာမြို့မှာ သွားရောက်ရောင်းချဖို့အတွက် အဖိုးတန် ဆေးဖက်ဝင်အပင်တချို့ကို လာရောက်သိမ်းဆည်းဖို့ ဂရက်ဖ်တက်ကလတ်စတာဆီ ရောက်လာခဲ့တာဖြစ်တယ်။

ဒီရီနေးတား တက္ကစီကားလေးထဲမှာ နောက်ခန်းမှာ တင်ထားတဲ့ အပင်တချို့နဲ့အတူ သူတို့နှစ်ယောက်တည်းသာ ရှိနေတယ်။ လမ်းရဲ့ ဒီအပိုင်းမှာ တခြားဘယ်တက္ကစီကားကိုမှ မတွေ့ခဲ့ရတာကြောင့် ခရီးစဉ်က ပိုပြီးတော့တောင် ပျင်းစရာကောင်းနေသေးတယ်။ နေကလည်း စပြီး ဝင်နေပြီဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ဟာ ရီနေးတား ကားရပ်နားစခန်းဆီ ရောက်ဖို့ တစ်ရက်လောက် လိုသေးတယ်။ ဒါကြောင့် အခုလောလောဆယ်တော့ ဒီတောရိုင်းထဲမှာပဲ စခန်းချရတော့မှာပေါ့။

ဒရိုင်ဘာက ကားကို လမ်းဘေးကို ချမောင်းလိုက်ပြီး တောရိုင်းထဲက ဘေးကင်းပုံရတဲ့ နေရာတစ်ခုကို ရွေးချယ်လိုက်တယ်။ သူတို့ စခန်းချတဲ့နေရာကို အပင်တွေနဲ့ သစ်တောတွေက ဖုံးကွယ်ပေးထားတာမို့ အလွယ်တကူ အမြင်ခံရမှာ မဟုတ်ဘူး။

ဒါပေမဲ့ သူတို့ အိပ်ယာလိပ်တွေကို ဖြန့်ခင်းပြီးခါစမှာပဲ ချုံပုတ်တွေထဲကနေ တစ်လှုပ်လှုပ်နဲ့ အသံတွေ ထွက်ပေါ်လာတယ်။ မကြာခင်မှာပဲ စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဓားပြသုံးယောက်ဟာ ဒရိုင်ဘာနဲ့ ကုန်သည်ရဲ့ ရှေ့မှာ ကိုယ်ထင်ပြလာကြတော့တယ်။

သူတို့ဟာ ခါးကနေ ဓားမြှောင်တွေကို ထုတ်ပြီး ဟိုဟိုဒီဒီ ရမ်းပြလိုက်ကြတယ်။ ဓားသွားဟာ လရောင်အောက်မှာ တလက်လက် တောက်ပနေပြီး ၎င်းရဲ့ ထက်မြက်တဲ့ ဖြတ်တောက်နိုင်စွမ်းကို ပြသနေသလိုပဲ။

“မင်းတို့မှာရှိတဲ့ ပိုက်ဆံတွေ အကုန်ပေးစမ်း။ အဲဒါဆို မင်းတို့ကို မသတ်ဘူး” လို့ ပုခုံးကာတစ်ခုတည်းသာ ဝတ်ဆင်ထားတဲ့ ဓားပြတစ်ယောက်က ခြိမ်းခြောက်လိုက်တယ်။

“ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံပေးစမ်း...”

“ကုန်သည်တစ်ယောက်ပဲဟေ့... ထီပေါက်တာပဲ...”

ခရီးသည် ကုန်သည်က တုန်ရင်နေတဲ့ လက်တွေကို မြှောက်လိုက်တယ်။ “ကျွန်... ကျွန်တော့်ကို... မနာကျင်စေပါနဲ့နဲ့...”

ဓားပြသုံးယောက်လုံး ရယ်မောလိုက်ကြတယ်။ ဒီလိုကုန်သည်တွေကို ဓားပြတိုက်ရတာ လွယ်ကူလွန်းတယ်လေ၊ အထူးသဖြင့် သူတို့အနားမှာ ဘယ်အစောင့်အရှောက်မှ မရှိတဲ့အချိန်မျိုးမှာပေါ့။

“ကျွန်တော့်ရဲ့ ရွှေဒင်္ဂါးတွေအကုန်လုံး... ဟိုဘက်မှာ ရှိပါတယ်...” လို့ ကုန်သည်က စကားတွေ ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်တယ်။

ဓားပြတွေဟာ မီးဖိုနားမှာ ပုံထားတဲ့ ကျောပိုးအိတ်တွေကို ကြည့်ပြီး လောဘတကြီး မျက်လုံးတွေနဲ့ ချဉ်းကပ်သွားကြတယ်။

“မင်းတို့ အဲဒီလို လုပ်လို့မရဘူး။ သူက ရီနေးတားရဲ့ ခရီးသည်တစ်ယောက်ပဲ။ သူနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျွန်တော်တို့ရဲ့ အာဏာပိုင်အဖွဲ့က ကာကွယ်ပေးထားတယ်”

ဓားပြသုံးယောက်လုံးက ရီနေးတား တံဆိပ်ပါတဲ့ ရိုးရှင်းတဲ့ အဖြူရောင် လက်ရှည် တီရှပ်နဲ့ ကပ္ပတိန်ဦးထုပ်ကို ဆောင်းထားတဲ့ ဒရိုင်ဘာကို လှည့်ကြည့်လိုက်ကြတယ်။

“ဘယ်သူ့အာဏာနဲ့လဲ” ပုခုံးကာနဲ့ ဓားပြက လှောင်ပြောင်လိုက်တယ်။ “မင်းက ဒရိုင်ဘာတစ်ယောက်သက်သက်ပဲဟာကို”

