အခန်း (၁၅၂)
Vol. 16 Ch. 152
🍏 Chapter 152
နားနေဆောင်ထဲတွင် ရှိနေသော လူအချို့သည် နောက်ဆုံးတွင် အချက်အလက်များကို ပေါင်းစပ် လိုက်နိုင်ကြပြီး အဓိကအားဖြင့် ကုချီနှင့် ရွှီကျင့်တို့က တိုက်တိုက်ဆိုင်ဆိုင် တူညီသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
"ရှင်တို့က တကယ်ပဲ ဘာပတ်သက်မှု ရှိကြတာလဲ"
ရှင်းလင်း တင်ပြနေသည့် လုပ်ငန်းစဉ်တွင် နေရာများမှာပြောင်းလဲသွားခဲ့သည်။ ချန်စစ်ကျယ်သည် သူ၏မြင့်မြတ်လှသော တင်ပါးကို လူအများထိုင်ခဲ့ဖူးသော ခုံတန်းလျားပေါ်သို့ မတင်လိုသဖြင့် ကျောက်စားပွဲရှေ့တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ့ ဘေးနားတွင်မူ ကုချီ တစ်ယောက်တည်း ထိုင်နေချေသည်။
ဝမ်သိုက်ကမူ အမျိုးသမီးအချင်းချင်း ဆွဲဆောင်မှုရှိသည်ဟူသော အယူအဆအတိုင်း လီချင်းယွီကို ခေါ်ဆောင်ကာ ပထမဦးဆုံးမြင်လိုက်ရုံဖြင့် အထူး အထင်ကြီးလေးစားမိသော ဤအမျိုးသမီး၏ ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။
ရှင်းလင်းတင်ပြရခြင်းမှာ စကားအများကြီး ပြောရန်မလိုဘဲ ရွှီကျင့်နှင့် ကုချီတို့၏သံသယများကို ဖြေရှင်းပေးပြီးနောက် စိတ်ထဲတွင် ဇာတ်လမ်းအမျိုးမျိုးဖန်တီးခဲ့ကြသော ထိုလူနှစ်ဦး၏ မျက်နှာအမူအရာမှာ အနည်းငယ် ဆန်းကြယ်သွားချေသည်။
ရွှီကျင့်ကဲ့သို့ မြင်ရုံဖြင့် စိတ်နှလုံး အေးချမ်းစေသော အလှပဂေးလေးနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်သိုက်သည် မိမိ၏စကားပြောကောင်းသော အရည်အချင်းကို ထုတ်ဖော်လိုက်ပြီး ရွှီကျင့် ဘေးသို့ ရင်းနှီးစွာ ကပ်ကာ စကားစမြည် ပြောဆိုလိုက်သည်။
"အစ်မလည်း ဒီကိုလာတာ ဆရာတော်ဆီမှာ ရတနာဆေးလုံး မေးဖို့ပေါ့၊ တော်တော် တိုက်ဆိုင်တာပဲ၊ ကျွန်မလည်း ဒီနေ့ ဘေးက ညီမလေးကို ခေါ်ပြီး ဆရာတော်ဆီမှာ ဆေးလုံးမေးဖို့ လာခဲ့တာ"
အပြင်လူများက အမြဲတမ်းပြောလေ့ရှိသည်မှာ လှပသော အမျိုးသမီးများ တစ်နေရာတည်းတွင် ရှိနေပါက အချင်းချင်း တိုက်ခိုက်ငြင်းခုံကြလိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော် ရွှီကျင့်နှင့် ဝမ်သိုက်တို့၏အပြုအမူကမူ ထိုကဲ့သို့ ရန်တိုက်ပေးသော "အများအမြင်" ကို ပြင်းထန်စွာ ရိုက်ချိုးဖျက်ဆီး ပစ်လိုက်ချေပြီ။
