← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

🍏 Chapter 181

သူမသည် စိတ်သက်သာရာရဟန် ဆောင်လိုက်ပြီး လက်မောင်းကို ယမ်းကာ မေးစေ့ကို ပင့်လျက် သူနှင့်အတူ ယှဉ်တွဲလျှောက်လှမ်းသည်။

အလွန်အမင်း အမှီအခိုကင်းလွန်းသော လူသည် မျက်ရည်များကို အောင့်အည်းထားသည့် ကိစ္စတွင်လည်း ထူးထူးခြားခြား စွမ်းဆောင်နိုင်စွမ်း ရှိသော်လည်း ထိုလူ၏ ဟန်ဆောင်မှုများကို ဆုတ်ဖြဲပစ်ရန် ကျွမ်းကျင်သော လူတစ်ယောက် ရှိနေပြန်သည်။

ဘေးထိုင်ခုံ ကားတံခါးကို ဆွဲဖွင့်ရန် လှမ်းလိုက်သော ဝမ်သိုက်၏ လက်ကို ချန်စစ်ကျယ်က ဖမ်းဆွဲလိုက်သည်။ သူမသည် မသိစိတ်က ခေါင်းမော့လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သင်းပျံ့သော ရနံ့များ ပြည့်နှက်နေသော ရင်ခွင်တစ်ခုထဲသို့ ကျဆင်းသွားရရှာသည်။

အပူချိန်မှာ နွေရာသီ၏ အပူချိန်အတိုင်း ရှိနေဆဲဖြစ်သဖြင့် ပူပြင်းပြီး အသက်ရှူကျပ်လှပေသည်။ ပွေ့ဖက်ခြင်းက အသက်ရှူကျပ်မှုကို ဖြစ်ပေါ်စေသင့်သော်လည်း ချန်စစ်ကျယ်၏ ရင်ခွင်ထဲတွင် ရှိနေသော ဝမ်သိုက်သည် အကြောင်းရင်းမရှိဘဲ အောက်ဆီဂျင် ရှိနေသည်ဟု ခံစားရသည်။ အောက်ဆီဂျင်မှာ မပွေ့ဖက်ခင်ကထက်ပင် ပိုမို ပြည့်ဝနေသည်။

သူက ပြောသည်။

"ငိုချင်ရင် ငိုလိုက်"

မျက်ရည်များက ကျဆင်းနေပြီဖြစ်သော်လည်း ဝမ်သိုက်၏ ပါးစပ်ကမူ မနည်းပင် ပြုံးကာ ပြောဆိုနေသေးသည်။

"ဘာလုပ်တာလဲ၊ ရှင်က နောက်တစ်ခါ ပြန်ပြီး တွဲဖက်ဆိုတဲ့ အဆင့်အတန်းနဲ့ ကျွန်မကို နှစ်သိမ့်မှုပေးတာလို့ ထပ်ပြောဦးမလို့လား၊ တကယ်ပဲ ကျေးဇူးတင်ပါတယ်နော် ပါတနာ”

“ဒီလောက်တောင် တာဝန်ကျေပြနေတာ၊ ကျွန်မရဲ့ မျက်ရည်နဲ့ နှပ်တွေကို သုတ်ဖို့ အင်္ကျီပါ ပေးဦးမလို့လား၊ ရှင့်ကိုယ်ပေါ်ကို ပေသွားရင် ကျွန်မကို လျော်ကြေးမတောင်းနဲ့ဦး..."

