← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

🍏 Chapter 174

တိုတောင်းလှသော စကားဆိုမှုမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုစဉ်အခါက သူတို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ မတွေးမိခဲ့ကြပေ။ နောက်တစ်ကြိမ် ထပ်မံ၍ စကားပြောဆိုခွင့် ရရှိကြသည့်အခါ၌မူ မရဏကမ္ဘာတွင်သာ ဆုံတွေ့ကြရလိမ့်မည်ဆိုသည်ကိုပင် ဖြစ်တော့သည်။

.....

လုံဖန်းချီသည် မိမိတို့၏ ဘေးတွင် ထိုင်နေခြင်းကြောင့် ရန်ခယ်သည် မာချီနှင့် အခြားသော အကြောင်းအရာများကို ပြောဆိုလိုစိတ် ရှိသော်လည်း ထိုသို့သော စိတ်ကူးမျိုးကိုမူ မရှိရဲချေ။ လူဟူသည်မှာ ရုတ်တရက် ပါးစပ်နှစ်ပေါက် ထွက်လာရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် လုံဖန်းချီနှင့်သာ အဆက်မပြတ် စကားပြောဆိုနေခဲ့လေသည်။

ခုံအမှီပေါ်တွင် ပျင်းရိပျင်းတွဲ မှီထားသော လုံဖန်းချီက ဆေးပြင်းလိပ်ကို သောက်နေပြီး ဆေးလိပ်ငွေ့ဖြူများက ကားထဲမှာ ပျံ့လွင့်နေသည်။ ပါးစပ်ဟလိုက်သောအခါ သြဇာသံပါသော အသံကြီး ထွက်ပေါ်လာသည်။

"ခဏနေရင် မင်းတို့ကို လောင်းကစားရုံဆီ ခေါ်သွားပြီး ပြမယ်၊ ဟွန်း၊ ဒီက လောင်းကစားရုံမှာ ရှိနေတာတွေက အားလုံး ဆူဖြိုးတဲ့ ဝက်တွေချည်းပဲ၊ ငါ မင်းတို့နှစ်ယောက်ကို ငါ့ဘေးမှာ ထားတာက မင်းတို့နှစ်ယောက်ကို ယုံကြည်လို့ပဲ၊ မင်းတို့ ငါ့အတွက် ‘ဝက်သတ်’ တဲ့အလုပ်ကို သေသေချာချာ လုပ်ပေးရမယ်"

ရန်ခယ်၏ မျက်လုံးများ တောက်ပသွားပြီး သူက ရင်ဘတ်ကို ပုတ်ကာ မဆိုင်းမတွဘဲ သဘောတူ ကတိပေးလိုက်သည်။

"အစ်ကိုကြီး စိတ်ချပါ၊ ကျွန်တော် အစ်ကိုကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

သူနှင့် ပုံစံတူလှသူမှာမူ မာချီပင် ဖြစ်သည်။ ရန်ခယ်ကဲ့သို့ပင် မာချီသည်လည်း ကတိစကားဟူသမျှကို ပါးစပ်မှ ချက်ချင်းလက်ငင်း ထွက်ပေါ်လာစေသူ ဖြစ်ပေသည်။

"ကျွန်တော် ကျိန်ဆိုရဲပါတယ်၊ ကျွန်တော် တစ်သက်လုံး အစ်ကိုကြီးအတွက် အသက်ပဲ စွန့်ရစွန့်ရ၊ နောက်မဆုတ်ပါဘူး၊ ကျွန်တော် အစ်ကိုကြီးကို စိတ်ပျက်စေမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး"

လုံဖန်းချီက နှုတ်ခမ်းထောင့်ကို ကွေးပြီး မျက်လုံးကို လှည့်ကာ သူ့ဘေးက လူနှစ်ယောက်ကို အဓိပ္ပာယ်ပါပါနဲ့ တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ယခင်တုန်းက လောင်းကစားရုံမှာ လက်ရှိ ဗီလာအိမ်ကြီးပဲ ဖြစ်သည်။