ချန်စစ်ကျယ်အား မမေးမြန်းဖြစ်ခဲ့သော မေးခွန်းကို ရွှီကျင့်က ဝမ်သိုက်အား မေးမြန်းရန် လွှဲပြောင်းပေးလိုက်ပြီး မျက်ခုံးလေးကို အနည်းငယ် တွန့်လိုက်ရင်း
"ဟုတ်သားပဲ၊ ကျွန်မမှာ မေးစရာ ရှိတယ်၊ ဘာလို့ ဆရာတော်ဆီမှာ ဆေးလုံးဝယ်ချင်တာကို တိုက်ရိုက် သွားမရှာဘဲ ဘုရားကျောင်းထဲမှာ ပတ်ပြီးရှာနေရတာလဲ" ဟု မေးလိုက်သည်။
စကားကို ကြားရသောအခါ ဝမ်သိုက်သည် မသိစိတ်အရ မျက်ခုံးကိုပင့်လိုက်မိပြီး ရွှီကျင့်၏ ဒေါက်ဖိနပ် စီးထားသော ခြေဖနောင့်ကို တစ်ချက်ကြည့်လိုက်ရာ စိတ်ထဲတွင် အဖြေရှိသွားကာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အစ်မရဲ့ ခြေဖနောင့်က ဖိနပ်ပေါက်သွားလို့ မဟုတ်လား၊ ကျွန်မဆီမှာ အရေပြားနဲ့ လိုက်ဖက်တဲ့ တစ်ရှူးရှိတယ်၊ အတုံးလေးဖြစ်အောင် ခေါက်ပြီး ခြေဖနောင့်မှာ ကပ်ထားလို့ရတယ်နော်၊ မရှိတာထက်စာရင်တော့ ကောင်းတာပေါ့"
စကားသက်သက်သာပြောပြီး လက်တွေ့မလုပ်သော ကိစ္စမျိုးကို ဝမ်သိုက် လုံးဝမလုပ်ပါချေ၊ သူမသည် မိမိအင်္ကျီအိတ်ကပ်ထဲမှ တစ်ရှူးထုတ်ကို ထုတ်ယူလိုက်ပြီး ဖြူစင်သော လက်ချောင်းလေးများဖြင့် တစ်ရှူးကို လေးထောင့်ပုံစံ ခေါက်ကာ ရွှီကျင့်ထံသို့ ကမ်းပေးလိုက်သည်။
"ကျွန်မ ခေါက်ကြောင်းလေးတွေ လုပ်ပေးထားတယ်၊ မမ အဲဒီခေါက်ကြောင်းအတိုင်း V ပုံစံလေး လုပ်ပြီး ဖိနပ်ဖနောင့်မှာ ညှပ်ထားလိုက်နော်"
"ဘုရားကျောင်းထဲမှာ ပတ်ပြီး လျှောက်ရှာရတဲ့ အကြောင်းရင်းကတော့ ဆရာတော်ကို ရှာဖို့ပါပဲ၊ အစ်မ သိလား၊ ဘုရားကျောင်းဝင်းထဲမှာ ဘယ်လို ဆရာတော်မျိုးက နေရာတစ်ခုတည်းမှာ အမြဲတမ်း ငြိမ်ငြိမ်လေး ရှိနေတတ်သလဲ ဆိုတာကို၊ ဒါကတော့ ဘုရားကျောင်းတိုင်း အဲဒီလို ဖြစ်တယ်လို့ မဆို လိုပါဘူး၊ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရ ပြောတာပါ"
ဝမ်သိုက် ကမ်းပေးလာသော တစ်ရှူးကို ကြောင်အမ်းအမ်းဖြင့် လှမ်းယူလိုက်ပြီး ရွှီကျင့်သည် တစ်ရှူးကို ဝမ်သိုက်ပြောပြသည့်အတိုင်း ဖိနပ်ဖနောင့်တွင် ညှပ်နေရင်း မျက်နှာလေးကို မော့ကာ မေးလိုက်သည်။
