← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

🍏 Chapter 190

ဝမ်သိုက် လိုက်ဖ်လွှင့်ခြင်း ပြီးဆုံးသွားသည်နှင့် သူသည် ချက်ချင်းထရပ်ကာ အနားသို့ တိုးကပ်သွားသည်။ သို့သော် ဝမ်သိုက်သည် မိမိ၏နောက်ကွယ်က ကပ်ငြိနေသော ဤခွေးကြီးတစ်ကောင်ကို ဂရုစိုက်ပုံမရဘဲ သူမကိုယ်တိုင် အလုပ်ခန်းထဲက ထွက်ခွာလျက် အိပ်ခန်းသို့ လျှောက်လှမ်းသွားခဲ့သည်။

သို့သော် မကြာခင်မှာပဲ သူမ၏ အာရုံစိုက်မှု အားလုံးကို မိမိ၏နောက်ကွယ်တွင် ကပ်ငြိနေသော လူထံသို့ လွှဲပြောင်းပေးလိုက်ရတော့သည်။

အကြောင်းမူကား ကုတင်ဘေးသို့ ရောက်ရုံမျှသာ ရှိသေးပြီး သူမ ကုတင်ပေါ်သို့ မတက်ရသေးမီမှာပင် သူမ၏နောက်ကွယ်က လူသည် သူမအား ကိုယ်ကို လှည့်လျက်တွန်းလှဲလိုက်ပြီး သူမ သတိမဝင် နိုင်သေးမီမှာပင် တွန်းလှဲလိုက်သော တရားခံက ကိုယ်ပေါ်သို့ လွှမ်းခြုံလာသောကြောင့် ဖြစ်သည်။

"ချန်စစ်ကျယ်၊ ရှင် ဘာ....."

အသံက ချက်ချင်း ရပ်တန့်သွားရသည်။ အကြောင်းမူကား ဝမ်သိုက်၏ နှုတ်ခမ်းများ ပိတ်ဆို့ခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ သူမသည် အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးဝိုင်းလေးများဖြင့် အပေါ်က လွှမ်းခြုံထားသော လူကို စိုက်ကြည့်နေမိပြီး တစ်ခုခု ပြောချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် မကောင်းသော စိတ်ဆန္ဒရှိနေသည့် လူ၏လျှာဖြင့် ဝင်ရောက်နှောင့်ယှက်ခြင်းကို ခံလိုက်ရရုံသာ ရှိတော့သည်။

သူတို့ကိုနှောင့်ယှက်နေသော အရာအားလုံးမှာ အခြားနေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ဝမ်သိုက်၏ ဦးနှောက်မှာ သူ၏ကြမ်းတမ်းလှသော အနမ်းတိုက်စစ်အောက်တွင် ဗလာဖြစ်သွားရရှာကာ နှုတ်ခမ်းနှင့် လျှာတို့ ခွဲခွာသွားသည့် အခိုက်အတန့်တွင် ကိုယ်ပေါ်က လူက အသက်ပြင်းပြင်း ရှူလျက် အက်ရှသော လေသံဖြင့် တိုးညှင်းစွာ ဆိုသည်ကိုသာ ကြားလိုက်ရတော့သည်။

"အချစ်ခရီး စတင်မယ်"

ဝမ်သိုက်ထံမှ ဤကဲ့သို့သော ဝန်ခံစကား ရုတ်တရက် ထွက်ပေါ်လာပြီးနောက် သူ ပစ်လွှတ်လိုက်သော အကြည့်၏ ပထမဆုံး စက္ကန့်တွင် ဝေဝါးမှုများသာပြည့်နှက်နေပြီး ထို့နောက်မှသာ အပြုံးအရိပ် အယောင်များ ဖြာကျလာသည်။

"ငါလည်း မင်းကို အများကြီး သဘောကျပါတယ်၊ ဒါပေမဲ့ ရုံးတံခါးဖွင့်တော့မှာမို့လို့ ခဏလောက် ထပ်စောင့်ရအောင်"