ဗီလာ၏ ပထမထပ်တွင်မူ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ လောင်းကစားဝိုင်း စားပွဲများကို တစ်လုံးပြီးတစ်လုံး ခင်းကျင်းထားလေသည်။ ဆေးလိပ်နံ့နှင့် အရက်နံ့များမှာမူ ပြောစရာပင် လိုမည်မထင်ပေ။ နံရံပေါ်ရှိ သွေးကွက်များကသာ နေ့စဉ်နှင့်အမျှ သန့်ရှင်းရေး ပြုလုပ်ပေးရန် လိုအပ်နေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နေ့စဉ်နှင့်အမျှ လူတို့သည် ဒေါသထွက်ကာ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်ကြခြင်း သို့မဟုတ် လူသတ်မှုများမှာ အမြဲမပြတ် ရှိနေသောကြောင့်ပင် ဖြစ်သည်။ လောင်းကစားအကြွေး မဆပ်နိုင်သဖြင့် လက်ခြေ ဖြတ်တောက်ခံရခြင်းမျိုးမှာမူ အသေးအဖွဲမျှသာ ရှိပါသေးသည်။ ကလီစာ အစိတ်အပိုင်းအချို့ လျော့နည်းသွားခြင်းမှာပင် ပုံမှန်ကိစ္စရပ်တစ်ခုကဲ့သို့ ဖြစ်နေချေပြီ ဖြစ်သည်။

ဦးဆောင်၍ ဝင်လာကြသူများမှာ အစောပိုင်းက ရှေ့ခန်းတွင် ထိုင်နေသည့် လူနှစ်ယောက်ပင် ဖြစ်သည်။ သူတို့သည် ဘယ်တစ်ချက် ညာတစ်ချက်စီသို့ သေနတ်တစ်ချက်စီ ပစ်ဖောက်လိုက်ကြလေသည်။ ထိုသူနှစ်ဦး၏ အလယ်တွင် ညှပ်၍ ပါလာသော လုံဖန်းချီမှာမူ လောင်းကစားရုံအတွင်းရှိ လန့်ဖျန့်သွား ကြသည့် လူအပေါင်း၏ စိုက်ကြည့်ခြင်းကို သဘာဝကျကျပင် လက်ခံရယူလိုက်ချေသည်။

ရန်ခယ်နှင့် မာချီတို့သည် လုံဖျော၏ နောက်ကွယ်မှ လိုက်ပါလာကြပြီး ဘယ်ဘက်တစ်ဦး ညာဘက်တစ်ဦး ခွဲ၍ နေရာယူလိုက်ကြလေသည်။ လူလေးဦးက လုံဖန်းချီကို အလယ်တွင် ဝိုင်းရံလျက် ရှေ့သို့ လျှောက်လှမ်းသွားကြရာ ဖိအားပေးမှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။

ထိုလောင်းကစားဝိုင်းများအတွင်း နစ်မြုပ်နေကြသော လူအပေါင်းသည်ပင် ခေါင်းကို မော့ကြည့်လိုက်ကြပြီး ဝင်လာသော သူတို့ကို စိုက်ကြည့်နေကြတော့သည်။ အပတ်စဉ် အကြွေးတောင်းတဲ့နေ့က သွေးအထွက်ဆုံး အချိန်ပဲ ဖြစ်သည်။

"ပိုက်ဆံထုတ်စမ်း"

ထိုစကားကိုပြောလိုက်သူများမှာ ရန်ခယ်နဲ့ မာချီတို့ ဖြစ်ကြသည်။

လုံဖန်းချီမှာမူ လောင်းကစားရုံအတွင်း သူ၏အတွက် သီးသန့်ဖယ်ချန်ထားသော မရဏကမ္ဘာ ပြင်ပနယ်မြေ သဖွယ်ဖြစ်သည့် အခန်းထဲတွင် ထိုင်နေရုံသာ ဖြစ်သည်။ အခန်းတံခါးကို ပိတ်ထားပြီး လက်ဝှေ့လက်ရုံး အလွန်ထက်မြက်လှသည့် ထိုလူနှစ်ဦးမှာမူ သဘာဝကျကျပင် သူနှင့်အတူ အခန်းထဲ၌ ရှိနေကြလေသည်။

တွက်ကိန်းပေါင်းများစွာ တွက်ချက်ခဲ့သော်လည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသကို စိုးမိုးထားပြီး လုံဖန်းချီနှင့် မတည့်သော နောက်ထပ်နယ်မြေခံလူမိုက်တစ်ယောက် ချဉ်းကပ်လာလိမ့်မည်ဟု မမျှော်လင့်မိခဲ့ချေ။

