← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း။ ၄၂၉

မြေပြင်သို့ စီးကျလာသော အနံ့အသက်ဆိုးသည့် သွေးများသည် လျင်မြန်စွာ ပုပ်သိုးပြီး အာကာသစစ်မြေပြင်တွင် ပျောက်ကွယ်သွားသည်။

သွေးမြစ် မိစ္ဆာကြီးမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သဖြင့် ခုခံကာကွယ်မှုမှ ပြန်ထွက်လာသော အာဏာရှင်အဖွဲ့မှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။

"ဘာ... ဘာဖြစ်တာလဲ သွေးမြစ်အရှင်သခင် တကယ်ပဲ ကျဆုံးသွားပြီလား"

ဆီးနှင်းနယ်မြေ၏ ဘုရင်က ယုံကြည်နိုင်စွမ်းမရှိဘဲ ပြောသည်။

သရဲမိခင်အရှင်က "ဂြိုဟ်သုံးခုက လူအားလုံးကို ယဇ်ပူဇော်ပြီး ဆင်းသက်လာတဲ့ သွေးမြစ်အရှင်သခင်က ရွှီရန်ရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုနဲ့ပဲ ပျက်စီးသွားတာလား" ဟု ပြောလိုက်သည်။

မသေနိုင်သူ အာဏာရှင်ကလည်း "ရွှီရန်က ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ။ သွေးအင်အား ၇ သန်းပဲရှိတဲ့သူက အာဏာရှင်အဆင့် အရှင်သခင်ကို အနိုင်ယူသွားတာ တကယ်ကို မဖြစ်နိုင်ဘူး" ဟု အံ့ဩတကြီး ပြောသည်။

အဆောင်လက်ဖွဲ့ အငြိုးကြီးနတ်ဘုရားကမူ ရွှီရန်ကို ကြည့်ရင်း "အဆောင်လက်ဖွဲ့တွေကို ဒီလောက်အထိ အသုံးချနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီလိုပါရမီရှင်မျိုးက မိခင်ဂြိုဟ်မှာတောင် မရှိဘူး" ဟု မှတ်ချက်ပေးသည်။

သန့်ရှင်းသောမျက်လုံးအရှင်က တုန်ရီနေသော အသံဖြင့် "တကယ်... တကယ်ကို အာဏာရှင်အဆင့် အရှင်သခင် ကျဆုံးသွားပြီ။ ဗေဒင်ဟောကိန်းက မှန်နေတာပဲ" ဟု ပြောသည်။

သူတို့အားလုံးမှာ ဖျက်ဆီးခြင်းကပ်ဘေးအလင်း၏ အရှိန်အဟုန်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားကြသည်။

"အခုချက်ချင်း မခုခံခဲ့ရင် ငါတို့လည်း ဒီအလင်းတန်းအောက်မှာ ပျက်စီးသွားမှာပဲ" ဟု သန့်ရှင်းသောမျက်လုံးအရှင်က ထိတ်လန့်စွာ ပြောဆိုကာ ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။

အခြားအာဏာရှင်များမှာလည်း ဒဏ်ရာများကို ဆွဲငင်ကာ အာကာသစစ်မြေပြင်မှ အမြန်ဆုံး ထွက်ခွာသွားကြသည်။

ရွှီရန်တွင် နောက်ထပ် လှည့်ကွက်များ ရှိမရှိ ဘယ်သူမျှ မသိရဲပေ။ သန့်ရှင်းသောသစ်ပင်၏ တာဝန်ထက် ကိုယ့်အသက်ကိုသာ တန်ဖိုးထားရမည့် အချိန်ဖြစ်သည်။

ရွှီရန်မှာ ထွက်ပြေးသွားသော အာဏာရှင်များကို ကြည့်ကာ "ဒီအာဏာရှင်တွေကလည်း အပြေးမြန်ကြသားပဲ" ဟု လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ထို့နောက် အဖြူရောင် ဝတ်စုံဖြင့် ရွှီရန်သည် လုံခြုံရေးဇုန်သို့ ပြန်လာခဲ့သည်။

သူ ရောက်လာသည်နှင့် ကျားမလေးက ပြေးလာပြီး "အစ်ကိုကြီး အခုနက အရမ်းမိုက်တာပဲ" ဟု ပြောသည်။