သူမအနေဖြင့် သူ့အပေါ် သနားစရာ ကောင်းလှသည်ဟူသော စိတ်ခံစားချက်မျိုး မရှိသင့်ပါချေ။ အမြင်မှားခြင်းသက်သက်သာ ဖြစ်ပေသည်။

လူနှစ်ယောက်သည် ရုံးတံခါးဝက ကျောက်တုံးကြီးအဖြစ်ပြောင်းလဲတော့မည့် အချိန်တွင် နောက်ထပ် စုံတွဲအချို့ ရောက်ရှိလာခဲ့သည်။ အချို့မှာ အချင်းချင်း စကားများများစားစား မပြောဆိုကြဘဲ အတိုင်းအဆတစ်ခုကို ထိန်းသိမ်းထားလျက် သက်သက်စီရှိနေကြပြီး အချို့မှာမူ လက်ချင်းချိတ်ကာ ပျားရည်အိုးထဲ ရောက်နေသည့်အလား ရှိနေကြသည်။

ဝမ်သိုက်သည် ထိုအတိုင်းအဆတစ်ခုကို ထိန်းသိမ်းထားလျက် အချင်းချင်း စိမ်းသက်နေကြသော လူစုံတွဲကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ အလားအလာ အများဆုံးကတော့ လင်မယား ဖြစ်လိမ့်မည်ဖြစ်ကာ အနည်းဆုံးတော့ ကွာရှင်းစာချုပ် မထွက်လာခင်အထိ သူတို့ကို လင်မယားဟု ခေါ်ဆိုနိုင်သေးသည်။

ဦးနှောက်သည် ဤအခိုက်အတန့်တွင်မှ ဖြည်းညှင်းစွာဖြင့် ဝေဝါးမှုကို ခံစားလိုက်ရသည်။ သူမ လက်ထပ်တော့မည် ဖြစ်ပေသည်။

အိမ်တစ်အိမ် ဆုံးရှုံးခဲ့ရသော သူမသည် အခြားလူတစ်ယောက်နှင့်အတူ အိမ်ထောင်စုအသစ်တစ်ခုကို တည်ဆောက်တော့မည် ဖြစ်သည်။

ရုံးက ဝန်ထမ်းများသည် မကြာခင်မှာပဲ ရောက်ရှိလာခဲ့ကြသည်။ အထဲသို့ ဝင်ရောက်ချိန်တွင် စိတ်လွင့်မျောနေသော ဝမ်သိုက်သည် ဘယ်ဘက်လက်သူကြွယ်ပေါ်သို့ ရုတ်တရက် စွပ်လိုက်သော အေးစက်စက် အရာဝတ္ထုကြောင့် အာရုံစိုက်မှုများ ပြန်လည်ရောက်ရှိလာသည်။

ခေါင်းငုံ့ကြည့်လိုက် ရုံမျှဖြင့် စိန်လက်စွပ်တစ်ကွင်းက သူမ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့ချေပြီ။

သူမအား လက်စွပ်စွပ်ပေးလိုက်သော လူ၏မျက်နှာမှာ နီမြန်းခြင်းမရှိဘဲ ထိုမြေခွေးမျက်ဝန်းအစုံမှာ ပင့်တက်လာကာ မျက်ဝန်းနက်လေးမှာ သူမအား ထင်ဟပ်နေသော မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေသည်။

"မင်းရဲ့ လက်ချောင်းတွေကို စမ်းသပ်ကြည့်ပြီး အတိုင်းအတာ ယူတာက တိကျမှုမရှိမှာ စိုးလို့၊ ပြီးခဲ့တဲ့ ရက်ပိုင်းက မင်း အိပ်ပျော်နေတဲ့ အချိန်ကျမှ တိုင်းတာပြီး သွားဝယ်ခဲ့တဲ့ လက်စွပ်လေ၊ လော လောလောလော လုပ်လိုက်ရလို့ မင်းသဘောကျမယ့်ပုံစံကို သေချာမမှာခဲ့ရဘူး၊ လက်မှတ်ထိုးပြီးရင်တော့ ငါ ဒီဇိုင်နာတစ်ယောက် ရှာပေးမယ်"

လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အနည်းငယ် တစ်ဆို့နေသော တည်ရှိမှုကို ခံစားလိုက်ရသည့်အခါ ဝမ်သိုက်ရင်ထဲက ခံစားချက်ကို စကားဖြင့် ဖော်ပြရန် ခဲယဉ်းလှပေသည်။

အမှန်တော့ စိန်လက်စွပ်အပေါ် တောင်းဆိုမှုနှင့် မျှော်လင့်ချက်များ မရှိခဲ့သော်လည်း အခြားလူက မိမိအား လက်စွပ်စွပ်ပေးလိုက်သည့် အခါတွင်မူ မထိန်းချုပ်နိုင်ဘဲ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

လက်ထပ်လက်မှတ်ထိုးရသော လုပ်ငန်းစဉ်မှာ ရှုပ်ထွေးမှုမရှိပါချေ။ လက်ထပ်စာချုပ် လက်ထဲသို့ ရောက်ရှိလာချိန်တွင် ဝမ်သိုက်သည် မိမိကိုယ်သူမ အိပ်မက်မက်နေဆဲ ဖြစ်သည်ဟု ထင်မှတ်နေမိသည်။

သို့သော် သူမဘေးက အကြံအောင်သွားသော အမျိုးသားကမူ စိတ်ခံစားချက် အလွန် ကောင်းမွန်နေသည်။ သူသည် သူမ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမနှင့်အတူ ရုံးထဲက ထွက်ခွာလာချိန်တွင် မိမိဘာသာ ရေရွတ်သည်။

"မင်္ဂလာဆောင်မယ့် နေရာကို မင်း ဘယ်လိုမျိုး သဘောကျမလဲ မသိဘူး၊ လေဟာပြင်ပုံစံကနေ ခရစ်ယာန်ဘုရားကျောင်းပုံစံ၊ ပြီးတော့ ကမ်းခြေပုံစံနဲ့ ဗီလာအိမ်ပုံစံအထိ အားလုံးကို ငါ ကြိုတင်မှာယူထားပြီးပြီ၊ အဲဒီအချိန်ကျရင် ငါတို့ တစ်လှည့်စီ သွားကြတာပေါ့……"

ရိုးရှင်းသော စကားလုံး အနည်းငယ်ကြောင့် ဝမ်သိုက် ဝေဝါးခြင်းမရှိတော့ပါချေ၊ သူမသည် မိမိ၏ ဦးခေါင်း လေးလံလာသည်ဟု ခံစားလိုက်ရသည်။

"ချန်စစ်ကျယ်၊ မင်္ဂလာဆောင်တာက ဂိမ်းကစားနေတာ မဟုတ်ဘူး၊ ဇာတ်သိမ်းအားလုံးကို ဖြတ်သန်းဖို့ မလိုဘူး၊ ရှင် မမောရင်တောင် ကျွန်မ မောတယ်၊ ပြီးတော့ ဒီလောက် များပြားတဲ့ မင်္ဂလာဆောင်ကို တကယ်ပဲ လာရောက်ဆင်နွှဲမယ့် ဧည့်သည်တွေရှိပါ့မလား"

"ဘာလို့ မရှိရမှာလဲ၊ ငါ သူတို့ကို လာရောက်ဆင်နွှဲဖို့ အများကြီး မလိုပေမဲ့လည်းပေါ့၊ ငါ သူတို့ဆီကနေ လက်ဆောင်ငွေတွေ တောင်းခံဖို့မလိုဘူး၊ မင်္ဂလာထမင်းဝိုင်းကို အလကားလာစားရတာဆိုတော့ ငြင်းမယ့်လူ နည်းပါလိမ့်မယ် မဟုတ်ဘူးလား"

