← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

🌻 Chapter 155

ယင်ကျန်းက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် နှာခေါင်းရှုံ့ကာ ပြောသည်။

"ညီတော်ဆယ့်သုံးရဲ့ မိခင်အတွက် ဝမ်းနည်းပူဆွေးရတဲ့ ကာလမှာ တတိယမင်းသားက သူ့ခေါင်းကို ရိတ်ပစ်ခဲ့တယ်၊ အဲဒီအမှားကြောင့် သူ့ကိုပေလဲ့ ရာထူးအထိ ချပစ်ခဲ့တာကို သူက ညီတော်ဆယ့်သုံးအပေါ် ရန်ငြိုးထားနေတာ"

ကမ်းချန်ချန် "အို... အဲဒါက အရမ်း လွန်လွန်းတာပဲ"

[ဒီလိုစည်းမျဉ်းမျိုးလည်း ရှိသေးတာကိုး]

ယင်ကျန်းက ပြောသည်။

"နှစ်တွေ ဒီလောက်ကြာသွားပြီဆိုတော့ အတိတ်က ကိစ္စတွေကို တတိယမင်းသား လွှတ်ချလိုက်လောက်ပြီလို့ ကိုယ် ထင်ခဲ့တာ ဒါပေမဲ့ သူက ညီတော်ဆယ့်သုံးအပေါ် နာကြည်းချက်တွေ ထားနေတုန်းပဲဆိုတာ ဘယ်သူက သိမှာလဲ၊ သူ့ကို သွားတွေ့ဖို့တောင် ကိုယ့်ကို အဝင်မခံဘူး"

ကမ်းချန်ချန်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြသည်။

"အခု အရှင်မင်းကြီးက ဘယ်သူ့ကိုမှ အဝင်မခံဘူးဆိုတော့ ရှင်သာ ခိုးဝင်ဖို့ ကြိုးစားပြီးမိသွားရင် ရှင်နဲ့သူ့ကြားမှာ ပူးတွဲတာဝန်ယူရမယ့်ကိစ္စ ဖြစ်သွားလိမ့်မယ်"

"မင်းက ဘယ်သူ့ဘက်ကလဲ"

သူက သူမကို စူးစိုက်ကြည့်လာပြီး မျက်လုံးများ နီရဲနေကာ နာကျင်နေသည့် အရိပ်အယောင်လေး ပြသနေသည်။

[ကျွန်မက သူနဲ့ ရင်းနှီးတာတောင် မဟုတ်ဘဲနဲ့]

ကမ်းချန်ချန် သူမ အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ပြောသည်။

"ကျွန်မရဲ့ အရည်အချင်းတွေကို ပြသရမယ့်အချိန် ရောက် လာပြီထင်တယ်၊ ကျွန်မ ခြေဖော့သိုင်းပညာ သင်ထားပြီးပြီလေ၊ သုံးမီတာမြင့်တဲ့ နံရံကို ခုန်ကျော်ဖို့က ပြဿနာမရှိပါဘူး၊ မင်းသားဆယ့်သုံးဆီမှာ ခြေထောက်ဒဏ်ရာ ရှိ၊ မရှိ သွားကြည့်ဖို့ သူ့ကိုအကျဉ်းချထားတဲ့နေရာဆီ ကျွန်မ ခိုးဝင်လို့ရတယ်၊ သူ တကယ်ပဲ နေမကောင်းဖြစ်နေရင် ရှင် ဧကရာဇ်ဆီ သတင်းပို့လို့ရပြီပေါ့"

ယင်ကျန်း အံ့အားသင့်စွာ ပြောလာသည်။

"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊ မင်းကို ဒီလောက် အန္တရာယ်များတဲ့ကိစ္စမျိုး ဘယ်လိုလုပ် လုပ်ခိုင်းနိုင်မှာလဲ၊ ကိုယ် ဧကရာဇ်ဆီ သတင်းပို့ရင်တောင်မှ သူက ကိုယ် ဘယ်လိုသိသလဲလို့ မေးရင် ဘယ်လိုပြန်ဖြေရမှာလဲ"