ထို့နောက် ရွှီရန်၏ အမူအရာကို အတုခိုးကာ "ငါဟာ အံ့ဖွယ်အရိုးတည်ဆောက်ပုံပိုင်ရှင်ပဲ မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့ကို ထိရဲတာလား" ဟု ဟန်ပါပါ အော်ပြောလိုက်သည်။

ကျူးယွီဟန်ကလည်း ရှေ့သို့ တိုးလာပြီး "ရွှီရန် မင်းနိုင်မယ်ဆိုတာ ယုံပေမဲ့ အခုနက တိုက်ပွဲက အရမ်းကို ရင်ခုန်စရာကောင်းတာပဲ" ဟု ပြောသည်။

ကွမ်ရှင်းက "ရင်ခုန်တာ ဟုတ်ပါ့မလား အစ်ကိုကြီးက တစ်ချက်တည်းနဲ့ အရှင်သခင်ကို အနိုင်ယူပြီး ကျန်တဲ့သူတွေကိုပါ ထွက်ပြေးသွားအောင် လုပ်လိုက်တာလေ" ဟု ပြောလိုက်သည်။

နင်းရွှမ်ကလည်း မျက်နှာလေး ရဲတွတ်နေအောင် စိတ်လှုပ်ရှားကာ "တပ်မှူး ရှင်ရှိနေသရွေ့တော့ မိစ္ဆာတွေကို ကြောက်စရာ မလိုတော့ဘူးနော်" ဟု ပြောလိုက်သည်။

အဖွဲ့ဝင်များမှာ ရယ်မောကာ ပျော်ရွှင်နေကြသည်။

လုံခြုံရေးဇုန်အတွင်းရှိ လူများမှာမူ အံ့ဩမှုမှ မပြေသေးပေ။

ဘဏ်လုပ်ငန်းရှင်က "ရွှီ... ရွှီရန် ခုနက တိုက်ခိုက်မှုကို ထပ်သုံးလို့ ရသေးလား" ဟု မေးသည်။

"အခုနက အလင်းတန်းကိုတော့ ထပ်ရဖို့ ခက်လိမ့်မယ်။ အလင်းလိပ်ခွံက ပျက်စီးသွားပြီလေ။ ဒါပေမဲ့ အဆောင်လက်ဖွဲ့တွေ လုံလောက်တယ်ဆိုရင်တော့ အလားတူ အစွမ်းမျိုးကို ထပ်ထုတ်လို့ ရပါသေးတယ်"

ရွှီရန်က ဖြေသည်။

ထို့နောက် သူက "ပြီးတော့ ငါ့မှာ နောက်ထပ် လှည့်ကွက်တွေ အများကြီး ရှိပါသေးတယ်။ အာဏာရှင်အဆင့် မိစ္ဆာတွေ ထပ်လာရင်လည်း ငါပဲ အနိုင်ယူသွားမှာပါ" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ တည်ငြိမ်သော စကားကြောင့် ဘဏ်လုပ်ငန်းရှင်မှာ အံ့ဩသွားပြီး ကောင်းကင်ထိပ်သီးမှ အကြီးအကဲများက "ရွှီရန် မင်းက တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါပဲ" ဟု တစ်ညီတည်း ပြောကြားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင် ရှိနေခဲ့ကြသည့် မီးငရဲနှင့် ဝိညာဉ်နှိမ်နင်းခြင်းစစ်သည်တပ်ဖွဲ့ဝင်တို့မှာ ရွှီရန်၏ တိုက်ခိုက်မှုကြောင့် အာဏာရှင်အဆင့် မိစ္ဆာကြီး ပျက်စီးသွားသည့် မြင်ကွင်းကို အိပ်မက်တစ်ခုအလား ထင်မှတ်နေကြသည်။

လီယန်က ဝိညာဉ်နှိမ်နင်းခြင်းခေါင်းဆောင်ဆီသို့ လျှောက်သွားကာ "ငါ့ကို တစ်ချက်လောက် ဆိတ်ကြည့်စမ်းပါဦး။ ငါ အိပ်မက်မက်နေတာလားလို့ သိရအောင်" ဟု ပြောသည်။

