အခန်း ၁၆၄
Vol. 17 Ch. 164
🌻 Chapter 164
ကျောက်သခင်မသည် သူမ ရင်ဘတ်ကို ဖိကာ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး ၎င်းသားအမိနှစ်ယောက် သဘောထား မည်မျှမြန်ဆန်စွာ ပြောင်းလဲသွားသည်ကို အံ့သြတုန်လှုပ်နေမိသည်။
ကမ်းချန်ချန် အိမ်မှာ အဖျားတက်နေသည်ကို တွေးမိကာ သူမမှာ ဝမ်းနည်းကြေကွဲမှုများ ဖုံးလွှမ်းသွားပြီး တစ်ညလုံး ငိုကြွေးနေသည်။
သို့သော် သူမမှာ နေမကောင်းဖြစ်နေပြီး အင်အားသုံး၍မတုံ့။ပြန်နိုင်သဖြင့် လောလောဆယ်တွင် သည်းခံနေရကာ ကမ်းချန်ချန်ပြန်လည်ကောင်းမွန်လာပြီး လက်စားချေမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရသည်။
မူလက မိသားစုတစ်စုလုံးသည် ဤကိစ္စကို ကမ်းချန်ချန်ထံမှ သဘောတူညီစွာဖြင့် လျှို့ဝှက်ထားခဲ့ကြပြီး လူတိုင်းတွင် ကိုယ်ပိုင် အကြံအစည်များရှိနေခဲ့ကြသည်။
သူတို့သည် ချိုက်ရှန်းအာ နောက်ခံဇာစ်မြစ်မှာ သန့်ရှင်းမှုမရှိကြောင်း မည်သူက သိမည်နည်း။ သူမသည် စီချွမ်မှ ထွက် ပြေးလာပြီး မြို့တော်သို့ ရောက်ရှိလာသော ပြည့်တန်ဆာတစ်ဦး ဖြစ်နေသည်။
ကမ်းချန်အန်းသည် ပြည့်တန်ဆာတစ်ဦးနှင့် ဖောက်ပြန်ကာ သူမကို မယားငယ်အဖြစ် သိမ်းပိုက်ရန်ကြိုးပမ်းမှုကြောင့် အကျဉ်းချခံလိုက်ရပြီး ချိုက်ရှန်းအာကိုမူ စီချွမ်သို့ ပြန်ပို့ကာ ပြည့်တန်ဆာအဖြစ် ဆက်လက်လုပ်ကိုင်စေသည်။
ဤတစ်ကြိမ်တွင်မူ အဘွားအိုကမ်းသည် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူမက ကျောက်သခင်မလက်ကိုဆွဲကာ ကမ်းချန်ချန်ကို သွားရောက်ရှာဖွေပြီး ကယ်တင်ရန် တိုက်တွန်းတော့ သည်။
ကျောက်သခင်မက သူမ လက်မှ အတင်းရုန်းထွက်ကာ အေးစက်စွာ ပြောသည်။
"ချန်ချန် အခု နေမကောင်းဖြစ်နေတာ၊ ဒီကိစ္စနဲ့ သူမကို ဘယ်လိုလုပ် ဒုက္ခပေးလို့ရမှာလဲ"
အဘွားကမ်း၏ မှုန်ဝါးနေသော မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
"မင်း ချန်အန်းအပေါ် ဒေါသထွက်နေတယ်ဆိုတာ ငါ သိပါတယ်၊ မင်း ငါ့ကို ရိုက်ချင်ရိုက် ဆဲချင်ဆဲပါ၊ သားကို ကောင်း ကောင်း မဆုံးမနိုင်ခဲ့တဲ့ ငါ့အပြစ်ပါ"
"ဒါပေမဲ့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်နေမယ်ဆိုရင် သူ ခေါင်းဖြတ်မခံရဘူးလို့ ပြောနိုင်မလား
မဖြတ်ခံရဘူးဆိုရင်တောင် ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး သူ သိပ်ပြီး ဒုက္ခမရောက်ခဲ့ဖူးဘူးလေ
ထောင်တွေက လူရမ်းကားတွေနဲ့ ပြည့်နေတာ၊ သူ့ကို ရိုက်နှက်ကြရင် ဘယ်လိုလုပ်မလဲ"
