← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

🌻 Chapter 149

တတိယမင်းသားသည် နှစ်ရက်မျှသာ နေပြီးနောက် ခေါင်းကိုက်သည်ဟု အကြောင်းပြကာ ခွင့်ခဏခဏ တောင်းလာသည်။

နဝမမင်းသားသည် ယင်ကျန်းကို လက်စားချေရန် အခွင့်အ ရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။ တစ်ဖက်တွင် သူသည် ဒသမမင်းသားကို ဆွဲခေါ်ကာ အဋ္ဌမမင်းသားနှင့်အတူ အရက်သောက်သည်။

သူတို့သုံးဦးသည် ညသန်းခေါင်ယံအချိန်တွင် ခြံဝင်းထဲ၌ ထိုင်ကာ အရက်သောက်ကြရာ မေလ ရာသီဥတုတွင်ပင် အဋ္ဌမမင်းသား ကျန်းမာရေးက ခံနိုင်ရည်မရှိခဲ့ဘဲ နောက်တစ်နေ့တွင် အဖျားကြီးတော့သည်။

ထို့ကြောင့် ယင်ကျန်းသည် နိုင်ငံတော် ကိစ္စရပ်များကို တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းရပြီး နဝမမင်းသားမှာမူ အခြား ဝန်ကြီးများစွာနှင့်အတူ ပြဿနာများ ဖန်တီးကာ သူ့ကို အလွန်အမင်း အလုပ်ရှုပ်နေစေရန် လုပ်ဆောင်ထားသည်။

အခြားတစ်ဖက်တွင်မူ သူ့အကြည့်က ကမ်းချန်ချန်အပေါ်သို့ ကျရောက်သွားသည်။ မကြာသေးမီက ယင်ကျန်းမှာ အလွန်အလုပ်ရှုပ်နေသဖြင့် သူမနှင့်အတူ အိပ်ခန်းအတွင်းရှိ နည်းပညာများကို ဆွေးနွေးရန် အချိန်မရခဲ့ပေ။

ကမ်းချန်ချန်မှာ ပျင်းရိနေပြီး သူမ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေး မရှိသဖြင့် မိဘအိမ်သို့ ပြန်မည်ဟု အကြောင်းပြကာ အပြင်သို့ ထွက်လာသည်။

ရှေးခေတ်တွင် အမျိုးသမီးများ အပြင်ထွက်ရန် ခက်ခဲကာ မင်းသားများ၏ ဇနီးများအတွက်ဆိုလျှင် ပိုခက်ခဲသည်။

သို့သော် သူမသည် လက်ရှိတွင် မျက်နှာသာပေးခံနေရသူ ဖြစ်သဖြင့် ကန့်သတ်ချက်များကို ကျော်လွန်စွာ လုပ်ဆောင်လျှင်လည်း လက်ခံနိုင်ဖွယ် ရှိနေလေသည်။

ထိုနေ့တွင် သူတို့ မြို့ပြင်သို့ ရောက်ရှိသွားချိန်၌ သူတို့ကို ပစ်မှတ်ထားနေပုံရသော လူမိုက်အချို့နှင့် ထပ်မံ ကြုံတွေ့ရပြန်သည်။

ကမ်းချန်ချန်က အပြင်ထွက်ကာ သူမ သိုင်းပညာစွမ်းရည်များကို လေ့ကျင့်ချင်နေသော်လည်း ယင်ကျန်းသာ သိသွားလျှင် သေချာပေါက် ဒေါသထွက်မည်ဖြစ်ကြောင်း တွေးမိသဖြင့် အခြေအနေကို ကိုင်တွယ်ရန် အစောင့်နှစ်ယောက်ကိုသာ ခွင့်ပြုလိုက်သည်။

ထိုလူမိုက်များက သာမန် တိုက်ခိုက်သူများ မဟုတ်ဘဲ အစောင့်နှစ်ယောက်ကို ကျော်ဖြတ်ကာ သူမ လူထမ်းဝေါယာဉ်ကို တိုက်ခိုက်လာမည်ကိုတော့ ကြိုမသိခဲ့ချေ။

တစ်ခဏချင်းမှာပင် အစေခံများနှင့် အလုပ်သမားများ အားလုံး အကြောက်လွန်ကာ မှင်သက်သွားကြပြီး ကမ်းချန်ချန်ကမူ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် သူမ ခါးမှ ကြာပွတ်ပျော့ကို ဆွဲထုတ်သည်။

သို့သော် အခြေအနေ ပြောင်းလဲသွားတော့မည့်ဆဲဆဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"နေ့ခင်းကြောင်တောင်ကြီး ဒီလိုယုတ်မာတဲ့ လုပ်ရပ်ကို ဘယ်သူကများ လုပ်ရဲတာလဲ၊ အစောင့်တွေ... သူတို့ကို ဖမ်းစမ်း"

