အခန်း ၁၅၃
Vol. 16 Ch. 153
🌻 Chapter 153
ဤသည်မှာ အဌမမင်းသားဖူကျင်း လိုချင်သောအရာ မဟုတ်ပေ။ အဌမမင်းသားသည် အမြင့်ဆုံးနေရာတွင် ရပ်တည်နိုင်ရန် ကြိုးစားသင့်သည်ဟု သူမ အမြဲ ခံစားခဲ့ရသည်။ သူမ မျက်လုံးများ နီရဲလာကာ ပြောသည်။
"ကျွန်မ သူ့ကို နှစ်ချက်လောက်ပဲ ထိုးလိုက်ရသေးတာကို ရှင်က ကျွန်မကို ဒီလိုဆက်ဆံတယ်ပေါ့၊ ရှင် ကျွန်မကို ဂရုမစိုက်တော့ဘူးဆိုတာ ရှင်းနေတာပဲ၊ တကယ်လို့ ရှင်သာ ရာထူးကနေ နှုတ်ထွက်လိုက်ရင် ကျွန်မ သူ့ကို သတ်ပစ်မယ်"
"အဓိပ္ပာယ်မရှိတာ၊ မင်းသာ နဝမမင်းသားကို နောက်တစ်ခါ လက်ဖျားနဲ့ ထိရဲထိကြည့်၊ ငါ မင်းကို ကွာရှင်းပစ်မယ်"
မင်းသားရှစ် အေးစက်စွာ ဆူပူလာသည်။
ထိုစကားကို ကြားသောအခါ မင်းသားကိုးသည် မျက်လုံးများကိုမှိတ်ကာ သတိလစ်ချင်ယောင်ဆောင်ပြီး အဌမမင်းသား ရင်ခွင်ထဲသို့ မှီနေသည်။
အဌမမင်းသားဖူကျင်းက ခြေစောင့်ကာ ဒေါသတကြီး ထွက်သွားသည်။ ခဏအကြာတွင် ဒဿမမင်းသား အော်ဟစ်လျက်ရောက်လာသည်။
"ဘာဖြစ်တာလဲ၊ နဝမအကိုတော်... ဘယ်သူက မင်းကို ဒီလိုလုပ်လိုက်တာလဲ"
အဌမမင်းသားက သက်ပြင်းချကာ နဝမမင်းသားကို ဆေးလူးပေးရင်း ပြောသည်။
"သူမက မကောင်းတဲ့ ရည်ရွယ်ချက်ရှိတာ မဟုတ်ပါဘူး၊ နည်းနည်းလေး ပွင့်လင်းလွန်းသွားရုံပါ"
နဝမမင်းသား နဖူးတွင် ချွေးစေးများ ကျနေပြီး ပြောသည်။
"ကျွန်တော် မရီးတော်ကို အပြစ်မတင်ပါဘူး၊ ကျွန်တော် အစ်ကိုကို အဲဒီပြည့်တန်ဆာတွေဆီ ဘယ်တော့မှ ထပ်မခေါ်သွားတော့ဘူးလို့ ကတိပေးထားခဲ့ပြီးမှ ကတိဖျက်ခဲ့တာလေ၊ မရီးတော် ဒေါသထွက်ပြီး ကျွန်တော့်ကို ရိုက်တာမှန်ပါတယ်"
ဒဿမမင်းသား မျက်လုံးလှန်ကာ ပြောသည်။
"ကျွန်တော် အစ်ကိုတော်ကို အစောကြီးကတည်းက ပြောသားပဲ၊ သူမက အိုမင်းနေတဲ့ မိန်းမတစ်ယောက်အတွက် အရမ်းကို မာနကြီးလွန်းတယ်လို့၊ အဌမအစ်ကိုတော်... အစ်ကိုတော် ပြန်ရောက်ရင် သူမကို သေသေချာချာ ဆုံးမဖို့ လိုနေပြီ"
စက်တင်ဘာလတွင် ယင်ကျန်းမှာ သူ့ ညီအစ်ကိုများနှင့် ဝန်ကြီးများသည် ဧကရာဇ်မင်းမြတ်ကို ကြိုဆိုရန် ဒူးထောက်နေကြသည်။ အဆက်အသွယ်ကောင်းသူများသည် အိမ်ရှေ့စံမင်းသား ရာထူးချခံရကြောင်းကို ကြိုတင်သိရှိထားနှင့်ပြီး ဖြစ်သည်။
လူတိုင်း မျက်နှာအမူအရာများမှာ အမျိုးမျိုးကွဲပြားနေသော် လည်း အိမ်ရှေ့စံမင်းသားအတွက် စိုးရိမ်ပူပန်သူမှာ အလွန်နည်းပါးလှသည်။
အချို့က မျှော်လင့်ချက် အရိပ်အယောင်များကို ပြသနေကြပြီး အချို့မှာမူ ဂနာမငြိမ်ဖြစ်ကာ စိုးရိမ်ထိတ်လန့်နေကြသည်။
ဘုရင်မင်းမြတ်သည် နှစ်လေးဆယ်ကျော်တိုင်တိုင်မျက် နှာသာပေးခဲ့သော အိမ်ရှေ့စံမင်းသားကို တကယ်ပဲ ရာထူးချရက်ပါ့မလား။ အမိန့်တော်ကို အမြန်ဆုံး ထုတ်ပြန်လိုက်ပါတော့၊ ဘာအမှားအယွင်းမှ မဖြစ်ပါစေနဲ့...