"ချန်အန်းက ဘာပဲဖြစ်ဖြစ် ချန်ချန်နဲ့ ယောင်ဟယ်တို့ရဲ့ အဖေလေ၊ နင် ခေါင်းမာနေရင်တောင်မှ ကလေးတွေကို အဖေမဲ့တဲ့ဘဝ ရောက်သွားတာကိုတော့ မကြည့်ရက်နိုင်ဘူး မဟုတ်လား"
ကျောက်သခင်မ ဒေါသကို မထိန်းနိုင်တော့ပေ။
"အခုမှ ချန်ချန်နဲ့ ယောင်ဟယ်ကို သတိရနေပြီပေါ့၊ ဒါပေမဲ့ ချိုက်ရှန်းအာ အိမ်ပေါ်ရောက်လာတုန်းက ချန်အန်းနဲ့ ပူးပေါင်းကြံစည်ခဲ့တာ ဘယ်သူလဲ"
အဘွားကမ်း လှောင်ပြောင်လိုက်သည်။
"ဘယ်ယောကျ်ားကများ ကိုယ်လုပ်တော်မထားဘဲ နေလို့လဲ၊ နင့်ရဲ့ သမီးအရင်းကိုယ်တိုင်ကရော ကိုယ်လုပ်တော်ပဲ မဟုတ်ဘူးလား"
"ငါတို့ ချန်အန်းက ဒီနှစ်တွေတစ်လျှောက်လုံး နင့်တစ် ယောက်တည်းကိုပဲ မယားအဖြစ် ထားခဲ့တာ၊ အဲဒါ နင်က အကျင့်စာရိတ္တကောင်းမွန်တဲ့ ဇနီးကောင်းတစ်ယောက် မဟုတ်လို့ မဟုတ်ဘူးလား"
"နင်သာ သူ့ကို စောစောကတည်းက ကိုယ်လုပ်တော်တစ်ယောက် ယူပေးခဲ့ရင် သူက ဘာလို့ ဇာစ်မြစ်မသေချာတဲ့ တိတ်တိတ်ပုန်းမယားတစ်ယောက်ကို လျှို့ဝှက်ထားပြီး သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်ရတော့မှာလဲ"
"ရှင်..."
ကျောက်သခင်မသည် ဒေါသကြောင့် ကုတင်ပေါ်တွင် သတိလစ်မေ့မြောသွားလေသည်။ အဘွားကမ်းက သူမကို တံတွေးထွေးကာ အခန်းထဲမှ ထွက်သွားပြီး မင်းသားစံအိမ်သို့ တန်းတန်းမတ်မတ် ထွက်သွားသည်။
"အစ်ကိုကြီး... ကိုယ်လုပ်တော် ကမ်းချန်ချန်ကိုရှာပေးဖို့ ကူညီပေးနိုင်မလား၊ ကျွန်မက သူမရဲ့အဘွားပါ၊ အိမ်မှာ ကိစ္စတစ်ခု ဖြစ်သွားလို့ သူမကို အရေးတကြီးတွေ့ဖို့ လိုနေလို့ပါ"
အဘွားကမ်းသည် အိမ်တွင် ဗိုလ်ကျလွှမ်းမိုးတတ်သော် လည်း ခမ်းနားထည်ဝါသော မင်းသားစံအိမ်ကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရိုကျိုးသွားကာ အလွန်ယဉ်ကျေးစွာ စကားပြောဆိုပြီး ငွေကြေးများကိုပင် ကမ်းလှမ်းလေသည်။
တံခါးစောင့်မှာလည်း ပါးနပ်သူဖြစ်ရာ ကမ်းစဲဖူ အဘွားဖြစ် ကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းသတင်းပို့ပေးပြီး အဘွားအိုကို ယဉ်ကျေးစွာစောင့်ဆိုင်းရန်ပြောလေသည်။
ထိုအချိန်တွင် ကမ်းချန်ချန်မှာ အနည်းငယ် ပြန်လည်သက် သာလာကာ ကုတင်ပေါ်မှဆင်း၍ ခြေလှမ်းအနည်းငယ် လျှောက်နိုင်ခါစဖြစ်ပြီး ထိုသတင်းကို ကြားလိုက်ရသည်။
သူမမှာ ပျို့တက်လာသည်ကို မအောင့်နိုင်တော့ပေ။ သူမသည် ရင်ဘတ်ကို အမြန်ဖိကာ အိမ်နှင့် အစိုးရရုံးတော်သို့ အခြေအနေများကို စုံစမ်းရန် ဟွာယွီနှင့် လီဝမ်တို့ကို စေလွှတ်လိုက်သည်။ အခု ယင်ကျန်းလည်း နေမကောင်းဖြစ်နေတော့ သူမ ဘာလုပ်ရမလဲ...
