← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

🌻 Chapter 160

သို့သော်လည်း ဧကရာဇ်မင်းမြတ်သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း မျက်မမြင်တစ်ယောက်မဟုတ်ဘဲ သူ့စိတ်က ရှင်းလင်းကြည်လင်နေဆဲပင်။

ထို့ကြောင့် ယင်ကျန်းသည် ခိုင်မာသော နိုင်ငံရေး အမြော် အမြင်ကို ပြသခဲ့သော်လည်း နန်းတွင်းအရာရှိများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းကိုမူ ရှောင်ကြဉ်ခဲ့သည်။

ဤနည်းဖြင့် ဧကရာဇ်မင်းမြတ်သည် သူ့ကို အသိအမှတ်ပြုနိုင်သလို ယုံကြည်မှုလည်း ရှိလာနိုင်ပေသည်။ သူ သမိုင်းစာအုပ်များကို အချိန်အနည်းငယ်ကြာ ဆက်ဖတ်နေစဉ် စုယန်က ထိုနေရာတွင် ထိုင်ကာ ပန်းထိုးရင်း သူ့အနားတွင် အဖော်ပြုပေးနေသည်။ သူ သတိမထားမိလိုက်ချိန်မှာပင် ဖယောင်းတိုင်အလင်းရောင်မှာ မှိန်ဖျော့သွားခဲ့သည်။

စုယန်က ဖယောင်းတိုင်မီးစာကို ညှပ်ရန် ပြင်လိုက်စဉ် ယင်ကျန်းက လက်ယမ်းပြသည်။

"မင်းတို့အားလုံး ထွက်သွားလို့ရပြီ"

စုယန်နှင့်တကွ အခြားအစေခံမလေးများနှင့် မိန်းမစိုးအချို့သည် သူ့အခန်းထဲမှ ထွက်သွားကြသည်။

ယင်ကျန်း အုတ်ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး ရုတ်တ ရက် သူ့ခန္ဓာကိုယ်တစ်ပြင်လုံးနှင့် အထူးသဖြင့် ဆီးစပ်နားတစ်ဝိုက်တွင် ပြင်းထန်သော အပူရှိန်တစ်ခုကို ခံစားမိသည်။

ဤရင်းနှီးနေသော ဆန္ဒကြောင့် သူ တိုးတိုးလေး ညည်းတွားမိသည်။ စုယန် သူမ အဝတ်အစားများကို အမြန်ဝတ်ဆင်ကာ ဝင်လာပြီး သူမ သန့်စင်သော မျက်နှာလေးဖြင့် သူ့ကို စိုးရိမ်တကြီး ကြည့်လာသည်။

ယင်ကျန်း မျက်လုံးဖွင့်ကာ သူမကို ကြည့်ပြီး ခဏတာမျှ မိန်းမောသွားခဲ့သည်။ စုယန် နူးညံ့စွာ ပြောလာသည်။

"အရှင်မင်းသား... ဘယ်လိုနေလဲ၊ နေမကောင်းဖြစ်နေလို့လား"

သူမလက်က သူ့နဖူးဆီသို့ လှမ်းလာသော်လည်း ယင်ကျန်းက ထိုလက်ကို ဆုပ်ကိုင်လာသည်။ စုယန် သူ့ကို ကူကယ်ရာမဲ့စွာနှင့် ရှက်ရွံ့စွာ ကြည့်လျက်ပြောသည်။

"အရှင်မင်းသား..."

သို့သော် ယင်ကျန်း သူမ လက်ကို လွှတ်ပေးလိုက်သည်။

"ထွက်သွား"

စုယန် လန့်သွားကာ "ဒါပေမဲ့ အရှင်မင်းသားက..."