ကမ်းချန်ချန် ပြုံးလျက် ပြောသည်။

"စတုတ္ထမင်းသားမှာ ကျွမ်းကျင်တဲ့ ကိုယ်ရံတော်တွေ အများကြီးရှိပေမဲ့ ကျွန်မက အယုံကြည်ရဆုံးလေ၊ ရှင် ကျွန်မကို စောင့်ရှောက်ပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ

ပြီးတော့ ကျွန်မ မိသားစုအပေါ်လည်း ကြင်နာမှုတွေ ပြသခဲ့တယ်၊ ကျွန်မ ရှင့်ကျေးဇူးကို ပြန်ဆပ်သင့်တာပေါ့၊ တကယ်လို့ ဧကရာဇ်က ရှင် ဘယ်လိုသိလဲလို့ မေးရင် ရှင်ပေးထားတဲ့ ရွှေလက်ဝတ်ရတနာကို မင်းသားဆယ့်သုံးက အိမ်သာကျင်းထဲ ပစ်ချထားတယ်လို့သာ ပြောလိုက်

အိမ်သာလာဆေးတဲ့ မိန်းမစိုးက အဲဒါကို ကောက်ရသွားပြီး ဆေးကြောသန့်စင်နေတုန်း ရှင် အမှတ်မထင် ဖြတ်သွားရင်း အဲဒီပေါ်မှာကယ်ပါဆိုတဲ့ စာလုံးကို မြင်လိုက်ရတယ်လို့ပြောလိုက်ပေါ့"

ယင်ကျန်း မျက်လုံးများ အရောင်လင်းလက်သွားသည်။

"မင်း တကယ် ဉာဏ်ကောင်းတာပဲ"

ကမ်းချန်ချန် ခေါင်းလေးစောင်းကာ ပြုံးလာသည်။

"ဒါပေမဲ့ ကျွန်မ ဒါကို အောင်မြင်အောင်လုပ်နိုင်ရင် ကျွန်မရဲ့ တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်မလား"

ယင်ကျန်းက မေးသည်။

"ဘာတောင်းဆိုချက်လဲ"

ကမ်းချန်ချန်က ပြောသည်။

"အဲဒါက... စုန့်ကော်ကော်က ဆွေမျိုးတွေဆီ အလည်သွားဖို့ သူမရဲ့ ဇာတိမြေကို ပြန်ချင်နေလို့ပါ"

ယင်ကျန်း ဆက်ပြောသည်။

"အခု ခမည်းတော် ပြန်ရောက်လာပြီး အိမ်ရှေ့စံမင်းသားလည်း ရာထူးပြန်လည်ရရှိသွားပြီဆိုပေမယ့် နန်းတော်က အပေါ်ယံကြည့်ရင် တည်ငြိမ်သွားပြီ၊ တင်းမာနေတဲ့ အချိန်ကာလလည်း ကုန်လွန်သွားခဲ့ပြီ"

"ဒီကိစ္စ အောင်မြင်တယ်ဖြစ်ဖြစခ၊ မအောင်မြင်ဘူးဖြစ်ဖြစ် ကိုယ် သူမကို အိမ်ပြန်ပို့ဖို့ လူလွှတ်ပေးလို့ရပါတယ်၊ သူတို့ မနက်ဖြန် ထွက်ခွာလို့ရတယ်"

ကမ်းချန်ချန်က သူ့ကို အရိုအသေပေးလာသည်။

"ကျေးဇူးတင်ပါတယ် စတုတ္ထမင်းသား"

ယင်ကျန်းက တုံ့ဆိုင်းသွားသည်။

"မင်း အရင်ဆုံး ကြိုးစားကြည့်လိုက်ပါ၊ မင်းရဲ့ ဘေးကင်းလုံခြုံရေးက အရေးအကြီးဆုံးပဲ၊ တကယ်လို့ ဝင်လို့မရဘူးဆိုရင် ကိုယ် တခြားအစီအစဉ်တွေ ဆွဲပါ့မယ်"