"ဟူး~"

ခေါင်းဆောင်က အော်ညည်းလိုက်သည်။

လီယန်က "မနာဘူးလား တကယ်ပဲ အိပ်မက်လား" ဟု မေးသည်။

ခေါင်းဆောင်က "ငါ့ကို ငါ ပြန်ဆိတ်ကြည့်တာ နာတယ်... ဒါ အိပ်မက်မဟုတ်ဘူး" ဟု ပြန်

ဖြေသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ လီယန်က ဟားတိုက် ရယ်မောလိုက်သည်။

"ဟားဟား အိပ်မက်မဟုတ်ဘူး။ ငါတို့ လူသားကျင့်ကြံသူတွေထဲမှာ အာဏာရှင်အဆင့် မိစ္ဆာတွေကို သတ်နိုင်တဲ့သူ ပေါ်လာပြီ"

ထိုရယ်မောသံမှာ အခြားစစ်သည်တပ်ဖွဲ့ဝင်များထံသို့လည်း ကူးစက်သွားသည်။

"ဟားဟား၊ အိပ်မက်မဟုတ်ဘူး၊ ငါတို့မှာ အာဏာရှင်အဆင့်ကို သတ်နိုင်တဲ့သူ ရှိပြီ"

"ဟားဟား၊ အိပ်မက်မဟုတ်ဘူး၊ ငါတို့မှာ အာဏာရှင်အဆင့်ကို သတ်နိုင်တဲ့သူ ရှိပြီ"

တစ်ခဏအတွင်းမှာပင် လုံခြုံရေးဇုန်တစ်ခုလုံးတွင် ထိုစကားသံများ ပဲ့တင်ထပ်သွားသည်။ စိတ်ဖိစီးမှုများလွန်းသဖြင့် ရူးသွပ်နေကြသလား ထင်မှတ်ရလောက်အောင်ပင်။

သို့သော် မည်သူမျှ သူတို့ကို တားဆီးခြင်း မပြုခဲ့ပေ။

အစပိုင်းတွင် ခံစားခဲ့ရသည့် အာဏာရှင်အဆင့်၏ ဖိအားကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဓာတ်ကျမှုမှာ ရွှီရန်ကြောင့် လုံးဝ ပြောင်းလဲသွားခြင်းပင်။

လုံခြုံရေးဇုန်ကို စောင့်ကြပ်နေသည့် ထိပ်တန်းစစ်သည်တပ်ဖွဲ့များမှာ ရွှီရန်၏ ပုံရိပ်ကို ငေးကြည့်ရင်း...

"ရွှီရန် ရှိနေတော့ ငါတို့တွေလည်း အနားယူလို့ ရတော့မှာပဲ"

"ဟုတ်တယ် ရွှီရန်ရှိရင် အနားယူဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး"

"ရွှီရန်က တကယ်ကို လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင်ပါပဲ။ အန္တရာယ်ပေါင်းစုံကနေ ကယ်တင်ပေးခဲ့တာ။ အခုဆိုရင် အာဏာရှင်အဆင့်ကိုပါ သတ်လိုက်ပြီ နောက်ထပ် ဘာတွေများ လုပ်ဦးမလဲဆိုတာ မတွေးဝံ့စရာပဲ"

"ဘာပဲလုပ်လုပ် ရွှီရန်သာ ရှိရင် လူသားတွေအတွက် အဆင်ပြေပါတယ်။ အခုတော့ မိစ္ဆာအင်အားစုက သန့်ရှင်းသောသစ်ပင်ကို သူ ခုတ်လှဲပြီး ထင်းမီးလုပ်မယ့်နေ့ကိုပဲ စောင့်ကြည့်ရတော့မယ်" ဟု ပြောဆိုကြသည်။

ရွှီရန်၏ တည်ရှိမှုမှာ လူတိုင်း၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ဖြစ်ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင် လုံခြုံရေးဇုန်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရုပ်မြင်သံကြားမှတစ်ဆင့် တစ်ပြည်လုံးသို့ ထုတ်လွှင့်နေသည်။