"ဘယ်လို ဆရာတော်မျိုးက ငြိမ်ငြိမ်လေးရှိနေတာလဲဟင်၊ သူတို့ ဆေးလုံးရောင်းတဲ့ ဆရာတော်တွေက နေရာ အသေမရှိဘူးလား"
အလှပဂေးလေးသည် တကယ်ပင် အလှပဂေးလေး ဖြစ်သည်ဟု ဆိုရမည်။ ရွှီကျင့်သည် ကိုယ်ကို ကိုင်းကာ မျက်နှာကို မော့လျက်ဖိနပ်ဖနောင့်ကို ပြင်ဆင်နေသော်လည်း သူမ၏ သိမ်မွေ့မှုကို မထိခိုက်စေပါချေ။
လှပသော ခန္ဓာကိုယ် ကောက်ကြောင်းမှာ ချည်ထည်ဂါဝန်ရှည်အတွင်း ပြည့်နှက်နေပြီး လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို အနည်းငယ် ကာထားကာ ခြေဖျားကို အနည်းငယ် ထောက်ထားသဖြင့် ဖိနပ်ဖနောင့်မှာ အလိုလို ကွာကျနေပြီး မိမိကိုယ်တိုင် သတိမထားမိသော ဆွဲဆောင်မှုမျိုး ရှိနေချေသည်။
ခဏမျှ စိုက်ကြည့်နေမိသော ဝမ်သိုက်သည် မသိစိတ်အရ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း မျက်တောင်ကို ခတ်ကာ ပြောလိုက်သည်။
"လက်ဝတ်ရတနာတွေနဲ့ အမွှေးတိုင်တွေ ရောင်းတဲ့ ဆရာတော်တွေပဲ နေရာတစ်ခုတည်းမှာ အမြဲတမ်း ရှိနေတတ်တာပါ၊ ဒါပေမဲ့ နေရာတစ်ခုတည်းမှာ ရှိနေတာက ဆရာတော်ရဲ့ ရာထူး သဘောတရားပဲဖြစ်ပြီး အမြဲတမ်း ဒီဆရာတော်ပဲ ရှိနေမယ်လို့ မဆိုလိုပါဘူး၊ ဆရာတော်ဆိုတာက ရာထူး သတ်မှတ်ချက်တစ်ခုပါပဲ၊ လက်ဝတ်ရတနာတွေကတော့ လူတွေက လက်ကောက်တွေ၊ ဆွဲသီးတွေ စတာတွေကို ပင့်ဆောင်ချင်လို့ ရောင်းတာပါ"
"ကျွန်မတို့ ရှာရမယ့် ဆရာတော်ကတော့ ဆေးလုံးရောင်းတဲ့ ဆရာတော်လို့ပြောလို့မရဘူး၊ ဆေးလုံး ရှိတဲ့ ဆရာတော်လို့ပဲပြောရမယ်၊ သာမန်အားဖြင့် ရတနာဆေးလုံးတွေကို အလွယ်တကူမရောင်းတတ်ကြဘူး၊ စကားအများကြီးပြောပြီး တောင်းရတာ”
“အဲဒီတော့ အဲဒီလိုဆရာတော်မျိုးက ပေါ်လာမလား၊ ဘယ်အချိန်မှာ ပေါ်လာမလား၊ ဘယ်နေရာမှာ ပေါ်လာမလား ဆိုတာကို အသေအချာ မသိနိုင်ဘူးလေ၊ ဒါကြောင့် ဘုရားကျောင်းထဲမှာ ပတ်ပြီး လျှောက်ရှာနေရတာပေါ့"
