← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

🌻 Chapter 168

ကမ်းချန်အန်းသည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည်။ သူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးလျက် သူတို့ အတိတ်က သံယောဇဉ်ကို ထောက်ထားပြီး သူ့ကို ခွင့်လွှတ်ပေးရန် ကျောက်သခင်မအား တောင်းပန်လေသည်။ ကျောက်သခင်မက ပြန်ဖြေ သည်။

"ရှင် ကျွန်မကို သုံးနှစ်တိုင်တိုင် လှည့်စားခဲ့တယ်ဆိုတာ သိလိုက်ရကတည်းက ကျွန်မတို့ရဲ့ အိမ်ထောင်ရေး ပြီးဆုံးသွားပြီဆိုတာ ကျွန်မ သိခဲ့တယ်၊ ရှင်နဲ့ ရှင့်အမေက ရှင့်အိမ်သစ်ကို ပြောင်းသွားသင့်တယ်၊ ရှင့်ကို ကြည့်ရတာနဲ့တင် ကျွန်မ ပျို့ချင်လာတယ်"

ကမ်းချန်ချန်သည် ဘေးတွင်ရပ်လျက် ကျေနပ်စွာ ခေါင်းညိတ်နေသည်။ ဤသည်ကို မြင်သောအခါ အဘွားကမ်းက ကမ်းချန်ချန်အား လက်ညှိုးထိုးကာ ပြောသည်။

"ညည်းအဖေက ညည်းအမေအပေါ် အမှားလုပ်ခဲ့ပေမဲ့ ညည်းအပေါ်တော့ အမှားမလုပ်ခဲ့ပါဘူး၊ သူက ညည်းကို ဒီလောက်နှစ်တွေအကြာကြီး ပြုစုပျိုးထောင်ပေးခဲ့တာ၊ ဘာလို့များ သူတို့ကို ပြန်အဆင်ပြေအောင် မဖြန်ဖြေပေးရတာလဲ"

ကမ်းချန်ချန်က လှောင်ပြောင်လိုက်သည်။

"ကျွန်မက ဘာလို့ သူတို့ကို ဖြန်ဖြေပေးရမှာလဲ၊ ရှင်နဲ့ ရှင့်သားက ကျွန်မအမေကို လာပြီးဒုက္ခမပေးဖို့ပဲ အကြံပေးချင်တယ်၊ မဟုတ်ရင် ဒီခြံဝင်းထဲက ကိုယ်ရံတော်တွေက သက်ညှာပေးနေမှာ မဟုတ်ဘူး"

အဘွားကမ်းမှာ ဒေါသထွက်လွန်း၍ စကားပင်ကောင်း ကောင်း မပြောနိုင်တော့ပေ။

"သူက ညည်းအဖေလေ၊ ပြီးတော့ ငါက ညည်းရဲ့ အဘွား၊ ညည်းက ငါတို့ကို ရိုက်ဖို့ လူလွှတ်ချင်သေးတာလား"

ကမ်းချန်ချန်က ပြောသည်။

"ကျွန်မက ရှင့်ကို ရိုက်ဖို့ လူလွှတ်မယ်လို့ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်တို့က သူတစ်ပါးပိုင်နက်ထဲကို ဆက်ပြီး ကျူးကျော်ဝင်ရောက်နေမယ်ဆိုရင် ဒီကိုယ်ရံတော်တွေက ရှင်တို့ကို မောင်းထုတ်ပိုင်ခွင့် သေချာပေါက်ရှိပါတယ်၊ ရှင့်ရဲ့ အိုမင်းနေတဲ့ လက်တွေခြေတွေက အားနည်းနေပြီဆိုတော့ ရှင် ထိခိုက်ဒဏ်ရာရသွားရင် သူတို့ကို အပြစ်တင်လို့ မရဘူးနော်"

အဘွားကမ်း "ငါတို့ မသွားဘူး၊ ငါတို့ ဒီမှာနေလာတာ နှစ်တွေအကြာကြီး ရှိနေပြီ၊ ဘာလို့ ပြောင်းရမှာလဲ"

ကမ်းချန်ချန်က ပြောသည်။

"ရှင် ဒီမှာနေလာတာ နှစ်တွေအကြာကြီး ရှိပြီဆိုတာနဲ့တင် ဒီအိမ်က ရှင့်အိမ် ဖြစ်မလာဘူးလေ၊ ဒီအိမ်ကို ဝယ်တုန်းက ရှင်က ငွေတစ်ပြားတစ်ချပ်မှ မစိုက်ထုတ်ခဲ့ဘူး

ရှင်က ဒီမှာ အလကား စားသောက်နေထိုင်ပြီး ကျွန်မအမေကို အနိုင်ကျင့်ရဲသေးတယ်၊ ရှင်က ဘယ်လိုလုပ်ဆက်နေဖို့ အရှက်မရှိရတာလဲ"

အဘွားကမ်း ကမ်းယောင်ဟယ်ဘက်သို့လှည့်ကာ အကူ အညီတောင်းသည်။

"ယောင်ဟယ်... မင်း ကူညီပြီး..."

