← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

🌻 Chapter 174

ကမ်းချန်ချန်က အလျင်စလို ခေါင်းညိတ်သည်။

【အင်း】

ယင်ကျန်း "နျန်ကုန်းယောင်က ချွင်းလင်ကို ငါနဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ထားတာ မှန်ပါတယ်၊ ငါ့အတွက်ကတော့ နောက်ဆောင်မှာ နောက်ထပ် မိန်းမတစ်ယောက် တိုးလာတာ ဘာမှမဟုတ်ပေမဲ့ အခု ညီတော်ဆယ့်သုံးကလည်း ညီလာခံမှာ ရှိနေပြီဆိုတော့ သူက ငါနဲ့ ခွဲမရအောင်ကို ပွင့်ပွင့်လင်းလင်း ပူးပေါင်းနေတာလေ"

[အို... ကျွန်မ နားလည်ပြီ၊ ဒါကြောင့် ရှင်နဲ့ နျန်ကုန်းယောင်က တိတ်တဆိတ်ပဲ အဆက်အသွယ်လုပ်ပြီး ဆက်ဆံရေးတည် ဆောက်ရတာပေါ့၊ ဒါကြောင့် သူ့မိသားစုနဲ့ လက်ထပ်ပြီး ဆွေမျိုးတော်စပ်လို့ မရတာပဲ၊ မဟုတ်ရင် နျန်ကုန်းယောင် ရာထူးတက်လာတဲ့အခါ ရှင်က ဧကရာဇ်ရဲ့ သံသယကို အလွယ်တကူ ခံရနိုင်ပြီး မင်းသားရှစ်ရဲ့ လမ်းစဉ်အတိုင်း ဖြစ်သွားနိုင်တာကိုး]

ယင်ကျန်း သူမ ခေါင်းကို ပွတ်သပ်လာသည်။

"မင်းက သင်ပေးရ လွယ်တာပဲ"

ကမ်းချန်ချန်သည် ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းကာ ဗိုက်လှန်ပြနေကျအတိုင်း လှဲလျောင်းနေပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ပြောသည်။

"ဒါက လိပ်ပြာတောင်ပံခတ်တာပေါ့၊ တကယ့်ကို အံ့သြစရာကောင်းတာပဲ"

မင်းသားဆယ့်သုံး ပေါ်ထွက်လာမှုနှင့်အတူ ယင်ကျန်း အာဏာအခြေအနေမှာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော် လည်း ကောင်းမွန်သွားခြင်းလား၊ ဆိုးရွားသွားခြင်းလားဆိုသည်ကိုတော့ မသိနိုင်သေးပေ။

[မင်းသားဆယ့်လေးက စစ်သူကြီးတစ်ယောက်၊ နျန်ကုန်းယောင်ကလည်း အတူတူပဲ၊ တကယ်လို့ နောက်နှစ်အနည်း ငယ်အကြာ စစ်ပွဲတွေကတစ်ဆင့် သူတို့ ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကို ရရှိပြီးတဲ့နောက် သူတို့ရဲ့ တပ်တွေသာ ပေါင်းစည်းသွားရင် ဘယ်လိုလုပ်မလဲ]

ယင်ကျန်း မျက်လုံးကို အနည်းငယ် ပင့်သွားသည်။

"ဒါက မင်း စိတ်ပူရမယ့် ကိစ္စ မဟုတ်ဘူး၊ တကယ်လို့ နျန်ကုန်းယောင်သာ မင်းသားဆယ့်လေးနဲ့ လက်ထပ်ပြီး ဆွေမျိုးတော်စပ်သွားရင် သူ့ကို အရေးကြီးတဲ့ ရာထူးတွေ ပေးအပ်တော့မှာ မဟုတ်ဘူး"

ယင်ကျန်းသည် မဟာဗျူဟာမြောက် အကွက်ချလှုပ်ရှားမှုများတွင် ဆရာတစ်ဆူဖြစ်ပြီး မင်းသားဆယ့်သုံးကလည်း ဘက်စုံတော်သော အရည်အချင်းရှိသူဖြစ်ရာ သူတို့နှစ်ဦး၏ ပေါင်းစပ်အင်အားမှာ ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။

ကမ်းချန်ချန် ခေါင်းညိတ်သည်။ ဘာလို့ သိပ်အများကြီး တွေးနေရမှာလဲ၊ သူမ ကိုယ်ဝန်ကို အာရုံစိုက်ထားတာ အကောင်းဆုံးပဲ...

