← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

🌻 Chapter 175

"သခင်မလေးက ဘာကိုဆိုလိုတာလဲ၊ ဒီအိမ်ထောင်ရေးက မင်းသားဆယ့်လေးနဲ့ ကျွန်တော်တို့ကြားမှာ ဆွေးနွေးပြီးမှ ဖြစ်လာတာပါ၊ သခင်မလေးနဲ့ ဘာဆိုင်လို့လဲ"

ချွမ်းကျူးက လှောင်ပြုံး ပြုံးလျက် "ဟုတ်တာပေါ့၊ အစ်ကိုကြီးဆိုတာ အဖေနဲ့ တူတူပဲ၊ မိဘရဲ့ အမိန့်နဲ့ အောင်သွယ်ရဲ့ စကား... ရှင်က သူမအတွက် ဒီအိမ်ထောင်ရေးကို ဒီလိုမျိုး စီစဉ်ပေးလိုက်တာပေါ့လေ"

ချွင်းလင်သည် ဤကောင်မလေး၏စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားရသော်လည်း သူမကို အလွန် နေရခက်စေသည်။

"ကျွန်မအစ်ကိုကလည်း ကျွန်မရဲ့ ပျော်ရွှင်မှုအတွက် ထည့်စဉ်းစားပေးတာပါ၊ ပြီးတော့ ကျွန်မကလည်း ဒီကိစ္စကို သဘောတူပါတယ်"

သူမသည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးဖြစ်သော်လည်း စတုတ္ထမင်းသားက သူမကို လက်မထပ်ရန်သာ အခိုင်အမာ ငြင်းဆိုနေခဲ့သည်။ သူမ ဆက်ပြီး မစောင့်ချင်တော့ပေ။

ချွမ်းကျူး မျက်လုံးလှန်ကာ "ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် နင် နားလည်မှာ မဟုတ်ပါဘူး၊ မင်းသားဆယ့်သုံး... မင်းသားဆယ့်လေးရဲ့ စံအိမ်ကို သွားကြရအောင်"

မင်းသားဆယ့်သုံးက နျန်ကုန်းယောင်အား ပြောသည်။

"မင်းလည်း သွားပြီး မကြည့်ချင်ဘူးလား"

နျန်ကုန်းယောင်တွင်လည်း အလားတူ အတွေးမျိုးရှိနေသော် လည်း သူက အရင်ဆုံး စမ်းသပ်မေးမြန်းသည်။

"ဒီသခင်မလေးကများ မင်းသားဆယ့်လေးနဲ့ ဆက်ဆံရေး တစ်ခုခု ရှိနေလို့လား"

မင်းသားဆယ့်သုံး "အတော်လေး စိတ်ဝင်စားစရာကောင်း တယ်၊ သူမက စတုတ္ထအစ်ကိုရဲ့ ခယ်မဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က လမ်းမပေါ်မှာ သူမနဲ့ ညီတော်ဆယ့်လေးတို့ ရန်ဖြစ်သလို ဆော့ကစားနေကြတာကို ငါ ပထမဆုံး မြင်ခဲ့ဖူးတယ်"

"သူမက ခယ်မဖြစ်နေရင်တောင်မှ သူမရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ခဲအိုရဲ့အိမ်ကို မကြာခဏ မလာသင့်ပါဘူး၊ အထူး သဖြင့် တော်ဝင်မိသားစုဝင်တွေဆိုရင် ကျင့်ဝတ်စည်းကမ်းတွေကို ပိုပြီးဂရုစိုက်ရမှာလေ၊ ချွင်းလင်ရဲ့ အိမ်ထောင်ရေးကို စတုတ္ထမင်းသားဆီ ကျွန်တော် သတင်းမပို့ရသေးဘူး၊ ဒီအကြောင်းကြားရင် သူ ဒေါသများထွက်နေမလား မသိဘူး"

