← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

🌻 Chapter 171

မင်းသားဆယ့်သုံးက ထောက်ခံလိုက်သည်ကို ကြားသော အခါ ချွမ်းကျူးက သူမမေးစေ့ကို ဝင့်ကြွားစွာ မော့လာသည်။

"ဟုတ်တယ်၊ ကျွန်မတို့က ညီအစ်ကိုတွေလိုပဲ၊ ကျွန်မတို့ တစ်ညလုံး ဝါးရွက်လှုပ်သံတွေကို နားထောင်တာ၊ နှင်းကျတာကို ကြည့်ပြီ၊ လမင်းကို ငေးရင်း အရက်တူတူ သောက်ခဲ့ကြတာ၊ တကယ့်ကို ပျော်စရာ‌ကောင်းလွန်းတယ်"

ယင်ကျန်း နှုတ်ခမ်းများ တောင့်တင်းသွားပြီး တံခါးဝရှိ မိန်းမစိုးကို အမိန့်ပေးလေသည်။

"သူမကို ပြန်ခေါ်သွားပြီး ဖူကျင်းဆီ ပို့လိုက်၊ ပြီးတော့ သူမ ပြောခဲ့တာတွေကိုပါ ဖူကျင်းကို ပြန်ပြောပြလိုက်"

"ဟေး၊ ဘာလို့ ကျွန်မကို ခေါ်သွားတာလဲ၊ မင်းသားဆယ့်သုံးနဲ့ စကားပြောလို့မှ မဝသေးတာကို၊ ရှင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ"

ချွမ်းကျူး အော်ဟစ်ရုန်းကန်နေသော်လည်း ပါးစပ်ကို ပိတ်ဆို့ခံလိုက်ရပြီး ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

သူတို့နှစ်ယောက် စာကြည့်ဆောင်ထဲသို့ ဝင်လာကြသည်။ ယင်ကျန်းက မင်းသားဆယ့်သုံးကို စူးစိုက်ကြည့်ကာ မေးသည်။

"ညီတော်ဆယ့်သုံး... မင်း သရဲပူးနေတာလား"

မင်းသားဆယ့်သုံးက ခေါင်းယမ်းကာ

"စတုတ္ထအစ်ကိုတော်... ဘာလို့ သရဲ ကိစ္စတွေကို ထပ်ပြောနေရတာလဲ၊ ကျွန်တော် ဒီလိုကိစ္စတွေကို သိပ်မယုံဘူးလေ"

သူ ယခင်က မယုံကြည်ခဲ့ပေ။ သို့သော် တစ်နှစ်ကျော်ကြာ အကျဉ်းချခံရမှု၊ ဧကရာဇ်မင်းမြတ် မျက်နှာသာပေးမှုနှင့် လျစ်လျူရှုခံရမှုတို့ကို ခံစားခဲ့ရပြီးနောက် အမြင့်ဆုံးသို့ မြှောက်တင်ခံရပြီး အောက်ဆုံးသို့ ပြင်းထန်စွာ ဆွဲချခံရချိန် ဤလောကတွင် သူ ယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူမှာ သူ့ စတုတ္ထအစ်ကို‌တော်သာ ဖြစ်တော့သည်။

ယင်ကျန်း "အစတုန်းက ငါလည်း အဲဒါတွေကို မယုံခဲ့ပါဘူး၊ ဒါပေမဲ့ မင်းက လွတ်လွတ်လပ်လပ် နေတတ်ပေမဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း လိုက်နာတဲ့သူပဲ၊ ဘယ်လိုလုပ်ပြီး သန်းခေါင်ယံအချိန်ကြီးမှာ အဲဒီလို..."