"အဘွား... သား အရင်ဆုံး တစ်ခု ပြောပြပါရစေ"

ကမ်းယောင်ဟယ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကျောင်းမှာ ကျွန်တော်တို့ သင်ခဲ့ရတယ်၊ ကြွက်တစ်ကောင်မှာတောင် အရေခွံရှိတယ်၊ ဒါပေမဲ့ လူတစ်ယောက်မှာ အကျင့်စာရိတ္တမရှိဘူးတဲ့၊ ကိုယ်မှားမှန်းသိနေရက်နဲ့ ဘာလို့ ကိုယ့်အမှားကိုယ် မပြင်ဘဲ ကျွန်တော့် အစ်မကို အပြစ်တင်နေရတာလဲ"

ကမ်းချန်အန်းမှာ အလင်းပြခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ မတ်တပ်ရပ်ကာ အဘွားကမ်းကို တွဲထူလျက် ပြောသည်။

"အမေ... ကျွန်တော်တို့ အရင်ထွက်သွားကြရအောင်၊ ကျွန် တော်တို့ သေသေချာချာ နောင်တရနေသရွေ့ လန်အာက တစ်နေ့နေ့ကျရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးမှာပါလို့ ယုံကြည်ပါတယ်"

လန်အာဟူသော စကားလုံးက ကျောက်သခင်မ၏ မျက်လုံးများကို နီရဲလာစေသည်။ သူတို့သည် နှစ်ပေါင်းများစွာ လင်မယားအဖြစ် နေထိုင်ခဲ့ကြပြီး သူမသည် အသည်းနှလုံးမရှိသူမဟုတ်သလို သစ်တုံးတစ်တုံး မဟုတ်ပေ။

သူမ ဘယ်လိုလုပ် သူ့အပေါ် ခံစားချက်မရှိဘဲ နေနိုင်မည်နည်း။ သူက သူမကို အလွန်အမင်းနာကျင်အောင် လုပ်ခဲ့လွန်း၍သာ ဖြစ်ပေသည်။

အဘွားကမ်း "ဒါပေမဲ့ ငါတို့ ထွက်သွားရင် ယောင်ဟယ် ဘယ်လိုလုပ်မလဲ"

ကမ်းချန်ချန် မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။

"ရှင့်မှာ မြေးတွေရှိသေးတယ် မဟုတ်ဘူးလား၊ ယောင်ဟယ်က သေချာပေါက် ကျွန်မအမေနဲ့ နေမှာပေါ့"

ထိုမြေးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကမ်းအဘွားအိုမှာ အံကြိတ်မိလေတော့သည်။ ချိုက်ရှန်းအာ ဇာစ်မြစ်အမှန်ကို သိရှိလိုက်ရကတည်းက သူမသည် ထိုမြေးများမှာ ကမ်းချန်အန်း ကလေးများ ဟုတ်၊ မဟုတ်ဆိုသည်ကို စတင်သံသယဝင်နေခဲ့ပြီဖြစ်သည်။

ကျောက်သခင်မသည် သူမ မျက်ရည်များကို ပဝါဖြင့် သုတ်လိုက်ကာ "ယောင်ဟယ် ရှင်တို့ဆီ အလည်လာဖို့ အချိန်ရအောင် ကျွန်မ သေချာစီစဉ်ပေးပါ့မယ်"

ကမ်းယောင်ဟယ်က ပြောသည်။

"အဘွား... စိတ်မပူဘဲ သွားပါတော့"

မိသားစုပြဿနာများ ပြေလည်သွားပြီးနောက် ကန်ရှီးအုပ် ချုပ်သည့် အနှစ်ငါးဆယ်မြောက် နှစ်သစ်ကူးနေ့တွင် စံအိမ်သို့ ဧည့်သည်အသစ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုသည်မှာ ဖူကျင်း ညီမဖြစ်သူ ချွမ်းကျူးပင်။

ချွမ်းကျူးသည် ဖူကျင်းထက် အသက်ဆယ်နှစ်ငယ်ပြီး ကမ်းချန်ချန်ထက် အသက်နှစ်နှစ် ငယ်သော်လည်း သူမသည် အသက်နှစ်ဆယ် ရှိနေပြီဖြစ်သည်။