မင်းသားဆယ့်သုံး သူ့ပခုံးကို ပုတ်ကာ ပြောသည်။

"ချွင်းလင်က သူ့အပေါ် ကျေးဇူးရှိခဲ့တာပဲဆိုတော့ သူမအတွက် သေချာပေါက် ဝမ်းသာပေးမှာပေါ့၊ ဒါပေမဲ့... ဒီအကြောင်းကို ငါ ကြားပြီးသွားပြီ၊ အစ်ကိုကြီး လုပ်ခဲ့တာက ကျင့်ဝတ်နဲ့ မညီဘူးလို့ ငါထင်တယ်"

နျန်ကုန်းယောင် အခက်တွေ့စွာဖြင့် "ဟူး... သေချာတာပေါ့ ကျွန်တော့်နှလုံးသားက စတုတ္ထမင်းသားအပေါ် သစ္စာရှိပါတယ်၊ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပဲ ဒီညီမလေးက ကျွန်တော့်ရဲ့ အချစ်ရဆုံးလေ

ကမ်းချန်အန်းကို အပြစ်ကင်းရှင်းအောင် လုပ်ပေးတုန်းက မင်းသားဆယ့်သုံး ကိုယ်တိုင် ချွင်းလင်ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်မယ်လို့ ကျွန်တော့်ကို ကတိပေးခဲ့တာလေ

ဒါပေမဲ့ နောက်ပိုင်း စတုတ္ထမင်းသားက စကားရုပ်သိမ်းသွားမယ်လို့ ဘယ်သူက သိမှာလဲ၊ သေချာတာပေါ့၊ သခင်ဖြစ်သူကို ကျွန်တော် မဝေဖန်ရဲပါဘူး၊ အရှင်သခင် ပြောသမျှက အမိန့်ပါပဲ"

ယင်ရှန် အသံကျယ်ကျယ်ဖြင့် ရယ်မောလာသည်။

"ငါ ကတိပေးခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီ ကိုယ်လုပ် တော်ဆိုတာက မင်းသားဆယ့်သုံးဖြစ်တဲ့ ငါ့ရဲ့ကိုယ်လုပ် တော်ကို ဆိုလိုတာလေ၊ စတုတ္ထအစ်ကိုနဲ့ ဘာဆိုင်လို့လဲ၊ ဟူး... ကဲပါလေ

အခု ချွင်းလင်က ညီတော်ဆယ့်လေးကို လက်ထပ်ဖို့ဆုံး ဖြတ်ပြီးသွားပြီဆိုမှတော့ ငါက အစ်ကိုကြီးတစ်ယောက်အနေနဲ့ အခုမှ ဒါတွေ ပြောနေလို့ရော ဘာအကျိုးရှိတော့မှာလဲ"

နျန်ကုန်းယောင်နှင့် ချွင်းလင်တို့ အချင်းချင်းတစ်ချက်ကြည့်လိုက်ကြပြီး သူတို့ မျက်နှာအမူအရာများမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

နျန်ကုန်းယောင် မြင်းကိုပြင်ဆင်ပြီးဖြစ်ရာ သူနှင့် မင်းသားဆယ့်သုံးတို့ အတူတကွ ထွက်လာခဲ့ကြပြီး ချွမ်းကျူးမှာမူ အရှေ့တွင် မီတာ ဒါဇင်အတော်များများအထိ မြင်းစီးထွက်သွားနှင့်ပြီ ဖြစ်သည်။

သူတို့နှစ်ဦး မင်းသားဆယ့်လေး၏ စံအိမ်သို့ ရောက်ရှိလာသောအခါ ချွမ်းကျူးက တံခါးဝတွင် မင်းသားဆယ့်လေးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ချွမ်းကျူးက မင်းသားဆယ့်လေး ရင်ဘတ်ကို လက်ညှိုးဖြင့် ပုတ်ကာ ပြောသည်။

