အခန်း ၁၅၈
Vol. 16 Ch. 158
🌻 Chapter 158
အိမ်ရှေ့စံမင်းသားက လက်လှမ်းကာ သူမ မေးစေ့ကို ပင့်တင်လိုက်ပြီးနောက် ဘေးသို့ ဖယ်ချကာ မဲ့ပြုံးပြုံးလာသည်။
"ယောကျ်ားဆန်တဲ့ စိတ်ဓာတ် ဟုတ်လား၊ ဟက်..."
ချန်ဝမ်အာ အေးခဲသွားပြီး စိုးရိမ်တကြီး မေးသည်။
"ဘာဖြစ်လို့လဲ အရှင်"
အိမ်ရှေ့စံမင်းသားက အရက်အိုးကို ကောက်ကိုင်ကာ ခေါင်းကို နောက်သို့မော့၍ ပါးစပ်ထဲသို့ လောင်းထည့်သည်။ သူက အရက်မူးနေသော မှုန်ဝါးဝါး မျက်လုံးများဖြင့် သူမကို ကြည့်ကာ လှောင်ပြောင်လာသည်။
"ဒီလောကကြီးမှာ ခမည်းတော်ကလွဲပြီး ဘယ်သူကများ ယောကျ်ားဆန်တဲ့ စိတ်ဓာတ်ရှိခွင့် ရလို့လဲ၊ စတုတ္ထမင်းသား ငါ့အပေါ်ထားတဲ့ ခံစားချက်နဲ့ ငါ ခမည်းတော်အပေါ်ထားတဲ့ ခံစားချက်က ဘာကွာခြားလို့လဲ၊ ငါတို့အားလုံးက ခမည်းတော်ရဲ့ ခွေးတွေချည်းပဲ"
"နန်းတော်တစ်ခုလုံးမှာ ငါ့အတွက် တကယ် ကောင်းကျိုးလိုလားတဲ့လူဆိုလို့ ခပ်ရှားရှားပဲ၊ သူတို့အားလုံးက ငါ့ကို ကြောက်ကြတယ်၊ ရွံကြတယ်၊ ဟစ်~"
"ငါ အရမ်း ဝမ်းနည်းတယ်"
ချန်ဝမ်အာသည် အိမ်ရှေ့စံမင်းသားကို တုန်လှုပ်စွာ ကြည့်နေမိသည်။ သူသည် အရက်နှင့် မိန်းမကိုသာ မက်မောသော အပျော်အပါးကြူးသည့် လူငယ်တစ်ယောက်ဟု သူမ ထင်ထားခဲ့သော်လည်း ယနေ့တွင်တော့ သူ့ တစ်စိတ်တစ်ပိုင်းကို ရှင်းလင်းစွာ သိမြင်နေပြီး ထိုအသိတရားကပင် သူ့ကို နာကျင်စေနေကြောင်း သူမ တွေ့လိုက်ရသည်။
သူမက အိမ်ရှေ့စံမင်းသားကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး "ဝမ်အာက အိမ်ရှေ့စံမင်းသားကို တကယ် ဂရုစိုက်ပါတယ်၊ ဝမ်အာက အရှင့်ရဲ့ နာကျင်မှုတွေကို မျှဝေခံစားပေးချင်ပါတယ်"
ယင်ကျန်းနှင့် ယင်ရှန်တို့သည် မင်းသားရှစ် စံအိမ်တွင် ကျင်းပသော ပွဲတော်သို့ တက်ရောက်ကြသည်။ သူတို့ ပြန်ရောက်ပြီးနောက် ယင်ကျန်းသည် ကမ်းချန်ချန်၏နေရာသို့ သွားသည်။
သူ အရက်သောက်ထားသည်ကို မြင်သောအခါ ကမ်းချန်ချန်က သူ့ကို အမူးပြေဟင်းရည်တိုက်ပြီး နဖူးကို ပွတ်သပ်ပေးကာ ညတစ်ဝက်လောက် အလုပ်ရှုပ်သွားရသည်။
နောက်တစ်နေ့ နံနက်တွင် တစ်ဝက်တစ်ပျက် အိပ်ပျော်နေဆဲဖြစ်စဉ် စတုတ္ထမင်းသားသည် နံနက်ပိုင်း ညီလာခံတွင် အဖျားတက်လာကာ ကူးစက်ရောဂါရသွားသဖြင့် ကုသမှုခံယူရန် နန်းတော်တွင် ကျန်ရစ်ခဲ့ကြောင်း သူမ ကြားလိုက်ရသည်။
ကမ်းချန်ချန်လည်း နေမကောင်းဖြစ်ကာ အန်ပြီးအဖျား တက်နေသည်။ ဖူကျင်း သက်ပြင်းချမိသည်။
"သူမက စတုတ္ထမင်းသားဆီကနေ ကူးစက်ခံလိုက်ရတာ သေချာတယ်"
