← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

🍏 Chapter 169

သူသည် ဝမ်သိုက်၏ နောက်ကော်လာကို ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး မျက်တောင်ကို လှုပ်ရှားကာ အကြည့်များကို ဆန့်ကျင်ဘက်ရှိ မောင်းနှင်သူဘေးမှနေရာဆီသို့ ပို့ဆောင်လိုက်သည်။ လှည့်လည်သွားသော မျက်ဝန်းအစုံဖြင့် သူမကို ထပ်မံကြည့်ကာ ပြောသည်။

"ဟိုဘက်ကို သွားပြီး ထိုင်"

မိမိ အငြင်းခံရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝမ်သိုက်သည် ဤသို့ လှည့်ပတ်၍ သဘောတူညီမှုကို ကြားလိုက်ရသောအခါ ခါးက ပြန်လည်မတ်သွားရသည်။

သူမ ခပ်သွက်သွက် လျှောက်လှမ်းကာ ဆန့်ကျင်ဘက်ရှိ မောင်းနှင်သူဘေးနေရာအရှေ့သို့ သွား၍ ကားပေါ်တက်လိုက်သည်။ အန္တရာယ်ကင်းစင်ပတ်ကြိုးကို ပတ်နေစဉ်တွင်၊ အခွင့်ကောင်းယူသည့် သဘောဖြင့် တိုးတိုးလေး ညည်းတွားမိသည်။

"နောက်ခန်းနဲ့ မောင်းနှင်သူဘေးနေရာက ဘာထူးလို့လဲ၊ ဒီမှာထိုင်တော့ ကျွန်မက ပတ်ပြီး လျှောက်နေရသေးတယ်"

ကားမှ ခါးပတ်ကြိုးကို ပတ်လိုက်သော အမျိုးသားသည် ထိုစကားကို ကြားသောအခါ သူမကို မျက်စောင်းထိုးကြည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဂီယာတံကို ကိုင်ကာ တွန်းရွှေ့လျက် အေးစက်သော လေသံဖြင့် ပြောသည်။

"ကွာခြားချက်က အများကြီးပဲ၊ မင်း နောက်ခန်းမှာ ထိုင်ရင်၊ ငါက မင်းရဲ့ ဒရိုင်ဘာနဲ့ တူသွားလိမ့်မယ်"

သရော်လှောင်ပြောင်မှု ပါဝင်နေသော လေသံကြောင့် ဤလူသည် အကွက်ချောင်းပြီး တိုက်ခိုက်တတ်သော စနိုက်ပါသေနတ်သမားတစ်ယောက်လားဟု သံသယဝင်စရာ ဖြစ်နေပေသည်။

မိမိရင်ဘတ်အရှေ့က ပတ်ကြိုးကို ကိုင်ထားရင်း ဝမ်သိုက်သည် ချန်စစ်ကျယ်၏ ဘက်သို့ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့ကို မော့ကြည့်လျက် ပြောသည်။

"အိမ်မှာ အစ်မချင်ယန် ချန်ထားခဲ့တဲ့ ထမင်းဟင်းတွေ ရှိတယ်၊ ရှင် ကျွန်မကို အရင်ဆုံး တစ်ခါတည်း ပြန်လိုက်ပို့ပေးလို့ ရမလား"

သဘောထား ပျော့ပျောင်းသွားရခြင်း အကြောင်းရင်းမှာ သူတပါးကို အကူအညီ တောင်းခံနေရ သောကြောင့် ဖြစ်သည်။

"ငါ ဒရိုင်ဘာ မလုပ်ဘူး၊ ငါ့ရဲ့ တစ်နာရီက ရှစ်ထောင်တန်တယ်၊ မင်းအိမ်ကို လမ်းကြုံ ဝင်ပို့ပေးရင် ငါ စားသောက်ဆိုင်သွားပြီး ထမင်းစားမယ့် အစီအစဉ်ကို နှောင့်နှေးစေလိမ့်မယ်၊ မင်းကို အထူးတလည် လိုက်ပို့ပေးလို့တော့ ရတယ်၊ ပိုက်ဆံပေး"

"အရင်တုန်းက ရှင် ကျွန်မဆီက ပိုက်ဆံတောင်းတာ မမြင်ဖူးပါဘူး"

"ငါ ယူချင်တဲ့အချိန် ယူမှာပဲ"

နောင်တရစိတ်များ ပေါ်ပေါက်လာသော ဝမ်သိုက်သည် ပတ်ကြိုးကို ဖြုတ်ကာ ကားပေါ်က ဆင်းချင်စိတ် ပေါက်သွားသည်။ ဒါက အငှားကားစီးတာထက်တောင် မသက်သာပါဘူး။ ချန်စစ်ကျယ်လိုမျိုး စိတ်ပုပ်တဲ့ သူနဲ့ တွေ့ရတာ သူမ ကံဆိုးတာပဲ ဖြစ်ရမည်။