ကန်ရှီး မျက်နှာက ရေခဲတမျှ အေးစက်နေပြီး သူ့စိတ်ထဲတွင် လှုပ်ရှားဂနာမငြိမ်ဖြစ်ကာ လက်ချောင်းထိပ်များမှာ တုန်ယင်နေသည်။
အိမ်ရှေ့စံမင်းသားသည် ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ် မသန်စွမ်းဖြစ်သွားခြင်း မဟုတ်ဘဲ ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ လမ်းလျှောက်နေသော လူသေကောင်တစ်လောင်းပမာ ဖြစ်လာသည်။
အထူးသဖြင့် တော်ဝင်အမိန့်ပြန်တမ်းကို တရားဝင်ထုတ်ပြန်လိုက်ချိန်တွင် သူ့ ခမည်းတော်ဖြစ်သော ဧကရာဇ်မင်းမြတ်က သူ့ကို ဖြုန်းတီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် စွပ်စွဲသည်ကို ကြားလိုက်ရသောအခါ သူ လဲကျလုမတတ်ဖြစ်သွားပြီး အမိန့်ပြန်တမ်းကိုဆုတ်ဖြဲရန် ခုန်ထလုနီးပါးဖြစ်သွားခဲ့သည်။
သို့သော် သူ ဝံ့မရဲပေ။ အရိုးထဲအထိ စိမ့်ဝင်နေသော သတ္တိ ကြောင်မှုနှင့် ပုန်ကန်လိုစိတ်တို့က သူ့ကို အလွန်အမင်းဝေခွဲမရဖြစ်စေသဖြင့် သူ့ဒေါသများကို စံအိမ်ရှိ အစေခံများအပေါ်တွင်သာ ပုံချနိုင်တော့သည်။
"ဖြန်း"
"ဒါတွေအကုန်လုံး မင်းတို့အပြစ်တွေချည်းပဲ၊ မင်းတို့လို ဖော်လံဖား ကချေသည်တွေနဲ့ အဆိုတော်တွေရဲ့ အပြစ်တွေပဲ၊ မင်းတို့က စည်းစိမ်ချမ်းသာနဲ့ ဘုန်းကျက်သရေအတွက် ငါ့ကို မြှူဆွယ်ခဲ့တယ်၊ အခု ဘာဖြစ်သွားလဲ ကြည့်စမ်း၊ ခမည်းတော် ငါ့ကို စွန့်ပစ်သွားပြီ၊ မင်းတို့ ပျော်နေကြပြီလား"
"ဟားဟားဟား... အောက်တန်းစား အစေခံတွေ၊ ကကြစမ်း၊ သီချင်းဆိုကြ၊ မင်းတို့ကို ရိုက်နှက်တော့ရော ဘာအကျိုးရှိမှာလဲ၊ ငါက ဒီလောက် မြင့်မြတ်တဲ့လူကို မင်းတို့က ငါ့ကွယ်ရာမှာ အတင်းပြောရဲတယ်ပေါ့"
"မင်းတို့က ငါတို့ သားအဖနှစ်ယောက်ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာ ဟုတ်လား၊ စောင့်နေလိုက်၊ ငါသာ တစ်နေ့ ပြန်လည် အင်အားကြီးလာရင် မင်းတို့ကို သေချင်စော်နံသွားအောင် လုပ်ပစ်မယ်"
"ဟားဟားဟား... အရှင်မင်းကြီးက သဘောကျရင် ကျွန်တော့်ကို မင်းသားလုပ်ပေးပြီး သဘောမကျရင် ရာထူးချပစ်လို့ရတာပဲ
အရှင်မင်းကြီး ကျွန်တော့်ကို လူတစ်ယောက်လိုရော ဆက်ဆံဖူးရဲ့လား၊ အခုတော့ တစ်လောကလုံးက ကျွန်တော့်ကို လှောင်ပြောင်နေကြပြီ
သားအဖဆိုတာ တစ်သားတည်းပဲ၊ ဒါက အရှင်မင်းကြီးအတွက်ရော ဘာအကျိုးရှိမှာမို့လို့လဲ"