သူ့ ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေသည်မှာ ရှင်းလင်းလှသည်။ ယင်ကျန်းက အသက်ပြင်းပြင်း အကြိမ်အနည်းငယ်ရှူကာ သူ့ကိုယ် သူထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။

စုယန် သူမ၏နှုတ်ခမ်းကို ကိုက်ကာ ရဲတင်းစွာပင် သူ့ ပါးပြင်ကိုထိကိုင်လာသည်။ ယင်ကျန်း အသံများဩရှလျက် သူမကို တွန်းချသည်။

"မင်းကို ထွက်သွားလို့ ပြောနေတယ်လေ"

စုယန်မှာ အကြောက်လွန်ကာ တုန်ယင်သွားပြီး မျက်နှာဖြူ ရော်လျက် ချက်ချင်းအပြင်သို့ ပြေးထွက်သွားသည်။ ယင်ကျန်းသည် ကုတင်ပေါ်တွင် ပက်လက်လှန်နေရင်း သူ ရင်ထဲက အပူကို မဖြေဖျောက်ရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ခြင်းနှင့် မကြာသေးမီက အလွန် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးထားခြင်းကြောင့် သူ့ခန္ဓာကိုယ်တွင် တုံ့ပြန်မှု ဖြစ်ပေါ်လာခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။

သူ အောက်သို့ လက်လှမ်းကာ အမြန် ဖြေရှင်းသော်လည်း မကျေနပ်နိုင်သေးသလို ခံစားနေရဆဲဖြစ်သည်။

သို့သော် သူသည် မိန်းမသစ် မည်သူ့ကိုမျှ မထိပါဘူးဟု ကမ်းချန်ချန်ကို ကတိပေးထားခဲ့သောကြောင့် ကတိဖျက်၍မဖြစ်နိုင်ပေ။

ဝေဝေဝါးဝါးနှင့်ပင် သူ ထပ်မံ အိပ်ပျော်သွားသည်။ အဖြူရောင် မြူခိုးများကြားတွင် စုယန် နောက်တစ်ကြိမ် ဝင်ရောက်လာပြီး သူမ အဝတ်အစားများကို တစ်လွှာချင်းစီ ချွတ်ချကာ ပြောလေသည်။

"စတုတ္ထမင်းသား... ကမ်းစဲဖူက ကလေးတစ်ယောက် အမြဲ တမ်းလိုချင်နေတာ မဟုတ်ဘူးလား၊ သူမမှာ မရနိုင်ပေမဲ့ ကျွန်မက သူမအတွက် ကလေးမွေးပေးပြီး ပြုစုစောင့်ရှောက်ပေးဖို့ ဆန္ဒရှိပါတယ်"

သူ သူမကို မငြင်းဆန်ခဲ့ပေ။ နောက်တစ်နေ့တွင် ကမ်းချန်ချန်က ဤကိစ္စကို သိရှိသွားပြီး သူနှင့် စကားများ ရန်ဖြစ်သည်။

သူတို့ ပြင်းပြင်းထန်ထန် ရန်ဖြစ်ကြပြီးနောက် သူမသည် စံအိမ်မှထွက်ပြေးသွားကာ သိုင်းလောကထဲသို့ ဝင်ရောက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပေ။

သူ သူမကို မရပ်မနား လိုက်ရှာခဲ့သော်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ဘဲ မဆုံးတွင် သူ ထီးနန်းတက်ပြီးနောက်မှသာ လယ်သမားအိမ်လေးတစ်လုံးတွင် သူမကို တွေ့ရှိခဲ့သည်။

ကမ်းချန်ချန်သည် သူမ ဘယ်ဘက်လက်တွင် ကလေးငယ်လေးတစ်ယောက်ကို ပွေ့ချီထားပြီး ညာဘက်လက်ဖြင့် နောက်ကလေးတစ်ယောက်ကို ဆွဲထားကာ ပျော်ရွှင်စွာ ပြုံးနေသည်။

သူ့နှလုံးသားမှာ နာကျင်သွားရသည်။ သူ သူမကို အချိန်အကြာကြီး လိုက်ရှာနေခဲ့တာတောင် သူမမှာ တခြားယောကျ်ားတစ်ယောက် ရှိနေပြီး ကလေးနှစ်ယောက်တောင် ရနေခဲ့ပြီ...