စူးစမ်းချင်စိတ်ဖြင့် ကမ်းချန်ချန်က ကုလားကာကို မလိုက်ရာ ဆွဲဆောင်မှုရှိသော နဝမမင်းသား မျက်နှာက သူမ ရှေ့တွင် ပေါ်လာပြီး သူ့အပြုံးက အတော်လေးကို ရွံရာဖွယ်ပင်။

နဝမမင်းသားသည် မြင်းပေါ်တွင် ထိုင်လျက် ယပ်တောင်ခတ်ကာ နှုတ်ခမ်းတွင် မဲ့ပြုံးလေးတစ်ခု ချိတ်ဆွဲထားသည်။

"မရီးလေး... မကြောက်ပါနဲ့၊ ကျွန်တော့် လူတွေက ဒီဓားပြတွေကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်"

ကမ်းချန်ချန် စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။

"နဝမမင်းသား... ရှင် ဒီလမ်းကနေ မတော်တဆ ဖြတ်သွားမိတာများလား"

"ကျွန်တော်က ကျေးလက်ဒေသမှာ လမ်းလျှောက်ထွက်လာရင်း မမျှော်လင့်ဘဲ မရီးလေးနဲ့ လာဆုံတာပါ"

ကမ်းချန်ချန်က လူမိုက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် နဝမမင်းသားကို ပြန်ကြည့်ကာ သူ့ ပုံမှန်အပြုအမူများနှင့် သူမကို အတိုးနှုန်း အဆမတန်ပေးရအောင် လှည့် စားခဲ့သည့် အချိန်ကို ပြန်လည်အမှတ်ရသွားသဖြင့် ကျောချမ်းသွားသည်။

[သူက နောက်ထပ် ထောင်ချောက်တစ်ခု ဆင်နေတာလား၊ ရှုမိသားစုက ကလေးတွေကို ယင်ကျန်းနဲ့ မိတ်ဆက်ပေးခဲ့တာကိုများ သူ သိနေတာလား]

နဝမမင်းသားက ကမ်းချန်ချန်၏ မျက်လုံးများထဲမှ သတိ ထားနေမှုကို သတိပြုမိသွားကာ နားမလည်နိုင်ဖြစ်သွားရသည်။

ပြီးခဲ့သည့်တစ်ခေါက် ပန်းချီဆွဲထားသော လှေပေါ်တွင် တွေ့ဆုံစဉ်က သူမက သူ့ကို အတော်လေး စိတ်ဝင်စားပုံ

ရခဲ့သည် မဟုတ်ပါလား။

သို့သော် သူက စိတ်ရှည်လက်ရှည်ဖြင့် ဆက်ပြောသည်။

"မရီးလေး... မင်းက တကယ့်ကို လှတာပဲ၊ နှမြောစရာကောင်းတာက စတုတ္ထနဝမမင်းသား၏က ချစ်ရေးချစ်ရာ အပိုင်းမှာ ဘာမှနားမလည်ဘဲ မင်းကို အပြင်ထွက်လည်ဖို့ ဘယ်တော့မှ မခေါ်သွားတာပဲ"

ကမ်းချန်ချန် နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ဘာမှမပြောဘဲ နေလိုက်သည်။ နဝမမင်းသား မျက်လုံးများ စူးရှသွားသော် လည်း သူက နှုတ်ခမ်းကို ကွေးကာ ပြုံး‌လေသည်။

"တကယ်လို့ ခယ်မလေးက ယင်ကျန်းကို ယုံကြည်တယ်ဆိုရင် နောက်ကျရင် ယင်ကျန်းက မင်းနဲ့အတူ ကျေးလက်မှာ လမ်းလျှောက်ထွက်ဖို့ အဖော်လုပ်ပေးရင် ဘယ်လိုလဲ"

"ယင်ကျန်းက သိပ်မဝေးတဲ့ နေရာမှာ ကဏန်းပန်းတွေ အပြည့်ပွင့်နေတဲ့ ဧကတစ်ထောင်လောက် ကျယ်တဲ့ ပန်းခင်းတစ်ခုကို သိတယ်၊ အို... မရီးလေးက ကဏန်းပန်းတွေကို ကြိုက်ရဲ့လား မသိဘူး"

ကမ်းချန်ချန်က သဘာဝကျစွာပင် နှစ်သက်သည်။ အမှန်တော့ သူမက ကဏန်းပန်းများကို အနှစ်သက်ဆုံး ဖြစ်သည်။

နဝမမင်းသားက အနည်းငယ် ထူးဆန်းနေသည်ဟု သူမ ခံစားလိုက်ရသည်။ ဤမြှောက်ပင့်စကားများက တစ်ခုခုကို စုံစမ်းရန် ရည်ရွယ်ထားခြင်းများလား။

