← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

🍏 Chapter 184

သွယ်လျဖြူစင်သော လက်ချောင်းလေးများသည် မနက်စာအိတ်ကို ကိုင်ဆောင်ကာ သူမ၏ ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး မနက်စာကို စားပွဲပေါ်သို့ ချထားလိုက်ကာ လက်ဖဝါးပိုင်ရှင်က လက်ကို ပြန်လည် ရုပ်သိမ်းသွားသည်။

"မင်း ဘာလို့ မျက်လုံးကို ကာထားတာလဲ၊ မင်းရဲ့ မျက်လုံးက အလင်းကြောက်လို့လား"

ချန်စစ်ကျယ်သည် သူမ၏ ဘေးနားရှိ ထိုင်ခုံကို ဆွဲယူကာ အကျအန ဝင်ထိုင်လိုက်ပြီး ရည်းစားတစ်ယောက်အနေဖြင့် ပေးအပ်သင့်သော ဂရုစိုက်မှုကို ကျိုးကြောင်းဆီလျော်စွာ ပြသလိုက်သည်။

သို့သော် ဝမ်သိုက်သည် လက်ရှိအချိန်တွင် သူ၏ ဂရုစိုက်မှုကို သိပ်ပြီး မလိုချင်ပါချေ။ သူမသည် ဘာမှမဖြစ်သကဲ့သို့ ဆံပင်များကို အနည်းငယ် သပ်လိုက်ပြီး ချန်စစ်ကျယ် ရှိရာဘက်က မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။

လက်တစ်ဖက်ကို စားပွဲပေါ်တွင် ထောက်ထားရင်း မျက်နှာကို ကာကွယ်ထားကာ အခြား လက်တစ်ဖက်ဖြင့် မနက်စာ အိတ်ကို ဆွဲဖွင့်လိုက်ရင်း အခြေအနေအတိုင်း လိုက်လျောညီထွေ ပြောဆိုလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်၊ မျက်လုံးက အလင်းနည်းနည်း ကြောက်လို့"

ဒါပေမဲ့ သူမသည် မိမိ၏ အလိုက်သင့် ပြောဆိုမှုက အကြပ်အတည်းထဲသို့ ကျရောက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

အကြောင်းမူကား ချန်စစ်ကျယ်သည် ချက်ချင်းပင် ထရပ်ကာ လက်ကို ဆန့်ထုတ်လိုက်ပြီး မေးစေ့ကို အသာအယာ ဆွဲကိုင်လိုက်သောအခါ ဝမ်သိုက် လုံးဝ သတိမထားမိလိုက်ပါချေ။ သို့သော် သူမ အသည်းအသန် ဖုံးကွယ်ထားသော မျက်လုံးများကမူ လူရှေ့တွင် ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။

အတိတ်တုန်းက သွက်လက်ချက်ချာလှသော မက်မွန်ပွင့်မျက်ဝန်း အစုံ၏ မျက်ခွံနှစ်ထပ်မှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သော်လည်း ဖူးယောင်လွန်းသဖြင့် ပါးလွှာသော လိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

မျက်ဝန်းနက်လေးမှာ အနည်းငယ် ဖုံးကွယ်ခြင်း ခံထားရပြီး ကျန်ရှိသော မျက်နှာအစိတ် အပိုင်းများ ကမူ ဤဖူးယောင်နေသော မျက်လုံးများကို ကြိုးစား၍ ချစ်စရာကောင်းသော ခံစားချက်မျိုး ဖြစ်ပေါ်အောင် ပေါင်းစပ်ပေးထားသည်။

သို့သော် ဤမျက်လုံးများကို စိုက်ကြည့်နေသော လူကမူ သူမ ဘာကြောင့် အလင်းကြောက်ရသလဲ ဆိုသည်ကိုသာ တွေးတောနေသည်။

"ငိုလို့ မျက်ခွံတွေဖောင်းအစ်နေတာလား၊ အိမ်မှာ မျက်စဉ်းဆေး ရှိလား"

သူ၏ တည်ကြည်လွန်းသော အကြည့်နှင့် ဆုံတွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဝမ်သိုက်၏ ဦးနှောက်မှာ ခဏမျှ ဗလာဖြစ်သွားရသည်။ သူမသည် ချစ်သူတစ်ခါမှ မရဖူးသေးသဖြင့် ချစ်သူရပြီးနောက် ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်လိုသော ဗီဇမှာ သာမန်ကိစ္စတစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း ကြည့်ရသည်မှာ သူမ ဂရုစိုက်နေသောအရာများကို သူကမူ အလေးအနက် တွေးတောမနေပါချေ။

