← Chapters

အခန်း (၁၁၆-၁၁၇)

Vol. 12 Ch. 116-117

အခန်း (၁၁၆-၁၁၇)

Vol. 12 Ch. 116-117

အခန်း ၁၁၆ - တန်စန်း၏ စိတ်အနှောင့်အယှက်ဖြစ်စရာမျာ။

ဘုံခုနစ်ဆင့်ပြဿဒ်ဂိုဏ်း၏ ဂိုဏ်းချုပ် နင်ဖုန်းကျီသည် ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်သည်။ သူ၏ဂိုဏ်းတွင် အားနည်းချက်မှာ ထောက်ပံ့ရေး ဝိဉာဥ်ပညာရှင်များ၏ တိုက်ခိုက်နိုင်စွမ်း နည်းပါးခြင်းဖြစ်သည်။

သို့သော် ရှောင်ချန်ယွီ ထုတ်ဖော်လိုက်သော ကိုယ်ခံပညာများသည် ဝိဉာဥ်ကို မမှီခိုဘဲ အသုံးပြုနိုင်သဖြင့် နင်ဖုန်းကျီအတွက် အလွန်စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

"ရှောင်ချန်ယွီရဲ့ လေ့ကျင့်နည်းတွေကိုသာ ငါတို့ဂိုဏ်းက သင်ယူနိုင်မယ်ဆိုရင်... ငါတို့ရဲ့ ထောက်ပံ့ရေး ဝိဉာဥ်ပညာရှင်တွေဟာ တိုက်ခိုက်ရေးမှာပါ အားကောင်းလာလိမ့်မယ်။"

သူ့ဘေးတွင် အရိုးတုံ့လောက ရှောင်ချန်ယွီ၏ စွမ်းရည်ကို ချီးကျူးစကားဆိုသည်။ သို့သော် ဓားဒိုတုံ့လောချန်ရှင်းမှာမူ မကျေနပ်သည့်အမူအရာဖြင့် ရှိနေသည်။ သူတို့ဂိုဏ်းသည် ဝိဉာဥ်နန်းတော်နှင့် အစဉ်တစိုက် ရန်ဘက်ဖြစ်နေသော ထျန်းတိုအင်ပါယာနှင့် နီးကပ်စွာ ပူးပေါင်းထားသောကြောင့် ဝိဉာဥ်နန်းတော်၏ အစိတ်အပိုင်းဖြစ်သော ရှောင်ချန်ယွီကို မနှစ်မြို့ကြပေ။

သို့သော် နင်ဖုန်းကျီမှာမူ ပညာရှိသူဖြစ်သည်။ သူသည် ရှောင်ချန်ယွီနှင့် ရန်သူမဖြစ်လိုဘဲ မိတ်ဖွဲ့လိုသည့်သဘောထား ရှိနေသည်။

"ဒီကလေး ရှောင်ချန်ယွီကို ငါ မှတ်ထားလိုက်မယ်။"

မူလဇာတ်လမ်းတွင် နင်ဖုန်းကျီသည် တန်စန်း၏ လှည့်စားမှုကြောင့် ဝိဉာဥ်နန်းတော်ကို ဆန့်ကျင်သည့် အဖွဲ့တွင် ပါဝင်ခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် နောက်ဆုံးတွင် သူ၏ ဂိုဏ်းမှာ အပြီးတိုင် ပျက်စီးသွားရပြီး ချစ်ခင်ရသော ဓားတုံ့လောနှင့် အရိုးတုံ့လောတို့မှာလည်း အသက်ပေးခဲ့ရသည်။

ယခုအခါတွင် နင်ဖုန်းကျီသည် မှန်ကန်သော ရွေးချယ်မှုတစ်ခုကို စတင်ပြုလုပ်နေပြီ ဖြစ်ရာ အနာဂတ်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

တစ်ဖက်တွင် ရှီလိုင်ခဲကျောင်းရှိ သစ်သားအိမ်ခန်းငယ်တစ်ခုအတွင်း၌မူ တန်စန်းမှာ ဒေါသထွက်လျက် အော်ဟစ်နေသည်။

