အခန်း ၁၆၁
Vol. 17 Ch. 161
🌻 Chapter 161
ယင်ကျန်းက မေးသည်။
"ဘာဖြစ်လို့လဲ"
နန်းတွင်းသမားတော်က သူ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ စုယန်ကို တစ်ချက်ကြည့်ပြီး ပြုံးလျက် ပြောသည်။
"စတုတ္ထမင်းသားရဲ့ ခန္ဓာကိုယ်က အခုမှ နာလန်ထခါစမို့လို့ ခွန်အားတွေ ကုန်ခမ်းစေမယ့် အလွန်အကျွံ ကာမကိစ္စတွေကို ရှောင်ကြဉ်သင့်ပါတယ်၊ ခွန်အားတွေ အလွန်အကျွံ ကုန်ခမ်းသွားရင် အသက်စွမ်းအင်ရဲ့ အခြေခံကို ထိခိုက်စေပြီး ရောဂါ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်"
စုယန်သည် ယင်ကျန်းကို စိုးရိမ်တကြီး ထပ်ကြည့်သည်။ ယင်ကျန်းသည် အကြောင်းပြချက်မရှိဘဲ စိတ်အနှောင့်အ ယှက်ဖြစ်သွားသော်လည်း ဒေါသကို ထိန်းချုပ်ကာ မေးသည်။
"ငါ့ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ အရာတစ်ခုခု ကျန်နေသေးလို့လား၊ ဥပမာ ဆေးလိုမျိုးလေ..."
စုယန်မှာ အလွန်လန့်သွားသဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချသည်။ သူမသည် ယင်ကျန်း အစားအသောက်များကို တာဝန်ယူရသူဖြစ်ရာ သူ့ စကားများက သူမကို သံသယရှိနေကြောင်း ရှင်းလင်းစွာ ပြသနေသည်။
နန်းတွင်းသမားတော်က ချက်ချင်း သဘောပေါက်သွားကာ မျက်မှောင်ကြုတ်ပြီး သူါသွေးခုန်နှုန်းကို သေချာစွာ ထပ်မံစမ်းသပ်သည်။
"ဘာထူးခြားတဲ့ ဆေးမှတော့ မရှိပါဘူး၊ ဒါပေမဲ့ အစားအစာတွေက အာဟာရပြည့်ဝလွန်းတော့ ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတချို့ ဖြစ်ပေါ်စေတာက ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စပါ"
ယင်ကျန်းက ခေါင်းညိတ်သည်။
"ငါ နားလည်ပြီ"
ထမ်းစင်ပေါ်တွင် ထိုင်နေရင်း ယင်ကျန်းသည် လိုက်ကာကိုမကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရင်းနှီးနေသော လမ်းမပေါ်ရှိ တက်ကြွလှုပ်ရှားနေသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ့ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်သွားသည်။ မနေ့က ဖြစ်ခဲ့တဲ့ ရှုပ်ထွေးမှုတွေကို သူ မေ့ထားလိုက်ပြီ...
သူ ခေါင်းလှည့်ကြည့်လိုက်ရာ စုယန်သည် ထမ်းစင် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေပြီး သူမ မျက်လုံးများမှာ နီရဲရောင်ရမ်းနေကာ သူ့ကို အကွာအဝေးတစ်ခုမှ နေ၍ ခပ်ခွာခွာ နေနေသည်ကို တွေ့လိုက်ရသည်။
သူ့အကြည့်များ သူမဆီသို့ ရောက်လာသည်ကို မြင်သော အခါ စုယန်က စားလက်စကို ရပ်လိုက်ပြီး သေတ္တာထဲမှ ဗာဒံစေ့မုန့်များကို ယူကာ တိုးညင်းစွာ မေးသည်။
"အရှင်မင်းသား... နည်းနည်းလောက် သုံးဆောင်ကြည့်မလား"
ယင်ကျန်း ခေါင်းယမ်းသည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
ယင်ကျန်း လိုက်ကာကို မကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လုပ်ကြံသူ ဆယ်ယောက်ကျော်ကို တွေ့လိုက်ရပြီး သူတို့သိုင်းကွက်များမှာ ပိုင်လျန်ဂိုဏ်းမှဖြစ် ကြောင်း ရှင်းလင်းလှပေသည်။
သူ ချက်ချင်းပင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ဒီလူတွေက မကျွတ်မလွတ်တဲ့ တစ္ဆေသရဲတွေများလား...