ချန်စစ်ကျယ်ကမူ ကျိုးကြောင်းဆီလျော်စွာ ဆိုသည်။

"ဒါပေမဲ့ မင်း မောတယ်လို့ ယူဆရင်တော့ မင်း လုပချင်တဲ့ ပုံစံကိုပဲ ရွေးလိုက်၊ ကျန်တာတွေကို ပြောင်းလို့ရရင်ပြောင်းလိုက်၊ ပြောင်းလို့မရရင် ဒီအတိုင်း ချန်ထားလိုက်ရုံပဲ"

အမှန်တကယ်ပင် ငွေကြေးဓန ကြွယ်ဝလွန်းသော စကားလုံးများဖြစ်သဖြင့် ဝမ်သိုက် တိတ်တဆိတ် ပါးစပ်ပိတ်ထားလိုက်တော့သည်။

နောက်လ မင်္ဂလာဆောင်တွင် ဝမ်သိုက်သည် မြက်ခင်းပြင်နှင့် ကမ်းခြေပုံစံကိုသာ ဖြတ်သန်းခဲ့သည်။ သူမအနေဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဗီလာအိမ်၏ခမ်းနားထည်ဝါမှုအပေါ် မျှော်လင့်ချက်မရှိဘဲ သဘာဝတရားကို ခံစားရသည်ကိုသာ ပိုမိုသဘောကျသည်။ သို့သော် ထိုသို့ဖြစ်လျှင်ပင် သူမအနေဖြင့် အလွန်အမင်းမောပန်းခဲ့ရသည်။

လက်ရှိ သူမအနေဖြင့် တိုတောင်းသော အချိန်ကာလအတွင်း တတိယမြောက် မင်္ဂလာဆောင်ကို ထပ်မံ၍ ကျင်းပချင်စိတ် လုံးဝမရှိတော့ပါချေ။

လက်ထပ်ပြီးနောက် လူနေမှုဘဝမှာ လက်ထပ်ခင်ကနှင့် များများစားစားကွာခြားခြင်းမရှိပါချေ။ ချန်စစ်ကျယ်သည် စိတ်ကူးထဲကထက် ကွာခြားချက် ရှိနေသည်။ သူ၏ ရိုမန်းတစ်ဆဲလ်များသည် သူမထက် အဆမတန် ပိုမိုမြင့်မားလာပေသည်။

သာမန်ရက်များတွင်ပင် အကြောင်းရင်းမရှိဘဲ သူ ပေးပို့သော ပန်းများကို ရုတ်တရက် ရရှိတတ်သလို ရုတ်တရက် အိတ်အချို့ ပေါ်ပေါက်လာတတ်သည်။ ပြပွဲပုံစံကနေ ကန့်သတ်ဗားရှင်းအထိ ဖြစ်ပေသည်။

အဝတ်ဗီရိုထဲက အဝတ်ဟောင်းများမှာလည်း မသိစိတ်က သန့်စင်ခြင်းခံလိုက်ရသည်။ သူမ၏ အရွယ်အစားကို သေချာစွာသိရှိသွားပြီးကတည်းက ဤကောင်သည် လူအစစ်အမှန် ဝတ်ဆင်ပေးရသော ဂိမ်းကိုကစားရန် အလွန်စိတ်အားထက်သန်နေခဲ့ချေပြီ။

အတိတ်တုန်းက သူမကိုယ် သူမ ရက်စက်ခဲ့ဖူးသမျှ အရာအားလုံးကို ယခုအခါ သူက ပြန်လည်ဖြည့်ဆည်းပေးခဲ့သည်။

