← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

🍏 Chapter 164

ရှေ့သို့ လျှောက်လှမ်းသွားပြီး ဝမ်သိုက် သည် ကုလားထိုင်တစ်လုံးကို ဆွဲကာ ချင်ယန်၏ ကုတင်ဘေးတွင် ထိုင်လိုက်သည်။ လေးလံလှသော ခန္ဓာကိုယ်မှာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သော်လည်း လေးလံမှုက မလျော့နည်းသွားချေ။ လေးလံလှသော အကြည့်များက ပြုံးရန် ကြိုးစားသော်လည်း လေးလံမှုကို မဖျောက်ဖျက်နိုင်ချေ။

အချိန်အတော်ကြာမှ ခြောက်သွေ့စွာ ခေါ်လိုက်သည်။

“အစ်မ ချင်ယန်”

ပျက်စီးယိုယွင်းနေပြီး သေခြင်းတရား အငွေ့အသက်များ ထွက်ပေါ်နေသော လူသည် မျက်လုံးအိမ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ချင်ယန်သည် မိမိအကြည့်ကို ဝမ်သိုက်၏ အကြည့်နှင့် ပေါင်းစပ်လိုက်ကာ သူမသည် ဝမ်သိုက်ကို ကြောင်အမ်းစွာဖြင့် မိနစ်အတော်ကြာ စိုက်ကြည့်နေသည်။ ကြည့်နေသည်မှာ ဝမ်သိုက်တစ်ဦးတည်း မဟုတ်ချေ။

အတိတ်ကို အလွယ်ကူဆုံး မြင်တွေ့ရသည့် အချိန်မှာ အတိတ်ကလူက မိမိရှေ့တွင် ရပ်တည်နေသည့် အချိန်မျိုး ဖြစ်သည်။ အထူးသဖြင့် ထိုအတိတ်ကလူမှာ ကွယ်လွန်သွားသည်မှာ မကြာသေးသည့် အချိန်မျိုးတွင် ဖြစ်သည်။

ဝေဝါးမှုကြားတွင် ချင်ယန်သည် ဝမ်သိုက်ကို စောင့်ဆိုင်းရသည့် အခါ၌ စိတ်လှုပ်ရှားပြီး ဝမ်းမြောက်နေတတ်သော ချင်ထုံကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ သူသည် ဝမ်သိုက်ကို အနှစ်သက်ဆုံးဖြစ်ပြီး သူမကို မြင်သည်နှင့် မျက်ဝန်းများ တောက်ပလာတတ်သည်။

နှမြောစရာကောင်းသည်မှာ ဤကမ္ဘာမြေပေါ်တွင် သူနှစ်သက်သော သူ့အစ်မ ဝမ်သိုက် ရှိနေသော်လည်း သူ့ကို ဆွဲဆောင်ထားနိုင်ခြင်း မရှိတော့ချေ။

"အစ်မချင်ယန်၊ သေခြင်းတရားဆိုတာ အဆုံးသတ်မဟုတ်ပါဘူး၊ အစပျိုးမှုအသစ် တစ်ခုပါ"

အမှန်တရားဖြစ်သော ဤအချက်ကို ပါးစပ်မှပြောဆိုနေသော်လည်း ဘဝထဲမှ လူတစ်ယောက် ရုတ်တရက် လျော့နည်းသွားရသော နာကျင်မှုကြောင့် မျက်ရည်များအဖြစ် ကပ်ငြိနေဆဲ ဖြစ်သည်။

ဝမ်သိုက်သည် ခန္ဓာကိုယ်ကို ငုံ့ကာ ခေါင်းကို အောက်သို့ ချလိုက်ပြီး ငိုကြွေးခြင်းကိုပင် မရပ်တန့်နိုင်တော့ရာ မည်သို့လျှင် ဆက်လက်၍ နှစ်သိမ့်မှုပေးနိုင်မည်နည်း။

ကံကောင်းသည်မှာ နောက်ကွယ်တွင် ချန်စစ်ကျယ် ရှိနေသေးသည်။ သူသည် ရှေ့သို့ လျှောက်လှမ်းလာပြီး ခြေသံများ ကြမ်းပြင်ပေါ်တွင် ထွက်ပေါ်လာကာ အရပ်ရှည်လှသော အမျိုးသားသည် ကုတင်ဘေးတွင် ရပ်တန့်လိုက်ရာ ပြတင်းပေါက်ပြင်ပမှ ဝင်ရောက်လာသော လင်းထိန်မှုကို အများစု ကာကွယ်လိုက်သဖြင့် အရိပ်များမှာ ဝမ်သိုက်နှင့် ကုတင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

သူသည် မျက်ဝန်းကိုချကာ ချန်ယန့်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို ဟကာ ပြောလိုက်သည်။