ယင်ကျန်း ရှေ့သို့ အမြန်ပြေးသွားကာ မေးသည်။

"ဒါ ဘယ်သူ့ကလေးလဲ"

ကမ်းချန်ချန် အေးစက်စွာ ပြန်ဖြေသည်။

"ဒါ ရှင့်အပူ မပါဘူး၊ ရှင် ပြောခဲ့တာတွေ မေ့သွားပြီလား၊ ကျွန်မတို့က လုံး၀ ပြီးသွားပြီ"

ယင်ကျန်းမှာ အလွန်ဒေါသထွက်သွားပြီး သူ့ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ သူက သူမကို နန်းတော်သို့ အတင်း အဓမ္မ ခေါ်ဆောင်သွားပြီး ကုတင်ပေါ်တွင် သံကြိုးများဖြင့် ချည်နှောင်ကာ သူမကို နေ့စဉ် ရက်စက်စွာ ကုတင်ပေါ်တွင် အရှက်ခွဲတော့သည်။

သူမ ပြင်းပြင်းထန်ထန် ခုခံရာမှ တဖြည်းဖြည်းနှင့် သူမ မျက်လုံးများထဲရှိ အလင်းရောင်များ မှေးမှိန်သွားသည်။ သူ နာကျက်ရသော်လည်း ဘာလုပ်ရမှန်း မသိခဲ့ပေ။

သူတို့ ဆက်ဆံရေးမှာ အလွန် တင်းမာနေသည်။ သူမက သူ့ကို ပြင်းပြင်းထန်ထန် မုန်းတီးနေခြင်းကြောင့်လည်း ဖြစ်ပေမည်။

သို့သော် တစ်နေ့တွင် သူမ ရုတ်တရက် ပျော့ပျောင်းလာပြီး ကုတင်ပေါ်တွင် သူ့ကို လိုက်လျောပေးကာ မြှူဆွယ်သည့်ဟန်ဖြင့် ခါးကို လှုပ်ယမ်းလျက် သူ့ကို ပြင်းထန်သော ခံစားမှုတစ်ခု ပေးစွမ်းလာသည်။

"အား"

သူ မျက်လုံးဖွင့်လိုက်ရာ အမြင်များ မှုန်ဝါးနေသည်။ မြူခိုးများ ကင်းစင်သွားသောအခါ သူ အပြည့်အဝ နိုးကြားသွားသဖြင့် သက်ပြင်းချမိသည်။

"အိပ်မက်ဖြစ်နေလို့ တော်သေးတာပေါ့"

သူ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေပြီး ကျောပြင်တွင်လည်း ချွေးစေးများ ပြည့်နှက်နေကာ အောက်ဘက်ရှိ မြင်ကွင်းက သူ့ကို သွေးပူနေသော လူငယ်တစ်ယောက်ပမာ မျက်နှာနီရဲသွားစေသည်။

စုယန် အသံကြားသဖြင့် ဝင်ရောက်လာပြီး သတိထားစွာ ပြောသည်။

"စတုတ္ထမင်းသား..."

ယင်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။

"စုဖေးရှန်ကို အထဲဝင်လာဖို့ ခေါ်လိုက်"

စောင်များဖြင့် ဖုံးအုပ်ထားသော်လည်း အခန်းထဲရှိ အနံ့က ထူးထူးခြားခြား ပြင်းထန်နေသည်။ စုယန် မျက်နှာနီရဲသွားပြီး ရှင်းလင်းရေးလုပ်ရန် စုဖေးရှန်ကို ခေါ်သည်။

နံနက်စာ စားပြီးနောက် နန်းတွင်းသမားတော်က ပုံမှန်အတိုင်း ယင်ကျန်းကို စစ်ဆေးရန် ရောက်လာသည်။

"စတုတ္ထမင်းသား ဒီနေ့ နန်းတော်ကနေ ထွက်ခွာလို့ရပါပြီ၊ ဒါပေမဲ့..."

All Chapters