"မဟုတ်ဘူးးး ဒီအကောင် ရှောင်ချန်ယွီ... ဒီ ဝိဉာဥ်နန်းတော်က လူယုတ်မာ သူက ငါ့ရဲ့ ဆရာ ကျောက်ဝူကျိကို သတ်ပစ်လိုက်တယ်။ ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့သူလဲ။"

တန်စန်းသည် ရှီလိုင်ခဲကျောင်းသို့ ရောက်ရှိပြီးကတည်းက သူတို့သာ အမြဲတမ်း အနိုင်ကျင့်လာခဲ့ခြင်းဖြစ်သည်။ ရှီလိုင်ခဲကျောင်း၏ ဝါဒမှာ ပြဿနာရှာရဲခြင်း မရှိလျှင် သာမညလူသားသာဖြစ်သည် ဟူသည့်အတိုင်းပင်ဖြစ်သည်။

ယခင်က သူတို့သည် ချန်ယွီအကယ်ဒမီကဲ့သို့သော အခြားအကယ်ဒမီများကို လည်းအကြောင်းမဲ့ ပြဿနာရှာခဲ့ဖူးသည်။

ယခုမူ ထိုသို့သော မာနကြီးသည့်အကျင့်ကြောင့် ရှောင်ချန်ယွီနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ အဓိက အင်အားစုဖြစ်သူ ကျောက်ဝူကျိ သေဆုံးသွားရပြီဖြစ်သည်။

တန်စန်းသည် မိမိတို့ အမြဲတမ်း အနိုင်ရနေကျဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ရှောင်ချန်ယွီ၏ လက်ချက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ကြီးမားသော ထိုးနှက်ချက်ကို ခံစားလိုက်ရပြီး စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

အခန်း ၁၁၇ - ထိတ်လန့်သွားသော တိုက်မုပိုင်။

ဝိဉာဥ်ကုန်းမြေတွင် ထန်ဂိုဏ်းစည်းမျဉ်းများဟုခေါ်သော အလွန်အံမဝင်ခွင်မကျသည့် အရာတစ်ခုရှိသည်။

ဝတ္ထုထဲတွင်အထူးသဖြင့် ထန်စန်း ကမ္ဘာလောကထဲသို့ စတင်ဝင်ရောက်လာချိန်တွင်ဤ ထန်ဂိုဏ်းစည်းမျဉ်းများသည် ထန်စန်း၏လုပ်ရပ်များအတွက် လမ်းညွှန်မှု ပေးရန်အတွက် အခါအားလျော်စွာ ပေါ်လာလေ့ရှိပြီး သူ၏အပြုအမူများအတွက် အခြေခံသီအိုရီ တစ်ခုအဖြစ် လုပ်ဆောင်ပေးသည်။

သို့သော်လည်း ထန်ဂိုဏ်းစည်းမျဉ်းများ၏ အချို့သော အချက်များသည် လက်ခံရန် အလွန်ခက်ခဲသည်။ ဥပမာအားဖြင့် ထန်စန်း၏ ဝိဉာဥ်နှစ်မျိုးပိုင်ဆိုင်ထားသည့် လျှို့ဝှက်ချက်ကို ယွီရှောင်ကန်း ထံမှ ပထမဆုံးအကြိမ် ပေါက်ကြားသွားသည့်အခါသူသည် သူ့ကို ကူညီပေးခဲ့သူအပေါ်တွင်ပင် လူသတ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

အကြောင်းမှာ ထန်ဂိုဏ်း၏ လျှို့ဝှက်ကောင်းကင် ကျင့်စဉ်စည်းမျဉ်းများ၏ ပထမဆုံးစည်းမျဉ်းတွင် မိမိကို အပြည့်အဝ ယုံကြည်စိတ်ချရသူ မဟုတ်ပါက မိမိ၏ အစွမ်းအစ အပြည့်အဝကို ဘယ်တော့မှ မပြပါနှင့် ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။

