← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

🌻 Chapter 143

"ဒါဆို... ဒါက အိမ်ရှေ့စံမင်းသားရဲ့ အမှားပေါ့"

ဒသမမင်းသား တုံးအစွာ ခေါင်းညိတ်လာသည်။

"ဟုတ်တာပေါ့၊ သိသာနေတာပဲ မဟုတ်ဘူးလား၊ သူက မိန်းမတစ်ယောက်ကို မြင်ရင်တောင် ခြေလှမ်း မခွာနိုင်တော့ဘူး၊ သူက ကျွန်တော် မင်းသားတစ်ဆယ်လောက်တောင် အသုံးမကျဘူး"

အဋ္ဌမမင်းသားက ဒသမမင်းသားကို မျက်စိပင့်ပြလာသည်။

"အိမ်ရှေ့စံမင်းသားက အရက်လည်းမူးနေခဲ့တာပါ၊ အရာအားလုံးက တိုက်ဆိုင်မှုတစ်ခုသက်သက်လို့ပဲ ပြောလို့ရမှာပါ"

နဝမမင်းသား "ကျွန်တော့်ရဲ့ အမြင်မှာတော့ အိမ်ရှေ့စံမင်းသားနဲ့ အဲဒီကချေသည်လေးက ပါရမီရှင် ပညာရှိလေးနဲ့ မိန်းမလှလေးလိုမျိုး ဆွဲဆောင်မှုလေးတစ်ခု ရှိနေပါတယ်၊ စတုတ္ထအစ်ကိုတော်တောင် ဒါကို လက်ခံထားပြီးပြီဆိုတော့ ခမည်းတော်က ဘာလို့ ကျွန်တော်တို့ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးရမှာလဲ"

မင်းသားဆယ့်လေးက ယင်ကျန်းကိုကြည့်ကာ လှောင်ပြုံး ပြုံးလေသည်။ ထိုအချိန်တွင် မိန်းမစိုးတစ်ဦးက လာရောက် သတင်းပို့လာသည်။

"အိမ်ရှေ့စံမင်းသားက အပြင်ဘက်မှာ ဝင်ရောက်ခွင့် တောင်းခံနေပါတယ်"

ကန်ရှီး ရုတ်တရက် သူ့ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်ကို ရိုက်ခွဲကာ အော်ဟစ်သည်။

"အဲ့ကောင်စုတ်လေးကို ဝင်လာခဲ့ခိုင်းစမ်း"

အိမ်ရှေ့စံမင်းသား ဝင်လာပြီးနောက် အခန်းထဲရှိ မြင်ကွင်းကို မြင်တွေ့ရချိန် ဒူးထောက်လေသည်။

"ခမည်းတော်"

ကန်ရှီး သူ့ကို လက်ညှိုးထိုးကာ "မင်း... ကောင်ဆိုး‌လေး၊ မင်းက ငါတို့ တော်ဝင်မိသားစုကို အရှက်ခွဲဖို့ ကြိုးစားနေတာလား၊ မင်းညီရဲ့ စံအိမ်ကိုသွားပြီး မိန်းမတစ်ယောက်ကို ခိုးယူခဲ့တယ်ပေါ့လေ၊ တကယ့်ကို အံ့မခန်းပါပဲ"

အိမ်ရှေ့စံမင်းသား မျက်လုံးများတွင် မျက်ရည်များ ပြည့်လဲ့နေပြီဖြစ်ပြီး သူက လျှောက်တင်သည်။

"ခမည်းတော်... သားတော်က သူမ ကတာကို မြင်တော့ မယ်တော့်ကို သတိရသွားလို့ပါ၊ အားလုံး သားတော့်အမှားပါ၊ သားတော်က မယ်တော့်ကို လွမ်းဆွတ်တဲ့စိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ခမည်းတော့်ကို အရှက်ခွဲမိခဲ့ပါတယ်"

ကန်ရှီးမှာ အံ့အားသင့်သွားပြီးနောက် သက်ပြင်းချလာသည်။

"ဒီလောကက ဘယ်မိန်းမကများ မင်းရဲ့မယ်တော်နဲ့ နည်းနည်းလေးတောင် ယှဉ်နိုင်မှာလဲ၊ ဟူး... ထားလိုက်ပါတော့၊ သူမက ကချေသည်တစ်ယောက်ပဲဟာကို၊ အနည်းဆုံးတော့ အစေခံတစ်ယောက် မဟုတ်တော့ဘူးပေါ့"