တရုတ်နိုင်ငံတစ်ခုလုံးမှာ ရွှီရန်၏ အောင်ပွဲကို သိရှိသွားကြသည်။

"တပ်မှူး ရွှီရန်က တကယ့်ကို သန်မာတာပဲ။ အာဏာရှင်အဆင့် မိစ္ဆာကြီးကိုတောင် သတ်နိုင်တယ်"

"အာဏာရှင်အဆင့်ဆိုတာ ဘာအဆင့်လဲတောင် မသိလိုက်ရဘူး။ ဒါပေမဲ့ ရွှီရန်ကတော့ သတ်နိုင်သွားပြီပဲ"

"ရွှီရန်ရှိနေရင် ကျွန်တော်တို့ သာမန်ပြည်သူတွေလည်း အေးချမ်းစွာ နေထိုင်နိုင်တော့မှာပါ။ မိစ္ဆာအင်အားစုတွေရဲ့ ကျူးကျော်မှုကိုလည်း သူ အပြီးသတ် ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တယ်"

လူထုကလည်း ရွှီရန်အပေါ် လုံးဝ ယုံကြည်မှုများဖြင့် ချီးကျူးနေကြသည်။

အပြာရောင်ကြယ်ပေါ်ရှိ သာယာဝပြောမှုနှင့် ဆန့်ကျင်ဘက်ရှိ မိစ္ဆာအင်အားစု၌….

အာကာသစစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် အာဏာရှင်ကြီးများမှာ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရွှီရန်၏ ဖျက်ဆီးခြင်းကပ်ဘေးအလင်းအလင်းတန်းက သွေးမြစ်ကြီး၏ တကယ့်ပုံစံကို ချက်ချင်းဆိုသလို ပြာကျသွားအောင် တိုက်ခိုက်လိုက်သည့် မြင်ကွင်းမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်

ကျန်ရစ်နေဆဲပင်။

မိစ္ဆာအင်အားစုသို့ ရောက်သည်နှင့် သူတို့သည် ကာကွယ်ရေး အစီအရင်များကို ချက်ချင်း အသက်သွင်းကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

ရွှီရန် နောက်မှ လိုက်လာမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြခြင်းပင်။

လူသားကျင့်ကြံသူ တစ်ဦးက ရွှီရန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်လိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မတွေးထင်ခဲ့ဖူးပေ။

အာဏာရှင်ကြီးများသည် ဝင်ပေါက်တွင် ရပ်ကာ အာဏာရှင်အဆင့် စာလုံးများကို လက်တွင် ကိုင်စွဲရင်း အလွန်အမင်း သတိထား စောင့်ကြည့်နေကြသည်။

တစ်နာရီခန့် ကြာမြင့်သွားပြီးနောက် သရဲမိခင်အရှင်က "အချိန်တော်တော်ကြာနေပြီပဲ။ သူ နောက်ထပ် လိုက်လာတော့မှာ မဟုတ်ဘူး" ဟု သက်ပြင်းချကာ ပြောသည်။

ဆီးနှင်းနယ်မြေ၏ ဘုရင်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေဆဲပင်။

"ခုနက ရွှီရန်ရဲ့ တိုက်ခိုက်မှုက တကယ်ကို ကြောက်ဖို့ကောင်းတာ။ ယွဲ့နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ဆီကနေ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး"

မသေနိုင်သူ အာဏာရှင်သည်လည်း ယခင်ကဲ့သို့ မာန်မာန မရှိတော့ပေ။

"ခုနက အလင်းတန်းက ငါ့ရဲ့ ဝိညာဉ်ကိုတောင် တုန်လှုပ်သွားစေတယ်။ အားလုံး အတူတူ ခုခံမထားခဲ့ရင် ငါတို့ ဒီနေရာမှာတင် ပျက်စီးသွားနိုင်တယ်"

အဆောင်လက်ဖွဲ့ အငြိုးကြီးနတ်ဘုရားမှာ လက်များ တုန်ရီနေပြီး သူ၏ အရှိန်အဟုန်မှာလည်း မတည်မငြိမ် ဖြစ်နေသည်။

"အဲဒီ အလင်းတန်းထဲမှာ ပါဝင်တဲ့ အဆောင်လက်ဖွဲ့စွမ်းအားက ငါ နားလည်နိုင်တဲ့ အဆင့်ထက် ကျော်လွန်နေတယ်။ အဲဒီ နက်နဲတဲ့ အငွေ့အသက်တွေကို ငါ လုံးဝ မခန့်မှန်းနိုင်ခဲ့ဘူး"