ထန်စန်း၏ တန်ဖိုးထားမှုများသည် အမှန်တကယ်ပင် ပုံမှန်မဟုတ်ဟု ဆိုနိုင်သည်။

သူ၏ အတိတ်ဘဝတွင် ထန်စန်းသည် မိဘမဲ့တစ်ဦးအနေဖြင့် မွေးစားခံခဲ့ရပြီး ငယ်စဉ်ကတည်းက ထန်ဂိုဏ်းအတွင်း လေ့ကျင့်ခဲ့ရသဖြင့် သူ၏ ကမ္ဘာ့အမြင်သည် ပုံမှန်မဟုတ်ပေ။ ဤဘဝတွင်လည်း ထန်စန်းသည် ငယ်စဉ်ကတည်းက ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရပြီး သူ၏ ကိုယ်ရည်ကိုယ်သွေးမှာ ပိုမိုပြင်းထန်ပြီး အစွန်းရောက်လာခဲ့သည်။

အခြား ဝိဉာဥ်သခင် များသည် ထန်စန်းကို အကြီးအကျယ် စော်ကားခြင်းပင် မရှိခဲ့သော်လည်း သူ၏ လုပ်ရပ်များကြောင့် ပျက်စီးခြင်းနှင့် သေခြင်းဆီသို့ ရောက်သွားခဲ့ကြရသည်။

ရှောင်ချန်ယွီ သည် လူဆိုးတစ်ယောက်ဖြစ်သည်ဆိုခြင်းကို ပြောစရာပင် မလိုတော့ပေ။

ဤလူဆိုး ရှောင်ချန်ယွီသည် ဤကာလအတွင်း လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့သည်။

သူသည် ရှောင်ဝူ ကို လုယူသွားခဲ့သည်၊

ကျူကျူချင်း ကို လုယူသွားခဲ့သည်။

ပိုင်ချန်ရှန်း ကို လုယူသွားခဲ့သည်။

ဤအရာများသာ ဖြစ်ပျက်ခဲ့လျှင် ပြဿနာမရှိနိုင်ပေ။

သို့သော် သူသည် ကျောက်ဝူကျိ ကိုပါ သတ်ပစ်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ တံတားကို အမှန်တကယ်ပင် မီးရှို့လိုက်ပြီဖြစ်သည်။

သို့သော် ရှောင်ချန်ယွီနှင့် ယှဉ်လျှင် သူ၏လက်ရှိစွမ်းအားမှာ အဝေးကြီးလိုနေသေးကြောင်း ထန်စန်း သိထားသည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်ဝူကျိ ပင် သေဆုံးခဲ့ရသည်ဖြစ်ရာ ထန်စန်းတွင် မည်သည့်အခွင့်အရေး ရှိဦးမည်နည်း။

ထို့ကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ထန်စန်းသည် ပြင်ပအကူအညီကိုသာ ရှာဖွေရတော့မည်ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော အကူအညီများထဲတွင် အစွမ်းထက်ဆုံးမှာ သူ၏ဖခင် ထန်ဟောက် ဖြစ်သည်။

ဤကာလအတွင်း ထန်ဟောက်သည် သူ၏ဇနီး အာယင် သေဆုံးမှုကြောင့် စိတ်ဓာတ်ကျဆင်းနေဆဲဖြစ်သည်။

သို့သော် သူသည် ထိပ်တန်းတုံ့လော အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

"အဖေ ရှောင်ချန်ယွီလို့ခေါ်တဲ့ အဲ့ဒီလူက သားကို အနိုင်ကျင့်နေတယ်။ ကျေးဇူးပြုပြီး သူ့ကို သတ်ပေးပါ။ သူက ဆရာကျောက်ဝူကျိ ကိုတောင် သတ်ပစ်လိုက်တယ်။"

ထန်စန်းသည် သူ၏ဖခင် ထန်ဟောက် ထံတွင် တိုင်တန်းရန် ကြိုးစားခဲ့သည်။

ထန်ဟောက်သည် ကျောက်ဝူကျိ အကြောင်းကို သိရှိထားမည်ဟု ထန်စန်း ယုံကြည်ထားသည်။

သူသည် တစ်ချိန်က ကျောက်ဝူကျိ ကို ရိုက်နှက်ခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော်...