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီး ပိုင်လျန်ဂိုဏ်းအတွင်းမှာ အင်အားစုသစ်တစ်ခု ပေါ်ထွက်လာခဲ့ပေမဲ့ ယင်ကျန်းအပေါ် ထားရှိတဲ့ သူတို့ရဲ့ အမုန်းတရားတွေကတော့ ကျန်ရှိနေဆဲပဲ ဖြစ်သည်။
ဟွမ်ရီကျူးသည် ပိုင်လျန်ဂိုဏ်းဝင် မဟုတ်သော်လည်း မုတ်ဆိတ်မွေးနှင့် လူကြီးနှင့်အတူ ရောက်ရှိလာပြီး ကိုယ်ရံ တော်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
ထိုက်ကျစ်နျန်ကမူ လုပ်ကြံမှုတွင် ဝင်ရောက်မပါဝင်ဘဲ မီးခိုးဗုံးတစ်လုံးကို ကိုင်ဆောင်ကာ ပုန်းအောင်းစောင့်ကြည့်နေသည်။
သူတို့ဘက်က အခြေအနေမလှပါက လူတိုင်း အတူတကွ ဆုတ်ခွာနိုင်ရန် မီးခိုးဗုံးများကို ပစ်ဖောက်ပြီး ရှုပ်ထွေးသွားအောင် လုပ်မည်ဟု ကြိုတင်စီစဉ်ထားကြသည်။
သို့သော် ယင်ကျန်းသည် ဤတစ်ကြိမ်တွင် ကိုယ်ရံတော်များစွာ ခေါ်မလာခဲ့သဖြင့် ဟွမ်ရီကျူး နောက်ဆုံး ခံစစ်မျဉ်းကို ထိုးဖောက်သွားကာ ထမ်းစင်အတွင်းသို့ သူ့ဓားကို ထိုးသွင်းလာသည်။
ပုံမှန်ဆိုလျှင် ယင်ကျန်းသည် ခုခံနိုင်စွမ်းရှိသော်လည်း သူက ပြင်းထန်သော ဖျားနာမှုမှ နာလန်ထခါစဖြစ်ပြီး သင့်လျော်သော လက်နက်လည်း မရှိပေ။
ထို့အပြင် ဟွမ်ရီကျူးသည် နှစ်များအတွင်း သိုင်းပညာလေ့ကျင့်မှုကိုသာ အာရုံစိုက်ခဲ့သဖြင့် သူ့အရည်အချင်းများမှာ ယင်ကျန်းထက်များစွာ သာလွန်နေလေသည်။ ထို့ကြောင့် အရေးကြီးသော အချိန်လေးတွင် စုယန်က ယင်ကျန်း ရှေ့သို့ ဝင်ရပ်ကာကွယ်ပေးသည်။
ယင်ကျန်းသည် အသားထဲသို့ ဓားထိုးဖောက်ဝင်သွားသော အသံကိုသာ ကြားလိုက်ရပြီး သူ့ရှေ့ရှိ အမျိုးသမီးထံမှ ထွက်ပေါ်လာသော သွေးနံ့ကို ရလိုက်လေသည်။ သူ ချက်ချင်းပင် အော်လိုက်မိသည်။
"စုယန်"
ဟွမ်ရီကျူး မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် ဓားကို ပြန်ရုပ်မိသည်။ သူသည် စကားကြမ်းကြမ်းတမ်းတမ်း ပြောတတ်သော်လည်း သူရဲကောင်းဆန်သော ကျင့်ဝတ်များကို အမြဲစောင့်ထိန်းကာ အပြစ်မဲ့သူများကို အန္တရာယ်ပြုရသည်ကို မနှစ်မြို့သဖြင့် ဓားမှာ သိပ်နက်နက်ရှိုင်းရှိုင်း ဝင်မသွားခဲ့ပေ။
အနီးအနား လမ်းမပေါ်ရှိ ကင်းလှည့်တပ်ဖွဲ့များ ရောက်ရှိလာပြီဖြစ်ရာ ထိုက်ကျစ်နျန်က မီးခိုးဗုံး အချို့ကို ပစ်ဖောက်လိုက်ပြီးနောက် သူတို့ ချက်ချင်း ဆုတ်ခွာသွားကြလေသည်။