"မင်းကို လျော်ကြေးမတောင်းပါဘူး"

သူသည် သူမ၏ စနောက်စကားကို ရုတ်တရက် ဖြတ်တောက်လိုက်ပြီး အသံမှာ တိုးညှင်းကာ နှေးကွေးလှပေသည်။ တည်ကြည်သော လေသံဖြင့် ပေါင်းစပ်လျက် ဆိုသည်။

"တွဲဖက် ဒါမှမဟုတ် ပါတနာရဲ့ အဆင့်အတန်းနဲ့ မင်းကို နှစ်သိမ့်မှု ပေးနေတာ မဟုတ်ဘူး၊ ချန်စစ်ကျယ်အနေနဲ့ နှစ်သိမ့်ပေးတာ"

သူမ ပါးပြင်က သူ့ ရင်ဘတ်ကို မှီထားမိရာ ပြင်းထန်စွာ တုန်ခါနေသော နှလုံးခုန်သံကြောင့် ဤရင်ခုန်သံက မည်သူ့ထံမှ လာသည်ကို သူမ ဝေဝါးစွာဖြင့် မခွဲခြားနိုင်တော့ချေ။

ချန်စစ်ကျယ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ လည်ပင်းပေါ်က လည်စေ့မှာ လှုပ်ရှားသွားပြီး သူ့ရင်ခွင်ထဲက ဝမ်သိုက်မှာ တစ်ခုခုကို သတိပြုမိသည့်အလား ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။

မျက်ဝန်းချင်း ဆုံတွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူက တိုးညှင်းသော အသံဖြင့် ဆိုသည်။

"တကယ်တော့ ခိုးပြီး ချစ်နေတဲ့သူက ငါပါ၊ မရိုးမသားဖြစ်နေတဲ့သူကလည်း ငါပါ၊ ဒါကြောင့် မင်း... ငါနဲ့ တွဲချင်လား"

အတိတ်တုန်းက စိတ်အပန်းဖြေရန်အတွက် အချစ်ဝတ္ထု အများအပြားကို ရှာဖွေဖတ်ရှုဖူးသဖြင့် ဝမ်သိုက်သည် ၎င်းတို့ထဲက "ဦးနှောက်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည်" ဟူသော စကားလုံးမှာ အလွန် အဓိပ္ပာယ်မရှိသော တင်စားချက်ဟု အမြဲတွေးခဲ့ဖူးသည်။

ယခုအခိုက်အတန့်သို့ ရောက်ရှိမှသာ စတင်သဘောပေါက်သွားရသည်။ ဒါက ဘယ်မှာ တင်စားချက် ဖြစ်မှာလဲ။ ဒါက အရှိကိုအရှိအတိုင်း ရေးသားထားခြင်းသာ ဖြစ်ပေသည်။

သူမသည် လက်ကို မြှောက်ကာ ချန်စစ်ကျယ်၏ ရင်ဘတ်ပေါ်တွင် ထောက်ထားလိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လျက် သူ၏ ရင်ခွင်ထဲမှ ထွက်ခွာခဲ့ကာ သူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ မိမိအား စနောက်နေသည့် အရိပ်အယောင်များကို ရှာဖွေချင်နေမိသည်။ မသေချာသော လေသံထဲတွင် သံသယများ ပါဝင်လျက် ဆိုသည်။

"ရှင် ဒါက အချစ်ကိုဝန်ခံနေတာလား၊ ချန်စစ်ကျယ်၊ ရှင် ကျွန်မကို မျှားခေါ်ပြီး ဖမ်းဆီးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်"

တဒိုင်းဒိုင်းနှင့် ခုန်လှုပ်နေသော နှလုံးသားက ဘာကို ကြေညာနေသလဲ။ ဝမ်သိုက်သည် အများကြီး သဘောမပေါက်ချင်တော့ပါပေ။ ဖြစ်နိုင်သည်မှာ သူမအနေဖြင့် အိမ်တွင် နှလုံးရောဂါ သက်သာစေမည့် အရေးပေါ်ဆေးအချို့ကို ပြင်ဆင်ထားရတော့မည် ထင်သည်။

သူမ၏ မျက်ဝန်းထဲက ထိတ်လန့်တုန်လှုပ်မှုများက အလွန်ပင် ထင်ရှားလွန်းလှသော်လည်း ချန်စစ်ကျယ်ကမူ သူမအား ထွက်ပြေးရန် အခွင့်အရေးမပေးချေ။ သူမ ဆုတ်လျှင် သူက တိုးသည်။