သူမသည် ခန္ဓာကိုယ်ကို ကားတံခါးဘက်က မှန်ဆီသို့ စောင်းလိုက်ပြီး ခြောက်ကပ်ကပ်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ရှင် ကားရပ်ပြီး ကျွန်မကို ချပေးခဲ့လိုက်ပါတော့၊ ကျွန်မ လမ်းလျှောက်ပြီး အိမ်ပြန်တာလည်း တော်တော်လေး ကောင်းပါတယ်လို့ ခံစားရတယ်၊ ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်တယ်လို့ပဲ သဘောထားလိုက်မယ်"

နှမြောစရာကောင်းသည်မှာ ချန်စစ်ကျယ်သည် သူမနှင့် လိုင်းတစ်ခုတည်းတွင် ရှိမနေပုံရသည်။

"မင်း ဘာလို့ အမြဲတမ်း သက်ပြင်းချနေတာလဲ၊ တရားရုံးတံခါးဝမှာတုန်းက မေးတဲ့မေးခွန်းကို မင်း မဖြေရသေးဘူး၊ ဘာလို့ သက်ပြင်းချတာလဲ၊ အမှုမှာ ပြဿနာ ရှိလို့လား"

"ဒါတော့ မဟုတ်ပါဘူး၊ အမှုကတော့ သေချာပေါက်နိုင်မှာပါ"

အရှိန်အဝါရှိသော လူပုဂ္ဂိုလ်အချို့က မိမိအတွက် လမ်းကြောင်း ဖွင့်ပေးထားခြင်း ဖြစ်ရာ လမ်းတစ်ဝက် မှာတင် အောင်ပွဲခံရမည်ဆိုလျှင်ပင် ဝမ်သိုက်အနေဖြင့် ကြောက်ရွံ့နေမည် မဟုတ်ပေ။

သူမသည် ခန္ဓာကိုယ်ကို ပြန်တည့်ကာ မောင်းနှင်သူနေရာဘေးတွင် မှီချလိုက်ပြီး ခဏမျှ ငြိမ်သက်သွားပြီးမှ ပါးစပ်ကို ဟလိုက်သည်။

"အင်း၊ ဒီအတိုင်း ကမ္ဘာကြီးက အရမ်း ရှုပ်ထွေးတယ်၊ လူ့အဖွဲ့အစည်းက အရမ်း ရှုပ်ထွေးတယ်လို့ ခံစားရလို့ပါ"

"အစိုးရရဲ့ သိုလှောင်ရုံထဲက ကြွက်တွေက အလကား ထိုင်စားနေကြပြီး၊ ငြိမ်းချမ်းရေးဆိုတာ အပေါ်ယံ ငြိမ်းချမ်းရေးသက်သက်ပဲ၊ သနားစရာကောင်းတဲ့ ပြည်သူတွေကတော့၊ သူတို့ ဖုံးကွယ်ထားတဲ့ အဲဒီမျက်နှာပြင်တွေကို မမြင်နိုင်ကြဘူး”

“အချို့လူတွေက သဘောပေါက်လွယ်တော့ သူတို့ ခေါင်းပုံဖြတ်ခံနေရတာကို သတိပြုမိကြလိမ့်မယ်၊ လူအများစုကတော့ သူတို့ ပျော်ရွှင်မှုထဲမှာ ရှိနေတယ်လို့ ထင်နေကြဆဲပဲ၊ လက်ရှိ ပိုင်ဆိုင်ထားတဲ့အရာတွေက အလွန် ပြည့်စုံလှပြီလို့ ထင်နေကြတာ၊ ဘာလို့လဲဆိုတော့ ရရှိဖို့ မလွယ်ကူခဲ့လို့လေ"

သူမ၏ မေးစေ့မှာ အနည်းငယ် ငုံ့ထားမိရာ အချိန်မရွေး မေးစေ့ကို လည်ပင်းထဲသို့ ထိုးထည့်လိုက်တော့မည့်အတိုင်း ဖြစ်နေသည်။

"သူတို့ထဲက လူနည်းစုပဲ တွေးမိကြတာ၊ သာမန်အရပ်သား ပြည်သူတွေအတွက် ရဖို့မလွယ်ကူတဲ့အရာက အချို့လူတွေအတွက်တော့ လက်ချောင်းလေးလှုပ်ပြီး ပါးစပ်ဟလိုက်ရုံပဲဆိုတာ၊ တရားမျှတမှုကို လိုချင်တာတောင် တော်တော်ခက်ခဲတယ်၊ လူဘယ်လောက်များများ မတရားမှုကို ရင်ဆိုင်နေရလဲ၊ ရေတွက်လို့ မရနိုင်ဘူး"