မင်းသားဆယ့်သုံး မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။

"စတုတ္ထအစ်ကို‌တော်... သူမ အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ခံစားချက်က အစ်ကို‌တော် ထင်နေသလိုမျိုး မဟုတ်ပါဘူး၊ ကျွန်တော် ဒီလိုလုပ်ရတဲ့ အကြောင်းရင်း ရှိပါတယ်"

ဘာ အကြောင်းရင်းလဲ၊ ညီတော်ဆယ့်သုံးက ဘာလို့ ဒီလောက် တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ စကားပြောနေရတာလဲ...

ယင်ရှန် ပိုပြီးပါးနပ်လာပြီဖြစ်ကြောင်း ယင်ကျန်း သတိပြုမိသည်။ သို့သော် ဤသည်က ကောင်းသောအရာဖြစ်သည်။

သူ မပြောချင်ဘူးဆိုမှတော့ ယင်ကျန်းလည်း အတင်းအဓမ္မ မမေးတော့ပေ။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို လေးစားရမည်ဖြစ်သည်။

တကယ်လို့ ယင်ရှန်က ဖူကျင်းရဲ့ ညီမအပေါ် တကယ် ခံစားချက်ရှိနေရင်တောင် သူမကို လက်ထပ်ယူလို့ ရတာပဲ၊ ဘာပဲဖြစ်ဖြစ် သူမက ဖူကျင်းရဲ့ မိသားစုက အမျိုးသမီးတစ်ယောက်ဆိုတော့ အဲဒီနည်းနဲ့ ညီအစ်ကိုနှစ်ယောက် ပိုပြီး ရင်းနှီးသွားနိုင်တာပေါ့...

ယင်ကျန်း နားလည်စွာဖြင့် သူ့ ပခုံးကို ပုတ်ကာ ရယ်မောလျက်ပြောသည်။

"ဟင်းတွေ အေးကုန်တော့မယ်၊ အရင် စားကြရအောင်၊ စားပြီးရင် မင်းကို ပြောပြစရာ သတင်းကောင်းတစ်ခု ရှိတယ်"

မင်းသားဆယ့်သုံးက "ဘာသတင်းကောင်းလဲ၊ အမြန်ပြောပြပါ၊ ဒါမှ ကျွန်တော် ထမင်း နှစ်ပန်းကန်လောက် ပိုစားနိုင်မှာ"

"ကမ်းစဲဖူ ကိုယ်ဝန်ရှိနေပြီ"

မင်းသားဆယ့်သုံးက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြေ သည်။

"ကိုယ်ဝန်ရှိနေတာလား၊ စံအိမ်ထဲက လူတိုင်းဝမ်းသာပီတိ ဖြစ်နေကြတာ အံ့သြစရာမရှိတော့ပါဘူး၊ ဒါဆို စတုတ္ထအစ် ကို‌တော်ကို ဂုဏ်ပြုရမှာပေါ့"

ချွမ်းကျူးသည် ဖူကျင်း အဆောင်သို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရလေသည်။ အဖြစ်အပျက်တစ်ခုလုံးကို ကြားပြီးနောက် ဖူကျင်းက အေးစက်စွာ အမိန့်ပေးသည်။

"ဒူးထောက်လိုက်စမ်း"

ချွမ်းကျူး ဒူးမထောက်ဘဲ မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။

"ကျဲ"

ဖူကျင်း "နင်က ငါ့ကို နင့်ကျဲလို့ သတ်မှတ်ထားသေးတာလား၊ နင်က ဘယ်လိုလုပ် စတုတ္ထမင်းသားကို တိုက်ရိုက်သွားရန်စရဲတာလဲ၊ ဒီအတွင်းဆောင်မှာ နင့်အတွက် နေရာမရှိတော့ဘူးလား"