အမှန်တွင် ကမ်းချန်အန်း သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အရေးမကြီးပေ။ ဤကိစ္စက ကျောက်သခင်မနှင့် သူမကို မထိခိုက်သရွေ့ သူမ ဂရုမစိုက်ချေ။
သူမအပေါ်တွင် ရာဇဝတ်ကောင်၏သမီးဟူသော တံဆိပ် ကပ်ခံရသည်နှင့်တစ်ပြိုင်နက် သူမ အနာဂတ် ထိခိုက်သွားမည်ဖြစ်ပြီး ယင်ကျန်းကိုပါ ဆွဲသွင်းရာရောက်သွားနိုင်သည်။ မကြာမီ လီဝမ် ပြန်ရောက်လာပြီး ပြောသည်။
"စဲဖူ... မင်းသားဆယ့်သုံးက ဒီကိစ္စကိုတားဆီးထားလိုက်တယ်၊ သူက စည်းမျဉ်းတွေနဲ့အညီ ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးချင်တယ်လို့ ပြောတယ်"
ကမ်းချန်ချန် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ မှန်ပေသည်။ မှုခင်းရေးရာဝန်ကြီးဌာနသည် ယခုအခါ ယင်ရှန် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ဒါပေမဲ့ ထူးဆန်းနေတာက တရားရုံးတော်က အမှုကို ဘယ် လိုလုပ် ဒီလောက်မြန်မြန်ဖြေရှင်းပြီး မှုခင်းရေးရာဝန်ကြီး ဌာနဆီ ပို့လိုက်တာလဲ...
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် တရားရုံးတော်တွင် အမှုအခင်းများစွာရှိပြီး ကမ်းချန်အန်း အဆင့်အတန်းမှာလည်း အလွန်နိမ့်ကျနေရာ ဘယ်လိုလုပ် ဒီလောက်စောစော စီးစီး တရားစီရင်ရေး လုပ်ငန်းစဉ်ထဲ ရောက်သွားရတာလဲ၊
တစ်ယောက်ယောက်ကများ လျှို့ဝှက်ပြီး ဖျက်ဆီးနေတာများလား...
ဟွာယွီ ပြန်ရောက်လာပြီးနောက် သူမက ပြောသည်။
"ချိုက်ရှန်းအာကို မြို့တော်အပြင်ဘက်ကို ပို့လိုက်ပေမဲ့ သူမရော သူမရဲ့အစ်ကိုပါ သခင်ကြီးကို ဆန့်ကျင်တဲ့ သက်သေအဖြစ် တရားရုံးတော်က ဖမ်းဆီးထားလိုက်ပါတယ်၊ အခု ကမ်းအဘွားအိုက တော်တော်လေး စိတ်လှုပ်ရှားဂနာမငြိမ်ဖြစ်နေတယ်
ပြီးတော့ သူမက သခင်မကြီးကို နာကျင်အောင် လုပ်မှာကို ကျွန်မ စိုးရိမ်လို့ ဟွာဟွေးကိုချန်ထားခဲ့ပြီး စဲဖူ ပေးလိုက်တဲ့ ငွေကိုသုံးပြီး သခင်မကြီးကို စောင့်ရှောက်ဖို့ အစေခံမလေး နှစ်ယောက်နဲ့ အထိန်းတော်တစ်ယောက်ကို ဝယ်ခဲ့တယ်"
ကမ်းချန်ချန် ပြောလိုင်သည်။
"နင် လုပ်တာ မှန်တယ်၊ အဲ့သားအမိနှစ်ယောက်ရဲ့အကြီးမားဆုံး အားနည်းချက်က သမီးထက် သားကိုပိုဦးစားပေးတာပဲလို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က ဒီလောက်ကြီးတဲ့ ရှုပ်ထွေးမှုကြီးကို ဖန်တီးလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"
သူမမှာ အံ့ကြိတ်ချင်လောက်အောင် ဒေါသထွက်နေပြီး စောစောကတည်းက သတိမထားမိခဲ့ခြင်းကို တိတ်တဆိတ် နောင်တရနေမိသည်။
"ယောကျ်ားတွေဆိုတာ နံရံမှာ ချိတ်ဆွဲခံထားရမှ (သေမှ) နာခံတတ်ကြတာ"
ယွင်ရှုက ရယ်မောကာ
"နံရံမှာ ချိတ်ဆွဲခံထားရတဲ့သူ (သေဆုံးသွားသူ) က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့တာဆိုတော့ သူတို့က ပိုပြီး ရိုးသားလာလို့မရတော့ဘူးလေ"
ဟွာယွီ "သားသမီးတတွေမှာ ဖခင်ဆိုးတစ်ယောက် ရှိနေတာက တကယ့်ကို ဆင်းရဲဒုက္ခတစ်ခုပါပဲ၊ ဒါပေမဲ့ ဘယ်သူမှ ကိုယ့်မိဘကို ရွေးချယ်ခွင့်မရှိပါဘူး
ကျွန်မတို့ကို ဒီလောကကြီးထဲ ခေါ်ဆောင်လာပေးတဲ့အတွက် သူတို့ကို ကျေးဇူးတောင် တင်သင့်သေးတယ်"