ရွှီရန်၏ အစီအရင် ရေးဆွဲနိုင်စွမ်းနှင့် အဆောင်လက်ဖွဲ့ ပညာရပ်များမှာ အဆောင်လက်ဖွဲ့ အငြိုးကြီးနတ်ဘုရား၏ အသိဉာဏ်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုသို့သော ပါရမီရှင်မျိုးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သန့်ရှင်းသောမျက်လုံးအရှင်၏ မျက်နှာပေါ်တွင် နောင်တ၊ သက်သာရာရမှုနှင့် ကြောက်ရွံ့မှုများ ရောထွေးနေသည်။

"ရွှီရန် ဒီလောက်အထိ ကြီးထွားလာမယ်ဆိုတာသာ သိရင် ဒီအဆင့်ကို မရောက်ခင်ကတည်းက သူ့ကို ငါ သတ်ပစ်လိုက်ရမှာ"

"ဒါပေမဲ့လည်း... သွေးမြစ်ကြီး ကျဆုံးသွားခြင်းနဲ့အတူ အာဏာရှင်များ ကျဆုံးခြင်းဆိုတဲ့ ဗေဒင်ဟောကိန်းကတော့ အမှန်တကယ် ဖြစ်သွားခဲ့ပြီ"

အခန်း။ ၄၃၀

အာဏာရှင်ကြီးများသည် ကိုယ့်ကိုကိုယ် နှစ်သိမ့်နေသော ထိုစကားများကို ကြားရသည့်အခါ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

မိစ္ဆာအင်အားစုသို့ ပြန်ရောက်သည့်အခါ ဆီးနှင်းနယ်မြေ၏ ဘုရင်အပါအဝင် အာဏာရှင်များမှာ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေကြသည်။

သွေးမြစ်ကြီး၏ တကယ့်ပုံစံကို ခေါ်ဆောင်ရန်အတွက် ဂြိုဟ်သုံးခုရှိ သတ္တဝါအားလုံးကို ယဇ်ပူဇော်ခဲ့ရုံသာမက ဂြိုဟ်များ၏ အာဟာရဓာတ်များပါ စုပ်ယူခဲ့ရသည်ကို သူတို့ ပြန်တွေးမိကြသည်။

သရဲဂြိုဟ်နှင့် အမုန်းတရား နတ်ဘုရားဂြိုဟ်တို့မှာ တစ်ဝက်စီ ပျက်စီးသွားပြီး ကျောက်

မျက်သားရဲဂြိုဟ်မှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

သွေးမြစ်ကြီးသာ အောင်မြင်ခဲ့လျှင် အပြာရောင်ကြယ်ကို ဝါးမြိုကာ သန့်ရှင်းသောသစ်ပင်၏ တာဝန်ကို ပြီးမြောက်နိုင်မည်ပင်။

သို့သော် ယခုမူ ရွှီရန်၏ တိုက်ခိုက်မှုကြောင့် အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။အထူးသဖြင့် ဆီးနှင်းနယ်မြေ၏ ဘုရင်နှင့် ကျောက်မျက်သားရဲ အာဏာရှင်များမှာမူ ယခုအခါ နေရပ်မဲ့ ဖြစ်သွားခဲ့ရသည်။

"အခု ဘာဆက်လုပ်ကြမလဲ။ ဂြိုဟ်တွေရဲ့ အာဟာရတွေလည်း ကုန်ပြီ။ တာဝန်လည်း မပြီးမြောက်ဘူး။ ဘာလုပ်ရမလဲ"

ဆီးနှင်းနယ်မြေ၏ ဘုရင်က ငိုမဲ့မဲ့နှင့် မေးလိုက်သည်။

ယခုအခါ အားလုံး၏ အကြည့်များမှာ သန့်ရှင်းသောမျက်လုံးအရှင်ထံသို့ ရောက်ရှိသွားသည်။ ယခင်က သူ၏ လုပ်ဆောင်ချက်များကို သရော်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူ၏ ဆုံးဖြတ်ချက်ကိုသာ အားကိုးနေရပြီဖြစ်သည်။

