← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

🌻 Chapter 151

"ငါ အိမ်က ထွက်လာတုန်းက အဘိုးနဲ့ အတူတူ မိုးမခပင် တစ်ပင် စိုက်ခဲ့တယ်၊လွန်ခဲ့တဲ့ ဆယ်နှစ်က အဘိုးက အဲဒီ မိုးမခပင် ညှိုးရော်ပြီး သေသွားပြီလို့ ငါ့ကို ပြောပြတော့ ငါ တစ်ညလုံး ငိုခဲ့ရတယ်

နောက်တစ်နေ့ကျတော့ ယင်ကျန်းက ငါ့ဆီ အလည်လာပြီး ငါ့မျက်နှာ ထူးဆန်းနေတာကို မြင်သွားတယ်၊ သူက အကြိမ်များစွာ ဘာလို့လဲလို့ မေးခဲ့တယ်၊ ငါက အဲဒီ မိုးမခပင်ကို ပြန်သွားကြည့်ချင်တယ်လို့ ပြောခဲ့တာပေါ့

သူက လမင်းကြီးကို ကြည့်ဖို့ ငါ့ကို ပြောတယ်၊ အဲ့တာက အတူတူပဲလို့ ဆိုပြီးလေ၊ ဒါပေမဲ့ ငါက လမင်းကြီးကို ငေးကြည့်ရတာကို မကြိုက်ဘူး၊ အဲဒီ မိုးမခပင်ကိုပဲ ပြန်ပြီး ထိတွေ့ချင်ခဲ့တာ

မနှစ်က ငါ့အဘိုး အခြေအနေ အသည်းအသန် ဖြစ်နေတုန်းကလည်း ငါ ပြန်ချင်တယ်လို့ သူ့ကို ပြောခဲ့တယ်၊ ဒါပေမဲ့ သူက ခရီးရှည်ကြီးကို ခံနိုင်ရည်ရှိဖို့ ငါ အရမ်း အားနည်းလွန်းတယ်လို့ ပြောခဲ့တယ်၊ တကယ်တော့ ငါသေသွားရင် တောင် ဘာအရေးလဲ၊ ငါ ပြန်သွားနိုင်ဖို့ပဲ လိုချင်တာလေ"

ကမ်းချန်ချန် အမြန်ဖြတ်ပြောသည်။

"လျှောက်မပြောပါနဲ့၊ အစ်မတော် အသက်ရှင်ဖို့ နှစ်တွေ အများကြီး လိုသေးတယ်"

စုန့်ကော်ကော် "ငါ့ကို နှစ်သိမ့်ပေးဖို့ မကြိုးစားပါနဲ့၊ ငါ့ခန္ဓာကိုယ်က သိပ်အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်"

ကမ်းချန်ချန် မျက်လွှာကို အနည်းငယ် ချထားမိသည်။ စုန့်ကော်ကော်သည် ယင်ကျန်း၏ ပထမဆုံးသော အမျိုးသမီးဖြစ်ပြီး သူက သူမအကြောင်းကို အလွန် လေးစားမြတ်နိုးစွာ ပြောဆိုလေ့ရှိသည်။ ယခုမူ ဤအရာအားလုံး နောက်ကွယ်တွင် ရှောင်လွှဲမရသော အခက်အခဲအချို့ ရှိနေနိုင်လား။

သူမ ယင်ကျန်းနှင့်အတူ ဤကိစ္စကို စကားစကြည့်ချင်သော် လည်း အောင်မြင်မည်ဟု အာမမခံနိုင်သောကြောင့် စုန့်ကော်ကော်ကို ဖွင့်မပြောခဲ့ပေ။

ထိုညနေခင်းတွင် ယင်ကျန်းသည် သူမခြံဝင်းသို့ ရောက်လာခဲ့ပြီး သူ့ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။ ကမ်းချန်ချန် နှလုံးသားမှာ တင်းကျပ်သွားရသည်။

"အရှင် ဘာဖြစ်လို့လဲဟင်"

ယင်ကျန်း သူမလက်ကို ဆွဲကာ ကုလားထိုင်ပေါ်သို့ ထိုင်စေပြီး သူမ မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ သူက စစ်ဆေးမေးမြန်းသည့်ဟန်ဖြင့် မေးသည်။

"မနေ့က မင်း ယင်ထန်နဲ့ အချိန်အကြာကြီး စကားပြောနေခဲ့တာလား"

ကမ်းချန်ချန် ပြန်ဖြေသည်။

"အာ... အကြာကြီး မဟုတ်ပါဘူး၊ စကားနည်းနည်းပဲ ပြောတာပါ"

ယင်ကျန်း ဆက်၍ "မင်း သူ့ကို လက်ဆောင်တောင်ပေး လိုက်သေးတယ်ပေါ့"

ဒီနေ့ အဲဒီကောင်စုတ်လေး၏ မျက်နှာပြောင်တိုက်သော အမူအရာကို တွေးမိတိုင်း သူ ဒေါသထွက်မိတယ်။

"စတုတ္ထအစ်ကိုတော်... အစ်ကိုတော်က အသက်ကြီးလာပြီ၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့လည်း အရည်အချင်း မမီတော့ဘူး၊ ပြီးတော့ အိမ်ပြန်ရင်တောင် မရီးကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး"

သူ သေချာပေါက် အဓိပ္ပာယ်မှမရှိသတဲ့ စကား‌တွေ လျှောက်ပြောနေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်.. တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။

ကမ်းချန်ချန် "မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး"

ယင်ကျန်းသည် မှုန်မှိုင်းနေသော မျက်နှာဖြင့် သူမကို ကြည့်လာသည်။

"စကားမပြောခင် သေချာ စဉ်းစား၊ အဲဒါ အမှန်လား မဟုတ်ဘူးလား"

ကမ်းချန်ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အပြစ်ရှိသလိုဖြင့် ပြောသည်။

"သူ့ကို ကစားဖို့ ပိုးကောင် တစ်ကောင် ပစ်ပေးလိုက်တာကို တွေးကြည့်မယ်ဆိုရင်တော့..."