ထိုညက ကမ်းချန်ချန်သည် နွေးထွေးပြီး စိတ်သက်သာရာရစေသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။

သူမနှင့် သူမမိဘများသည် ကမ်းခြေတစ်ခုတွင် ဆော့ကစားနေကြပြီး သူတို့ ခြေထောက်များက နူးညံ့နွေးထွေးသော သဲပြင်ထဲသို့ နစ်ဝင်နေကာ ကြည်လင်၍ အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးက သူတို့ရှေ့တွင် ဖြန့်ကျက်နေသည်ဟု အိပ်မက်မက်လေသည်။

သူတို့သုံးယောက်သား နေဝင်ဆည်းဆာနှင့် ဝင်လုဆဲ နေမင်း၏ နောက်ဆုံးအလင်းရောင်ကို ကြည့်ရှုရင်း အတူတကွ မှီတွယ်နေကြသည်။

ကမ်းချန်ချန် နိုးလာပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

"ငါလည်း မကြာခင် ကလေးတစ်ယောက် ရတော့မယ်၊ သူလေး ဒီလောကကြီးမှာ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာနိုင်ဖို့ မျှော်လင့်ပါတယ်"

ဖူကျင်းဘက်တွင်မူ သူမသည် ချွမ်းကျူးကို မည်သို့ ဖြေရှင်းရမည်ကို ချွေ့မားမားနှင့် ဆွေးနွေးနေစဉ် ချွမ်းကျူးနှင့် မင်းသားဆယ့်သုံးတို့ စံအိမ်မှ ထွက်သွားကြောင်း ကြားလိုက်ရသည်။

ဖူကျင်းမှာ စကားစရာမဲ့သွားသည်။

"သူမက ဘယ်သူ့ကိုများ မြှူဆွယ်ဖို့ ကြံစည်နေတာလဲ"

ချွေ့မားမား "ဒီအစေခံအိုကြီးလည်း လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေပါပြီ၊ သူတို့နောက်ကို တစ်ယောက်ယောက် လွှတ်ပြီး လိုက်ကြည့်ခိုင်းလိုက်ရမလား"

"ထားလိုက်ပါတော့၊ ဘာသွားကြည့်စရာ ရှိလို့လဲ၊ သူမ မင်းသားဆယ့်သုံးနဲ့ သွားရှုပ်နေတာကို ငါ သဘောကျသေးတယ်၊ အနည်းဆုံးတော့ သူမက ဒီမှာ ငါ့မျက်စိနောက်အောင် လာလုပ်နေမှာ မဟုတ်တော့ဘူး"

ချွေ့မားမား မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဖူကျင်း... သခင်မလေးသုံးက ဒီကိစ္စကို သိနေပြီဆိုတော့ သူမရဲ့ စရိုက်အရဆိုရင် ဒီအစေခံအိုကြီး စိုးရိမ်မိတယ်၊ ကျွန်မတို့ သူမကို ရှင်းပစ်လိုက်ရမလား"

ဖူကျင်း နားထင်များကို ပွတ်သပ်နေသည်။

"သူမက ဘာပဲဖြစ်ဖြစ် ငါ့ညီမပါ"

ယင်ရှန်သည် စတုတ္ထမင်းသား စံအိမ်သို့ လာရောက်လည် ပတ်စဉ် ချွမ်းကျူကို ကြီးမားသော သတင်းတစ်ခု အထူးတ လည် ပြောပြခဲ့ခြင်းဖြစ်သည်။ ယင်းမှာ မင်းသားဆယ့်လေး လက်ထပ်တော့မည့် ကိစ္စပင်ဖြစ်သည်။

ချွမ်းကျူး မင်းသားဆယ့်သုံးအား အလေးအနက် ပြန်ပြောခဲ့သည်။

"ကျွန်မ မင်းသားဆယ့်လေးကို သဘောမကျပါဘူး၊ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ခံစားချက်တွေက အစ်ကိုတစ်ယောက်လိုပဲ ရှိတာပါ"

တစ်ချိန်တည်းမှာပင် သူမက မင်းသားဆယ့်လေးထံသို့ ခေါ်သွားပေးရန် မင်းသားဆယ့်သုံးကို တောင်းဆိုခဲ့သည်။ ယင်ရှန်က အခက်တွေ့ဟန်ဆောင်လာသည်။

"ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က မင်းနဲ့ မင်းသားဆယ့်လေးတို့ ရန်ဖြစ်နေကြတာကို ငါ မြင်ခဲ့မိသလိုပဲ၊ မင်းတို့ ပြန်အဆင် ပြေသွားကြပြီလား"

ချွမ်းကျူး လက်ယမ်းကာ ခေါင်းယမ်းလျက် ပြောသည်။

"အဲဒါ ကျွန်မတို့ကြားက အသေးအမွှားရန်ဖြစ်တာလေးပါ၊ ဘယ်လိုလုပ် ကျွန်မတို့ရဲ့ ခံစားချက်တွေကို တကယ် ထိခိုက်စေနိုင်မှာလဲ၊ ကျွန်မတို့က ငယ်သူငယ်ချင်းတွေလေ"