ချွမ်းကျူး ပွစိပွစိဖြင့် ပြန်ပြောသည်။

"ကျွန်မက မင်းသားဆယ့်သုံးနဲ့ပဲ ရင်းနှီးတာပါ၊ စတုတ္ထမင်း သားက မင်းသားတစ်ပါးလေ၊ ကျွန်မလို မိန်းမတစ်ယောက်အပေါ် ဘာလို့ အငြိုးထားရမှာလဲ၊ သူက တိုက်ရိုက် အပြစ်မပေးဘဲ ကျဲဆီကို လွှဲပေးလိုက်တာက ကျွန်မအပေါ် ဒေါသမထွက်ဘူးဆိုတဲ့ သဘောပဲလေ၊ သူက ရှက်နေလို့ မပြောရဲတာလည်း ဖြစ်နိုင်တာပဲ၊ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"

ဖူကျင်းမှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် ကျပ်သွားရသည်။ ချွေ့မားမားက အေးစက်စွာဖြင့် ၀င်ပြောသည်။

"သခင်မလေးသုံး... သခင်မလေးရဲ့ ကျင့်ဝတ်စည်းကမ်းကင်းမဲ့မှုက ကျွန်မတို့မျိုးနွယ်စုအတွက် အရှက်ရစရာပါပဲ၊ ဝူလာနာလာမျိုးနွယ်စုရဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မန်ချူးလူမျိုးတွေရဲ့ ဂုဏ်ကျက်သရေအတွက် ကြိုးစားအား ထုတ်သင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် လူရွှင်တော်ဖြစ်အောင် မလုပ်သင့်ဘူး"

ချွမ်းကျူးက လှောင်ပြောင်လာသည်။

"ယောကျ်ားတစ်ယောက်နဲ့ စကားပြောတာက အရှက်ရစရာလား၊ ငါ့ကျဲကရော အိမ်ထောင်ကျတဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ခဲအိုနဲ့ တစ်ခါမှ စကားမပြောဖူးဘူးလား၊ ငါ့ကျဲနဲ့ ငါက နှစ်ယောက်စလုံး ပဏာမဇနီးရဲ့ သမီးတွေပဲ၊ သာမန် အစေခံတစ်ယောက်ဖြစ်တဲ့ နင်က ငါ့ကို အဲဒီလိုပြောဖို့ ဘာအခွင့် အရေး ရှိလို့လဲ"

ချွေ့မားမားလည်း ဒေါသထွက်လွန်း၍ သူမကို စူးစိုက်ကြည့်နေသည်။

"သူမက ငါ့ရဲ့ အထိန်းတော်ကြီး၊ သာမန် အစေခံမဟုတ်ဘူး၊ ငါကိုယ်တိုင်တောင် သူမကို လေးစားရတယ်၊ နင့်ရဲ့ ကျင့်ဝတ်စည်းကမ်းကင်းမဲ့မှုကြောင့် နင် မနက်ဖြန် အိမ်ပြန်သင့်တယ်"

ချွမ်းကျူး ချက်ချင်းပျော့ခွေသွားကာ ဖူကျင်းရှေ့တွင် ဒူးထောက်ပြုံးလာသည်။

"ကျဲကျဲရယ်၊ ကျွန်မကို နောက်ထပ် နှစ်လလောက် နေခွင့်ပြုပါနော်၊ ကျွန်မ ကျဲနဲ့ မခွဲနိုင်လို့ပါ"

ချွေ့မားမား "ဖူကျင်းနဲ့ မခွဲရက်ဘူး ဟုတ်လား၊ ဒါဆို ဒီနေ့ နင့်ရင်ထဲမှာ မြက်ပင်တွေ ပေါက်နေသလို ဘာလို့ လျှောက်ပြေး လွှားနေတာလဲ၊ ဖူကျင်း ဘုရားဝတ်ပြုတာကိုတောင် နင် အဖော်မလုပ်ပေးခဲ့ဘူးလေ"