နှစ်သစ်ကူးအချိန်တွင် တရားဝင် အဆင့်အတန်းဖြင့် ချန်စစ်ကျယ်နှင့်အတူ ချန်မိသားစုအိမ်သို့ နှစ်သစ်ကူးရန် သွားခဲ့သော ဝမ်သိုက်သည် ယခင်ရက်များနှင့် ကွာခြားချက် ရှိနေသည်။ လက်ထဲတွင် အကန့်သတ်ထုတ်လုပ်ထားသော အိတ်ကိုကိုင်ဆောင်ထားပြီး ကိုယ်ပေါ်က အဝတ်အစားများမှာလည်း ချန်စစ်ကျယ် မှာယူပေးထားသော အထူးမှာယူထားသည့်ပုံစံ ဖြစ်သည်။

ဤအရာများကို သူမကိုယ်တိုင် တောင်းဆိုခဲ့ခြင်း မဟုတ်သော်လည်း သူမ၏ ဤကိုယ်နေဟန်ထားမှာ အမှန်တကယ်ပင် ပေါ့ပျက်ပျက်ဖြစ်မှုကို အစွမ်းကုန်ပြသနေခြင်း ဖြစ်ပေသည်။

အစတုန်းက ဝမ်သိုက် အနည်းငယ်အသားမကျ ဖြစ်ခဲ့သော်လည်း ချန်စစ်ကျယ်က နားကို ပိတ်လျက် အတင်းအကျပ် ပေးပို့ခဲ့ခြင်းကိုမူ မတတ်နိုင်ပါချေ။ ယခုအခါ ကာယကံရှင် နှစ်ဦးစလုံးမှာ အလွန်ပင် စိတ်အေးချမ်းစွာ ရှိနေကြချေပြီ။

ချီယာသည် "အသစ်စက်စက်" ပြောင်းလဲသွားသော ဝမ်သိုက်ကို မြင်တွေ့လိုက်ရသည့်အခါ စိတ်အားထက်သန်စွာဖြင့် သူမအား မိမိဘေးတွင် ဝင်ထိုင်ရန် နှိုးဆော်လိုက်သော်လည်း အကြည့်များကမူ ဝမ်သိုက် ကိုင်ဆောင်ထားသော အိတ်ပေါ်တွင် ရပ်တန့်နေသည်။ မူလက ဝမ်သိုက်၏ လက်မောင်းကို ညင်သာစွာ ကိုင်ထားသော လက်သည်လည်း ထိုအိတ်ဆီသို့ ဆန့်ထုတ်လိုက်သည်။

"အို၊ သမီးမှာ ဒီအိတ် ရှိနေတာကိုး…… သမီး မသိတာ မဟုတ်ပါဘူး၊ ငါ ချန်စစ်ကျယ်ကို ဒီပုံစံမှာခိုင်းတိုင်း သူက အမြဲတမ်း မှာမရဘူး၊ မှာမရဘူးလို့ပဲ ပြန်ပြောတာ၊ အမြဲတမ်း ပစ္စည်းမရှိဘူးလို့ပဲ ပြောလို့ ငါ တကယ်ပဲ စိတ်ညစ်ခဲ့ရတာ.."

ချက်ချင်းဆိုသလို အသံက ရပ်တန့်သွားရပြီး ချီယာသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ကာ မျက်နှာပေး အနည်းငယ် ရှုပ်ထွေးနေသော ဝမ်သိုက်နှင့် အကြည့်ချင်း ဆုံလိုက်မိသည်။

ဝမ်သိုက်သည် ဤကဲ့သို့ပင် ချီယာ၏မျက်နှာပေါ်က အရောင်အသွေးများ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားခြင်းကို မိမိ မျက်ဝန်းဖြင့် သေချာစွာမြင်တွေ့လိုက်ရသည်။

ဤထူးဆန်းလှသော တိတ်ဆိတ်မှုထဲတွင် သူတို့အားလုံးတစ်ခုခုကို သဘောပေါက်သွားကြသော်လည်း မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပါချေ။

အတိတ်တုန်းက ချီယာ ထွက်ပြေးချင်စိတ်အပြည့်ရှိခဲ့သော မိမိနှင့် "အဆင်မပြေဖြစ်မည့် ပေါ့ပျက်ပျက်ချွေးမ" ဆိုသည်မှာ အဝေးကြီးတွင် မဟုတ်ဘဲ မျက်စိရှေ့မှောက်တွင်ပင် ရှိနေခဲ့ချေပြီ။