[သူတို့ရဲ့ အဋ္ဌမမင်းသား အုပ်စုအတွက် အကြီးမားဆုံးခြိမ်း ခြောက်မှုက အိမ်ရှေ့စံမင်းသား မဟုတ်ဘဲ ယင်ကျန်းပဲဆိုတာကို သဘောပေါက်သွားလို့ ယင်ကျန်းကို ညီလာခံမှာ လှောင်ပြောင်ပြီး ဒေါသထွက်ပြီး သတိလစ်သွားအောင် လုပ်ဖို့ ယင်ကျန်းရဲ့ အတွင်းခံဘောင်းဘီ အရောင်ကို ငါ့ဆီကနေ လာမေးတာများလား]

[ဟွန့်... အဲဒါဆိုရင်တော့ ငါက ရှင် တွက်ချေကိုက်မှု မှားသွားပြီလို့ပဲ ပြောရတော့မှာပဲ၊ ယင်ကျန်းက အရင်တုန်းကဆို အတွင်းခံ မဝတ်ဘူး၊ အခု သူက အဖြူရောင် ဘောင်းဘီတို ၀တ်နေပေမယ့် သူက အမည်းရောင်ကို ပိုကြိုက်တယ်လို့ ရှင့်ကို မပြောပြဘူး]

[ရှင်က မသိလိုက်ပဲနဲ့ အရူးလုပ်ခံရမှာပဲ၊ ယင်ကျန်းကို နည်းနည်းလေးတောင် အန္တရာယ် မပြုနိုင်တဲ့အပြင် ငါလေးအတွက် ပိုက်ဆံတွေကိုတောင် ကူရေပေးရဦးမှာ]

ကမ်းချန်ချန် အတွေးနက်နေပြီး သူ့ကို စကားမပြောသည်ကို မြင်သောအခါ နဝမမင်းသားမှာ မနေနိုင်ဘဲ ယပ်တောင်ဖြင့် သူမ ခေါင်းကို ရိုက်လာသည်။

"မင်းက ဆွံ့အနေတာလား"

ကမ်းချန်ချန် လန့်သွားသည်။

"ရှင် ကျွန်မကို ရိုက်တယ်ပေါ့၊ ရှင်က ကျွန်မကို မရီးလေးလို့ အမြဲခေါ်နေတာဆိုတော့ ရှင့်ရဲ့ စတုတ္ထအစ်ကိုတော်ကို

လေးစားတယ်လို့ ထင်ထားတာ၊ အခု ရှင်က ကျွန်မကို ရိုက်တယ်ပေါ့လေ"

နဝမမင်းသား ရပ်တန့်သွားပြီး သူ့ မျက်နှာအောက်ပိုင်းကို ယပ်တောင်ဖြင့် ကွယ်ကာ ရယ်မောလာသည်။

"ဟားဟားဟား... မရီးလေးက တကယ့်ကို ချစ်စရာကောင်းတာပဲ၊ ကိုယ် မင်းကို အရမ်း သဘောကျတာပဲ

မင်းကို ဘယ်လိုလုပ် ရိုက်ရက်မှာလဲ၊ ခုနက ပိုးကောင်မည်းမည်းလေး တစ်ကောင် မင်းခေါင်းပေါ် ရုတ်တရက်ကျလာလို့ ဖယ်ရှားပေးလိုက်ရုံပါ"

ကမ်းချန်ချန်မှာ မနေနိုင်ဘဲ နှုတ်ခမ်းဆူမိသွားသည်။

"ရှင် သဘောကျတယ်ဆိုတဲ့ စကားကိုမပြောစမ်းပါနဲ့၊ ကျွန်မ ရှက်လွန်းလို့ သေတော့မယ်

ရှင်သာ ကျွန်မကို မရီးအဖြစ် တကယ် သတ်မှတ်တယ်ဆိုရင် ကျွန်မရဲ့ စတုတ္ထမင်းသားကို ချေးငွေစာချုပ်နဲ့ ခြိမ်းခြောက်ခဲ့မှာ မဟုတ်ဘူး"

နဝမမင်းသားမှာ အတွေးနက်သွားပြန်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။

"အော်... မင်းက အဲဒါကို ဂရုစိုက်နေတာကိုး၊ ခုနက မင်း ကိုယ့်ကို ကြည့်တဲ့အကြည့်က ထူးဆန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ တကယ်တော့ ကိုယ်က စတုတ္ထအစ်ကိုတော်ကို နောက်ပြောင်နေရုံ သက်သက်ပါ

ပြောရမယ်ဆိုရင် ချေးငွေစာချုပ်ကို တခြားတစ်ယောက်ဆီကနေ ငွေတစ်တေးနဲ့ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတာ၊ ဒါပေမဲ့ စတုတ္ထနောင်တော်က ငါ့ကို တစ်ပြားမှမပေးခဲ့ဘူး"

ကမ်းချန်ချန် လန့်သွားကာ အမြန်မေးလိုက်သည်။

"အဲဒါကို ရှင် ဘယ်သူ့ဆီက ဝယ်ခဲ့တာလဲ"

All Chapters