လေးလံသော အကြောင်းအရာကြောင့် ကားထဲက အခြေအနေမှာ ခဏမျှ တိတ်ဆိတ်သွားရသည်။ ခဏအကြာတွင် ချန်စစ်ကျယ်က နှုတ်ခမ်းကို ဟလိုက်သည်။

"ဒါပေမယ့် အမြဲတမ်း ဖြောင့်မတ်မှန်ကန်တဲ့သူတွေ ရှိနေတာပဲ၊ လူအုပ်ကြီးထဲမှာ လူဆိုးတွေချည်းပဲ ရှိမနေပါဘူး၊ ဘလူးဘယ်ရီသီးက ပုပ်လွယ်တယ်၊ ဒါပေမယ့် မင်း ဘလူးဘယ်ရီတစ်ဗူး ဝယ်လာရင် အားလုံး ပုပ်နေတာမျိုးတော့ မဟုတ်ဘူးလေ၊ ဒါက ကုန်သည်တွေ ဒါမှမဟုတ် စူပါမားကတ်တွေအတွက်တော့ သူတို့ရဲ့ ဆိုင်းဘုတ်ကို သူတို့ ပြန်ဖျက်ဆီးတာမျိုး ဖြစ်လိမ့်မယ်"

ဆန်းသစ်သည်ဟု ခံစားရပုံပေါ်သဖြင့် ဝမ်သိုက်သည် ကားခါးပတ်ကြိုးအောက်တွင် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သူမသည် သူ့ဘက်သို့ စောင်းငဲ့ကာ မျက်ဝန်းအစုံကို ဝိုင်းစက်အောင် ဖွင့်ထားလျက် စနောက်သော လေသံဖြင့် ပြောသည်။

"ဟေး၊ ချန်စစ်ကျယ်၊ ရှင်က တော်တော်လေး စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တာပဲလို့ မထင်ထားမိဘူး၊ စိတ်ကူးယဉ်ဆန်တဲ့ ရှေ့နေကြီးဆိုတာနဲ့ ထိုက်တန်ပါတယ်"

စိတ်ကူးယဉ်ဆန်သော ရှေ့နေချန်က သူမကို ပြန်မပြောပေ။

စကားတစ်ခွန်းကို ဝမ်သိုက်က လည်ချောင်းထဲတွင် ဖုံးကွယ်ထားမိသည်။

‘စိတ်ကူးယဉ်ဆန်သူတစ်ယောက် ဖြစ်လာချင်ရင်၊ ဘဝမှာ လမ်းပိတ်ခြင်း အခြေအနေတွေ အများကြီး ရှိလို့မဖြစ်ဘူး’

နောက်ဆုံးတွင် စားသောက်ဆိုင်သို့ သွားမည့်သူများထဲတွင် ဝမ်သိုက် တစ်ယောက် တိုးလာခဲ့သည်။

သူမသည် ချန်စစ်ကျယ်၏ နောက်မှ ကြက်တူရွေးတစ်ကောင်ကဲ့သို့ လိုက်ပါသွားပြီး ဘယ်ပြန်ညာပြန်ဖြင့် ချန်စစ်ကျယ်၏ ဘေးတွင် လှည့်လည်ကာ ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။

"အစ်မချင်ယန်က အိမ်မှာ ကျွန်မအတွက် ထမင်းဟင်းတွေ လုပ်ပေးထားတာ၊ အဲဒီဟင်းတွေကို ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူး မဟုတ်လား"

"သူမက အိမ်မှာ မင်းကို စောင့်ပြီး ထမင်းစားမလို့လား"

"မဟုတ်ပါဘူး၊ သူမက ထမင်းချက်ပြီးတာနဲ့ ထွက်သွားတာ၊ သူမက ရင်ခွဲရုံကိုသွားရဦးမှာ၊ အိမ်မှာ ကျွန်မစားတာကို စောင့်နေဖို့ အချိန်မရှိဘူး"

"ဒါဆို ရပြီမဟုတ်လား၊ မင်းပြန်ရင် ရင်ဆိုင်ရမှာက အေးစက်နေတဲ့ ဟင်းတွေပဲ၊ နွှေစားရမှာပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် နွှေစားရမှာချင်းအတူတူ ညဘက်ကျမှ စားလည်း အတူတူပဲ၊ ပြီးတော့ သူမက အချိန်ပိုင်းအလုပ်လည်း လုပ်ရသေးတယ်၊ မင်းအတွက်လည်း ထမင်းချက်ပေးရသေးတယ်၊ မင်းက ဟွမ်ရှီရန် (ခေါင်းပုံဖြတ်သူ) လား"