သူ့ နောက်ဆုံးစကားများမှာ အလွန်တိုးညင်းစွာပြောဆိုခဲ့သော်လည်း ထိုနေရာရှိ လူတိုင်းက ရှင်းလင်းစွာကြားနိုင် သည်။

အိမ်ရှေ့စံမင်းသား မျက်လုံးများမှာ ရုတ်တရက် အေးစက် သွားကာ ရှည်လျားချွန်ထက်သော လက်သည်းလေးများက သူ့ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ကန်ရှီးက ယင်ကျန်းကို ကြည့်ကာ ပြောသည်။

"မင်း မတရားခံခဲ့ရတာကို ဘာလို့ ကျန်းကို မပြောခဲ့တာလဲ၊ ဒါက အိမ်ရှေ့စံမင်းသားရဲ့ အမှားဖြစ်နေတော့ မင်းကို ကျန်း လျော်ကြေးပေးမယ်၊ ရော့... မင်းကို အလုပ်အကျွေးပြုဖို့ နောက်ထပ် မိန်းမအချို့ကိုရွေးချယ်ပေးမယ်"

ယင်ကျန်းမှာ လန့်ဖြန့်သွားပြီး အမြန်ပြန်လည်လျှောက်တင်သည်။

"ခမည်းတော်... နန်းတွင်းအဆောင်တွေရဲ့ ကိစ္စတွေက သေးငယ်လွန်းပါတယ်၊ ကျွန်တော်က ခမည်းတော့်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲမှာလဲ၊ ခမည်းတော် စိတ်ချမ်းသာနေသရွေ့ ကျွန်တော် ကျေနပ်ပါတယ်"

ကန်ရှီး အိမ်ရှေ့စံမင်းသားကို စူးရဲစွာကြည့်‌သည်။

"ဟွန့်... မင်းတို့ ကောင်စုတ်လေးတွေ ပြဿနာမရှာရင်ပဲ ကျန်း စိတ်အေးရပြီ"

-----

ကမ်းချန်ချန် စိတ်ထဲတွင် ရက်အတော်ကြာသည်အထိ မဆုံးဖြတ်နိုင်သေးသော ကိစ္စတစ်ခု ရှိနေခဲ့သည်။ သူမ ပြောသင့်လား ဘယ်လိုပြောရမလဲ ဆိုတာကိုပင်။

ထိုသည်မှာ ဟွာယွီအကြောင်း ဖြစ်သည်။ သူမက အစတုန်းက ဟွာယွီ အဆင့်အတန်းက သူနှင့် မထိုက်တန်ဘူးဟု တွေးခဲ့သည်။ အလွန်ဆုံးဖြစ်လျှင် ဝန်ကြီးတစ်ဦး သားသာဖြစ်နိုင်သည်။ မင်းသားတစ်ပါးဖြစ်လျှင်တောင်မှ ပုံမှန်အားဖြင့် မင်းသားဆယ့်သုံးသာ ဖြစ်သင့်သည်။

မည်သို့ပင်ဖြစ်စေ မင်းသားဆယ့်သုံးက ချောမောပြီး ဟွာယွီနှင့်အသက်အရွယ်လည်း သိပ်မကွာလှဘဲ မကြာခဏလည်း အလည်လာတတ်သည်။

ဒါပေမဲ့ အဲဒါက အဋ္ဌမမင်းသားဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ...

ကမ်းချန်ချန် အဋ္ဌမမင်းသားတွင် ထူးခြားသော ဆွဲဆောင်မှု ရှိကြောင်းကိုတော့ ဝန်ခံရပေမည်။ ဒါပေမဲ့ ဆွဲဆောင်မှုရှိပြီး လူတွေကို သူနဲ့ နီးကပ်ချင်အောင် လုပ်နိုင်တာက ကိစ္စတစ်ခု၊ စတုတ္ထမင်းသားရဲ့စံအိမ်က လူတစ်ယောက်အနေနဲ့ အဋ္ဌမမင်းသားနဲ့ ပတ်သက်ဖို့ဆိုတာ သူမအတွက် မဖြစ်နိုင်သ လောက်ပဲလေ...