ခြေလှမ်းတိုင်း ချဉ်းကပ်လာပြီး ချန်စစ်ကျယ်သည် သူမ၏ ရှေ့တွင် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ နောက်ဆုံးတွင်တော့ ဝမ်သိုက်သည် ခေါင်းမော့ထားစရာမလိုဘဲ သူ့ နှာခေါင်းပေါက်များနှင့်သာ ဆုံတွေ့နေရသည့် အဆင့်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

အတိတ်တုန်းက ရင်ထဲက စကားတွေကို အပြင်သို့ တစ်ခါမှ ထုတ်မပြောခဲ့ဖူးချေ။ ဥပမာအားဖြင့် သူ၏ မျက်လုံးများသည် တကယ်ပဲ လှပလွန်းလှသည်။ ဝမ်သိုက်သည် မသိစိတ်က တံတွေးကို မျိုချလိုက်မိပြီး ရှေ့ကလူက ဤအချက်ကို မရိပ်မိပါစေနှင့်ဟုလည်း မျှော်လင့်မိသည်။

"အချစ်ကိုဝန်ခံနေတာပါ၊ ငါ မင်းကို သဘောကျတယ်၊ မျှားခေါ်ပြီး ဖမ်းဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူး"

သူသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်နေပြီး စကားလုံးများကို နှုတ်ခမ်းဖျားမှ တစ်လုံးချင်းစီ ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်နေသည်။ နက်ရှိုင်းသော အသံလှိုင်းက လူ၏ စိတ်ကို တဖြည်းဖြည်း နူးညံ့သွားစေကာ

"ဝမ်သိုက်၊ ငါ မင်းကို သဘောကျတယ်၊ ငါ မင်းနဲ့ အတူရှိချင်တယ်၊ လက်ထပ်ဖို့က အဆုံးသတ်တဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး၊ ရည်ရွယ်ချက်ကတော့ ငါ့ရဲ့ အနာဂတ်တိုင်းမှာ မင်းကိုရှိနေစေချင်တာပဲ"

ဒါက အသက်သုံးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ချစ်သူတစ်ခါမှမရဖူးသေးသော အမျိုးသားတစ်ယောက် ပြောထွက်နိုင်သည့် စကားမျိုး တကယ်ပဲလား။ ဝမ်သိုက်သည် မိမိ၏ ဦးနှောက်ထဲတွင် ယခင်က မိမိ ခံစားသိရှိခဲ့ဖူးသော အချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် သံသယဝင်မိသွားသည်။

နေရောင်ခြည်က ပြင်းထန်နေဆဲဖြစ်သော်လည်း ဝမ်သိုက်သည် မိမိ၏ နှလုံးသားက ပိုမို ပူပြင်းနေသည်ဟု ခံစားရသည်။ သူမသည် ရင်ထဲတွင် အဖြေကို ပြင်ဆင်နေသော်လည်း အရင်ဆုံး အသံထွက်လာသည်မှာ ဝမ်းဗိုက် ဖြစ်သည်။

"ဂွီ"

ဖြစ်နိုင်သည်မှာ အတူတူ နေထိုင်ခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်သဖြင့် ဝမ်သိုက်သည် သူ၏ ရှေ့တွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ရှက်ရွံ့တတ်သော စွမ်းရည်များ အမှန်တကယ် ပျောက်ဆုံးသွားခဲ့ရချေပြီ။ သူမသည် မိမိ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ရာ မျက်နှာပေါ်တွင် အဆင်မပြေမှုများကို ရှာမတွေ့ဘဲ အူကြောင်ကြောင်လေး ပြုံးလျက် ဆိုသည်။

"ကျွန်မ ဗိုက်ဆာပြီ၊ ကျွန်မတို့ အရင်ဆုံး သွားပြီး တစ်ခုခုစားရင်းနဲ့ ဒီကိစ္စကို ဆက်ပြောကြမလား"