ရှင်းလင်းလှသော ရှင်းပြချက်ကြောင့် နောက်ဆုံးတွင် ရွှီကျင့်သည် ချန်စစ်ကျယ်အပေါ်တွင် ထားရှိသော သံသယများကို ဖယ်ရှားပစ်လိုက်နိုင်ခဲ့ပြီဖြစ်သည်။ ဤလူသည် အလွန် ဆန်းကြယ်လှပြီး ယခင်ကတည်းက သူ့ထံမှ ကောင်းမွန်သော ဆက်ဆံမှုကို မကြုံတွေ့ခဲ့ရသဖြင့် သူမက မိမိကို သဘောကျနေသည်ဟု ထင်မှတ်ကာ တမင်သက်သက် နှိပ်စက်နေခြင်းဖြစ်သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် အမှတ်မထင်မျက်လုံးကို လွှဲလိုက်ရာ တွေ့မြင်လိုက်ရသည်မှာ အကြည့်ကို ဝမ်သိုက်ပေါ်တွင်သာ ပုံသေချထားသော ချန်စစ်ကျယ်ပင်။
ဘေးနားရှိ လူများအပြင် အကြည့်ခံနေရသော ဝမ်သိုက်ကိုယ်တိုင်ပင် သတိထားမိခြင်း မရှိပါချေ၊ အဘယ်ကြောင့်ဆိုသော် ချန်စစ်ကျယ်သည် မျက်ဝန်းအိမ်ကို အနည်းငယ်သာ လှုပ်ရှားကာ အကြည့်ကို အသုံးချနေခြင်း ဖြစ်ပြီး ယင်းမှာ အရေးမစိုက်သကဲ့သို့ ရှိသော အကြည့်မျိုး ဖြစ်သောကြောင့်ပင်။
သို့သော် ရွှီကျင့်ကမူ ဖမ်းမိလိုက်ချေသည်။
"ဟေး၊ ဝမ်သိုက်၊ မင်းနဲ့ ချန်စစ်ကျယ်က လုပ်ဖော်ကိုင်ဖက်တွေ ဆိုတော့ မင်းတို့နှစ်ယောက်စလုံးက တာအို ပညာရပ်တွေ တတ်ကြတာပေါ့လေ၊ ဒါပေမဲ့ ချန်စစ်ကျယ်... ရှင်က လက်တွေ့သမား တစ်ယောက် မဟုတ်ဘူးလား"
အမှောင်ထဲတွင် လှည့်ကွက်တစ်ခု အသုံးချလိုက်ခြင်းဖြစ်သည်၊ ယခင်က သူ၏ ငြင်းပယ်မှုကို ခံခဲ့ရဖူးပြီး လာစဉ်ကလည်း နောက်ခန်းသို့ မောင်းထုတ်ခြင်း ခံခဲ့ရသဖြင့် ရွှီကျင့်သည် ရန်ငြိုးဖွဲ့ကာ အမှတ်မထင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပေသည်။
"ပညာရပ်များလေ ဒုက္ခမရောက်လေပါပဲ၊ ငါ့အမေကိုတော့ သွားမပြောနဲ့ဦး"
မျက်နှာ အမူအရာပြောင်းလဲခြင်းမှာလည်း ပညာရပ်တစ်ခု ဖြစ်ပုံရပြီး ချန်စစ်ကျယ်၏ စကားလမ်းကြောင်း လွှဲပြောင်းမှုမှာ လူကို ထိတ်လန့်သွားစေခဲ့သည်။
သို့သော် သူ့ မျက်နှာပေါ်တွင် အခြားသူအား အကူအညီတောင်းခံရမည့် အမူအရာမျိုး လုံးဝမရှိဘဲ ဘောင်းဘီအိတ်ကပ်ထဲမှ လက်ကို ထုတ်ယူကာ ဖုန်းဖြင့် တစ်ခုခုကို ပြုလုပ်နေပြီးနောက် ဝမ်သိုက်ပေါ်တွင် ရှိနေသောအကြည့်ကို ရွှီကျင့်ထံသို့ အေးဆေးစွာ လွှဲပြောင်းလိုက်ကာ မျက်ခုံးကို ပင့်လိုက်ရင်း ပြောလိုက်သည်။