ဖူကျင်း အေးစက်သော မျက်နှာဖြင့် တိတ်ဆိတ်နေလေသည်။

ချွမ်းကျူး "ကျဲ သဘောမတူရင် ကျွန်မ အဖေ့ကို ထပ်တောင်းဆိုရလိမ့်မယ်၊ ကျဲ မိဘအပေါ် မသိတတ်ဘူးလို့ အမည်တပ်ခံရရင် မင်းသားစံအိမ်ရဲ့ ဖူကျင်း ဖြစ်နေရင် တောင် အစ်မအတွက် လွယ်ကူမှာ မဟုတ်ဘူးမလား"

ဖူကျင်း မျက်မှောင်ကြုတ်သွားသည်။

"နင် ငါ့ကို ခြိမ်းခြောက်နေတာလား"

ချွမ်းကျူး "ကျွန်မက ဘယ်လိုလုပ် လုပ်ရဲမှာလဲ၊ ကျွန်မတို့ရဲ့ ညီအစ်မ သံယောဇဉ်ကို ကျဲ ထည့်စဉ်းစားပေးနိုင်ဖို့ မျှော်လင့်ရုံပါ"

ဖူကျင်း "အရင်ဆုံး ဒူးထောက်ပြီး ဘုရားစာတွေ ကူးရေးလိုက်၊ စတုတ္ထမင်းသား စိတ်ပြေသွားမလားလို့ အဲဒါတွေကို သူ့ဆီ ငါ ယူသွားပေးမယ်"

ဘုရားစာတွေကို စတုတ္ထမင်းသားဆီ ပေးမယ် ဟုတ်လား၊ စတုတ္ထမင်းသားက ငါရေးထားတဲ့ ဘုရားစာတွေကို ကိုယ် တိုင်ဖတ်ပြီး စစ်ဆေးပေးချင်တယ်ပေါ့။

ချွမ်းကျူး မျက်လုံးများ အရောင်လင်းလက်သွားသည်။

"ကောင်းပြီ၊ အခုချက်ချင်း ရေးလိုက်ပါ့မယ်"

ဖူကျင်းနှင့် ချွေ့မားမားတို့သည် ဘုရားဆင်းတုတော် ကိန်းဝပ်ရာ အခန်းမှ ထွက်လာခဲ့ကြသည်။

ချွေ့မားမား "ဖူကျင်း... သခင်မလေးသုံးက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားနေပုံရတယ်လို့ ဒီအစေခံအိုကြီး ခံစားရတယ်"

ဖူကျင်း "အမေတူ သမီးတွေပဲလေ၊ နှစ်ယောက်စလုံး မကောင်းဘူး"

ချွေ့မားမား "ဖူကျင်း... ကျွန်မ ဆိုလိုတာက သူမက ဒီတစ်ကြိမ် စံအိမ်ကိုလာတာ တခြား ရည်ရွယ်ချက်တွေ ရှိနေပုံရတယ်၊ ဥပမာ စတုတ္ထမင်းသားကို ပစ်မှတ်ထားတာမျိုးပေါ့"

ဖူကျင်း တုံ့ဆိုင်းသွားကာ ချွေ့မားမားကိုကြည့်ပြီး စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီးနောက် ခေါင်းယမ်းသည်။

"စပ်စုချင်ယုံ သက်သက်လည်း ဖြစ်နိုင်တာပဲ၊ သူမမှာ စိတ်ယုတ်မာတွေ ရှိနေရင်တောင်မှ သူမမှာ အဲဒီလောက် သတ္တိရှိပါ့မလား"

ချွမ်းကျူး လက်ရေးမှာ သဘာဝကျကျပင် မလှပေ။ လူတစ်ယောက်သည် သူမအာရုံကို အခြားနေရာတွင် ထားရှိသော အခါ စာရေးသားရာတွင် အောင်မြင်မှုရရှိရန် ခက်ခဲလှသည်။