ရွှီရန်၏ နောက်ထပ် တိုက်ခိုက်မှုကိုလည်း မည်သူမျှ မခံနိုင်တော့ပေ။

"သန့်ရှင်းသောမျက်လုံးအရှင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

မသေနိုင်သူ အာဏာရှင်က ပထမဆုံး မေးလိုက်သည်။

သန့်ရှင်းသောမျက်လုံးအရှင်က ခဏမျှ စဉ်းစားပြီးနောက် "ဘာမှ တတ်နိုင်တော့ဘူး။ အခြေအနေကို သန့်ရှင်းသောသစ်ပင်ထံ အစီရင်ခံပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရတော့မယ်။ ရွှီရန်နဲ့ပတ်သက်ပြီးတော့လည်း လက်ရှိမှာ ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး" ဟု ဖြေလိုက်သည်။

သန့်ရှင်းသောသစ်ပင်၏ အမျက်ဒေါသကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သော်လည်း တခြားရွေးချယ်စရာ လမ်းစမရှိပေ။

ထို့ကြောင့် အာဏာရှင်များအားလုံး အသားနှင့်သွေးနန်းတော်သို့ ပြန်သွားပြီး ဒဏ်ရာများကို ကုသရင်း သန့်ရှင်းသောသစ်ပင်ကို ခေါ်ယူရန် ပြင်ဆင်ကြသည်။

နန်းတော်၏ အလယ်ဗဟိုတွင် သွေးရောင်တောက်ပနေသော ပူဇော်ရာနေရာတစ်ခု ရှိသည်။

ထိုနေရာတွင် မှော်သင်္ကေတများဖြင့် ဝန်းရံထားသော ကျောက်ပြားတစ်ခု ရှိပြီး ၎င်း၏ အလယ်တွင် အမည်းရောင်ကွင်းဆက်များဖြင့် ချည်နှောင်ထားသည့် အမည်းရောင် အစေ့တစ်စေ့ ရှိသည်။

ယခင်က အကြိမ်ကြိမ် ခေါ်ယူမှုများကြောင့် စွမ်းအင်များ ဆုံးရှုံးထားရသဖြင့် ယခုအခါတွင်မူ အစေ့ကို ကြားခံ၍ ခေါ်ယူရန်သာ တတ်နိုင်တော့သည်။

အာဏာရှင်များမှာ ရှေးဟောင်း စုန်းအတတ်များကို ရွတ်ဆို လိုက်ကြသည်။

နန်းတော်တစ်ခုလုံး တုန်ခါသွားပြီးနောက် အစေ့ကို ချည်နှောင်ထားသော ကွင်းဆက်များ ပြေလျော့သွားကာ အစေ့မှာ လေထဲသို့ ပျံတက်သွားသည်။

အာဏာရှင်များအားလုံး ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။

"သန့်ရှင်းသောသစ်ပင်အရှင်သခင် အရှင့်ရဲ့ နောက်လိုက်တွေက အရှင့်ရဲ့ ဆင်းသက်ခြင်းကို တောင်းခံပါတယ်"

"သန့်ရှင်းသောသစ်ပင်အရှင်သခင် အရှင့်ရဲ့ နောက်လိုက်တွေက အရှင့်ရဲ့ ဆင်းသက်ခြင်းကို တောင်းခံပါတယ်"

"သန့်ရှင်းသောသစ်ပင်အရှင်သခင် အရှင့်ရဲ့ နောက်လိုက်တွေက အရှင့်ရဲ့ ဆင်းသက်ခြင်းကို တောင်းခံပါတယ်"

"သန့်ရှင်းသောသစ်ပင်အရှင်သခင် အရှင့်ရဲ့ နောက်လိုက်တွေက အရှင့်ရဲ့ ဆင်းသက်ခြင်းကို တောင်းခံပါတယ်"

အာဏာရှင်များ၏ ဆုတောင်းသံများနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များမှ အမည်းရောင်မြူများ ထွက်ပေါ်လာပြီး အမည်းရောင်အစေ့ထံသို့ ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် နန်းတော်တစ်ခုလုံး၌ သူတို့၏ ရွတ်ဆိုသံများ ပဲ့တင်ထပ်နေပြီး အမည်းရောင်မြူများမှာ အစေ့ပတ်လည်တွင် လှိုင်းထန်စွာ စုစည်းလာသည်။