အနည်းဆုံးတော့ ပြောင်လှောင်ခြင်းတစ်ချက် ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ချန်စစ်ကျယ်၏ တဖြည်းဖြည်းချင်း လွှမ်းမိုးခြင်း ခံထားရသဖြင့် နှိပ်စက်ခံရခြင်းကို သဘောကျသော အကျင့်လေး အနည်းငယ် ရှိနေပြီဖြစ်သော ဝမ်သိုက်သည် ဝေဝါးစွာဖြင့် တွေးတောနေမိသည်။

ချန်စစ်ကျယ်က အပြင်စာမှာယူပြီး မျက်စဉ်းဆေး ဝယ်တော့မည့် အချိန်ကျမှသာ ဝမ်သိုက်သည် အလျင်အမြန်ပင် လက်ကို ဆန့်ထုတ်ကာ သူ့ကို တားဆီးလိုက်ပြီး အရှိကိုအရှိအတိုင်း ဝန်ခံလိုက်သည်။

"ငိုလို့ ဖောင်းအစ်နေတာပါ၊ ကျွန်မအိမ်မှာ မျက်စဉ်းဆေး ရှိပါတယ်၊ တကယ်တော့ အလင်းကြောက်တာ လုံးဝမဟုတ်ပါဘူး၊ ရိုးရိုးသားသား ပြောရရင် ရှင့်ကို ကျွန်မရဲ့ ဖူးယောင်နေတဲ့ မျက်လုံးတွေကို မမြင်စေချင်ရုံတင် ရှိတာပါ"

သူမ၏ လက်ကို တားဆီးခြင်း ခံလိုက်ရသော အမျိုးသားသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အဓိပ္ပာယ်မရှိသော လေသံဖြင့် မေးသည်။

"ဘာလို့ ငါ့ကို မမြင်စေချင်ရတာလဲ"

"ရှင် ကျွန်မကို လှောင်မှာ ကြောက်လို့ပေါ့၊ တခြား ဘာရှိဦးမှာလဲ"

ဝမ်သိုက်သည် မကျေမနပ်ဖြင့် ရေရွတ်လိုက်ပြီး သူ၏ လက်မောင်းပေါ်က လက်ကို ပြန်လည် ရုပ်သိမ်းကာ မနက်စာဘူးကို ဆက်လက်ဆွဲဖွင့်နေမိသည်။

ချန်စစ်ကျယ်သည် နောက်ဆုံးတွင် ပြန်လည် ဆင်ခြင်သုံးသပ်တော့သည်။ မိမိသည် တကယ်ပဲ ဘာတွေ လုပ်ခဲ့မိလို့ ဝမ်သိုက်တွင် ဤကဲ့သို့သော ကြိုတင်ခန့်မှန်းချက် စိတ်ပညာမျိုး ရှိနေရသလဲဆိုတာကိုပေါ့။

သူသည် ဘေးကလူ၏ ဖူးယောင်နေသော မျက်လုံးများကို နောက်ထပ် အကြိမ်အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။ လေထုထဲက ကော်ဖီနံ့များမှာ ပျောက်ကွယ်မသွားသေးပါချေ။ သတိလက်လွတ် ဖြစ်နေသော ဝမ်သိုက်က အစားအစာများကို အားပါးတရ စားနေစဉ်မှာပင် သူက ရုတ်တရက် မေးခွန်းထုတ်သည်။

"မင်း ကော်ဖီ ဘယ်နှခွက် သောက်လိုက်လဲ"

အကာအကွယ်မရှိသော ဝမ်သိုက်သည် ဤကဲ့သို့ပင် အဖြေကို ပစ်လွှတ်လိုက်သည်။

"သုံးခွက်"

"ဟက်"

တိုတောင်းသော အေးစက်စက် ရယ်သံတစ်ခုကြောင့် ဝမ်သိုက် တူကို ကိုင်ထားသော လက်များ တင်းကျပ်သွားရသည်။ သူ့ကို လက်သီးတစ်ချက် သွားထိုးလိုက်ချင်စိတ် ပေါက်သွားချေပြီ။

ဖုန်းအန်းခရိုင်သို့ သွားရာလမ်းတစ်လျှောက်တွင် ထင်ရှားလှသော ကွာခြားချက်တစ်ခု ပေါ်ပေါက်လာသည်။ ဥပမာအားဖြင့် အဆောက်အအုံများ၏ အရောင်အသွေးမှာ ရုတ်တရက် မှိုင်းပြာရောင်သန်းသွားပြီး အိုဟောင်းသော ခံစားချက်မျိုးကို ပေးစွမ်းသည်။