မိမိကိုယ်တိုင် လိမ်ညာခဲ့ဖူးသော စကားလုံးများက မိမိကိုယ်ပေါ်သို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် ဝမ်သိုက် အတိုင်းအဆမရှိနောင်တရမိသည်။ သူမ အနေဖြင့် ဤအိတ်ကို အမှန်တကယ်ပင် ယူဆောင်မလာခဲ့သင့်ပါချေ။

ခဲယဉ်းစွာဖြင့် စားဖိုမှူးအဖြစ် တာဝန်ယူထားကြသော ချန်မိသားစု သားအဖနှစ်ဦးသည် ဟင်းလျာများကို ကိုင်ဆောင်ကာ ထမင်းဝိုင်းသို့ ရောက်ရှိလာခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ပြတင်း ပေါက်ပြင်ပက ညကောင်းကင်ယံထဲတွင် မီးရှူးမီးပန်းများ ဖောက်ခွဲလိုက်ကြပြီး အိမ်ထဲက နွေးထွေးလှသော မီးရောင်အောက်တွင် သူတို့သည် ဧည့်ခန်းထဲတွင် ကပ်ထိုင်နေကြသော ချီယာနှင့် ဝမ်သိုက်တို့ကို လှမ်း၍ အော်ဟစ်လိုက်ကြသည်။

"ထမင်းစားလို့ ရပြီ၊ မြန်မြန်သွားပြီး လက်ဆေးကြဦး"

ဝမ်သိုက် ခေါင်းလှည့်ကြည့်လိုက်ရာ ဆုံတွေ့လိုက်ရသည်မှာ နွေးထွေးသော အလင်းရောင်များ လွှမ်းခြုံထားသော ချန်စစ်ကျယ်၏ပါးပြင် ဖြစ်သည်။ အလင်းရောင် အနည်းငယ် ပြည့်နှက်နေသော မျက်ဝန်းလေးမှာ တောက်ပစွာဖြင့် သူမထံ ဦးတည်ထားသည်။

အတိတ်တုန်းက တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသော နှစ်သစ်ကူး မြင်ကွင်းများမှာ ဦးနှောက်ထဲတွင် လျှပ်ခနဲ ဖြတ်သန်းသွားသော်လည်း အဆုံးသတ်တွင် လက်ရှိ မျက်စိရှေ့မှောက်က မြင်ကွင်းက အစားထိုးလိုက်ချေပြီ။

အသက် ၁၁ နှစ်အရွယ်တုန်းက အိမ်တစ်အိမ်ဆုံးရှုံးခဲ့ရသော ထိုဝမ်သိုက်သည် ယခုအခါ အိမ်အသစ်တစ်ခု ရှိခဲ့ချေပြီ။ ပထမဆုံးအကြိမ် တစ်ယောက်တည်း နှစ်သစ်ကူးချိန်တွင် ထမင်းခြောက်များ စားနေခဲ့ရသော မိန်းကလေးငယ်၏ ဘေးနားတွင် အထီးကျန်ဆန်မှုများ ရှိမနေတော့ပါချေ။

ဝမ်သိုက် အသိစိတ်ဝင်လာပြီး ချန်စစ်ကျယ်နှင့် ဆုံတွေ့နေသော မျက်ဝန်းများထဲဝမ်းမြောက်မှုများ ပေါ်ထွက်လာကာ သူမသည် ပြုံးလျက်ပင် ပြန်လည်ထူးလိုက်သည်။

"လာပြီ"

အဖေနဲ့ အမေ၊ သမီး အခု အများကြီးပျော်ရွှင်နေရပါပြီ။

အနာဂါတ်မှာလည်း ပိုပြီးပျော်ရွှင်နေရလိမ့်မယ်။

All Chapters