ရာထူးချခံရသော အိမ်ရှေ့စံမင်းသားသည် သားရဲတစ်ကောင်ကဲ့သို့ ရယ်သံကြီးကို ထုတ်လွှင့်လိုက်ရာ ကြက်သီး မွေးညင်းထစရာကောင်းပြီး သနားစရာကောင်းလှပေသည်။
ကြိမ်လုံးဖြင့် ရိုက်နှက်သံများနှင့်အတူ ကချေသည်များနှင့် အဆိုတော်များဆီမှ သနားညှာတာရန် တောင်းပန်သံများ သည် ရာထူးချခံရသော အိမ်ရှေ့စံမင်းသား စံအိမ်တစ်ခုလုံးတွင် ဖုံးလွှမ်းနေသည်။
လျန်ကျိုကုန်းက ပြောသည်။
"သူ လုပ်ပါလိမ့်မယ်၊ သူ ငယ်ငယ်တုန်းက အရသာရှိတဲ့ အစားအစာတစ်ခုခုကို စားရတိုင်း အရှင်မင်းကြီးအတွက် အမြဲတမ်း ဖယ်ချန်ထားတတ်တာကို ဒီအစေခံ မှတ်မိပါသေးတယ်
အဲဒီအချိန်တုန်းက အရှင်မင်းကြီးက ညီလာခံကနေ ပြန်မလာသေးပေမဲ့ သူက အရှင်မင်းကြီးပြန်လာတဲ့အထိ အဲဒီမှာပဲ အတင်းထိုင်စောင့်နေပြီး ပြန်ရောက်ပြီဆိုတာနဲ့ ပြေးသွားတတ်တာ"
ကန်ရှီး သက်ပြင်းချမိသည်။
"သူ့မှာ မိဘအပေါ် သိတတ်တဲ့ ရိုသေကိုင်းရှိုင်းမှုရှိနေတုန်းပဲ"
နန်းတော်ညီလာခံတွင် အိမ်ရှေ့စံမင်းသားကို ရာထူးမှ မချမီ ကန်ရှီးသည် သိသာထင်ရှားစွာမျက်နှာလိုက်ခဲ့သော အဌမမင်းသား အုပ်စုကို အလွန်အမင်းအားကိုးကာ၊ မင်းသားဆယ့်သုံးကို အရေးမပေးခြင်းနှင့် စတုတ္ထမင်းသားကို လျစ်လျူရှုခြင်း အစရှိသည့် လုပ်ရပ်များကြောင့် ကန်ရှီးက အိမ်ရှေ့စံမင်းသားအသစ် တင်မြှောက်ရန် အကြံပြုစာ တောင်းခံသော အခါ လူတိုင်းက အဌမမင်းသားသည် ဖြစ်နိုင်ခြေအရှိဆုံးသူဟု ထင်ခဲ့ကြသည်။
ကမ်းချန်ချန်က အဖြူရောင် နယ်ရုပ်လေးကို ရွှေ့လိုက်ရင်း ပြောသည်။
"နတ်ဘုရားရဲ့ ရှုထောင့်ကနေ မြင်ရတာမျိုးသာ မရှိရင် ဘုရင်မင်းမြတ်က တကယ်တော့ လူတစ်ယောက်ကိုထောင် ချောက်ဆင်နေတာဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ"
ယင်ကျန်း ရယ်မောကာ ပြောသည်။
"တာအိုဘုန်းကြီးကျန်း ပေါ်လာတာနဲ့ အဌမမင်းသားရဲ့အုပ်စုက ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး၊ မင်း တကယ့်ကို ထက်မြက်တဲ့ အစီအစဉ်တစ်ခုကို တွေးထုတ်နိုင်ခဲ့တာပဲ"
ကမ်းချန်ချန်က ပြောသည်။
"တရားဝင်မဟုတ်တဲ့ သမိုင်းမှတ်တမ်းတွေမှာ ကျန်းဆိုတဲ့ နာမည်နဲ့ တာအိုဘုန်းကြီးတစ်ပါး ရှိခဲ့တယ်ဆိုတာကို ကျွန်မ မှတ်မိတယ်
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဧကရာဇ်က အိမ်ရှေ့စံမင်းသား တင်မြှောက်မယ့် နောက်ဆုံးရက် နီးကပ်လာပြီဖြစ်ပေမဲ့ သူက အခုထိ ပေါ်မလာသေးဘူး