ယင်ရှန်သည် ပြီးခဲ့သောတစ်ကြိမ်က လမ်းမပေါ်တွင် ဤအမျိုးသမီး အဖြူရောင်ဝတ်စုံဝတ်ကာ ဆံပင်များ ဖရိုဖရဲဖြင့် မင်းသားဆယ့်လေးနောက်သို့ မီးဖိုချောင်သုံးဓားကြီးကိုင်ကာ လိုက်ဖမ်းနေသည်ကို ပြန်လည်အမှတ်ရသွားပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

"အင်း၊ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်"

မင်းသားဆယ့်သုံး လမ်းပြမှုဖြင့် ချွမ်းကျူသည် အဆင်ပြေချောမွေ့စွာ အပြင်ထွက်နိုင်ခဲ့သည်။ သူတို့နှစ်ဦးသည် နျန်စံအိမ်ရှေ့မှ မြင်းစီး၍ဖြတ်သွားခဲ့ကြသည်။ အပြင်ဘက်ရှိ မင်္ဂလာအလှဆင်ထားမှုများကို မြင်သောအခါ ချွမ်းကျူက မပျော်မရွှင်ဖြစ်သွားသည်။

"တခြားမိန်းမတွေနဲ့ ယောကျ်ားတစ်ယောက်ကို မျှဝေခံစားပြီး အတွင်းဆောင်ထဲမှာ တစ်သက်လုံး သနားစရာကောင်းအောင်နေရမှာကို ဘာများ ဝင့်ကြွားစရာရှိလို့လဲ"

ယင်ရှန်း ခေါင်းငုံ့ကာ ပြုံးသည်။ ချွမ်းကျူးက ပိုဝင့်ကြွားသွားစွာ ရယ်မောသည်။

"ကျွန်မ ပြောတာကို ရှင် သဘောတူတယ် မဟုတ်လား၊ ကျွန်မတို့က တကယ့်ကို ဝါသနာတူစိတ်တူကိုယ်တူတွေပဲ"

ယင်ရှန် "ဟုတ်တယ်၊ စိတ်တူကိုယ်တူတွေ"

ချွမ်းကျူက မြင်းပေါ်မှဆင်းကာ နျန်စံအိမ်၏တံခါးကို ခေါက်လိုက်သည်။ နျန်မိသားစု အိမ်တော်ထိန်း နျန်ကွေ့ က တံခါးလာဖွင့်သည်။ သူသည် မင်းသားဆယ့်သုံးကို မြင်သောအခါ အလွန်ဝမ်းသာသွားသော်လည်း သူ့ရှေ့တွင် ရပ်နေသော ခက်ထန်သည့် မျက်နှာထားဖြင့် အမျိုးသမီးကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။

"ပြီးတော့ ဒီသခင်မလေးက..."

မင်းသားဆယ့်သုံးက "သူမက စတုတ္ထမင်းသားဖူကျင်းရဲ့ ညီမ ချွမ်းကျူးပါ"

နျန်ကွေ့မှာ ထပ်မံ ဝမ်းသာသွားပြန်သည်။

"နှစ်ယောက်စလုံး ကျေးဇူးပြုပြီး ဝင်လာခဲ့ကြပါ၊ သခင်ကြီး အိမ်မှာ ရှိပါတယ်"

မင်းသားဆယ့်သုံးက ချွမ်းကျူကို ကြည့်လိုက်ရာ သူမက နျန်ကွေ့ကို ခေါင်းညိတ်ပြပြီး နျန်စံအိမ်ထဲသို့ တန်းတန်းမတ် မတ်ဝင်သွားသည်။

"ချွင်းလင် ဘယ်မှာလဲ၊ ငါ သူမနဲ့ စကားပြောစရာ ရှိတယ်"

ချွမ်းကျူးက မာထန်သော လေသံဖြင့် အမိန့်ပေးလေသည်။ နျန်ကွေ့၏အပြုံးမှာ တောင့်တင်းသွားသည်။

"သခင်မလေးမှာ ကျွန်တော်တို့ရဲ့သခင်မလေးနဲ့ ဘာကိစ္စ ရှိလို့ပါလဲ"

ချွမ်းကျူ ခေါင်းကို မော့ကာ ပြောသည်။

"ငါ့ကို သူမဆီ ခေါ်သွားပေး"

နျန်ကွေ့က မျက်မှောင်ကြုတ်ကာ မင်းသားဆယ့်သုံးကို အခက်တွေ့စွာဖြင့် လှမ်းကြည့်လေသည်။ ထိုအချိန်မှာပင် မင်းသားဆယ့်သုံး ရောက်ရှိနေကြောင်း ကြားလိုက်ရသဖြင့် နျန်ကုန်းယောင်သည် ချွင်းလင်နှင့်အတူ သူ့ကို ကြိုဆိုရန် ထွက်လာခဲ့သည်။