နောက်ဆုံးတွင် "ကရက်" ဟူသော အသံနှင့်အတူ အမည်းရောင်အစေ့၏ အခွံမှာ ကွဲအက်သွားပြီး အမည်းရောင် အဖူးအငုံတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

မကြာမီတွင်ပင် သန့်ရှင်းသောသစ်ပင်၏ အရိပ်မှာ လေထဲတွင် ပေါ်လာတော့သည်။ အာဏာရှင်များမှာ လေးစားစွာ မတ်တတ်ရပ်လိုက်ပြီး "သန့်ရှင်းသောသစ်ပင်အရှင်သခင်" ဟု ခေါ်ဆိုကြသည်။

သန့်ရှင်းသောသစ်ပင်၏ အရိပ်မှာ သူတို့အား မေးလိုက်သည်။

"ဘာလို့ ဒီလောက် မြန်မြန် ခေါ်ရတာလဲ။ အပြာရောင်ကြယ်ကို ကျူးကျော်တဲ့ အစီအစဉ် အောင်မြင်သွားပြီလား"

သန့်ရှင်းသောသစ်ပင်၏ အယူအဆတွင် သွေးမြစ်ကြီး၏ တကယ့်ပုံစံ ဆင်းသက်လာခြင်းမှာ အပြာရောင်ကြယ်ကို ဝါးမြိုရန် လုံလောက်သည်ဟု ယူဆထားသည်။

အာဏာရှင်များမှာ ခေါင်းမော့ကြည့်ရန်ပင် မဝံ့ရဲကြပေ။

သန့်ရှင်းသောသစ်ပင်မှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သွေးမြစ်ကြီးကို မတွေ့ရသဖြင့် "သွေးမြစ်ကြီးက အပြာရောင်ကြယ်ကို ဝါးမြိုနေတုန်းလား။ ဘာလို့ ငါ မမြင်ရတာလဲ" ဟု မေးသည်။

ဤအခါတွင်မူ လျှို့ဝှက်ထား၍ မရတော့ကြောင်း သိရှိသွားသဖြင့် အာဏာရှင်များအားလုံး သန့်ရှင်းသောမျက်လုံးအရှင်ဘက်သို့ အကြည့်ရောက်သွားကြသည်။

သန့်ရှင်းသောမျက်လုံးအရှင်မှာ စိတ်ထဲမှ ညည်းတွားနေရသည်။

"ပြန်ပြောရဦးမှာလား..."

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကမူ အမှန်အတိုင်းပင် ပြောဆို လိုက်သည်။

"သန့်ရှင်းသောသစ်ပင်အရှင်သခင် သွေးမြစ်ကြီးရဲ့ တကယ့်ပုံစံက ကျရှုံးသွားပါပြီ"

ထိုစကားကို ကြားလိုက်ရသည့်အခါ သန့်ရှင်းသောသစ်ပင်၏ အရိပ်မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး အမည်းရောင်မြူများ ထွက်ပေါ်လာကာ နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မကြာမီတွင် သန့်ရှင်းသောသစ်ပင်၏ ဒေါသထွက်သော အသံကြီး ထွက်ပေါ်လာသည်။

"သွေးမြစ်ကြီးနဲ့တောင် ကျရှုံးသေးတယ်လား။ မင်းတို့တွေ ဘာတွေ လုပ်ခဲ့ကြတာလဲ ဘယ်လိုလုပ်ပြီး ကျရှုံးနိုင်ရတာလဲ"

ထိုမေးခွန်းကို ကြားသောအခါ အာဏာရှင်များမှာ ရင်ထဲတွင် ခါးသီးစွာ ခံစားလိုက်ရသည်။

"ရွှီရန်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ"

ယွဲ့နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်က အာဏာရှင်အဆင့်ကို တစ်ချက်တည်းနှင့် အနိုင်ယူသွားခြင်းမှာ ဤနေရာရှိ အာဏာရှင်များထဲတွင် မည်သူမျှ မလုပ်နိုင်သော အလုပ်ဖြစ်သည်။

All Chapters