← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

🌻 Chapter 154

ဒီတစ်ကြိမ်မှာတော့ သူက အိမ်ရှေ့စံမင်းသားကို လုံးဝစော် ကားမိသွားပြီး ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကိုလည်း မရတော့ဘူးဆိုတော့ သူ နောက်ဆိုရင် ဘယ်လမ်းကို ဆက်လျှောက်ရတော့မှာလဲ...

အဌမမင်းသားသည် မင်းသားဆယ့်လေးဆီသို့ အာရုံပြောင်းလေသည်။ အဌမမင်းသား စံအိမ်သို့ ပြန်ရောက်သောအခါ တာအိုဘုန်းကြီးကျန်းသည် အိမ်သာသွားမည်ဟု အကြောင်း ပြကာ အမှန်ပင် ထွက်ပြေးလွတ်မြောက်သွားကြောင်းတွေ့လိုက်ရသည်။

နဝမမင်းသားသည် သူ့ကို ရှာမတွေ့သဖြင့် အခန်းထဲရှိ လက် ဖက်ရည်ပန်းကန်လုံးများနှင့် လက်ဖက်ရည်အိုးတို့ကို ရိုက်ခွဲပစ်သည်။

မတရားခံရသောသူထက်ပင် ပိုစိတ်ထိခိုက်နေပုံရကာ ပိန်လှီသော ရင်ဘတ်မှာ အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

အဌမမင်းသားက သက်ပြင်းချကာ အခန်းကို ရှင်းလင်းရန် အစေခံများကို အမိန့်ပေးလိုက်ပြီးနောက် နဝမမင်းသားမျက်နှာကိုကပ်ပေးရန် ကြက်ဥပြုတ်တချို့ကို ယူလာခဲ့သည်။

နဝမမင်းသား မျက်နှာပေါ်ရှိ ပါးရိုက်ခံရသော အရာမှာ ဧကရာဇ်ကန်ရှီးထံမှပင်။ ထိုပါးရိုက်ချက်သာ မင်းသားတစ်ဆယ် မျက်နှာပေါ် ကျရောက်ခဲ့ပါက မည်သည့်အရာမှ ကျန်ခဲ့မည် မဟုတ်ပေ။

သို့သော် နဝမမင်းသားသည် နူးညံ့သောအသားအရည် ရှိသဖြင့် ဖြူဝင်းသောအသားအရည်ပေါ်တွင် အနီရောင်အရာက သိသိသာသာ ထင်းနေသည်။

ဒဿမမင်းသားကမူ ဖရဲသီးကို တစ်ကိုက် ကိုက်စားလိုက်ပြီး ပြောသည်။

"အဌမအစ်ကိုတော်... မစိုးရိမ်ပါနဲ့၊ အိမ်ရှေ့စံမင်းသားရဲ့ စရိုက်နဲ့ဆို သူက စောစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် ပြဿနာတက်မှာပါပဲ၊ အဲဒီအခါကျရင် ခမည်းတော်က..."

အဌမမင်းသား ခေါင်းယမ်းကာ ပြောသည်။

"ငါ ဒီအတွက် ဆက်မတိုက်ခိုက်တော့ဘူး"

ဒဿမမင်းသား မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာလို့ မတိုက်ခိုက်ရမှာလဲ၊ ဘာလို့ သူက မွေးကတည်းက အိမ်ရှေ့စံမင်းသား ဖြစ်နေရတာလဲ၊ ပြီးတော့ ဘာလို့ သူက ငါတို့ ညီအစ်ကိုတွေထက် အမြဲတမ်း အထက်စီးကနေပြီး ကျွန်တော့်တို့ ခေါင်းပေါ်ကို နင်းပြီး အီးပါချနေရမှာလဲ"

နဝမမင်းသားက ပြောသည်။

"အဌမအစ်ကိုတော်... ဘာလို့ ဒီလို စိတ်ဓာတ်ကျစရာ စကားတွေကို ထပ်ပြောနေရတာလဲ၊ အစ်ကိုတော်က လောကကြီးမှာ အတော်ဆုံးလူပဲ၊ ပြီးတော့ အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်"

မင်းသားဆယ့်လေးက အဌမမင်းသားပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလေသည်။