"ကျွန်မ နားလည်ပါတယ်"

စုန့်ကော်ကော် အိမ်အပြန်ခရီးအတွက် ထွက်ခွာသွားသည်ကို ဘေးဖယ်ထားလိုက်လျှင် လေပြင်းများတိုက်ခတ်နေသော မှောင်မိုက်သည့် ညတစ်ညတွင် ကမ်းချန်ချန်သည် ယင်ရှန်ကို အကျဉ်းချထားသော ခြံဝင်းအတွင်းသို့ ခုန်ဝင်သွားသည်။

အပြင်ဘက်တွင် တင်းကြပ်စွာ ကင်းစောင့်နေကြသော်လည်း အတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အတော်လေး လျော့ရဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုတွင် ယင်ရှန်နှင့် မိန်းမနှစ်ယောက်သာ ရှိလေသည်။

ထိုမိန်းမနှစ်ယောက်သည် သူ့ နေ့စဉ်လိုအပ်ချက်များကို ပြုစုစောင့်ရှောက်ပေးရန် ရှိနေခြင်းဖြစ်ဟန်တူသည်။ ကန်ရှီးသည် ယင်ရှန်အပေါ် ဒေါသထွက်နေသော်လည်း သူ့ သားတော်ပင် ဖြစ်နေသေးသည်မဟုတ်ပါလား။

မိဘတွေက ကိုယ့်သားသမီး ဒုက္ခရောက်တာကို ဘယ်လိုလုပ် ရက်ရက်စက်စက် ကြည့်ရက်နိုင်ပါ့မည်နည်း။ ကမ်းချန်ချန်က ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်သည်။

ယင်ရှန်က ထိုနေရာတွင် ထိုင်နေပြီး သူ့ဘေးရှိ မိန်းမက သူ့ခြေထောက်များကို ဆေးကြောပေးကာ အနားယူရန် ကူညီပေးနေသည်။

ယင်ရှန်ခြေထောက်များသည် အလွန်နှေးကွေးစွာလှုပ်ရှားနေပုံရပြီး သာမန်လူတစ်ယောက်ထက်ပင် ပိုနှေးနေကာ သိုင်းပညာရှင်တစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ကမ်းချန်ချန် စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရသွားသဖြင့် တံခါးဆီသို့ ခဲအသေးတစ်လုံး ပစ်ပေါက်လိုက်ပြီး နံရံအကွယ်တွင် ပုန်းနေသည်။

သူမ ထင်သည့်အတိုင်းပင် ထိုမိန်းမက တံခါးကိုဖွင့်၍ထွက်ကြည့်ရာ ကမ်းချန်ချန်က အခွင့်ကောင်းယူကာ အထဲသို့ ခိုးဝင်သွားပြီး တံခါးကို အတွင်းမှသော့ခတ်လိုက်သည်။

ယင်ရှန် ကမ်းချန်ချန်ကို မြင်သွားပြီး မျက်လုံးများပြူးကျယ်သွားစဉ် ကမ်းချန်ချန်က သူ့ကို အသံမထွက်ရန် အချက်ပြလေသည်။ မကြာမီတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"မင်းသား... ဘာလို့ တံခါးပိတ်လိုက်တာလဲ၊ ကျွန်မ ဝင်လာပြီး ပြုစုပေးရဦးမယ်လေ"

"မင်း အရင်ပြန်နှင့်လိုက်တော့"

"ဒါပေမဲ့ မင်းသားရဲ့ခြေထောက်တွေက အားနည်းနေတာကို"

"ပြန်လိုက်တော့"

ထိုမိန်းမက ခြေစောင့်ကာ ထွက်သွားလေသည်။ အပြင်ဘက်မှအသံမကြားရတော့သည်ကို သေချာသွားသောအခါ ကမ်းချန်ချန် ယင်ရှန်အနားသို့ လာသည်။