ကမ်းချန်ချန်နှင့် လီစဲဖူတို့သည် ယင်ကျန်းကို ကြိုဆိုရန် တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ သို့သော် ထမ်းစင် ရပ်တန့်သွားပြီးနောက် ယင်ကျန်းက စုယန်ကို ပွေ့ချီကာ ခြံဝင်းအတွင်းသို့ အလောတကြီး ဝင်လာခဲ့ရာ စုယန် ခန္ဓာကိုယ် အထက်ပိုင်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူတို့လည်း အမြန်လိုက်သွားကြသည်။ စုယန်ကို ကုတင်ပေါ်တွင် ချပေးပြီးနောက် ယင်ကျန်းက သူမဘေးတွင် ထိုင်ကာ ဖြူရော်နေသော သူမ မျက်နှာကို ကြည့်လျက် နှစ်သိမ့်ပေးလေသည်။
"မစိုးရိမ်ပါနဲ့ မင်း မသေရပါဘူး"
ဖူကျင်း ရှေ့သို့တိုးလာပြီး မေးသည်။
"ဘာဖြစ်လာတာလဲ"
ယင်ကျန်း သူတို့ကို တစ်ချက်အကဲခတ်ကြည့်လိုက်ပြီး သူ့ အကြည့်များက အဆုံးတွင် ကမ်းချန်ချန် မျက်နှာပေါ်၌ ရပ်တန့်သွားသည်။ သူက အေးစက်စွာ ပြောသည်။
"ငါတို့ လုပ်ကြံသူတွေနဲ့ ကြုံခဲ့ရတယ်၊ စုယန်က ငါ့ကိုယ်စား ဓားခုတ်ခံလိုက်တာ"
ဤစကားများက ကမ်းချန်ချန်ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားစေသည်။ ဘာ လုပ်ကြံသူလဲ၊ ဒီလုပ်ကြံသူက ဘယ်ကရောက်လာတာလဲ၊ အဲဒီအကြည့်က ဘာအဓိပ္ပာယ်လဲ ?
ပိုင်လျန်ဂိုဏ်းက လူတွေများလား ?
သူ... သူ တစ်ခုခုကိုများ တွေ့မိသွားတာလား...
ကမ်းချန်ချန်သည် ထိုနေ့က အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားသည်။ သူမက ထိုက်ကျစ်နျန် တပည့်ဖြစ်လာခဲ့သော်လည်း သူက သူမကိုအဖိုးတန်ဆုံး သိုင်းပညာများကို အဘယ့်ကြောင့်များ သင်ပေးရသနည်း။
ထိုတင်မကသေးဘဲ ထိုက်ကျစ်နျန်က သူလေ့ကျင့်နေသော ခြေဖော့သိုင်းပညာသည် မိသားစုလက်ဆင့်ကမ်းလာသည့် ပညာရပ်ဖြစ်ပြီး သီးသန့် အသက်ရှူနည်းစနစ်ဖြင့် ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပိုမိုပေါ့ပါးသွားစေကာ ပိုမိုမြင့်မားစွာ ခုန်ပျံနိုင်စေကြောင်း သူမကို ပြောပြဖူးသည်။
ထိုအရာက ကမ်းချန်ချန်အတွက် အလွန် ဆွဲဆောင်မှုရှိလှသည်။ သူမသည် ဟွမ်ရီကျူးကို ကယ်တင်ရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ပြီး ဥပမာအားဖြင့် ဤပါးနပ်လှသော အသက်ရှူနည်းစနစ်နှင့် လဲလှယ်ရန်အတွက် လက်ပစ်မီးခိုးဗုံးတစ်ခုကို ကမ်းလှမ်းခဲ့သည်။