နျန်ကုန်းယောင်က ရယ်မောလျက် "မင်းသားဆယ့်သုံး... ဘယ်လေတိုက်လို့ ရောက်လာတာလဲ၊ ကောင်းကောင်း မကြိုဆိုနိုင်ခဲ့တဲ့အတွက် ဒီအစေခံက တကယ်ကို တောင်းပန်ပါတယ်"

ယင်ရှန်က "မင်းရဲ့ နျန်မိသားစုမှာ မင်္ဂလာဆောင်ရှိတယ်လို့ ကြားလို့လေ၊ ငါက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ"

ချွမ်းကျူးက ချွင်းလင်ကို ကြည့်ကာ မေးသည်။

"နင်နဲ့ မင်းသားဆယ့်လေးက လက်မထပ်ခင် အကြိမ်အနည်းငယ်လောက်ပဲ ဆုံဖူးတာလား"

ချွင်းလင် မျက်မှောင်ကြုတ်ကာ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တစ်ခါဆုံဖူးပါတယ်"

ချွမ်းကျူး လေးလေးနက်နက် ခေါင်းညိတ်ကာ ခွဲခြမ်းစိတ် ဖြာပြလေသည်။

"အဲဒါပဲလေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှတစ်ကြိမ်ပဲ ဆုံဖူးတာကို နင်က ဘယ်လိုလုပ် ချစ်မိသွားနိုင်မှာလဲ၊ နင် သူ့ကို မချစ်ဘူးဆိုရင် ဘာလို့ သူ့ကို လက်ထပ်ချင်ရတာလဲ"

ချွင်းလင်နှင့် နျန်ကုန်းယောင်တို့ နှစ်ဦးစလုံးက မင်းသားဆယ့်သုံးကို ကြည့်လာကြသည်။ သူတို့က မင်းသားဆယ့်သုံးသည် စတုတ္ထမင်းသားကို ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ပြီး သူတို့ မောင်နှမအနေဖြင့် ဤရန်စမှုလှည့်ကွက်ကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ထင်မှတ်ထားခဲ့ကြသည်။

စတုတ္ထမင်းသားသာ ဘာမှမလှုပ်ရှားဘူးဆိုရင် သူတို့ မင်းသားဆယ့်လေးဘက်ကို ပြောင်းသွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။ မင်းသားဆယ့်သုံး ခေါ်လာသော အမျိုးသမီးက ဤမျှထူးထူးဆန်းဆန်းပြောဆိုလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။

မင်းသားဆယ့်သုံး "သူမက စတုတ္ထမင်းသားဖူကျင်းရဲ့ ညီမ ဖြစ်ရုံသာမက မင်းသားဆယ့်လေးရဲ့သူငယ်ချင်းလည်း ဖြစ်ပါတယ်"

ချွင်းလင် မျက်လုံးများ အရောင်လင်းလက်သွားသည်။

"ကျွန်မကို နားချဖို့ စတုတ္ထမင်းသားက သခင်မလေးကို လွှတ်လိုက်တာလား"

အဲဒီတုန်းက စတုတ္ထမင်းသားဖူကျင်းက သူမကို ဂရုမစိုက်ခဲ့ဘူးဆိုပေမဲ့၊ ဒီနှစ်တွေတစ်လျှောက်လုံး သူမက စတုတ္ထမင်းသားအပေါ် တကယ်ကို ဂရုတစိုက်ရှိပြီး နားလည်မှုရှိတဲ့သူပဲ...

တကယ်လို့ ဒီတစ်ကြိမ် ငါ့ကို နားချဖို့ သူမ ကိုယ်တိုင် ရှေ့ထွက်လာမယ်ဆိုရင် အခွင့်အရေး ရှိနိုင်သေးတယ်...

သို့သော် ချွမ်းကျူး ခေါင်းယမ်းလိုက်ပြီး သူမ မျက်လုံးများတွင် သနားကြင်နာမှုနှင့် ကိုယ်ချင်းစာမှုများပြည့်နှက်နေ လျက် ပြောလေသည်။

"ဒါက ငါ့အစ်မနဲ့ ဘာဆိုင်လို့လဲ၊ မင်းသားဆယ့်လေးက နင့်ကိုကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်ရတာ ငါ့ကြောင့်ပါ၊ သူက ငါနဲ့ စိတ်ကောက်ပြီး ခေါင်းမာနေရုံသက်သက်ပဲ၊ နင့်ကို ထိခိုက်နာကျင်ရမှာ မလိုလားလို့ နင့်ကို လာနားချတာပါ"

ချွင်းလင်မှာ အံ့အားသင့်သွားပြီး နျန်ကုန်းယောင်လည်း မနေနိုင်တော့ဘဲ ပြောလာရသည်။

All Chapters