"အဌမအစ်ကိုတော်... ဝမ်းနည်းမနေပါနဲ့၊ ခမည်းတော်က စကားကြမ်းသွားရုံပါ၊ သူက လူတိုင်းကို ဒီလိုပဲ ဆက်ဆံတာပဲလေ"

အဌမမင်းသား မင်းသားဆယ့်လေးကို ကြည့်ကာ ခေါ်သည်။

"ညီတော်ဆယ့်လေး... ဒီကိုလာခဲ့"

လူတိုင်း အံ့အားသင့်သွားကြသည်။ နဝမမင်းသား ချက်ချင်းတုံ့ပြန်လာပြီး မယုံကြည်နိုင်စွာဖြင့် မေးသည်။

"အဌမအစ်ကိုတော်... ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ"

မင်းသားဆယ့်လေးက အမြန် ခေါင်းယမ်းကာ ပြောသည်။

"မဟုတ်ဘူး၊ ကျွန်တော် မလုပ်နိုင်ဘူး၊ ကျွန်တော်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အဌမမင်းသားက တည်ငြိမ်စွာ ပြောသည်။

"ငါ ဒါကို သေသေချာချာ စဉ်းစားပြီးပါပြီ၊ ခမည်းတော်က ငါ့ကို ယာယီဆုတ်ယုတ်သွားအောင် လုပ်လိုက်လို့ချည်းပဲ မဟုတ်ပါဘူး၊ အဟွတ် အဟွတ်... ငါ့ ကျန်းမာရေးကလည်း မကောင်းဘူး၊ မင်းကလည်း ငယ်ရွယ်သေးတယ်၊ ခမည်းတော်က မင်းကို အထင်ကြီးပါတယ်"

မင်းသားဆယ့်လေးက အထိတ်တလန့်ဖြင့် ပြောသည်။

"ကျွန်တော်က အစီရင်ခံစာတွေကိုတောင် နားမလည်၊ မရေးတတ်ဘူး၊ ကျွန်တော်က အစ်ကိုတော်ကို ကူညီပေးချင်ရုံသပ်သပ်ပဲ၊ ဘယ်လိုလုပ် ရှေ့ထွက်လို့ရမှာလဲ"

အဌမမင်းသားက ပြုံးလျက် ပြောသည်။

"ငါက နောက်ဆုတ်သွားတာပါ၊ သေသွားတာမှ မဟုတ်တာ၊ ဒါတွေအကုန်လုံး မင်းကို ငါ သင်ပေးနိုင်ပါတယ်၊ ပြီးတော့ မင်းရဲ့ နဝမအစ်ကိုတော်နဲ့ ဒဿမအစ်ကိုတော်လည်း ရှိသေးတာပဲ၊ ငါတို့ အတူတူနေလာခဲ့တာ နှစ်တွေလည်း အများကြီးရှိနေပြီ၊ မိခင်တစ်ယောက်တည်းက မွေးတာ မဟုတ်ပေမဲ့ ငါတို့က ဆွေမျိုးအရင်းအချာတွေပဲလေ"

နဝမမင်းသားမျက်နှာ မှောင်မိုက်သွားပြီး တိတ်ဆိတ်နေလေသည်။ ဒဿမမင်းသားကမူ မျက်တောင်တဖျပ်ဖျပ်ခတ်နေသည်။

"အာ... ဒါက"

အေးစက်လှသော ဆောင်းရာသီ ကုန်လွန်သွားပြီး နွေရာသီ ၏အပူရှိန်က တစ်ဖန် ရောက်ရှိလာပြန်သည်။ အိမ်ရှေ့စံမင်းသားသည် ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ဟားဟား၊ ညီတော်လေး... ဇူလိုင်လဆိုတာ ပန်းပေါင်းစုံ ပွင့်လန်းတဲ့ ရာသီပဲ၊ ဒါပေမဲ့ သဘာဝတရားရဲ့ နွေးထွေးမှုကို ငါတစ်ယောက်တည်း ကြိုဆိုတယ်၊ နှစ်စဉ်နှစ်တိုင်း မွှေးကြိုင်တဲ့ ရာသီက သာယာတဲ့ လေညင်းလေးလိုပဲတဲ့၊ ဘယ်သူမှ သလဲပန်းတွေလောက် မလှပဘူး၊ ပြီးတော့ သူတို့က နှစ်တိုင်း ပွင့်တယ်လေ"