"မင်း စိတ်ချပါ၊ တရားမျှတမှု ရှိစေဖို့အတွက် ငါလည်း မင်း ဘားကိုသွားခဲ့တဲ့ ကိစ္စကို မင်းရဲ့ မိဘတွေကိုပြောပြမှာ မဟုတ်ပါဘူး"
မိမိကိုယ် မိမိ အားသာချက် ရရှိသွားပြီဟု ထင်မှတ်ကာ ပျော်ရွှင်နေသော ရွှီကျင့်သည် ချက်ချင်းပင် မပြုံးနိုင်တော့ဘဲ တည်ငြိမ်မှုများအနည်းငယ် ပျက်စီးသွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ရှင် ဘယ်လိုလုပ် သိတာလဲ"
မျက်နှာအမူအရာ မပျက်သော ချန်စစ်ကျယ်သည် ဖုန်းစခရင်ကို လှည့်ပြလိုက်ရာ အသံဖမ်းစက် စာမျက်နှာကို ရွှီကျင့် သဲသဲကွဲကွဲ မြင်တွေ့လိုက်ရပြီး သူက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
"ငါ မသိပါဘူး၊ မင်းကို တမင်သက်သက်လှည့်စားပြီး မေးလိုက်တာ"
လုံးဝမသိခြင်းမျိုးတော့ မဟုတ်ပါချေ၊ ဦးနှောက်ကို အနည်းငယ် အသုံးပြုကာ ဗေဒင်တွက်ကြည့်လို က်ရုံဖြင့် သူမ မိဘများကို ဖုံးကွယ်ထားသော လျှို့ဝှက်ချက်လေးကို သိရှိနိုင်သည် မဟုတ်ပါလား။
ချန်စစ်ကျယ် လှည့်ကွက်ကို အသုံးပြုခဲ့မှန်း လုံးဝမသိရှိသော ရွှီကျင့်သည် ထပ်မံ၍ အံကြိတ်မိပြန်သည်။
ရွှီကျင့်၏အမူအရာ၊ ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ရုပ်ရည်တို့အပေါ်တွင် အပြည့်အဝ အထင်ကြီးလေးစားသွားသော ဝမ်သိုက်သည် စဉ်းစားတွေးတောခြင်း မရှိဘဲ ရွှီကျင့်နှင့် တူညီသော မဟာမိတ်အဖြစ် ရပ်တည်လိုက်တော့သည်။
သူမသည် မျက်နှာကို မော့ကာ ချန်စစ်ကျယ်ကို ကြည့်ပြီး မကျေမနပ်ဖြင့် အပြစ်တင်လိုက်သည်။
"ရှင်က ဘာလို့ သူများအပေါ်ကို အဲ့လိုအကျင့်ယုတ်နေရတာလဲ၊ သူမကလည်း စပ်စုချင်တဲ့ စိတ်နဲ့ မေးမြန်းလိုက်ရုံသက်သက်ပဲ မဟုတ်လား၊ ချန်စစ်ကျယ် ရှင် တော်တော်လေး အလွန်အကျွံလုပ်တယ်လို့ ကျွန်မ ထင်တယ်"
"မိတ်ဆွေကောင်း လုပ်ဖော်ကိုင်ဖက်" ထံမှ နောက်ကျောကို ဓားဖြင့် ထိုးခြင်းကို ခံလိုက်ရသော ချန်စစ်ကျယ်သည် သူမ၏ ဦးနှောက်ကို ခွဲကြည့်လိုက်ချေချင်တော့သည်။ သူမသည် ရွှီကျင့်၏ စောစောက စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုကို တကယ်ပဲ သတိမထားမိခြင်းလား သို့မဟုတ် ဦးနှောက် မရှိခြင်းလား ဆိုသည်ကို သိရှိရန် ဖြစ်ပေသည်။