အချစ်ကိုဝန်ခံသည့်နေရာက တရားရုံးတံခါးဝ ဖြစ်နေခြင်းမှာ အမှန်ပင် ဆန်းသစ်လွန်းသဖြင့် ထူးဆန်းသော အခြေအနေသို့ ရောက်ရှိနေသည်။ ဖြစ်နိုင်သည်မှာ ချန်စစ်ကျယ်လည်း ဤအချက်ကို သတိပြုမိသွားပုံရပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်ကို ဆန့်ထုတ်လျက် ဝမ်သိုက်အတွက် ကားတံခါးကို ဆွဲဖွင့်ပေးပြီး သူမ ကားပေါ်တက်သွားသည်ကို စောင့်ကြည့်ပြီးမှ မောင်းနှင်သူခုံဘက်သို့ ပတ်သွားသည်။

ဝမ်သိုက်သည် စူးရှစွာဖြင့် သတိပြုမိလိုက်သည်မှာ သူ အချစ်ကိုဝန်ခံပြီးနောက်တွင် သူ့ အမူအရာမှာ အတိတ်ကနှင့် နှိုင်းယှဉ်လျှင် တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ယခုအခါ ကားပေါ်တက်လျှင် သူမအတွက် ကားတံခါး ဆွဲဖွင့်ပေးရုံတင်မကဘဲ သူမ ကားပေါ်တက်သည့် အချိန်တွင် လက်ဖဝါးဖြင့် အပေါ်ဘက်ကိုကာကွယ်ပေးထားသေးသည်။

‘တကယ်ပါပဲနော်၊ ဒီယောကျာ်းကတော့၊ ကိုယ့်ကို ချစ်သူအဖြစ် လိုချင်လာတဲ့အချိန်ကျမှပဲ အလိုက်သိတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို ပြုမူတော့တယ်’

နောက်တစ်ကြိမ် ဒရိုင်ဘာ ပြန်လုပ်ရသော ချန်စစ်ကျယ်သည် ဘေးကလူက မိမိအား စိတ်ထဲကနေ ကဲ့ရဲ့ရှုတ်ချနေသည်ကို သဘာဝအတိုင်း မသိရှိနိုင်ပါချေ။

သူသည် ကားကို ပတ်ဝန်းကျင် အေးချမ်းသာယာသော စားသောက်ဆိုင်တစ်ခုဆီသို့ မောင်းနှင်ခဲ့သည်၊ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပြီးနောက် ချန်စစ်ကျယ်တွင် ကြိုတင်ဘွတ်ကင်လုပ်ထားခြင်း ရှိကြောင်း သိလိုက်ရသည့် အခါမှသာ ဝမ်သိုက် သဘောပေါက်သွားရသည်။

သူ၏ အချစ်ဝန်ခံမှုမှာ အရာအားလုံး အဆင်သင့် ပြင်ဆင်ထားခြင်း ဖြစ်ပုံရသည်။ အားလုံးပြည့်စုံနေသည့် အခြေအနေတွင် သူမသာလျှင် နောက်ဆုံးအဖြေ မဟုတ်ပါလား။

အခန်းတွဲမှာ ပြင်ပစားသောက်ဆိုင်နှင့် သီးခြားခွဲထုတ်ထားပြီး စားသောက်ဆိုင်ကို ကူညီပြင်ဆင်ခိုင်းထားသော နှင်းဆီပန်းများ၏ ရဲရဲတောက် အရောင်မှာ မျက်စိကျစရာ ဖြစ်နေသည်။

ဘယ်နှပွင့် ရှိမှန်းကို မရေတွက်နိုင်တော့ပါချေ။ အကြောင်းမူကား ဝမ်သိုက်သည် စားပွဲထိုးက ထိုမျှကြီးမားသော ပန်းစည်းကြီးကို ချီမလာသည်ကို မျက်စိဖြင့် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

စားပွဲပေါ်သို့ တင်ဆောင်လာသော ဟင်းလျာအများစုမှာ သူမ ကြိုက်သော အရသာနှင့် ကိုက်ညီနေကြသည်။ သူမ နောက်ကျမှသာ သဘောပေါက်သွားရတော့သည်။

All Chapters