ရုတ်တရက် ခြေလှမ်းရပ်လိုက်သော ချန်စစ်ကျယ်၏ကျောပြင်ကို တစ်စုံတစ်ခုက ဝင်တိုက်မိသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ ခြေလှမ်းကို အချိန်မီမရပ်နိုင်ခဲ့သော ဝမ်သိုက် ဖြစ်နေပြီး သူမ၏ တိုက်ခိုက်ရေးပစ္စည်းမှာ သူမ ခေါင်းပင်။

ရန်သူကို ထိခိုက်အောင် မလုပ်နိုင်ဘဲ မိမိကိုယ်ကိုယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ထိခိုက်သွားသော ဝမ်သိုက်သည် မိမိ၏ နှာခေါင်းဖျားကို သနားစရာကောင်းစွာ နှိပ်နယ်နေရသည်။ ကျိန်းစပ်နေသော နှာခေါင်းကြောင့် သဘာဝအလျောက် မျက်ရည်များ ထွက်ပေါ်လာပြီး သူမက ညည်းတွားသည်။

"ရှင် ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်တာလဲ"

သူမ အရှေ့တွင် ရပ်နေသော ချန်စစ်ကျယ်သည် ဘယ်ဘက်သို့ ခြေတစ်လှမ်း ရွေ့လိုက်ပြီး ဓာတ်လှေကား အပေါ်တက်ခလုတ်ကို နှိပ်ထားသော လက်ကို ပြန်ရုပ်လိုက်သည်။ သူသည် ပိတ်ထားသော ဓာတ်လှေကားတံခါးဘက်သို့ ခေါင်းကို အနည်းငယ် စောင်းကာ ရယ်မောလျက် ပြောသည်။

"ဘာလို့လဲဆိုတော့ ငါက မင်းနဲ့မတူလို့ပဲ၊ တိုက်ရိုက်ကြီး ဝင်တိုက်မိတဲ့အထိတော့ မဖြစ်ဘူး"

‘လူကို စော်ကားတာ။ အထင်အမြင်သေးတာ။ အတိအလင်း စော်ကားလိုက်တာပဲ’

စကားဆွံ့အသွားသော ဝမ်သိုက်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ကျွန်မက ဟွမ်ရှီရန် မဟုတ်ပါဘူး၊ အစ်မချင်ယန်က သူမ ကျွန်မအပေါ် အများကြီး အကြွေးတင်နေတယ်လို့ ထင်နေပုံရတယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့ မိမိကိုယ်ကိုယ် အိမ်ဖော်တစ်ယောက်လို သဘောထားနေတာ"

စိတ်ထဲတွင် ရှိနေသော စကားလုံးများကြောင့် ဝမ်သိုက် ပြောရခက်နေပြီး သူမသည် နှုတ်ခမ်းကို အကြိမ်နည်းငယ်လျှာဖြင့် သတ်လိုက်ကာ အားနာစရာကောင်းသော လေသံဖြင့် ပါးစပ်ဟလိုက်သည်။

"ကျွန်မကို ပြုစုစောင့်ရှောက်နေသလိုမျိုးပဲ၊ ဒီညကျရင် သူမနဲ့ သေသေချာချာ စကားပြောဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်"

ဓာတ်လှေကားတံခါးက မြည်သံတစ်ခုနှင့်အတူ ပွင့်သွားပြီး အထဲတွင် ရှိနေသော လူများက အေးအေးလူလူ လျှောက်ထွက်လာကြရာ အထဲသို့ ပြန်ဝင်သွားသူမှာ သူတို့နှစ်ယောက်တည်းသာ ရှိသည်။

ချန်စစ်ကျယ်က အထပ်နံပါတ်ကို ထပ်မံနှိပ်လိုက်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲမှ တစ်ရှူး အစိုကို ထုတ်ယူကာ လက်ချောင်းများကို သုတ်သင်နေသည်။ သူသည် မေးစေ့ကို အနည်းငယ် ငုံ့ထားပြီး စိတ်အေးလက်အေး ပြောသည်။

"သူမကို ရင်ဆိုင်တဲ့အခါမှာ၊ မင်းအနေနဲ့ ပျော့ပြောင်းတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မသုံးဖို့ ငါ အကြံပြုချင်တယ်၊ ပြတ်ပြတ်သားသား ငြင်းဆန်မှုမျိုးကို ပြသရမယ်၊ မဟုတ်ရင် သူမက လက်လျှော့မှာ မဟုတ်ဘူး"

All Chapters