အခန်း ၁၆၉
Vol. 17 Ch. 169
🌻 Chapter 169
ဤသည်က ချက်ချင်းပင် လူတိုင်း အာရုံကို ဖမ်းစားသွားသည်။ စုယန်က ဦးစွာမေးသည်။
"မနက်စာ မစားရသေးလို့ ဗိုက်ထဲမှာ နေရခက်နေတာလား"
ကမ်းချန်ချန် ခေါင်းယမ်းပြီး ပါးစပ်ဟလိုက်သော်လည်း အကြိမ်အနည်းငယ်မျှ အန်ချင်သလို ဖြစ်သွားပြန်သည်။ ဟွာယွီက သူမ ကျောကို ပွတ်သပ်ပေးကာ စိုးရိမ်တကြီးဖြင့်ပြောသည်။
"စဲဖူ ဒီမနက် အရမ်းအဆီများတာ ဘာမှ မစားရသေးပါဘူး"
လီစဲဖူ "ကိုယ်ဝန်ရှိနေတာများလား"
ထိုသို့ပြောပြီးနောက် သူမကိုယ်တိုင်ပင် သိပ်မယုံကြည်လှပေ။ ကမ်းချန်ချန်သည် နှစ်ပေါင်းများစွာ မျက်နှာသာပေးခံခဲ့ရသော်လည်း ဘယ်သောအခါမှ ကိုယ်ဝန်မရခဲ့ပေ။
ယင်ကျန်းက စံအိမ်အတွင်း ဤကိစ္စကို ဆွေးနွေးခြင်းမှ တားမြစ်ထားသော်လည်း လူတိုင်းက ပွင့်ပွင့်လင်းလင်းမပြောကြသော်ငြား ကမ်းချန်ချန်တွင် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေသည်ဟု တိတ်တဆိတ် သံသယရှိနေကြသည်။
လီစဲဖူ မျက်နှာသာရခဲ့ချိန်ကဆိုလျှင် သူမက ကလေးသုံးယောက်တောင် မွေးဖွားခဲ့ခြင်း မဟုတ်ပါလော...
ဖူကျင်းသည် ဤစကားကိုကြားသောအခါ မပျော်ရွှင်လှသော်လည်း အလွန်အမင်း ဝမ်းနည်းသွားခြင်းမျိုးလည်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချွမ်းကျူး မျက်နှာမှာပျက် ယွင်းသွားပြီး ကမ်းချန်ချန်ကို စူးစိုက်ကြည့်နေသည်။
ကမ်းချန်ချန်သည် အချိန်ကာလကို တွက်ချက်ကြည့်လိုက်ရာ သူမခန္ဓာကိုယ်ထဲရှိ ကတိုးနံ့သာ အာနိသင်များအပြည့်အဝနီးပါး ကင်းစင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ပြောလေသညိ။
"အားလုံးပဲ ကျွန်မအတွက် စိတ်မပူကြပါနဲ့ ဘာပဲဖြစ်ဖြစ် ခဏနေကျရင် သမားတော်တစ်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်ပါ့မယ်"
ဖူကျင်း ပျင်းရိလေးတွဲ့စွာဖြင့် "ဟုတ်ပေါ့၊ ကဲ... ဒီနေ့ အား လုံးလည်း ပင်ပန်းနေကြပြီဆိုတော့ အားလုံးပြန်လို့ရပြီ"
မိခင်ဖြစ်သူဟုန်ဟွေ့ သေဆုံးသွားသဖြင့် သူမစိတ်မှာ သေဆုံးသွားခဲ့ကာ သူမဘဝတွင် အရေးအကြီးဆုံး လူနှစ်ယောက်စလုံး ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။ ထို့အပြင် သူမ ငယ်ရွယ်စဉ်ကတည်းက မြတ်နိုးအားကျခဲ့ရသော လူငယ်လေးကလည်း သူမကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။
အရေးအကြီးဆုံးမှာ ယင်ကျန်း မွေးနေ့ပွဲတော်တွင် ဖြစ်ပွားခဲ့သော ထိုစကားဝိုင်းအပြီးတွင် သူမ နှစ်ပေါင်းများစွာမြတ်နိုးအားကျခဲ့ရသော အမျိုးသားသည် သတ္တိကြောင်သူတစ်ယောက်ဖြစ်နေကြောင်း သူမ သိရှိလိုက်ရခြင်းကသ်။
သူသည် မည်သည့်အရာကိုမျှ မခုခံရဲဘဲ သူမကို စတုတ္ထအစ်ကိုတော်ဇနီးဟုသာ ခေါ်ဝေါ်ခဲ့သည်။ သူ နှုတ်ခမ်းများမှ သူမနာမည်ကို ကြားရဖို့က ဒီလောက်တောင် ခက်ခဲနေလို့လား...