သူမသည် တစ်ချိန်က ဖူကျင်းဖအေတူမအေကွဲ ညီမဖြစ်ခဲ့သော်လည်း ဖူကျင်း မိခင်မှာ ပြီးခဲ့သောလက ကွယ်လွန်သွားခဲ့ပြီး ဖူကျင်းဖခင်က ချွမ်းကျူး မိခင်ကို ရက်ပိုင်းအတွင်းမှာပင် ပဏာမဇနီးနေရာသို့ တင်မြှောက်ခဲ့သည်။

ထို့ကြောင့် ချွမ်းကျူး အဆင့်အတန်းမှာလည်း အလိုက်သင့် မြင့်တက်သွားကာ ကိုယ်လုပ်‌တော်ဖွားမှ ပဏာမသမီးဖြစ် လာခဲ့သည်။ သူမ ရုတ်တရက် အာဏာရလာမှုကြောင့် ဖ ဝင့်ကြွားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အခြားသူများကို အထင်အမြင်သေးတတ်လာသည်။

စံအိမ်ရှိ နံနက်ခင်း တွေ့ဆုံပွဲအတွင်း ဖူကျင်းထိုင်၍ စကား ပြောနေစဉ် သူမက ဘေးတွင်ရပ်ကာ ကမ်းချန်ချန်နှင့် အခြားသူများကို အထင်အမြင်သေးသော အကြည့်ဖြင့် ငုံ့ကြည့်နေသည်။

လီစဲဖူက နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလျက် "ဒါက ချွမ်းကျူးဖြစ်ရမယ် မဟုတ်လား၊ သူမက ပုလဲတစ်လုံးလို လှပပြီး အရင်တုန်းက ဖူကျင်းထက်တောင် ပိုပြီး တောက်ပနေသေးတယ်"

ထိုစကားကို ကြားသောအခါ ဖူကျင်းသည် မကျေနပ်သော မျက်နှာအမူအရာဖြင့် လီစဲဖူကို စူးစိုက်ကြည့်သည်။ သို့သော် ချွမ်းကျူး အလွန်ကျေနပ်သွားသည်။

"အိုးမမဝဝ... နင်က အမြင်တော်တော် ရှိတာပဲ"

လီစဲဖူ မျက်နှာ အေးစက်သွားသည်။

"နင် ဘာပြောလိုက်တယ်"

ဖူကျင်း မျက်မှောင်ကြုတ်ကာ ဆူပူသည်။

"ချွမ်းကျူး၊ စဲဖူကို မရိုင်းစိုင်းနဲ့"

ချွမ်းကျူးက ပြောသည်။

"စဲဖူ ဟုတ်လား၊ ကျဲ... ကျဲက ဖူကျင်းလေ၊ ဘာလို့ သူ့ကို ကြောက်နေရတာလဲ"

လီစဲဖူ "စဲဖူဆိုတာလည်း မင်းသားရဲ့ကိုယ်လုပ်တော်ပဲ၊ ပြီးတော့ သူမက မျိုးရိုးစဉ်ဆက် မှတ်တမ်းထဲမှာ စာရင်းသွင်းထားတဲ့ တော်ဝင်မယားတစ်ယောက်ပဲ၊ နင်က ငါ့ကိုပဲ အထင် သေးတာလား၊ ဒါမှမဟုတ် တော်ဝင်မိသားစုကိုပါ အထင် သေးတာလား"

ထိုစကားကို ကြားသောအခါ ချွမ်းကျူး မျက်နှာဖြူရော်သွားသော်လည်း တည်ငြိမ်ရန် အတင်းကြိုးစားသည်။

"ဟွန်း... ငါက နင့်ကို နောက်နေရုံပါ၊ နင့်ရဲ့ သေးသိမ်တဲ့ စိတ် ထားကြောင့်ပဲ ခဲအိုက နင့်ကို လျစ်လျူရှုထားတာ အံ့သြစရာမရှိပါဘူး"

ဤသည်ကို ကြားသောအခါ လီစဲဖူမှာ ပိုရယ်စရာကောင်းနေသည်ဟု ထင်မိသည်။ သူမ မျက်နှာသာမရလျှင်ပင် ဖူကျင်းထက်များစွာ ပိုအခြေအနေကောင်းနေသေးသည်ကို ဖူကျင်း၏ညီမက သူမကို လှောင်ပြောင်ရဲရသနည်း။

ဖူကျင်း "ချွမ်းကျူး... နင် အခန်းကို ပြန်သွားတော့၊ အပြင်မထွက်ခဲ့နဲ့"

ချွမ်းကျူး ကိုယ်ကို လှုပ်ယမ်းကာ ညည်းတွားလာသည်။

"လုံး၀ မပြန်ဘူး၊ ကျွန်မက အရှက်ရစရာ ကိစ္စပြောတာမှ မဟုတ်တာ"