သို့သော် ယခု ဝမ်သိုက် မြင်တွေ့နေရသည်မှာကား ပိုမိုစည်ကားလာသော လမ်းမကြီးနှင့် ဝေဆာရှင်သန်နေသော သစ်ပင်ပန်းမန်များ ဖြစ်ပေသည်။

"မဟုတ်ဘူး"

တည်ငြိမ်စွာ ငြင်းဆိုလိုက်သော ချန်စစ်ကျယ်၏ မျက်နှာပေါ်တွင် အပြစ်မကင်းသည့် အရိပ်အယောင် စိုးစဉ်းမျှ ရှာမတွေ့ပါချေ။ သူသည် ကားကို သဘာဝအတိုင်း မောင်းနှင်ရင်း နှုတ်ခမ်းသားများကို အသာအယာ လှုပ်ရှားလိုက်သည်။

"ငါ မင်းကို ငါ့မိဘတွေနဲ့ ပေးတွေ့မလို့"

မကောင်းသော အရှေ့ပြေးနိမိတ်တစ်ခုက ရင်ထဲတွင် အလိုအလျောက် နိုးကြွလာသဖြင့် ဝမ်သိုက်သည် မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး လေသံထဲတွင် ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ပါဝင်နေသည်။

"ရှင့် မိဘတွေနဲ့ တွေ့ရမယ် ဟုတ်လား၊ ကျွန်မ တွေးနေတဲ့ အဓိပ္ပာယ်မျိုးလား"

"အင်း"

အတည်ပြုချက်ကို ရရှိသွားသော ဝမ်သိုက်သည် ကိုယ်ကို ဖျတ်ခနဲ လှည့်လိုက်ပြီး ကားတံခါးပေါ်တွင် မှီကာ ကားပြတင်းမှန်ပြင်ပြင်ပက လမ်းမကြီးဆီသို့ အကြည့်များကို ပစ်လွှတ်ထားလိုက်သည်။

"ကားပေါ်ကနေ ခုန်ချလို့မရဘူး၊ ငါ ကားတံခါးတွေကို လော့ခ်ချထားတယ်၊ မင်း အဲဒီစိတ်ကူးကို လက်လျှော့လိုက်တော့"

ခုနက “အင်း” ဆိုသည့် စကားလုံးကဲ့သို့ပင် အေးစက်စက်နှင့် သံယောဇဉ်ကင်းမဲ့သော လေသံမျိုး ဖြစ်ပေသည်။

ချန်စစ်ကျယ်၏ ရည်းစားဟူသော အဆင့်အတန်းဖြင့် ချန်မိသားစုက မိဘများနှင့် သွားရောက်တွေ့ဆုံ ရမည်ကို တွေးမိရုံမျှဖြင့် ဝမ်သိုက်သည် မိမိ၏ ဦးရေပြားများ မထုံကျင်အောင် ထိန်းချုပ်ချင် သော်လည်း မိမိ၏ အရည်အချင်း မမီမှုကြောင့် မတတ်နိုင်ပါချေ။ ဘာပဲဖြစ်ဖြစ် သူမ၏ လက်ချောင်းများမှာ စတင်၍ အေးစက်နေပြီ ဖြစ်ပေသည်။

ယခင်က အဆင့်အတန်းမှာ ဝမ်သိုက် သက်သက်သာ ဖြစ်ပြီး ထို့နောက်တွင်မူ ချန်ဝမ်ခန်း၏ မိတ်ဆွေဟောင်းက ဤကမ္ဘာပေါ်တွင် ချန်ရစ်ခဲ့သော ကလေးတစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ချန်ဝမ်ခန်းနှင့် ချီယာတို့က သူမအပေါ် သနားကြင်နာသော စိတ်ခံစားချက် ရှိနေခြင်းမှာ သဘာဝကျပေသည်။ သို့သော် အကယ်၍ ချန်စစ်ကျယ်၏ ရည်းစားဟူသော အဆင့်အတန်းနှင့်ဆိုလျှင်ကော။

အထက်တန်းလွှာ မိသားစုများတွင် မည်သည့်မိဘကမဆို မိမိတို့၏ သားသမီးကို ပညာအရည်အချင်း လည်းမရှိ၊ နောက်ခံအသိုင်းအဝိုင်းလည်းမရှိသော လူတစ်ယောက်နှင့် တွဲဖက်ရန် ခွင့်ပြုပါမည်နည်း။

စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသော ဝမ်သိုက်၏ ပုံမှန်မဟုတ်မှုကို ချန်စစ်ကျယ်က သတိပြုမိသွားသည်။ သူသည် သူမအား ဆက်တိုက်ဆိုသလို အကြိမ်အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပြီး ရှေ့က မီးနီလင်းလာသောအခါ ကားကို ယာဉ်ကြောများကြားတွင် တဖြည်းဖြည်းချင်း ဘရိတ်နင်းကာ ရပ်တန့်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် လက်ကို ဆန့်ထုတ်ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ဝမ်သိုက်သည် မသိစိတ်က ခေါင်းလှည့်ပြီး သူနှင့် အကြည့်ချင်း ဆုံလိုက်ရာ အမျိုးသား၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ အလွန် ပြည့်နှက်နေသည်။ သူက အသေအချာ ဆိုသည်။

"မင်းရဲ့ စိုးရိမ်ပူပန်မှုတွေက စိတ်ကူးယဉ်ပြီး ကြောက်နေတာသက်သက်ပဲ၊ အရှိတရား မဟုတ်ဘူး၊ စိတ်လှုပ်ရှားတာကို မထိန်းချုပ်နိုင်ရင် ဟိုရောက်ရင် အားလုံးကို ငါ့ဆီပဲ လွှဲပေးလိုက်၊ မင်း မသိတာ မဟုတ်ပါဘူး၊ ငါ့မိဘတွေက မင်းကို အရမ်းသဘောကျတာ၊ မင်းက ငါနဲ့ တွဲပေးတာကို သူတို့က ငါ့ရဲ့ သုံးဘဝစာ ကံကောင်းမှုလို့ပဲ သတ်မှတ်ကြလိမ့်မယ်"

"ဒါမှမဟုတ် မင်း မျက်စိကန်းသွားလို့ပဲ ဖြစ်လိမ့်မယ်"

"ခစ်"

သူမထံမှ ရယ်သံလေး ထွက်ပေါ်သွားရသည်။ တည်ကြည်အလေးအနက်ထားတတ်သော လူတစ်ယောက်က မိမိကိုယ်ကိုယ် ကွယ်ဝှက်ပြီး နှိမ့်ချပြောဆိုလိုက်သည့် ဤစကားလုံးကို ကြားလိုက်ရသည့်အခါ ချစ်စရာကောင်းသည်ဟု မခံစားမိရန် ခဲယဉ်းလှပေသည်။

မိမိကို ဆုပ်ကိုင်ထားသော ထိုလက်တစ်ဖက်သည် ဤခဏမျှသာ ကြာမြင့်မည့် မီးနီစောင့်ဆိုင်းချိန်ကို အမိအရ ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။ သူသည် သူမ၏ အေးစက်နေသော လက်ချောင်းလေးများကို ပွတ်သပ်ပေးနေပြီး ပူနွေးသော လက်ဖဝါးက သူမ၏ လက်ချောင်းများကို တင်းတင်းကြပ်ကြပ် လွှမ်းခြုံထားသည်။ သူ၏ သွေးသားထဲက အပူရှိန်များဖြင့် သူမအား နွေးထွေးမှု ပေးလိုသည့်အလား ဖြစ်ပေသည်။

သို့သော် ဝမ်သိုက်အနေဖြင့် စဉ်းစားရမည့်အရာများက အလွန်များပြားလှသဖြင့် သူမ၏ မျက်ခုံးဗဟိုမှာ မသိစိတ်က တွန့်ချိုးသွားရသည်။

"ဒါပေမဲ့ ကျွန်မ ဒီလိုမျိုး လက်ဗလာနဲ့ သွားရတာ သိပ်မကောင်းဘူး မဟုတ်လား၊ ပြီးတော့ ရှင့်မိဘတွေက ကျွန်မကို အများကြီး ကူညီပေးခဲ့တာ၊ ကျွန်မ လက်ဆောင်တောင် ဘာမှ မပြင်ဆင်ရသေးဘူး"

ချန်စစ်ကျယ်က ဆိုသည်။

"ဒီတစ်ကြိမ်အတွက် အလောတကြီး လုပ်ဖို့မလိုဘူး၊ သူတို့က ဂရုစိုက်မှာမဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်း လက်ဗလာနဲ့ လာတာက ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ"

" ရှင် အမှန်အတိုင်း ပြောတာဆိုပေမဲ့လည်း ကျွန်မကို နည်းနည်းတော့ စိတ်အလိုမကျ ဖြစ်စေတယ်၊ ကျွန်မမှာ စိတ်အလိုမကျ ဖြစ်ပိုင်ခွင့် မရှိဘူးဆိုရင်တောင်မှပေါ့”

All Chapters