"ကောင်စုတ်လေး မင်း ဘာတွေအော်နေတာလဲ။ ငါ အရက်သောက်နေတာ မမြင်ဘူးလား။"

စကားပြောနေသူမှာ ထန်စန်း၏ဖခင် ထန်ဟောက် ပင် ဖြစ်သည်။

ထန်ဟောက်သည် အသက် ၅၀ ဝန်းကျင်ခန့်ရှိသည့် အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသူ ဖြစ်သော်လည်း သူ၏ ပုံပန်းသဏ္ဍာန်မှာ ကြည့်မကောင်းလှပေ။

သူသည် အပေါက်အပြဲများ များစွာရှိသည့် ဟောင်းနွမ်းနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြေးနီရောင် အသားအရေများ ပေါ်နေသည်။ သူ၏ မျက်နှာသွင်ပြင်မှာ ဝါဖျော့ဖျော့အရောင်များ ဖုံးလွှမ်းနေပြီး မျက်လုံးများမှာလည်း မှုန်ဝါးနေသည်။

သူ၏ ဆံပင်များမှာ ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေပြီး မုတ်ဆိတ်မရိတ်ထားသည်မှာလည်း ရက်မည်မျှရှိမှန်း မသိတော့ပေ။ သူသည် တစ်နေကုန် အရက်နံ့များ ထွက်နေသည်။

အာယင် သေဆုံးပြီးနောက်နှင့် ဟောက်ထျန်း ဂိုဏ်းသည် ဝိဉာဥ်နန်းတော် ကြောင့် ပုန်းလျှိုးကွယ်လျှိုးနေရချိန်မှစ၍ ထန်ဟောက် သည် သူ၏ ငယ်ရွယ်စဉ်ကတက်ကြွမှုကို ဆုံးရှုံးပြီး အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

သူသည် လူတိုင်းကို ဂရုမစိုက်တော့ဘဲ သူ၏သားကိုပင် ပစ်ပယ်ထားသည်။ သူသည် ဝိဉာဥ်သူတော်စင် ရွာတွင် တစ်နေကုန် အရက်သောက်ကာ တိုင်ပတ်နေတတ်သည်။

တစ်ချိန်တည်းမှာပင် အာယင်ကို မကာကွယ်နိုင်ခဲ့သည့်အတွက် ထန်ဟောက် သည် မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်များ ဖြစ်ပေါ်လာပြီး မိမိ၏စွမ်းအား မည်မျှကြီးမားပါစေ အဓိပ္ပာယ်မရှိဟု ယူဆသွားသည်။

သို့သော် ဤကာလတွင် ထန်ဟောက် သည်အဆင့် ၉၇ ထိပ်တန်းတုံ့လော အဆင့်တွင် ရှိနေဆဲဖြစ်ပြီး ဝိဉာဥ်ကုန်းမြေရှိ ဝိဉာဥ်သခင် အများစုကို အနိုင်ယူနိုင်စွမ်း ရှိသေးသည်။

အရက်သောက်ပြီးနောက် ထန်ဟောက် ၏ စိတ်နေစိတ်ထားမှာ အလွန်ကြမ်းတမ်းသည်။ ထို့ပြင် သူသည် ဂိုဏ်းအပေါ်တွင် အလွန်စွဲလမ်းလွန်းသူ ဖြစ်သောကြောင့် ထန်စန်း၏ အော်ဟစ်သံကို ကြားရသောအခါ အလွန်ဒေါသထွက်သွားသည်။

ထန်စန်း၏ ရှင်းပြချက်များကို ဂရုမစိုက်ဘဲ ပန်ကာအရွယ်အစားရှိသော လက်ကြီးဖြင့် ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ဖိချပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့သည်။