လုံဖန်းချီ၏ ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ထိုနယ်မြေခံလူမိုက်၏ ကိုယ်လုံးကိုယ်ထည်မှာ ပိန်လှီကျစ်လျစ်သော အမျိုးအစား ဖြစ်သည်။ ပြတ်တောက်နေသော မျက်ခုံးနှင့် မျက်နှာပေါ်ရှိ ဓားဒဏ်ရာ အမာရွတ်တို့မှာ လိုက်ဖက်နေပြီး ဝတ်ဆင်ထားသော လက်ပြတ်အင်္ကျီမှတစ်ဆင့် ပုခုံးမှနဂါးတက်တူး ထိုးထားသည့် အရေပြားမှာ ပေါ်လွင်နေသည်။

သူ၏ အရှိန်အဝါမှာ ယခင်လုံဖန်းချီထက်ပင် ပိုမိုကြီးမားပြီး သူ၏ နောက်ကွယ်တွင်လည်း မရေမတွက်နိုင်သော လူအများအပြားက တသီတတန်း လိုက်ပါလာကြသည်။ သူသည် တံခါးဝသို့ ဝင်လာသည်နှင့် အော်ဟစ်လိုက်သည်။

"လုံဖန်းချီ ဘယ်မှာလဲ၊ သူ့ကို ငါ့ရှေ့ ထွက်လာခိုင်းလိုက်၊ ငါတို့တွေ ကောက်ကျစ်တာတွေ လုပ်မနေနဲ့၊ မျက်နှာချင်းဆိုင် တစ်ပွဲတစ်လမ်းလောက် နွှဲကြစို့၊ သူနိုင်ရင် သူ့ကို ငါက အစ်ကိုကြီးလို့ အသိအမှတ်ပြုမယ်၊ ငါနိုင်ရင်တော့ နောက်ပိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ ငါ့အပိုင်ပဲ"

မာချီသည် ခါးကြားရှိ သေနတ်ဆီသို့ လက်ကို အရင်ဆုံး ပို့လိုက်သည်။ သူသည် လူအုပ်ကြားထဲတွင် ပုန်းကွယ်နေရင်း ရန်ခယ်ကို မျက်ရိပ်ပြကာ ပြောလိုက်သည်။

"ဒီနေရာကို ငါ အရင်ရင်ဆိုင်ထားမယ်၊ မင်း မြန်မြန်သွားပြီး အစ်ကိုကြီးဖန်းချီကို သွားရှာချေ၊ သူ ခေါ်လာတဲ့ လူနှစ်ယောက်က တစ်ယောက်ချင်းစီ လူအများကြီးကို တိုက်ခိုက်နိုင်စွမ်း ရှိကောင်းရှိလိမ့်မယ်"

စိတ်လိုက်မာန်ပါဖြင့် မျက်မှောင်ကုတ်ကာ ငြင်းဆန်ချင်သော်လည်း ရန်ခယ်၏ နှုတ်ခမ်းမှာ မာချီ၏ နောက်ထပ် လောဆော်သံကြောင့် ပိတ်သွားရသည်။

"မြန်မြန်လုပ်"

အခြားရွေးချယ်စရာမရှိသဖြင့် ရန်ခယ်သည် လှုပ်ရှားနေသော လူအုပ်ကို အကာအကွယ်ယူကာ လုံဖန်းချီ ရှိနေသည့် အခန်းဆီသို့ ခါးကိုင်းပြီး တိုးဝှေ့ဝင်ရောက်သွားရရှာသည်။

သို့သော် သူသည် တံခါးကို ဖွင့်ပြီး အပြင်က အကြောင်းအရာများကို လုံဖန်းချီထံ သတင်းပို့သောအခါ ရရှိလာသည့် တုံ့ပြန်မှုမှာ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ချက်ချင်းထရပ်လိုက်သော လုံဖန်းချီ၏ စကားတစ်ခွန်း ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

"သွားစို့"

သွားစို့ ဟုတ်လား။

ရန်ခယ်သည် အမြဲတမ်း ညီအစ်ကို ယဉ်ကျေးမှုကို လိုက်နာတတ်သော လုံဖန်းချီက နံရံတစ်ခုဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး အပြင်ဘက်သို့ ဦးတည်သော လျှို့ဝှက်တံခါးကို ဖွင့်လိုက်သည်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။

သူသည် လည်ပြန်လှည့်ကာ ကြောင်အမ်းနေသော ရန်ခယ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုစဉ်က ရန်ခယ်က ရွေးချယ်စရာမရှိဘဲ လျစ်လျူရှုထားခဲ့သော သူ၏ လေသံထဲမှ စိတ်မရှည်မှုများက ပေါ်လွင်နေသည်။