"မင်းရဲ့ ဘဝထဲမှာ အရာများစွာ ဝင်ရောက်လာတတ်သလို အရာများစွာလည်း ထွက်ခွာသွား တတ်ပါတယ်၊ အရာဝတ္ထုတွေရဲ့ ကောင်းခြင်းဆိုးခြင်းကို ထိန်းချုပ်လို့ မရပါဘူး၊ တစ်ခုတည်းသော စီမံခန့်ခွဲနိုင်တဲ့အရာက မင်းကိုယ်တိုင်ပါပဲ၊ အမှန်တော့ မင်းကိုယ်တိုင်လည်း လုံးဝ ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမဲ့ ဒါက ငါတို့ ဒီကမ္ဘာမြေပေါ်မှာ တည်ရှိနေတဲ့ အချိန်မှာ ထိန်းချုပ်မှု အမြင့်မားဆုံး အရာပါပဲ"

ဝမ်သိုက်၏နေရာကို အစားထိုးဝင်ရောက်လာသော ဤအရံလူသည် အမှန်ပင် မိမိ၏ထက်မြက် ပြတ်သားသော အစွမ်းအစများကို ဖုံးကွယ်မထားပေ။

"ခင်ဗျား အသက်မငယ်တော့ဘူး၊ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျား အခုတွေးနေတာက ကိုယ့်အသက် ကိုယ် အဆုံးသတ်ဖို့ပဲဖြစ်ရမယ်၊ ဒါက အလွန်အကျိုးအကြောင်း မဆင်ခြင်တဲ့ လုပ်ရပ်ပဲ၊ ခင်ဗျားရဲ့ အသက်က ဘယ်သူ့အတွက်မှ တည်ရှိနေတာ မဟုတ်ဘူး၊ ခင်ဗျားအတွက်ပဲ တည်ရှိနေတာ”

“ခင်ဗျား အခု ထွက်ခွာသွားချင်နေတာက ခင်ဗျားကလေး ထွက်ခွာသွားလို့ပဲ၊ တကယ်လို့ ခင်ဗျားခင်ပွန်း ဆုံးပါးသွားတုန်းက ခင်ဗျားတို့မှာကလေးမရှိခဲ့ရင် ခင်ဗျား ကိုယ့်အသက်ကိုယ် အဆုံးသတ်ဖို့ ရွေးချယ်မှာမို့လို့လား"

အားပြင်းလှသော မေးခွန်းများဖြင့် ထိုးနှက်လိုက်ရာ ချင်ယန် မျက်ဝန်းထဲတွင် နောက်ဆုံး၌ စိတ်ခံစားမှုလှိုင်းဂယက်များ ထွက်ပေါ်လာပြီး သူမသည် ချန်စစ်ကျယ်ကို အံ့အားသင့်တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။

တစ်စုံတစ်ယောက်က ဤမျှအထိအကွက်ချောင်းပြီး ထိုးနှက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ မိသကဲ့သို့ ဖြစ်နေပေသည်။ သို့မဟုတ်လည်း ဝေဝါးနေသော စိတ်အစဉ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားရခြင်းလည်း ဖြစ်နိုင်ပါသည်။

ချန်စစ်ကျယ်သည် ချင်ယန်၏အဖြေကို တောင်းဆိုရန် အစကတည်းက ရည်ရွယ်ထားပုံမရဘဲ မိမိဘာသာ ဆက်ပြောပြန်သည်။

"လူအများစုကတော့ လုပ်မှာမဟုတ်ဘူး၊ ဆက်ပြီး ရှင်သန်ဖို့ပဲရွေးချယ်ကြလိမ့်မယ်၊ ဖြစ်နိုင်တာက နောက်ထပ် အိမ်ထောင်မပြုတော့တာ မျိုး ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ်လည်း နောက်ထပ် သင့်တော်တဲ့ သူတစ်ယောက်နဲ့ တွေ့တဲ့အခါ အိမ်ထောင်သစ်တစ်ခု ထပ်ထူထောင်တာမျိုး ဖြစ်လိမ့်မယ်”

“ခင်ဗျားကလေး ထွက်ခွာသွားပြီ၊ သူက အခုတင်ပဲ လမ်းခွဲသွားတာကို သူ့အမေက နောက်ကနေ အမှီလိုက်လာတာမျိုးကိုမြင်ချင်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား"

စကားလုံးများက တစ်ဆင့်ပြီးတစ်ဆင့် ပိုဖိအားပေးလာသည်။

"သူက ခင်ဗျားကို ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်စေချင်ရုံတင်ပဲ၊ သူ့အတွက်ကြောင့်နဲ့ ဆက်ပြီး မရှင်သန်စေချင်တော့ဘူး၊ တကယ်လို့ ခင်ဗျားက သေခြင်းတရားကို ရွေးချယ်မယ်ဆိုရင် ခင်ဗျားက ကိုယ့်အသက်ကို အခြားအရာတွေအတွက် တည်ရှိနေတဲ့ ကိရိယာတစ်ခုလို သဘောထားလိုက်တာပဲ”

“ကိုယ်ကိုကိုယ် တန်ဖိုးချပြီး လျစ်လျူရှုလိုက်တာ၊ ခင်ဗျားရဲ့ အသက်ကို အားနာသင့်တယ် မဟုတ်လား၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အားနာသင့်တယ် မဟုတ်လား၊ ခင်ဗျား ကိုယ်ကိုကိုယ်အတွက် မရှင်သန်ခဲ့ရတာ ဘယ်နှစ်နှစ် ရှိသွားပြီလဲ"