ယင်ကျန်း သလဲသီးမုန့်ကို စားရင်း ချီးမွမ်းလာသည်။

"ဒုတိယအစ်ကိုတော်ရဲ့ ကဗျာက တကယ့်ကို ကောင်းတာပဲ၊ လီပိုင်နဲ့ တူဖူတို့ထက် မညံ့ဘူး၊ ကဗျာလည်း ကောင်းသလို သလဲသီးမုန့်ကလည်း အရသာရှိတယ်"

အိမ်ရှေ့စံမင်းသား ဝင့်ကြွားစွာ ပြုံးလျက် ပြောသည်။

"ညီတော်လေး... မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ၊ ဒါပေမဲ့ မင်းက ရိုးသားတဲ့သူတစ်ယောက်ပါ၊ အမြဲတမ်း အမှန်တရားကိုပဲ ပြောတတ်တယ်၊ ငါ့ဘေးနားက ဖော်လံဖားဖို့ပဲ သိတဲ့လူတွေနဲ့ မတူဘူး၊ မင်းစကားကို နားထောင်ရတာ သဘောကျမိတယ်"

ယင်ကျန်း နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်ပြီးနောက် ရိုးသားစွာ ပြောသည်။

"ဒုတိယအစ်ကိုတော်... ကျွန်တော် အမှန်တရားကို ပြောတာ သဘောကျမှတော့ နောင်တော့်ကို သတိပေးရမယ့် ကိစ္စတစ်ခု ရှိတယ်၊ ညီတော်ဆယ့်သုံးနဲ့ ပတ်သက်ပြီး..."

သူ စကားမဆုံးခင်မှာပင် အိမ်ရှေ့စံမင်းသား မျက်မှောင် ကြုတ်ကာ ပြောသည်။

"မင်းက ဘာလို့ ဒီလောက်လောနေရတာလဲ၊ ညီတော်ဆယ့်သုံးက စိတ်လိုက်မာန်ပါ လုပ်တတ်တယ်၊ ခမည်းတော်က သူ့ကို အဲ့လို ပုံသွင်းပေးထားတာလေ"

ယင်ကျန်း ရင်ထဲတွင် ခါးသီးသွားသလို ခံစားလိုက်ရပြီး ပြောသည်။

"ခမည်းတော်က ညီတော်ဆယ့်သုံးကောင်းဖို့အတွက် ဒီလိုလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အကျဉ်း ချထားတဲ့ နေရာက အခြေအနေတွေက တကယ့်ကိုအရမ်း ဆိုးရွားလွန်းတယ်"

အိမ်ရှေ့စံမင်းသားက လှောင်ပြောင်လာသည်။

"ဆိုးရွားတယ် ဟုတ်လား၊ ငါ အဲဒီမှာ နေခဲ့တာ ခြောက်လလောက်ရှိပြီ၊ အဲဒီအခြေအနေကို ငါ မသိဘူးလို့ မင်းထင်နေတာလား၊ ညီတော်ဆယ့်သုံးက ငါ့ထက် အများကြီးပိုကျန်းမာတယ်၊ ပြီးတော့ သူက ငယ်လည်း ငယ်သေးတယ်၊ နောက် ထပ် နှစ်အနည်းငယ်လောက် ဘာလို့မနေနိုင်ရမှာလဲ"

"ဒါပေမဲ့ နောင်တော် အကျဉ်းချခံရတုန်းက ခမည်းတော်က ကျွန်တော့်ကို နောင်တော့်ကို စောင့်ရှောက်ဖို့ ခိုင်းခဲ့တာလေ၊ ကျွန်တော်က နောင်တော့်ကို အစားအသောက်ကောင်းတွေ စီစဉ်ပေးခဲ့တာ

ဒါပေမဲ့ ညီတော်ဆယ့်သုံးကိုတော့ တတိယမင်းသားက စောင့်ရှောက်နေရတာလေ! သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရှိတယ်ဆိုတာ ခမည်းတော် ရှင်းရှင်းလင်းလင်း သိနေတာပဲကို"

ယင်ကျန်း အင်္ကျီလက်ထဲတွင် လက်သီးကို ဆုပ်ထားလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒုတိယအစ်ကိုတော် ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် မသိဘူးလေ၊ ညီတော်ဆယ့်သုံးရဲ့အမှားကနေ သင်ခန်းစာယူပြီး နောင်ဆိုရင် ပိုသတိထားနိုင်ဖို့ မျှော်လင့်ပါတယ်"