ဖူကျင်းသည် အလွန်အမင်းပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသည်။ ယခုအခါ သူမသည် မိသားစုတွင် တစ်ဦးတည်းသော ပဏာမဇနီး၏သမီး မဟုတ်တော့ပေ။ ချွမ်းကျူး မိခင် အာဏာရလာခဲ့ပြီး ကိုယ်လုပ်တော်သမီးဖြစ်သူ ချွမ်းကျူးက သူမနှင့် တန်းတူအခွင့်အရေး ရရှိလာမည့်နေ့တစ်နေ့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။ ထို့အပြင် ချွမ်းကျူးတွင် မောင်လေးတစ်ယောက်လည်း ရှိသေးသည်။ သူမမှာ အားကိုးစရာ ဘယ်သူမှ မရှိတော့ပေ။
တစ်ကိုယ်ကောင်းဆန်ပြီး အသည်းနှလုံးမရှိသော ထိုဖခင်နှင့် နှစ်ပေါင်းများစွာ ကုတင်တစ်လုံးတည်း အတူအိပ်ပြီး အိပ် မက်များကွဲပြားနေခဲ့ရသော ထိုခင်ပွန်းဖြစ်သူတို့ နှစ်ယောက်စလုံးသည် အသည်းနှလုံးမရှိသူများသာ။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယင်ကျန်းက အနည်းငယ် ပိုကောင်းပါသေးသည်။ အနည်းဆုံးတော့ သူက ဇနီးထက် ကိုယ်လုပ်တော်များကို ပိုမျက်နှာသာပေးခြင်းမျိုး မရှိခဲ့ပေ။ ပြီးခဲ့သောနှစ်များတစ်လျှောက်လုံး သူက သူမကို မျက်နှာသာမပေးခဲ့သော်လည်း တရားဝင်ဇနီးဖြစ်သော သူမကို လုံလောက်သော ဂုဏ်သိက္ခာနှင့် လေးစားမှုတို့ကို ပေးအပ်ခဲ့သေးသည်။
"ကျဲ... ကျဲ၊ ဒါက ဘာလေးလဲ၊ အရမ်းလှတာပဲ၊ ခဲအို အစ်မကို ပေးထားတာလား"
ချွမ်းကျူး စိတ်လှုပ်ရှားစွာဖြင့် စကာ ဖောင်ဖွဲ့နေသည်။ သူမက ရိုးအလွန်းပြီး အလှဆင်ပစ္စည်းလေးတစ်ခုကို မြင်ရုံနှင့် စိတ်လှုပ်ရှားနေသည်။
ဖူကျင်းသည် ဤညီမဖြစ်သူကို အထူးတလည် သဘောမကျသော်လည်း သူမသည် အမြဲတမ်း အကျင့်စာရိတ္တကောင်းမွန်ပြီး နူးညံ့သိမ်မွေ့သော အမူအရာကို ထိန်းသိမ်းထားလေ့ရှိရာ မင်းသားစံအိမ်နှင့် သူမ ကိုယ်ပိုင်မိသားစု နှစ်ဖက်စလုံးထံမှ ချီးကျူးမှုများကို ရရှိခဲ့သည်။
ထို့ကြောင့် သူမက ညင်သာစွာပင် "ဒါက ဒီနေ့မနက် တွေ့ဆုံပွဲမှာ အန်ချင်သလို ဖြစ်သွားတဲ့ ကမ်းစဲဖူ ပေးထားတာ၊ ခေါင်ရန်းပန်းရောင် အပေါ်ဝတ်အင်္ကျီ ဝတ်ထားတဲ့ တစ်ယောက်လေ"
ခေါင်ရန်းပန်းရောင်...