လီစဲဖူ "ဒါ ရှင်းနေတာပဲ မဟုတ်ဘူးလား"
စုန့်ကော်ကော်သည် ကျန်းနန်မှ ပြန်မရောက်သေးပေ။ သူမ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့တွင် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရာ ယင်ကျန်းက သူမကို အိမ်တွင် သုံးနှစ်တာဝမ်းနည်း ပူဆွေးမှုကာလ နေထိုင်ခွင့်ပြုထားသည်။
ယွင်ကျွမ်းသည် ဖူကျင်းရှေ့တွင် ဒူးထောက်ကာတောင်းပန် သည်။
"ကျေးဇူးပြုပြီး ဖူကျင်း... ကျွန်မတို့ရဲ့ စဲဖူအတွက် နန်းတွင်းသမားတော်တစ်ယောက်လောက် ရှာပေးပါ"
ဖူကျင်း တုံ့ဆိုင်းစွာဖြင့် ပြောသည်။
"အခု နန်းတော်ထဲမှာ လူအတော်များများ နေမကောင်းဖြစ်နေကြတယ်၊ ငါတို့ ထပ်ပြီး ရှုပ်ထွေးအောင် မလုပ်တာ ကောင်းမယ်၊ သမားတော်ကျန်းက အငြိမ်းစား နန်းတွင်းသမားတော်ပဲ၊ သူရဲ့ ဆေးပညာစွမ်းရည်က အလွန်ကောင်း မွန်တယ်ဆိုတာ စဲဖူတို့ သိသားပဲ"
ယွင်ကျွမ်းက ပြောသည်။
"ဒါပေမဲ့... သမားတော်ကျန်းက အမျိုးသမီးတွေရဲ့ ကလေးမရနိုင်တဲ့ ပြဿနာတွေကို ကုသတဲ့နေရာမှာပဲ အဓိက ကျွမ်း ကျင်တာ၊ အခု စဲဖူရဲ့ ရောဂါက မတူဘူးလေ..."
ဖူကျင်း လှောင်ပြောင်လာသည်။
"သာမန် အစေခံမလေးဖြစ်တဲ့ နင်က ဘာသိလို့လဲ၊ သမား တော်ကျန်းက အကုန်လုံးကို သိတယ်"
လီစဲဖူက မျက်မှောင်ကြုတ်ကာ ပြောသည်။
"သူမက အစေခံမလေးဖြစ်ပေမဲ့ သူမပြောတာ မှန်တယ်၊ ဒီကူးစက်ရောဂါက နန်းတော်ထဲကနေ စတင်ခဲ့တာဆိုတော့ အဲဒီက နန်းတွင်းသမားတော်တွေက ပိုကောင်းတဲ့ ကုသနည်းတွေ ရှိမှာပဲ
ဖူကျင်း... ဒီအိမ်မှာ ရှင်တစ်ယောက်တည်းကပဲ နန်းတော်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရှိတာ၊ ပြီးတော့ ရှင်တစ်ယောက်တည်းကပဲ ကမ်းချန်ချန်ကို ကယ်တင်နိုင်တာ"
ဖူကျင်း မျက်လုံးများ ကျဉ်းမြောင်းလျက် ပြောသည်။
"နင် ဘာတွေလာပြောနေတာလဲ၊ ငါ့ကို မြှောက်ပင့်ပြီး အကျပ်ကိုင်နေတာလား"
လီစဲဖူက ပြောသည်။
"ကျွန်မက စေတနာနဲ့ အကြံဉာဏ်ပေးရုံပါ၊ ဘာပဲဖြစ်ဖြစ် စတုတ္ထမင်းသားက ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး သူမကို မျက်နှာသာပေးခဲ့တာ၊ ပြီးတော့ သူမက မျက်နှာသာရပြီးကတည်းက ရှင့်ရဲ့ ရာထူးနေရာကို ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့ဘူးလေ
ရှင်သာ နန်းတော်ထဲဝင်သွားရင် ကမ်းချန်ချန်ရဲ့ရောဂါ ပျောက်ပျောက်၊ မပျောက်ပျောက် စတုတ္ထမင်းသားက ရှင့်ရဲ့ ကူညီမှုကို မှတ်မိနေမှာပဲ၊ ဒါပေမဲ့ သူမ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့..."