အဋ္ဌမမင်းသား၏နောက်ဆုံးကံကြမ္မာကို ဘေးဖယ်ထားလျှင်တောင် နှစ်ဖက်အကြား အုပ်စုဖွဲ့တိုက်ပွဲများကြောင့် သူမက သူ့ကို လက်ထပ်ခဲ့လျှင်တောင် စတုတ္ထမင်းသား စိုက်ပျိုးထားသောအသုံးချခံရုပ်သေးရုပ်တစ်ရုပ်အဖြစ် သံသယဝင်ခံရမည်။

ထို့ပြင် အဋ္ဌမမင်းသားဖူကျင်းကလည်း ဒေါသကြီးတက်သေးသည်။ သို့သော် ဟွာယွီက ထိုနေ့တွင် အဋ္ဌမမင်းသားကို အနည်းငယ် ဂရုတစိုက်ရှိရုံသာပြသခဲ့ပြီး ဘာမှတိတိကျကျ ဖွင့်ပြောမထားသဖြင့် ကမ်းချန်ချန်လည်း ဤကိစ္စကို စကားစရန်မလွယ်ကူပေ။

ထို့ကြောင့် သူမ အခန်းထဲတွင် ဟွာယွီနှင့် နှစ်ယောက်တည်း ရှိနေချိန်ကို အခွင့်ကောင်းယူကာ ကမ်းချန်ချန် သူမကို မေးသည်။

"ဟွာယွီ... နင့်ရဲ့ လရောင်ဖြူအကြောင်းကို တွေးနေတုန်းပဲလား"

ဟွာယွီက မေးသည်။

"စဲဖူ... လရောင်ဖြူဆိုတာ ဘာလဲဟင်"

ကမ်းချန်ချန် "အဲဒါက နင် ငယ်ငယ်တုန်းက တိတ်တိတ်လေး သဘောကျခဲ့ရတဲ့သူ၊ နှစ်တွေကြာသွားပေမယ့်လည်း နင် မေ့မရ၊ လက်မလွှတ်နိုင်တဲ့သူ၊ နင် တိတ်တိတ်လေး ချစ်နေရတဲ့သူပေါ့"

ဟွာယွီ ပြုံးလျက် ပြောသည်။

"ဒါက လရောင်ဖြူဆိုတာပေါ့လေ၊ စဲဖူရဲ့ နှိုင်းယှဉ်ချက်က တော်တော်လေး လိုက်ဖက်ပါတယ်၊ သူက ကျွန်မရဲ့ လမင်းကြီးလိုပဲ၊ ကျွန်မရဲ့ လရောင်ဖြူကို ငေးကြည့်နေခွင့်ရတာက တကယ့်ကို ကဗျာဆန်တဲ့ ကိစ္စပါ"

ကမ်းချန်ချန်က ထပ်ပြောသည်။

"ဒါပေမဲ့ လူတော်တော်များများက သူတို့ရဲ့ လရောင်ဖြူနဲ့ အတူတူ မရှိနိုင်ကြဘူးလေ၊ အနာဂတ်မရှိတဲ့ တစ်ဖက်သတ် အချစ်ကို ဘာလို့ ဖက်တွယ်ထားမှာလဲ"

ဟွာယွီ မိန်းမပျိုလေးများသာ ပြုံးတတ်သော အပြုံးမျိုးကို ပြုံးပြလာသည်။

"သူ အဆင်ပြေနေတာကို အဝေးကနေ မြင်နေရတာနဲ့တင် ကျွန်မအတွက် လုံလောက်ပါတယ်"

ကမ်းချန်ချန်က မေးသည်။

"တကယ်လို့ သူသာ အဆင်မပြေခဲ့ရင်ကော... နင် ဘာလုပ်မလဲ"

ဟွာယွီ "သူက ဘယ်လိုလုပ် အဆင်မပြေဘဲ နေမှာလဲ၊ စဲဖူသာ ကျွန်မရဲ့ လရောင်ဖြူက ဘယ်သူလဲဆိုတာ သိရင် ဒီလို ပြောမှာမဟုတ်ဘူး"

ကမ်းချန်ချန် အသက်ကို ပြင်းပြင်းရှူလျက် "ရှေးခေတ်ကတည်းက အချစ်ဆိုတာ အမြဲတမ်း နှစ်ဦးနှစ်ဖက်အပြန် အလှန်ဖြစ်ခဲ့တာချည်းပဲ၊ လျန်စန်းပေါ်နဲ့ ကျူယင်းထိုက်တို့ရဲ့ ဇာတ်လမ်းက လှပပေမယ့် မာဝမ်ချိုက်ရဲ့တစ်ဖက်သတ် အချစ်ကတော့ သူ အရာအားလုံးကိုဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့တာပဲလေ"

ဟွာယွီ အနည်းငယ် ဒေါသထွက်သွားသည်။

"ကျွန်မက မာဝမ်ချိုက်မှ မဟုတ်တာ၊ ချစ်နေကြတဲ့ စုံတွဲတစ်တွဲကို ကျွန်မက ဘယ်လိုလုပ် အတင်းအကျပ် သွားခွဲရက်မှာလဲ၊ ပြီးတော့..."