ဖူကျင်းသည် ချွမ်းကျူးလက်ရေးကို ကြည့်လိုက်ရာ သူမ မျက်မှောင်များမှာ ယင်ကောင်များ ပိတ်မိနိုင်အောင် အလွန် အမင်း တွန့်ကျိုးသွားသည်။ သူမသည် ယင်ကျန်းမျက်စိနောက်သွားစေရန် ၎င်းတို့ကို မပို့ရန်ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ယင်ကျန်း ပိုဒေါသထွက်သွားပါက သူမဘဝလည်း လွယ်ကူမည်မဟုတ်ပေ။

နောက်တစ်နေ့တွင် ချွမ်းကျူးက ဖူကျင်းအား ဒေါသတကြီး ပြောလာသည်။

"ကျွန်မရဲ့လက်ရေးစာကို စတုတ္ထမင်းသားကို ဘာလို့ မပြခဲ့တာလဲ၊ ကျဲ ဘာကို စိုးရိမ်နေတာလဲ"

ဖူကျင်း ရိုးသားစွာပင် ပြန်ဖြေသည်။

"နင့်လက်ရေးက အရမ်းရုပ်ဆိုးလွန်းလို့ သူ့မျက်စိနောက်သွားမှာ စိုးရိမ်လို့ပါ"

ချွမ်းကျူး သူမကို မယုံကြည်ကြောင်း ရှင်းလင်းကာ လှောင်ပြောင်လိုက်သည်။

"ကျဲရဲ့ လက်ရေးက သာမန်ဖြစ်ပြီး ရိုးစင်းလွန်းနေလို့ ကျွန်မရဲ့လက်ရေးက အရမ်းထူးခြားနေတာကို မနာလိုဖြစ်နေတာလား၊ စတုတ္ထမင်းသားက ကျွန်မရဲ့ လက်ရေးကို မြင်ပြီး ကျွန်မကို သဘောကျသွားမှာကို ကြောက်နေတာလား"

"နင် ရူးနေလား"

ချွမ်းကျူး ပြန်လည်ချေပလေသည်။

"ကျွန်မ မရူးဘူး၊ ကျဲသာ စိတ်ရူးပေါက်နေတာ"

ချွေ့မားမားသည် မနေ့က ပို့ပေးထားသော မင်္ဂလာသကြား လုံးများကို ယူဆောင်လာသည်။

"သခင်မလေးသုံး... ဒေါသမထွက်ပါနဲ့၊ စိတ်အခြေအနေ ကောင်းသွားအောင် မင်္ဂလာသကြားလုံးလေး နည်းနည်း စားလိုက်ပါဦး"

ချွမ်းကျူးက မေးသည်။

"မင်္ဂလာသကြားလုံး ဟုတ်လား၊ ဘာ မင်္ဂလာသကြားလုံးလဲ"

ချွေ့မားမား သူမကို စူးစိုက်ကြည့်ကာ ပြောသည်။

"ကမ်းစဲဖူ ကိုယ်ဝန်ရှိတာအတွက် ဝေတဲ့ မင်္ဂလာသကြားလုံးတွေပေါ့၊ စတုတ္ထမင်းသားက ဒီတစ်ကြိမ် တကယ့်ကိုရက် ရောတာပဲ၊ စံအိမ်တစ်ခုလုံးမှာ လူငါးရာကျော်ရှိတာ၊ လူတိုင်းက အကောင်းဆုံး အရည်အသွေးရှိတဲ့ မင်္ဂလာသကြားလုံးနဲ့ မုန့်အထုပ်ကြီး တစ်ထုပ်စီရကြတယ်၊ ကမ်းစဲဖူရဲ့ ခြံဝင်းထဲက လူတွေဆိုရင် အပိုဆုကြေးတွေတောင် ရသေးတယ်လို့ ကြားတယ်"

ချွမ်းကျူး မျက်နှာမှာ ရုပ်ဆိုးသွားသည်။

"ဟွန်း... ကလေးရတာများ ဘာများ ကြီးကျယ်နေလို့လဲ"

ဖူကျင်း "အဲဒါက နင်နဲ့ ဘာဆိုင်လို့လဲ"

All Chapters