ဖူကျင်းသည် သူမစိတ်ထဲတွင် တွက်ချက်နေလေသည်။ တကယ်တော့ လီစဲဖူ ပြောသည်မှာ အဓိပ္ပာယ်ရှိသော်လည်း သူမ မျက်နှာကို ငဲ့ကွက်သောအားဖြင့် ပြောသည်။
"နင် ငါ့ကို ခြောက်လှန့်နေတာလား၊ ခြိမ်းခြောက်နေတာမလား"
လီစဲဖူက သက်ပြင်းချကာ မတ်တပ်ရပ်ပြီး သူမကို နက်ရှိုင်းစွာ အရိုအသေပေးလျက် ပြောသည်။
"ဒီစဲဖူက မ၀ံ့ရဲပါဘူး၊ ကမ်းချန်ချန်အတွက် နန်းတွင်းသမား တော်တစ်ယောက် ရှာပေးဖို့ ဖူကျင်းကို နန်းတော်ထဲ ဝင်ပေးဖို့ပဲ ဒီစဲဖူက တောင်းဆိုတာပါ"
လီစဲဖူ ဒူးထောက်လိုက်သည်နှင့် အခန်းထဲရှိ အခြားသူများအားလုံးလည်း ဒူးထောက်ချလိုက်ကြသည်။ ဖူကျင်းဘေးတွင် ရှိသော ချွေ့မားမားတစ်ယောက်တည်းသာ နေရာတွင် မတ်တပ်ရပ်လျက် ထိုလူအုပ်ကို စူးစိုက်ကြည့်နေသည်။
ဖူကျင်းမှာ အံ့အားသင့်သွားသည်။
"ရှင်တို့အားလုံး ဘာလုပ်နေကြတာလဲ၊ အို... ငါက ဘယ်လိုလုပ် မသွားချင်ဘဲ နေပါ့မလဲ၊ ငါ ဒီနေ့ သွားပါ့မယ်"
ဟွာယွီ ချက်ချင်းပင် "ကျေးဇူးတင်ပါတယ် ဖူကျင်း"
အခြားသူများကလည်း ၀င်ရောက်ပြောသည်။
"ကျေးဇူးတင်ပါတယ် ဖူကျင်း"
ဖူကျင်းသည် နန်းတွင်းသမားတော်ကို ဆင့်ခေါ်ရန်သွားပြီး သမားတော်က ကမ်းချန်ချန်ကို စစ်ဆေးကြည့်ရှုပြီးနောက် လူတိုင်းကို သတင်းတစ်ခုကို ပြန်လည်သယ်ဆောင်လာသည်။
"နန်းတော်က ပြောတယ်၊ စတုတ္ထမင်းသားက အနည်းဆုံး တစ်လလောက် ပြန်မလာနိုင်သေးဘူးတဲ့၊ ပြီးတော့ သူ့ကို ပြုစုဖို့ နန်းတော်ထဲကို မိန်းမတစ်ယောက်လွှတ်ပေးဖို့ ငါတို့ကို အမိန့်ပေးထားတယ်"
လီစဲဖူက ပြောသည်။
"အခုလောလောဆယ် ငါတို့အိမ်မှာ ရှင်ရယ်၊ ကျွန်မရယ်၊ နွီဟူလုရယ်ပဲ ရှိတာ၊ ဒါပေမဲ့ ကျွန်မမှာ စောင့်ရှောက်ရမယ့် ကလေးရှိသေးတယ်"
ဖူကျင်း ပြုံးလျက် ပြောသည်။
"စတုတ္ထမင်းသား မရှိကတည်းက ကိစ္စတွေကို စီမံခန့်ခွဲဖို့ ငါ အိမ်မှာနေရမယ်၊ ဒီလိုလုပ်ရင်ကော... နွီဟူလုကို လွှတ်လိုက်ကြရအောင်၊ သူမက ပုံမှန်ဆို အရမ်းကိုဂရုစိုက်တတ်တယ်၊ ပြီးတော့ သူမချက်တဲ့ အစားအစာတွေက အမြဲတမ်းအာဟာ ရပြည့်ဝပြီး အရသာရှိတယ်လေ"