လွန်ခဲ့သောနှစ်များစွာက သူမ နှင်းထဲတွင် အအေးဒဏ်ကြောင့် သတိလစ်သွားပြီးနောက် သူမက ကမ်းချန်ချန်ကို အပေါ်ဝတ်အင်္ကျီ နှစ်ထည် ပေးခဲ့ဖူးသည်။
ကမ်းချန်ချန် နေပြန်ကောင်းလာပြီးနောက် ထိုခေါင်ရန်းပန်းရောင် ယုန်မွေးခြုံထည်ကို ဝတ်ဆင်ကာ နံနက်ခင်း တွေ့ဆုံပွဲသို့ တက်ရောက်လာချိန်တွင် သူမသည် အမှန်ပင် မျက်စိပသာဒဖြစ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
သူမသည် သတိထားနေဆဲဖြစ်ပြီး ကြောက်ရွံ့နေပုံပေါ်သော် လည်း သူမ မျက်လုံးများထဲတွင် ခေါင်းမာသော အရိပ်အ ယောင်တစ်ခုက တောက်ပနေခဲ့သည်။ ထိုမိန်းကလေးမှာ ပြောင်းလဲသွားသည်။
သူမတွင် မလုံခြုံမှုတွေ မရှိတော့ဘဲ ပိုမိုပွင့်လင်းကာယုံ ကြည်မှု ရှိလာသည်။ ထိုအရာ စတုတ္ထမင်းသား အဘယ့်ကြောင့် သူမကို စိတ်ဝင်စားခဲ့သလဲဆိုသည်ကို ရှင်းပြနေသည်။
ကမ်းချန်ချန်အကြောင်း တွေးမိသောအခါ ချွမ်းကျူးက မပျော်မရွှင်ဖြင့် နှုတ်ခမ်းဆူမိသည်။
"ကျဲ... သူမ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလို့ ကျဲ ထင်လား"
ဖူကျင်းသည် သူမ အမူအရာကို အနည်းငယ် နားမလည်နိုင်သလို ဖြစ်သွားသော်လည်း ပြန်ဖြေသည်။
"မကြာခင် သတင်းကြားရမှာပါ၊ ဒါပေမဲ့ သူမ ကိုယ်ဝန်ရှိနေရင်တောင်မှ ငါ့ရဲ့ နေရာကို ကျော်လွန်သွားမှာ မဟုတ်ပါဘူး"
ချွမ်းကျူး "ပြီးခဲ့တဲ့နှစ်တွေမှာ သူမက မျက်နှာသာအပေးခံရဆုံးဆို၊ ကျဲ ဘာလို့ သူမကို ပညာမပေးခဲ့တာလဲ"
ဖူကျင်း အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဤညီမဖြစ်သူမှာ ကျင့်ဝတ်စည်းကမ်း နားမလည်ရုံသာမက သူမကိုပင် မည်သို့ နေထိုင်ရမည်ကို သင်ပေးရန် ကြိုးစားနေသေးသည်။
"ဘာ ပညာပေးရမှာလဲ၊ ပဏာမဇနီး ဖူကျင်းတစ်ယောက်အနေနဲ့ နောက်ဆောင်အတွင်းပိုင်း ငြိမ်းချမ်းရေးကိုထိန်း သိမ်းရမှာ ငါ့ရဲ့ တာဝန်ပဲ၊ ယောကျ်ားတစ်ယောက်ရဲ့ မျက်နှာသာရဖို့အတွက် အသေအလဲတိုက်ခိုက်ပြီး ကိုယ့်စိတ်ကိုယ် အသိလွတ်သွားတာက သဝန်တိုတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံပဲ၊ အဲ့တာ ငါ့ပုံစံမဟုတ်ဘူး"
သူမက သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ်ထားနိုင်သော်လည်း နည်းလမ်းပေါင်းစုံကို အသုံးပြုရန် ပျင်းရိနေသည်။ အဓိကအားဖြင့် ယင်ကျန်းသည် ပါးနပ်သော အမျိုးသားတစ်ဦးဖြစ်ရာ သူမ ပိုလုပ်လေလေ သူက သူ အမှားများကို ပိုရှာတွေ့နိုင်လေလေဖြစ်မည်။ သူမ ဘာမှမလုပ်လျှင်ပင် တစ်သက်လုံး ဖူကျင်းအဖြစ် ဆက်နေနိုင်မည်ဖြစ်ပြီး သူမ ပိုလုပ်လေလေ ရာထူးကျသွားနိုင်ခြေ ပိုများလေလေဖြစ်မည်။
သူသည် ယခုအခါ ချင်ဝမ် (ပထမအဆင့်မင်းသား) တစ်ပါးဖြစ်နေပြီဖြစ်ပြီး ယခင်ကလို ပေလဲ့ (ဒုတိယအဆင့်မင်းသား) အဆင့်မျှသာ မဟုတ်တော့ပေ။
လောလောဆယ်တွင် တတိယ၊ စတုတ္ထနှင့် ပဉ္စမမင်းသားတို့သာလျှင် ချင်ဝမ်များဖြစ်ကြသည်။ ယင်ကျန်းသည် အိမ်ရှေ့စံမင်းသားအပေါ် သစ္စာရှိနေဆဲဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသားသာ ထီးနန်းကို အောင်မြင်စွာဆက်ခံနိုင်ခဲ့ပါက သူတို့ မိသားစုအခြေအနေမှာ ဆိုးရွားသွားမည် မဟုတ်ဘဲ မျိုးရိုးစဉ်ဆက် ချင်ဝမ်မင်းသားများဖြစ်လာနိုင်ပေသည်။
ဟုန်ဟွေ့ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့သည်မှာ နှမြောစရာပင်။ ဟွန့်... လီစဲဖူရဲ့ သားက အဲဒီကနေ အကျိုးအမြတ် ရသွားတာပေါ့...