တုန်လှုပ်ချောက်ချားသွားရသူမှာ ချင်ယန် တစ်ယောက်တည်း မဟုတ်ပေ။ ဘေးကုတင်က လူနာနှင့် သူတို့၏ မိသားစုဝင်များပါ အံ့အားသင့်ကာ မျက်လုံးအဝိုင်းသားဖြင့် ချန်စစ်ကျယ်ကို စိုက်ကြည့်နေကြပြီး ဝမ်သိုက်သည်လည်း ထို့အတူပင် ဖြစ်သည်။

ဘယ်နားမှာ သက်သာရာရအောင် နှစ်သိမ့်ပေးနေတာလဲ။ တရားစီရင်နေတာနဲ့ တူလှသည်။

ထို့အပြင် ဤလူ၏ နောက်ထပ်ထွက်လာသော စကားများက ခုနက ဖန်တီးထားသည့် လေးနက်သော လေထုကိုပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သေးသည်။

"ပြီးတော့ တကယ်လို့ ခင်ဗျားပါ ထွက်သွားရင် ချင်ထုံအတွက် ဘယ်သူက စက္ကူတွေ မီးရှို့ပေးမှာလဲ၊ အသက်ရှင်နေတဲ့သူတွေက သေဆုံးသွားတဲ့သူတွေအတွက် အဝတ်အစားတွေ၊ ကစားစရာတွေ၊ အိမ်တွေ၊ စာအုပ်တွေ ပို့ပေးလို့ရသေးတယ်ဆိုတာ ခင်ဗျား မသိဘူးလား၊ ခင်ဗျားက ဝမ်သိုက်ကိုပဲ ခင်ဗျားတို့ရဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေကို ရှင်းခိုင်းဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူးမလား၊ ခင်ဗျား အားမနာတတ်ဘူးလား"

"သူမက ခင်ဗျားတို့ကို ထောက်ပံ့ပေးခဲ့တာ ဒီလောက်နှစ်တွေ အကြာကြီးရှိပြီ၊ ခင်ဗျားတို့ကို အများကြီး ကူညီခဲ့ဖူးတယ် မဟုတ်လား၊ သူမရဲ့ အမှုရင်ဆိုင်ရမယ့် ကိစ္စမှာလည်း ခင်ဗျားကို သက်သေအဖြစ် အားကိုးနေရတာ၊ ခင်ဗျားကတော့ အခု မျက်စိနှစ်လုံးမှိတ်ပြီး ဒီအတိုင်းထွက်သွားချင်နေတယ်၊ ခင်ဗျား တကယ်ကို အတ္တကြီးလွန်းပါတယ်"

အမှန်ပင် အကျိုးအကြောင်းဆင်ခြင်မှုနှင့် စိတ်ကူးယဉ်အယူဝါဒတို့ ထိပ်တိုက်တွေ့ဆုံနေသော ပဋိပက္ခဖြစ်ဖွယ် လူသားတစ်ယောက်ပါပေ။

သို့သော်လည်း ယင်းက အမှန်တကယ်ပင် အကျိုးရှိသွားပေသည်။

ရှက်ရွံ့ခြင်းတရားသည် ချင်ယန်၏ မျက်နှာပေါ်တွင် ထင်ဟပ်လာပြီး ကုတင်ခေါင်းရင်းတွင် မှီထားသော သူမ၏ ခန္ဓာကိုယ်သည် အရှေ့သို့ အနည်းငယ် တိုးလာကာ ကျောကိုကုန်း၍ ခေါင်းကို ခဏမျှ ငုံ့ထားပြီးနောက် မေးစေ့ကို ဖြည်းညှင်းစွာ မော့လာရာ ပေါ်ထွက်လာသော မျက်ဝန်းအစုံတွင် တောင်းပန်ရိပ်များကို ဖုံးကွယ်မရတော့ပေ။

သူမသည် ဦးစွာ ချန်စစ်ကျယ်ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဝမ်သိုက်ကို ကြည့်ကာ ပြောသည်။

"တကယ်ကို အားနာပါတယ် ညီမလေးရယ်၊ ခုနက အစ်မ ခေါင်းထဲ ဝေဝါးသွားလို့၊ ဘာမှ မမှတ်မိတော့ဘူး၊ ကိုယ်တိုင် ဒီနှစ်တွေထဲ ရှင်သန်ရတာ အရမ်းပင်ပန်းလွန်းတယ်လို့ပဲ တွေးမိတယ်

ချင်ထုံလေး ထွက်သွားပြီဆိုတော့ အစ်မလည်း ဒီလောကကြီးထဲမှာ တွယ်တာစရာ မရှိတော့ဘူးလို့ တွေးပြီး သူ့နောက်ကို လိုက်သွားချင်မိတာ၊ တကယ်ကို တောင်းပန်ပါတယ်၊ ညီမလေးအတွက် သက်သေလုပ်ပေးရမယ့် ကိစ္စကို အစ်မ မေ့သွားမိတယ်"

All Chapters