အိမ်ရှေ့စံမင်းသား ခဏတန့်သွားပြီးနောက် ပြုံးကာ ပြောသည်။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ မင်းကတော့ သေချာ ပေါက် သူ့လို ဖြစ်သွားမှာ မဟုတ်ပါဘူး၊ ညီတော်လေး... မင်းအလုပ်ကို သေချာလုပ်ပါ

နောင်အနာဂတ်မှာ မင်း တစ်ခုခု အမှားလုပ်မိရင်တောင် မင်းအတွက် ငါ ဖုံးကွယ်ပေးမယ်၊ တကယ်လို့ မင်း အကျဉ်းချခံရရင်တောင်မှ ခမည်းတော်ဆီမှာ မင်းကို လွှတ်ပေးဖို့ ငါ သေချာပေါက် တောင်းဆိုပေးပါ့မယ်"

အိမ်ရှေ့စံမင်းသားထံမှ မည်သည့်အရာမှ ထုတ်မေး၍မရနိုင်သည်ကို သိလိုက်ရသောကြောင့် ယင်ကျန်း ခေါင်းညိတ် ကာ ‌ပြောသည်။

"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား"

စံအိမ်သို့ ပြန်ရောက်သောအခါ ယင်ကျန်း အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်၍ ကမ်းချန်ချန်ကို ပြန်ညည်းတွားသည်။

"သူ အပြစ်ရှိသလို ခံစားနေရတာ သေချာတယ်၊ ညီတော်ဆယ့်သုံးက သစ္စာရှိပြီး ဖြောင့်မတ်တယ်၊ ဒါပေမဲ့ မိုက်မဲပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး

သူ မသွားခင်က အရာရာကိုသတိထားဖို့နဲ့ တတ်နိုင်သမျှ ရှေ့မထွက်ဖို့ ကိုယ် သူ့ကို မှာထားခဲ့သေးတယ်"

ကမ်းချန်ချန် သူ့ကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးကာ ပြောသည်။

"ဒေါသမထွက်ပါနဲ့၊ ရှင် သူနဲ့ ဒေါသထွက်နေရင် ကိစ္စတွေကို ပိုဆိုးသွားစေရုံပဲ ရှိမှာပါ"

[သေချာတာပေါ့... ရှင်က ရှင့်ရဲ့ ညီတော်ဆယ့်သုံးအတွက် ပိုစိုးရိမ်နေတယ်ဆိုတာ ကျွန်မ သိတာပေါ့]

ယင်ကျန်း ခေါင်းညိတ်ကာ ပြောသည်။

"သူ အကျဉ်းကျနေတုန်း ခြေထောက်ရောဂါ ရသွားမှာကို ကိုယ် စိုးရိမ်နေတာ၊ ကံမကောင်းတာက တတိယမင်းသားက ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးဖို့ ငြင်းဆိုနေတော့ သူ့ကိုတွေ့ဖို့ ကိုယ့်မှာ ဘာနည်းလမ်းမှ မရှိဘူး"

သူက စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး မျက်ရည်များပင် ကျလာသည်။

"တတိယမင်းသားက သူ့အပေါ် ရန်ငြိုးရှိတယ်၊ တကယ်လို့ သူ နေမကောင်းဖြစ်နေတာကို တွေ့ရင်တောင် ခမည်းတော်ဆီ သေချာပေါက် သတင်းပို့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီခြေ ထောက်ဒဏ်ရာက အချိန်ကြာလေလေ သူ့ကျန်းမာရေးအတွက် ပိုဆိုးလေလေပဲဖြစ်မှာ"

[ရှင့်အသက်အရွယ်နဲ့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ကိုယ်ချင်းစာစိတ်ရဖို့ ငိုကြွေးတာကို တကယ် အားမကိုးသင့်ဘူး၊ ကံကောင်းလို့ ကျွန်မက ရှင့်အပေါ် ခံစားချက်ရှိနေလို့သာ ရှင့်အတွက် စိတ်မကောင်းဖြစ်ပေးတာ]

ကမ်းချန်ချန် ပဝါတစ်ထည်ယူကာ သူ့မျက်ရည်များကို သုတ်ပေးရင်းမေးလိုက်သည်။

"သူတို့မှာ ဘာရန်ငြိုးတွေ ရှိလို့လဲ"

All Chapters