ထိုကိရိယာမှာ သေးငယ်ပြီး သယ်ဆောင်ရ လွယ်ကူသည်။ ကမ်းချန်ချန်က ပေါက်ကွဲမှုမှာ လက်ပစ်ဗုံးထက် များစွာသေးငယ်ပြီး မီးရှူးမီးပန်းများနှင့် ပိုတူသည်ဟု ရှင်းပြသည်။
သို့သော်လည်း ထွက်ပေါ်လာသော မီးခိုးငွေ့မှာ အလွန်များပြားပြီး အချိန်တိုအတွင်း အမြင်အာရုံကို ဖုံးကွယ်ထားနိုင်ပေသည်။
မျက်လုံးကို ကြိုတင်ဖုံးကွယ်ထားသူများသာလျှင် ထိုထူ ထပ်သော မြူခိုးများကြားတွင် ကိုယ့်လူ့များကို တိကျစွာ ရှာဖွေနိုင်မည်ဖြစ်သည်။
ဆေးဆရာ မိသားစုမှ ဆင်းသက်လာသော တိုက်ကျစ်နျန်သည် ချက်ချင်းသဘောပေါက်သွားပြီး လိုအပ်သော ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုငသည်။
နောက်ပိုင်းတွင် တိုက်ကျစ်နျန်သည် လက်ပစ်မီးခိုးဗုံးကို အသုံးပြု၍ ရှုပ်ထွေးမှုများ ဖန်တီးကာ လူအနည်းငယ်ဖြင့် မြို့တော်အတွင်း ဟွမ်ရီကျူးကို ကယ်တင်နိုင်ခဲ့သည်။
နှစ်တွေ ဒီလောက်တောင် ကြာသွားပြီပဲ၊ အခုချိန်ဆို လုပ်ကြံသူတွေကတောင် မျိုးဆက်သစ်တွေ ဖြစ်နေလောက်ပြီ မဟုတ်ဘူးလား၊ အဲဒါက ငါနဲ့ ဘာမှမဆိုင်တော့ဘူး မဟုတ်လား...
ကမ်းချန်ချန်သည် စုယန်ကို စိုးရိမ်တကြီး ကြည့်လိုက်ရာ သူမ မျက်နှာမှာ သွေးဆုတ်နေပြီး သိသိသာသာ နာကျင်နေကြောင်းပြသနေသည်။ ယင်ကျန်းကမူ စုယန်ကို အလွန် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
ထိုအရာကို မြင်သောအခါ ဖူကျင်း ကမ်းချန်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လေးနက်သော မျက်နှာထားဖြစ်နေသည်ကို သတိပြုမိရာ သူမမှာ အလွန် ပျော်ရွှင်သွားသည်။
စုဖေးရှန်သည် သမားတော်နှင့်အတူ အမြန်ရောက်ရှိလာခဲ့သည်။
ယင်ကျန်း မတ်တပ်ရပ်ကာ ပြောသည်။
"ဖူကျင်း... မင်း ဒီမှာနေပြီး ကိစ္စတွေကို ကြီးကြပ်ပေးပါ၊ ကျန်တဲ့လူတွေ အကုန်လုံး ပြန်ကြတော့၊ လူတွေ အများကြီးနဲ့ဆို အရမ်းဆူညံတယ်"
ကမ်းချန်ချန်သည် အခြားသူများနည်းတူ အပြစ်ရှိသလို ခံစားနေရသည်။
"ဟုတ်ကဲ့ပါ"
သူမ ထွက်ခွာရန် ပြင်လိုက်သော်ငြား သူမနောက်မှ ယင်ကျန်း အသံထွက်ပေါ်လာသည်။
"ကမ်းချန်ချန်... ကိုယ်နဲ့ လိုက်ခဲ့"
ကမ်းချန်ချန် မျက်လုံးများကို မှိတ်လိုက်ပြီး ပုံမှန်အသံဖြင့် ပြောရန်ကြိုးစားသည်။
"ဟုတ်ကဲ့ပါ"