လီစဲဖူ "နင်က အသက် ၂၀ ရှိနေပြီ၊ အခုထိ အိမ်ထောင်မပြုရသေးဘူး၊ ဘယ်သူမှ နင့်ကို မလိုချင်လို့လား"

ချွမ်းကျူး မျက်လုံးလှန်ကာ ပြောသည်။

"အိမ်ထောင်ပြုဖို့ ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ အိမ်ထောင်မပြုနိုင်တာမှ မဟုတ်တာ၊ ကျွန်မမိသားစုက ကျွန်မအတွက် အိမ်ထောင်ဖက် စီစဉ်ပေးခဲ့ပါတယ်၊

ဒါပေမဲ့ အဲဒီအရာရှိရဲ့ သားက တိုင်းပြည်စာမေးပွဲအောင်ပြီးတဲ့နောက် သူ့ရဲ့ မူလဇာစ်မြစ်ကို မေ့သွားပြီး သူ့ရဲ့ ဝမ်းကွဲညီမနဲ့ လက်ထပ်ဖို့ စေ့စပ်ထားတာကို အတင်းဖျက်ခဲ့တာ၊ အဲဒါကြောင့်ပဲ ကြန့်ကြာသွားတာ... နှစ်တွေအများကြီး ကြာသွားခဲ့ပြီ"

လီစဲဖူက ရယ်မောကာပြောသည်။

"ဒီလိုကိုး၊ နင်တို့ ဝမ်းကွဲမောင်နှမတွေဆိုတော့ ငယ်သူငယ် ချင်းတွေ ဖြစ်ပြီး တကယ် ချစ်ကြတာနေမှာပေါ့၊ ဒီလို သံယောဇဉ်မျိုးက တကယ့်ကို ရှားတယ်"

ချွမ်းကျူး "ငယ်သူငယ်ချင်းတိုင်း အတူတူနေရမယ်လို့ ရှိလို့လား၊ ကျွန်မက မင်းသားဆယ့်သုံး၊ မင်းသားဆယ့်လေးတို့နဲ့ ငယ်သူငယ်ချင်းတွေပဲ၊ ဒါပေမဲ့ ကျွန်မကို လက်ထပ်ဖို့ သူတို့ကို မတောင်းဆိုခဲ့ပါဘူး၊ အိမ်ထောင်ရှိတဲ့ ယောကျ်ားတွေကို မြှူဆွယ်တယ်ဆိုတာ အရှက်မရှိလို့လေ"

[အဲဒီအိမ်ထောင်ရေးက နင် နန်းတွင်းကိုယ်လုပ်တော်ရွေး ချယ်ပွဲကို ရှောင်လွှဲနိုင်ဖို့အတွက် အလောတကြီး စီစဉ်ခဲ့ရတာလေ နင်က သူကို သဘောတောင်မကျဘဲနဲ့ အခုတော့ သူ စကားရုပ်သိမ်းသွားလို့ အပြစ်တင်နေတာလား]

ဖူကျင်း စိတ်လေစွာဖြင့် "အဲဒီအချိန်တုန်းက နင်တို့ စေ့စပ်ရုံပဲ ရှိသေးတာ၊ အိမ်ထောင်မပြုရသေးဘူးလေ၊ အိမ်ထောင်ရှိတဲ့ ယောကျ်ားဆိုတာ ဘာကိုဆိုလိုတာလဲ၊ နင်က မင်းသားနှစ်ပါးနဲ့ ငယ်သူငယ်ချင်းတွေပါလို့ ဘယ်တုန်းကများ ပြောဖူးလို့လဲ၊ နင်က မိန်းမပျိုလေးတစ်ယောက်လေ၊ နင့်ရဲ့ ဂုဏ်သိက္ခာကို နင် ဂရုမစိုက်ဘူးလား"

ချွမ်းကျူး မပျော်မရွှင်ဖြင့် နှုတ်ခမ်းဆူကာ "ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ကျွန်မက နစ်နာသူ တစ်ယောက်ပဲ"

ကမ်းချန်ချန်သည် အစက တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေချင်ရုံသာဖြစ်ပြီး ပြဿနာက သူမကို မထိခိုက်သရွေ့တော့ သူမ ဘယ်သောအခါမှ တက်ကြွစွာဝင်ရှာမည် မဟုတ်ပေ။

ဤအချိန်မှာပင် သူမသည် ရုတ်တရက် ဗိုက်ထဲတွင် နေလို့မကောင်းဖြစ်လာပြီး ပျို့တက်လာကာ ခြောက်ကပ်ကပ် အန်ချင်လာမည်ဟု သူမ ကြိုမသိခဲ့ချေ။

All Chapters