ဟွန်း... အပြစ်တင်စရာဆိုလို့ မင်းသားကိုးက ရန်သူတွေ အရမ်းများနေတာကိုပဲ အပြစ်တင်ရမှာပေါ့၊ သူသတ်ပစ်ခဲ့တဲ့ ထောင်မှူးရဲ့ငယ်ချစ်ဦးက အရေးမပါတဲ့သူဆိုပေမဲ့ သူမက အာဏာရှိတဲ့သူကို လက်စားချေဖို့တောင် ရဲတင်းခဲ့တာပဲ"
ယင်ကျန်းက ပြောသည်။
"ယောကျ်ားလေးအဖြစ် ရုပ်ဖျက်ထားတဲ့ မိန်းမတစ်ယောက်လား၊ အဲဒါကို မင်း ဘယ်လိုများ တွေးမိသွားတာလဲ၊ နဝမမင်းသားနဲ့ တခြားသူတွေက ခွဲခြားသိနိုင်တာဖြစ်ဖြစ်၊ မသိနိုင်တာဖြစ်ဖြစ် ဒီတာအိုဘုန်းကြီး ပြောသမျှက သူတို့အတွက် အကျိုးရှိနေသရွေ့တော့ သူတို့ ယုံကြည်ကြမှာပဲ"
ကမ်းချန်ချန်က ပြောသည်။
"ဒီကိစ္စပြီးသွားရင် သူမကိုကာကွယ်ပေးပါ စတုတ္ထမင်းသား"
"ကိုယ် အစွမ်းကုန်ကြိုးစားပါ့မယ်"
ကန်ရှီးသည် နန်းတော်ညီလာခံတွင် အဌမမင်းသားအားပြင်း ပြင်းထန်ထန် ဆူပူကြိမ်းမောင်းခဲ့ပြီး သူ့ နောက်ခံဆွေမျိုးဇာစ်မြစ်မှစ၍ စရိုက်လက္ခဏာအထိ နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်ရှုတ်ချကာ အရှက်ခွဲခဲ့သည်။ သို့သော်လည်း အဌမမင်းသားမှာ မနာကျင်ခဲ့ပေ။
လူတစ်ယောက်သည် မျက်နှာလိုက်တတ်သော ဖခင်အပေါ် မျှော်လင့်ချက် စွန့်လွှတ်လိုက်ပြီးဖြစ်ပါက မည်သည့်အရာက သူ့ကို ပိုနာကျင်စေနိုင်တော့မည်နည်း။
နန်းတွင်းရေးရာဌာနမှ အောက်တန်းစား အစေခံတစ်ယောက်ရဲ့သား... ဟက်၊ အစတည်းက ဒီအောက်တန်းစား အစေခံကို မျက်နှာသာပေးခဲ့တာ ဘယ်သူများလဲ...
ဒီလောကကြီးမှာ အရှင်မင်းကြီးနဲ့ အရှင်မင်းကြီးရဲ့ အိမ်ရှေ့စံမင်းသားတို့ကသာ အမြင့်မြတ်ဆုံးလူတွေလား၊ မွေးဖွားခြင်းကပဲ လူတစ်ယောက်ရဲ့ ကံကြမ္မာကို တကယ်ပဲ ဆုံးဖြတ်ပေးတာလား...
အရှင်မင်းကြီးက ဘယ်သူ့ကိုမှ ထည့်မစဉ်းစားခဲ့ဘူးဆိုရင် အိမ်ရှေ့စံမင်းသားကို တင်မြှောက်တဲ့နေရာမှာ ဘာလို့များ ဒီလောက်တောင် ဟန်ဆောင်ကောင်းနေရတာလဲ၊ ဟန်ဆောင်မှုတွေချည်းပဲ...
ဤတစ်ကြိမ် ညီလာခံအပြီးတွင် ဝန်ကြီးများသည် သူ့ကို ကပ်ရောဂါတစ်ခုပမာ ရှောင်ဖယ်သွားကြသည်။ ဒဿမမင်းသားကမူ မျှော်လင့်ချက်ရှိနေသေးသည်ဟု မိုက်မဲစွာ ယုံကြည်နေဆဲဖြစ်ကာ နဝမမင်းသားမှာမူ ထိုအပုပ်နံ့နံနေသော တာအိုဘုန်းကြီးကို သတ်ပစ်ချင်လောက်အောင် အံ့ကြိတ်နေမိသည်။
ထားလိုက်ပါတော့၊ အရာအားလုံး မြေကြီးအဖြစ်ပဲ ပြန်ပြောင်းသွားပါစေတော့...