"မင်း သူ့ကို နောက်တစ်ခါ နှစ်ယောက်တည်း စကားမပြောဖို့ ငါ တားမြစ်တယ်"

"မနေ့က နှစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး၊ အဲဒီမှာ လူတွေ အများကြီး ရှိတာကို၊ ဒါပေမဲ့ ရှင် တကယ်ကြီး အဲဒီလောက် ဂရုစိုက်နေတယ်ဆိုရင် နောက်တစ်ခါ သူ့ကို မြင်တာနဲ့ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ လျှာကိုကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ့မယ်"

ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။

"မင်း... မင်း ကိုယ့်ကို ရွဲ့နေတာပဲ"

ကမ်းချန်ချန် နှုတ်ခမ်းဆူမိသွားသည်။

"ကျွန်မ အဲဒီလိုပြောချင်တာ မဟုတ်ပါဘူး"

ယင်ကျန်း "ဒါဆို မင်းက လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့တောင် ပြောရဲသေးတယ်ပေါ့"

ကမ်းချန်ချန် မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး သူမ ပြုံးလာသည်။

"ဒါဆို ကျွန်မကို တစ်ခုလောက် ကတိပေး၊ အဲဒါဆို ကျွန်မ လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှာ မဟုတ်တော့ဘူး"

ယင်ကျန်းက သူမကို ကြည့်ကာ မယုံချင်ဟန်ဖြင့် မေးသည်။

"ဒီနေ့ ကိုယ်က မင်းကို စစ်ဆေးမေးမြန်းဖို့ လာတာ၊ ကိုယ် ဘာလို့ မင်းရဲ့ တောင်းဆိုချက်ကို သဘောတူရမှာလဲ၊ မင်းကို အပြစ်ပေးဖို့ နည်းလမ်းမရှိဘူးလို့ ထင်နေတာလား"

"ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ၊ ဒါပေမဲ့ ရှင် မလုပ်ရက်ဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မက အရမ်း ချစ်စရာကောင်းပြီး လိမ္မာတယ်လေ"

ကမ်းချန်ချန် ထရပ်ကာ သူ့အပြင်ဝတ်ရုံကို ချွတ်ရန် ကူညီပေးလိုက်ပြီးနောက် သူ့နောက်တွင် ရပ်ကာ ပခုံးများကို နှိပ်နယ်ပေးသည်။

သူ သက်သောင့်သက်သာဖြင့် မျက်လုံးများမှိတ်ထားသည်ကို မြင်သောအခါ သူမ မေးလေသည်။

"စုန့်ကော်ကော်ရဲ့ အမေ နေမကောင်းဖြစ်နေတယ်၊ သူမ သွားတွေ့ဖို့ ရှင့်အနေနဲ့ ခွင့်ပြုပေးလို့ ရမလားဟင်"

ယင်ကျန်း "သူမရဲ့ မိသားစုက ကျန်နန်မှာရှိတာ၊ အရမ်းဝေးလွန်းတယ်၊ အဲဒါက စည်းကမ်းချက်တွေနဲ့ မညီညွတ်ဘူး"

"ဟူး... စည်းကမ်းချက်တွေထက် လူ့အသက်က ပိုအရေးမကြီးဘူးလား၊ ကိုယ့်အမေကို မချစ်တဲ့သူ ဘယ်သူရှိလို့လဲ"

သူမ စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်သည်။ ယင်ကျန်းနှင့် သူ့ မိခင်ကြားက ဆက်ဆံရေးက ကောင်းမွန်လာသေးပုံမရပေ။

ထင်ထားသည့်အတိုင်းပင် ယင်ကျန်းမှာ အတိတ်က တစ်စုံ တစ်ရာကို ပြန်လည် အမှတ်ရသွားဟန်ဖြင့် တိတ်ဆိတ်သွား တော့သည်။

ကမ်းချန်ချန် သူမမျက်နှာကို သူ့ပခုံးပေါ်တွင် အပ်ထားပြီး ပွတ်သပ်ပေးလေသည်။ ယင်ကျန်း ခေါင်းလှည့်လာသည်။

"မင်းရဲ့ အပြုအမူကို သေချာဆင်ခြင်တာ ပိုကောင်းမယ်၊ အမြဲတမ်း ဟိုဟိုဒီဒီ ပြေးမလွှားနေနဲ့၊ တစ်ခါတလေကျရင် ဖူကျင်းက ကောလဟာလဖြန့်တဲ့ သစ္စာဖောက်အစေခံတချို့ကို အပြစ်ပေးတတ်တယ်၊ မင်း ကိုယ့်ကို သစ္စာဖောက်သွားတာမျိုး ကိုယ် မဖြစ်စေချင်ဘူး"

All Chapters