"မြန်မြန်လုပ်၊ မင်းက သူတို့လက်ထဲ အသက်အသေခံချင်လို့လား၊ အင်အားချင်းမမျှရင် ထွက်ပြေးတာက အကောင်းဆုံးနည်းလမ်းဆိုတာ မသိဘူးလား"

သတိပြန်ဝင်လာသော ရန်ခယ်သည် သတိမဝင်လာသေးသကဲ့သို့ပင် ရှိသေးပြီး သူသည် လုံဖန်းချီ ထွက်ခွာသွားသော ခြေလှမ်းများနောက်သို့ ဒယိမ်းဒယိုင်ဖြင့် လိုက်ပါသွားသည်။

ကားပေါ်သို့ တိတ်တဆိတ် သွားနေစဉ် ရန်ခယ်သည် လောင်းကစားရုံထဲတွင် ကျန်ရစ်ခဲ့သော မာချီကို သတိရမိသဖြင့် လုံဖန်းချီ၏ ဘေးနားသို့ မပြေးရုံတမယ် လျှောက်သွားကာ မေးလိုက်သည်။

"ကျွန်တော်တို့ ထွက်သွားရင် မာချီကကော ဘယ်လိုလုပ်မလဲ"

ထိုအချိန်တွင် လုံဖန်းချီမှာ ကားထဲသို့ ဝင်ထိုင်လိုက်ရုံရှိသေးပြီး သူသည် လိုက်ပါလာသော ရန်ခယ်ကို စောင်းငဲ့ကြည့်ကာ ထူထဲသော နှုတ်ခမ်းများ လှုပ်ရှားလျက် အဓိပ္ပာယ်အချို့ ပါဝင်နေသော စကားကို ဆိုသည်။

"မာချီလား၊ ငါတို့ အခု တောင်အောက်ကို အရင်ဆင်းရမယ်၊ ခုနက ငါ တခြား ညီအစ်ကိုတွေကို ဖုန်းနဲ့ သတင်းလှမ်းပို့ပြီးပြီ၊ ငါတို့က လူနည်းစုနဲ့ လူအများကြီးကို ထိပ်တိုက်မတွေ့သင့်ဘူး သိလား၊ စိတ်ချပါ၊ ခဏနေရင် ညီအစ်ကိုတွေ မာချီကို လာကူလိမ့်မယ်"

နှလုံးသားထဲတွင် စိုးရိမ်ပူပန်နေဆဲဖြစ်သဖြင့် ရန်ခယ်သည် ဂနာမငြိမ်ဘဲ ကိုယ်ကို လှုပ်ရှားကာ မျက်နှာကို ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ထားလိုက်သည်။

ရုတ်တရက် သူတို့ သတိမထားမိခင်မှာပင် တောင်အောက်ဆင်းမည့် ရှေ့လမ်းမှ ဆိုင်ကယ်စီးထားသော အမျိုးသား အများအပြား ထွက်ပေါ်လာသည်။ သူတို့သည် စည်းကမ်းရှိလှပြီး အရင်ဆုံး လူတစ်ယောက်ကို ထွက်ခိုင်းကာ အော်ဟစ်စေသည်။

"ကားပေါ်ကလူတွေ အကုန်ဆင်းခဲ့၊ ငါတို့က လုံဖန်းချီဆိုတဲ့ ခွေးသူခိုးကိုပဲ ဖမ်းမှာ၊ မင်းတို့က လုံဖန်းချီ မဟုတ်ရင် ငါတို့ ဒီအတိုင်း လွှတ်ပေးမှာပါ"

ခြိမ်းခြောက်မှုကို ပိုမိုအားကောင်းစေရန်အတွက် ထိုလူများထဲမှ တစ်ယောက်က သေနတ်ကို ကိုင်ကာ 'ဒိုင်း' ဟု အသံမြည်အောင် ပစ်ခတ်လိုက်သည်။

"ဘယ် ဘယ်လိုလုပ်ကြမလဲ အစ်ကိုကြီးဖန်းချီ"

ရန်ခယ်သည် မိမိလက်ထဲမှ သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ရှေ့ကလူများကို စိုက်ကြည့်နေကာ အချိန်မရွေး ကားပေါ်ကဆင်းပြီး သူတို့နှင့် သေလဲပုဆိုး နွှဲတော့မည့်ပုံစံ ဖြစ်နေသည်။

လုံဖန်းချီက သူ၏ ထိုလှုပ်ရှားမှုတွင် ပြသနေသော အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။

"မင်း အရင်ဆင်း"

All Chapters