"ဖေဖေ သားကို နားလည်မှုလွဲနေတာပါ။ အား သားဆိုလိုတာ အဲဒါမဟုတ်ဘူး။"

အသံကျယ်ကျယ်ဖြင့် ရိုက်နှက်မှုများကြောင့် ထန်စန်း မှာ မျက်ရည်များ လည်ရွဲနှင့် အော်ဟစ်နေရတော့သည်။

'ငါ့အဖေက သာမန် ပန်းပဲဆရာတစ်ယောက် ဖြစ်ရမှာလေ။ ငါက ထန်ဂိုဏ်း ကနေ ပြန်လည်မွေးဖွားလာသူ ငါ့ရဲ့ လျှို့ဝှက်ကောင်းကင် ကျင့်စဉ်တွေက အထွတ်အထိပ်ကို ရောက်နေတာ ဘာလို့ ဖေဖေ့ရဲ့ လက်ကြီးကနေ ငါ လွတ်အောင် မရှောင်နိုင်ရတာလဲ။'

'ဒါကပဲ ဖခင်မေတ္တာဆိုတဲ့ အမျိုးအစားများလား။'

"ကျိန်စာသင့်တဲ့ ဝိဉာဥ်နန်းတော် ရဲ့ သန့်စင်သောသားတော်ရှောင်ချန်ယွီ မင်းနဲ့ ငါ့ကြားမှာ မပြီးပြတ်သေးဘူး။"

ထန်စန်း သည် စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

တကယ်ပြောရလျှင် ထန်စန်း သည် သူ၏ဖခင်အောက်တွင် ရိုက်နှက်ခံရရင်း ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

ဆရာကျောက်ဝူကျိ သေဆုံးသွားပြီး ကိစ္စက အရေးတကြီး မဟုတ်လျှင် ထန်စန်း သည် သူ၏ဖခင် ထန်ဟောက် ထံမှ အကူအညီကို တောင်းခံလိုမည် မဟုတ်ပေ။

ဤရှောင်ချန်ယွီသည် တကယ်ကို မုန်းစရာကောင်းလွန်းသည်။

'စကားတစ်ခွန်း ပြောမိရုံနဲ့ အရိုက်ခံလိုက်ရတယ်။ ဘဝက တကယ်ကို ခက်ခဲလွန်းတယ်။'

ကြယ်တာယာ အင်ပါယာ။

နန်းတော်အတွင်း၌။

"ရှောင်ချန်ယွီက အရမ်းရက်စက်လွန်းတယ်။ ဆရာကျောက်ဝူကျိ တောင် သေသွားပြီ။ ငါတောင် ရှောင်ချန်ယွီ ကို စိန်ခေါ်ရဲခဲ့သေးတယ်။"

"ငါ့ခေါင်းက ငါ့လည်ပင်းပေါ်မှာ ရှိနေသေးရဲ့လား။ အခုထိ အသက်ရှင်နေရတာက တကယ့်ကို မလွယ်ကူလှဘူး။"

စကားပြောနေသူမှာ ရုပ်ရည်ချောမောပြီး ငယ်ရွယ်နုပျိုသေးသည့် ရွှေရောင်ဆံပင်နှင့် လူတစ်ယောက်ဖြစ်သည့် တိုက်မုပိုင် ပင် ဖြစ်သည်။

သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရှိနေသေးသည်။

တိုက်မုပိုင် သည် ကြယ်တာယာ အင်ပါယာမှ တိုက်မိသားစု၏ တတိယမြောက်မင်းသားဖြစ်သည်။ တိုက်မိသားစု၏ ကျားဖြူ ဝိဉာဥ်နှင့် ကျူမိသားစု၏ ငရဲကြောင် ဝိဉာဥ်တို့ကြားတွင် ဝိဉာဥ်ပေါင်းစပ်မှု ဖြစ်သော ငရဲကျားဖြူ ကို ပြုလုပ်နိုင်သဖြင့် နှစ်ဖက်မိသားစုမှာ မျိုးဆက်ပေါင်းများစွာကတည်းက လက်ထပ်ထိမ်းမြားလာခဲ့ကြသည်။