"ကျန်းမာရေး မကောင်းဘူးလား"

ယင်ရှန် အံ့အားသင့်သွားသည်။

"မင်း ဘယ်လိုသိတာလဲ"

ကမ်းချန်ချန် "ရှင့်ရဲ့စတုတ္ထအစ်ကိုတော်က ရှင့်ကျန်းမာရေးအတွက် စိုးရိမ်နေတယ်၊ ရှင် နေမကောင်းဖြစ်နေရင် အမြန်ဆုံး ကုသမှုခံယူဖို့လိုတယ်၊ သူက ရှင် ထွက်လာပြီး သူ့ကို ကူညီပေးမယ့်အချိန်ကို စောင့်နေတာ"

ကမ်းချန်ချန် ပွင့်လင်းမှုက ယင်ရှန်ကို အံ့အားသင့်သွားစေ သည်။ သူ့ စတုတ္ထအစ်ကိုတော်သည် ထီးနန်းကို လုယူချင်နေသည်ဆိုခြင်းမှာ သူတို့ညီအစ်ကိုနှစ်ယောက်ကြားရှိ မပြော ပလောက်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ အစ်ကိုတော်စတုတ္ထက သူမကိုပြောပြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်က သူ သူမကို မည်မျှယုံကြည်ကြောင်း ပြသနေလေသည်။

ယင်ရှန် ဒူးပေါ်သို့ လက်တင်ကာ တုံ့ဆိုင်းစွာဖြင့် ပြောသည်။

"ကျွန်တော်က စတုတ္ထအစ်ကိုတော်ကိုပါ ဒုက္ခပေးမိမှာ စိုးရိမ်တယ်..."

"ရှင်က ရောဂါအသေးစားလေးကို ကြီးမားတဲ့ရောဂါဖြစ်သွားအောင် လုပ်လိုက်ရင် စတုတ္ထမင်းသား တကယ်ဝမ်း နည်းရလိမ့်မယ်၊ သူ့အတွက် ရှင် ဘယ်လောက်အရေးပါလဲဆိုတာ ရှင် သိသားပဲ၊ ကျွန်မ ကြည့်ရအောင် ရှင့်ဘောင်း ဘီကို ခေါက်တင်လိုက်"

ယင်ရှန် ဤသည်မှာ မသင့်တော်ဟု ခံစားမိသော်လည်း လူတိုင်းက ဤမျှ ပွင့်လင်းနေချိန်တွင် သူ တုံ့ဆိုင်းနေပါက ဟန်ဆောင်လွန်းရာကျမည်ဟု ထင်မိသည်။ အထူးသဖြင့် ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ဖြစ်သည်။

ထို့ကြောင့် သူက ဘောင်းဘီကို ခေါက်တင်သည်။ ကမ်းချန်ချန်သည် သူ့ခြေထောက်ပေါ်တွင် အဖြူရောင် အရည်ကြည်ဖုများစွာကို တွေ့လိုက်ရပြီး ပြည်တည်ကာ ရောင်ရမ်းနေပုံရသဖြင့် ကြည့်ရအတော်ဆိုးနေလေသည်။

ဟူး... တော်တော် နာကျင်ရမှာ သေချာတယ်၊ ဒါတောင် သူက ညည်းသံတစ်ချက်မှ မထွက်ခဲ့ဘူး...

ကမ်းချန်ချန် "ဘယ်လောက်ကြာပြီလဲ"

"တစ်လကျော်ပြီ"

"ဟူး..."

"လွန်ခဲ့တဲ့နှစ်နှစ်က ရှင့်မွေးနေ့လက်ဆောင်အဖြစ် စတုတ္ထမင်းသားက ရွှေကျားရုပ်လေး ပေးခဲ့တယ်မလား၊ အဲဒါ ဒီမှာရှိလား"

ယင်ရှန် ပြန်ဖြေသည်။

"ရှိတယ်"

All Chapters