သူက ကျန်တဲ့ ဓားပြနှစ်ယောက်ကို ထိုလူကို ကိုင်တွယ်ဖို့ အချက်ပြလိုက်တယ်။

သူတို့ဟာ ရီနေးတားနိုင်ငံသား ဒရိုင်ဘာဆီကို ဓားမြှောင်တွေကို ‘ခြိမ်းခြောက်တဲ့အနေနဲ့’ ဝှေ့ယမ်းရင်း ချဉ်းကပ်သွားကြတယ်။

ဒါပေမဲ့ ကြောက်လန့်သွားမယ့်အစား ဒရိုင်ဘာက သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်မောင်းတွေကို မြှောက်လိုက်တယ်။ “ကျွန်တော်က ဒရိုင်ဘာသက်သက်တင် မဟုတ်ဘူးဗျ” လို့ သူက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။ “ကျွန်တော်က ရီနေးတားနိုင်ငံသား တစ်ယောက်ပဲ”

ဒရိုင်ဘာက သူ့အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး သေးငယ်ကာ ညိုမှောင်ပြီး လုံးဝန်းတဲ့ အရာဝတ္ထုလေးတစ်ခုကို ထုတ်ပြလိုက်တယ်။ ထိုဆေးလုံးရဲ့ ခါးသက်သက် အနံ့ဟာ လေထုထဲမှာ ပျံ့လွင့်သွားတော့တယ်။

ဓားပြတွေ ဇဝေဇဝါ ဖြစ်နေတုန်းမှာတင် ဒရိုင်ဘာက အဲဒီဆေးလုံးကို တစ်ငုံတည်းနဲ့ မျိုချလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ရီနေးတားနိုင်ငံသား ဒရိုင်ဘာဆီကနေ စွမ်းအင်တွေ ရုတ်တရက် ပေါက်ကွဲထွက်လာတယ်။ ဓားပြတွေဟာ သူတို့မျက်နှာကို လာရောက်ရိုက်ခတ်တဲ့ လေပြင်းဒဏ်ကနေ ကာကွယ်ဖို့ လက်မောင်းတွေကို မြှောက်လိုက်ကြရတယ်။

လေငြိမ်သွားတဲ့အခါမှာတော့ သူတို့ဟာ ဒရိုင်ဘာကို ပြန်ကြည့်လိုက်ကြတယ်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ...”

ဓားပြနှစ်ယောက်လုံးဟာ ဒရိုင်ဘာဆီကနေ ထွက်ပေါ်လာတဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဖိအားကြီးကို ခံစားလိုက်ရတယ်။ ဒီလူဟာ စက္ကန့်ပိုင်းအတွင်းမှာတင် ကြယ်သုံးပွင့်နယ်ပယ်ကို အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်သွားသလိုမျိုးပဲ။

ဒါဟာ မဖြစ်နိုင်ရုံတင်မကဘူး၊ ကြယ်နှစ်ပွင့်ရဲ့ အောက်ခြေအဆင့်ကနေ ကြယ်သုံးပွင့်ရဲ့ အမြင့်ဆုံး အထွတ်အထိပ်အဆင့်နီးပါးအထိ တက်လှမ်းသွားတာလေ။

“မင်းတို့ နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ” လို့ ပုခုံးကာနဲ့ ဓားပြက အော်ဟစ်လိုက်တယ်။ “သူ့ကို တိုက်ခိုက်ကြစမ်း”

ဒါပေမဲ့ သူတို့ ထိတ်လန့်တုန်လှုပ်မှုကနေ မလွတ်မြောက်နိုင်ခင်မှာတင် ဒရိုင်ဘာက သူ့လက်တွေကို မြှောက်ပြီး သူ့လက်ဖဝါးထဲမှာ မှော်စက်ဝိုင်းတစ်ခုကို ဆင့်ခေါ်လိုက်တယ်။

ရေတိုင်လုံးကြီး နှစ်ခုဟာ ဓားပြနှစ်ယောက်ရဲ့ ဘေးမှာ ပေါ်ထွက်လာပြီး တစ်ခုချင်းစီဟာ သစ်ပင်ပင်စည်တစ်ခုလောက် ထူထဲကာ လူတစ်ယောက်စာလောက် မြင့်မားတယ်။

ရုတ်တရက် အဲဒီရေတိုင်လုံးကြီးတွေဟာ အောက်ခြေကနေ ထိပ်ပိုင်းအထိ ကွေးညွတ်နေတဲ့ ဓားသွားကဲ့သို့ လက်မောင်းတွေ ထွက်ပေါ်လာတယ်။

အဲဒီဓားသွားတွေဟာ စတင်လည်ပတ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာတင် အရှိန်အဟုန်ကနေ အလွန်အမင်း မြန်ဆန်တဲ့အရှိန်ကို ပြောင်းလဲသွားတယ်။

ဓားပြတွေရဲ့ ဓားမြှောင်တွေဟာ ဒီတိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့ရဲ့ သက်ဆိုင်ရာ မန္တန်တွေကို အသုံးပြုဖို့ ကြိုးစားရင်း မတူညီတဲ့ အရောင်အသွေးတွေနဲ့ တောက်ပလာကြတယ်။

ကံမကောင်းစွာနဲ့ပဲ သူတို့အတွက်တော့ ဒရိုင်ဘာက မန္တန်ကို အဆုံးသတ်လိုက်ပြီဖြစ်တယ်။

“ကားရေဆေးခြင်း...” လို့ ဒရိုင်ဘာက အော်ဟစ်လိုက်တော့တယ်။

All Chapters