ချွမ်းကျူး အနေရခက်စွာဖြင့် ပြောသည်။
"ကျဲပြောတာ မှန်ပါတယ်၊ ကျဲက အဆင့်အတန်းရှိတဲ့ သူတစ်ယောက်ပဲ၊ ဘာလို့များ အောက်တန်းစား အစေခံသမီးတစ်ယောက်နဲ့ မျက်နှာသာရဖို့ ယှဉ်ပြိုင်နေရမှာလဲ"
ဖူကျင်းသည် သူမကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
"အပြင်ထွက် ဆော့ချေ၊ ချောင်ယင်းကို နင့်ကို လိုက်ပြခိုင်းလိုက်"
"ကောင်းပါပြီ၊ ကျွန်မက မင်းသားစံအိမ်ကို အလည်လာချင်နေတာ ကြာပြီ"
ချွမ်းကျူးမှာ ပျော်လွန်း၍ ခုန်ပေါက်လုမတတ်ဖြစ်သွားသည်။ ဖူကျင်းက နှုတ်ခမ်းကိုမဲ့မိသွားသည်။ သူမ မိခင်နှင့် ချွမ်းကျူး မိခင်တို့ကြားရှိ ပြိုင်ဆိုင်မှုများကြောင့် သူမနှင့် ချွမ်းကျူးတို့ကြားတွင် ဆက်ဆံရေးသိပ်မကောင်းခဲ့ပေ။ ချွမ်းကျူးက စံအိမ်ကို တစ်ခါမှ မရောက်ဖူးခဲ့ဘူးသဖြင့် စိတ်လှုပ် ရှားနေစရာ မလိုပါဘူး မဟုတ်လား။
"ဂုဏ်ယူပါတယ် စဲဖူ၊ ကိုယ်ဝန်ရှိနေပါပြီ"
"တကယ်လား"
ကမ်းချန်ချန်မှာ အလွန်ဝမ်းသာသွားသည်။ သူမ ဤလောကထဲသို့ စတင်ရောက်ရှိလာချိန်က ကလေးယူရန် အစီအစဉ်မရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ သူမသည် အသက်သွေးကြောအသစ်တစ်ခုကို မျှော်လင့်တောင့် တနေမိသည်။
အထူးသဖြင့် ကတိုးနံ့သာ ကိစ္စကြောင့် သူမသည် ဆုံးရှုံးသွားသောအရာတစ်ခုကို ပြန်လည်ရရှိလိုက်သလို ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ယွင်ကျွမ်းပင်လျှင် ပျော်ရွှင်မှုမျက်ရည်များ ကျလာသည်။
"အရမ်းကောင်းတာပဲ စဲဖူရယ်၊ မဟုတ်ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် နေ့ရောညပါ အပြစ်တင်နေမိမှာ"
ဟွာယွီက နောက်ပြောင်လာသည်။
"အဲဒီလို ဖြစ်လာမယ်လို့ မထင်ထားဘူး၊ နင်က စဲဖူမှာ ကလေးရသွားရင် နင့်ကို ဂရုမစိုက်တော့မှာကို အမြဲတမ်း စိုးရိမ်နေခဲ့တာ မဟုတ်ဘူးလား"
ယွင်ကျွမ်း သူမနောက်သို့ လိုက်ရိုက်သည်။
"နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ"
ဟွာယွီက ဟွာစန်းအနောက်သို့ ဝင်ပုန်းလိုက်ရာ ယွင်ကျွမ်းက ပြောသည်။
"ဟွာစန်း... သူမကို ဖမ်းပေး၊ နင့်ကို ထင်းရှူးစေ့ သကြားလုံး တစ်သေတ္တာ ပေးမယ်"
ဟွာယွီ "ဟွာစန်း... ငါ့ကို ကာကွယ်ပေး၊ နင့်ကို စာချီမာ တစ်ပန်းကန်ပေးမယ်"
ဟွာစန်းမှာ ဘာလုပ်ရမှန်းမသိ အခက်တွေ့သွားပြီး ကမ်းချန်ချန်ကို လှမ်းကြည့်လေသည်။ ကမ်းချန်ချန်က ရယ်မောလာသည်။
"ကလေးတွေမှပဲ ရွေးချယ်မှု လုပ်ကြတာလေ"
ယွင်ရှု ဝင်လာပြီး ကမ်းချန်ချန်ရှေ့တွင် ဒူးထောက်လာသည်။
"စဲဖူ... ကျွန်မကတော့ မထွက်သွားဖို့ ရွေးချယ်လိုက်ပါပြီ၊ အခုအချိန်မှာ စဲဖူကို ပြုစုဖို့ လူအလိုအပ်ဆုံး အချိန်ပဲဆိုတော့ ကျွန်မ အိမ်ထောင်မပြုတော့ဘူး"