"ကျွန်မ လုပ်ချင်ရင်တောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး"

ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားပြီးနောက် ဆက်ပြော သည်။

"ဟိုးရှေးရှေးတုန်းက... ချမ်းသာတဲ့ မိသားစုတစ်ခုမှာ အဝတ်လျှော်တဲ့ အစေခံမလေး တစ်ယောက် ရှိတယ်၊ သူမက ချောင်းနဘေးမှာ အဝတ်လျှော်နေတုန်း သခင်လေးတစ်ယောက်ကို ကယ်တင်ခဲ့ပြီး အဲဒီအချိန်ကစလို့ သူမက သူ့ကို နှစ်ပေါင်းများစွာ တိတ်တိတ်လေး ချစ်နေခဲ့တယ်"

"အဖြူရောင် ဝတ်ဆင်ထားတဲ့ အဲဒီသခင်လေးက သူမထက် အများကြီး အသက်ကြီးပြီး သူမကို ဂရုမစိုက်ခဲ့ဘူး၊ သူက တဖြည်းဖြည်းနဲ့ ဇနီးတွေ၊ ကိုယ်လုပ်တော်တွေ၊ သားတွေ ရလာခဲ့တယ်၊ တစ်နေ့ကျတော့ အဲဒီချမ်းသာတဲ့ မိသားစုနဲ့ အဖြူရောင်ဝတ် သခင်လေးရဲ့ မိသားစုက စားသောက်ဆိုင် တစ်ဆိုင်ရဲ့ စီးပွားရေး ကိစ္စနဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ်ကြတော့တယ်၊ နင့်အထင် အဲဒီ အဝတ်လျှော်တဲ့ အစေခံမလေးက ဘာလုပ်သင့်လဲ"

ဟွာယွီ မျက်မှောင်ကြုတ်မိသည်။

"အစေခံတစ်ယောက်အနေနဲ့ သူမက သူမရဲ့ သခင်ကိုလည်း သစ္စာမဖောက်နိုင်ဘူး၊ သူမ ချစ်ရတဲ့သူကို ဒုက္ခပေးဖို့ သခင်ရဲ့ အမိန့်ကိုလည်း မနာခံနိုင်ဘူး၊ တကယ်ကို ကောင်းတဲ့နည်းလမ်း မရှိပါဘူး၊ တကယ်လို့ စာချုပ်နဲ့လုပ်ရတဲ့ ဆက်ဆံရေးမျိုးသာဆိုရင် သူမရဲ့ မူလသခင်နဲ့ စာချုပ်ကို ဖျက်လိုက်တာ ပိုကောင်းပါတယ်"

ကမ်းချန်ချန်က မေးသည်။

"တကယ်လို့ သူမက စာချုပ်ကို မဖျက်နိုင်ရင်ကော"

ဟွာယွီ "ဒါဆိုရင်တော့ သူမရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်ရတော့မှာပေါ့၊ သူမ ချစ်ရတဲ့သူကို မေ့ပစ်နိုင်ဖို့မျှော်လင့်ရတာပဲ"

ကမ်းချန်ချန် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး စိတ်ထဲမှတွေးမိ သည်။

[နောက်နှစ်အနည်းငယ် ကြာရင် သူမ အမြင်တွေ ပြောင်းသွားကောင်း ပြောင်းသွားနိုင်ပါတယ်လေ]

တစ်နှစ်ကြာပြီးနောက် ဝူကော်ကော်သည် စံအိမ်မှလွတ် မြောက်သွားပြီး မကြာမီမှာပင် တစ်စုံတစ်ယောက်က သူမ လည်ပင်းကို ဓားဖြင့်လှီးသွားခဲ့သည်။ ထိုသတင်းကို ကြားသောအခါ ယင်ကျန်းလည်း အံ့အားသင့်သွားရသည်။

"ဘယ်သူလုပ်တာလဲဆိုတာ စုံစမ်းလို့ ရပြီလား"

စုဖေးရှန် "အဲဒီလူက ဘာခြေရာလက်ရာမှ ချန်မထားခဲ့ပါဘူး"

ယင်ကျန်းက မေးသည်။

"သူမက ခြံဝင်းမှာ တစ်ယောက်ယောက်ကိုများ သွားစော် ကားမိလို့လား"

All Chapters