တိုက်မုပိုင် သည် ငယ်စဉ်ကတည်းက ကျူကျူချင်း နှင့် စေ့စပ်ထားခြင်းခံရသည်။ မိသားစုစည်းမျဉ်းအရ တိုက်မုပိုင် သည် သူ၏အစ်ကို တိုက်ဝေနှင့် ထီးနန်းလုပွဲအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှုံးနိမ့်သူမှာ အတွင်းရေးပြဿနာများကို ရှောင်ရှားရန် ကွပ်မျက်ခြင်း သို့မဟုတ် ထောင်ချခြင်း ခံရမည်ဖြစ်သည်။

တိုက်မုပိုင် ၏ အရည်အချင်းမှာ အလွန်ထူးချွန်သော်လည်း သူ၏အစ်ကို တိုက်ဝေထက် နောက်ကျမှ မွေးဖွားခဲ့သည်။

ဆိုလိုသည်မှာ အထူးအခွင့်အရေးတစ်ခု မရရှိလျှင် တိုက်ဝေကို မီအောင်လိုက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

မူလဇာတ်လမ်းတွင် တိုက်မုပိုင် သည် တိုက်ဝေ၏ နှိပ်စက်မှုကို ရှောင်ရှားရန်သာမက ပြန်လှန်တိုက်ခိုက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်အတွက် ထျန်းတို အင်ပါယာရှိ ရှီလိုင်ခဲ အကယ်ဒမီ သို့ ထွက်ပြေးခဲ့သည်။

ရလဒ်အနေဖြင့် တိုက်မုပိုင် သည် ထျန်းတို အင်ပါယာမှာ ပိုမိုကြမ်းတမ်းသော နေရာတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ပို၍တိတိကျကျပြောရလျှင် ရှောင်ချန်ယွီ သည် ပိုမိုကြမ်းတမ်းသော တည်ရှိမှုတစ်ခု ဖြစ်နေသည်။

တိုက်မုပိုင် သည် ထျန်းတို အင်ပါယာသို့ ရောက်လာသည်မှာ ရှောင်ချန်ယွီ ၏ အရိုက်ခံရရန်သာ ဖြစ်နေပြီး သူ၏ဇနီးလောင်း ကျူကျူချင်း မှာလည်း ရှောင်ချန်ယွီ နှင့်အတူ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။

ဝမ်းသာစရာ တစ်ခုတည်းမှာ တိုက်မုပိုင် အသက်ရှင်နေသေးခြင်း ဖြစ်သည်။

တိုက်မုပိုင် သည် ဤအရာမှာ သူ၏ ကံကြမ္မာကြောင့် ဖြစ်သည်ကို မသိခဲ့ပေ။

သို့သော် မည်မျှပင် ကံကောင်းပါစေ တိုက်မုပိုင် သည် ကြောက်ရွံ့နေဆဲဖြစ်သည်။

"ထွက်ပြေးရမယ် ငါလည်း ရှီလိုင်ခဲ အကယ်ဒမီ ကနေ အမြန်ထွက်သွားရမယ်ဒါပေမဲ့ ဘယ်ကိုသွားရမလဲ။"

တိုက်မုပိုင် သည် ထိုအချိန်တွင် အတွေးနက်နေမိသည်။

"ငါ့တိုင်းပြည်ကိုပဲ ပြန်သွားရမလား။"

တိုက်မုပိုင် ၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှု တစ်ချက်ဖြတ်ပြေးသွားသည်

သူ၏အစ်ကို တိုက်ဝေ၏ ဖိအားကို ရင်ဆိုင်ရခြင်းမှာပင် ရှောင်ချန်ယွီ ကို ရင်ဆိုင်ရသည်ထက် ပို၍သက်သာသည်ဟု တိုက်မုပိုင် ခံစားရသည်။

အကြောင်းမှာ ဤရှောင်ချန်ယွီ သည် တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

All Chapters