"နင်ကတော့ တကယ့် ကောင်ဆိုးလေးပဲ၊ နင် တော်တော်လည်တယ်နော်၊ နင် လက်ထပ်တော့မှာကို ငါ့ကိုတောင် မပြောဘူး၊ တကယ့်ကို သစ္စာမရှိတာပဲ"

မင်းသားဆယ့်လေးက သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူ့ မျက်လုံးများတွင် အချစ်ပိုနေသောအပြုံးများ ပြည့်နှက်နေလျက် မေးသည်။

"မင်း စိတ်ပူနေတာလား"

"စိတ်ပူတယ် ဟုတ်လား၊ ဘာကို စိတ်ပူရမှာလဲ၊ ငါ နင့်ကို နည်းနည်းလေးတောင် ဂရုမစိုက်ပါဘူးနော်"

ချွမ်းကျူးက သူမ လက်ချောင်းကို ပြန်ဆွဲယူရန်ကြိုးစားသော်လည်း ရုန်းမထွက်နိုင်ခဲ့ပေ။ သူမ ပါးစောင်လေး ဖောင်းသွားသည်အထိ လေမှုတ်ထုတ်လိုက်ပြီး မင်းသားဆယ့်လေး လက်ကောက်ဝတ်ကို ဆွဲယူကာ ကိုက်ပစ်သည်။ မင်းသားဆယ့်လေး မျက်မှောင်ကြုတ်သွားသည်။

"မင်း ဘာလုပ်နေတာလဲ"

ချွမ်းကျူး မောဟိုက်စွာဖြင့် "ဟွန်း... ဒါက နင့်အတွက် အပြစ်ပေးတာပဲ၊ နင် ငါ့ကို ဒေါသထွက်အောင်လို့ ကိုယ်လုပ် တော် တစ်ယောက် လက်ထပ်လိုက်တာလို့ ငါ ပြောနေတာ"

ဤမြင်ကွင်းကို မြင်သောအခါ နျန်ကုန်းယောင်သည် အေး စက်စက် နှာခေါင်းရှုံ့လိုက်ပြီး မြင်းပေါ်မှဆင်းကာ ရှေ့သို့တိုးလာလျက် ပြောသည်။

"မင်းသားဆယ့်လေး"

ထိုအခါမှသာ မင်းသားဆယ့်လေးသည် မင်းသားဆယ့်သုံးနှင့် နျန်ကုန်းယောင်တို့ကို သတိပြုမိသွားသည်။

"မင်းတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ"

နျန်ကုန်းယောင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ဒီအစေခံက မင်းသားဆယ့်လေးကို အေးစက်ပြီး ခပ်တည်တည်နေတတ်တဲ့သူလို့ ထင်ထားတာ၊ ဒါပေမဲ့ ဒီနေ့တော့ မင်းသားဆယ့်လေးက ကျွန်တော့်ကို အံ့သြသွားစေပြီ"

ချွမ်းကျူး မေးစေ့ကို ဝင့်ကြွားစွာ မော့ကာ ပြောသည်။

"သူက လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ၊ ငါ့အတွက်ကျတော့ သေချာပေါက် ကွာခြားမှာပေါ့"

နျန်ကုန်းယောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လှည့်ထွက်သွားသည်။ ရက်အနည်းငယ်အကြာ ညီလာခံတွင် မင်းသားဆယ့်သုံးသည် ကန်ရှီးဧကရာဇ်ထံမှ လက်ထပ်ခွင့် တော်ဝင်အမိန့်ကို တောင်းခံလေသည်။

ကန်ရှီး "သူမက ဘယ်သူ့သမီးလဲ"

မင်းသားဆယ့်သုံးက ပြန်လည် လျှောက်တင်လေသည်။

"သူမက နျန်ကုန်းယောင်ရဲ့ညီမပါ၊ ကျွန်တော် သူမကို သဘောကျလို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်ပါတယ်"

ယင်ကျန်း သူ့အနောက်တွင်ရှိသော ယင်ရှန်ကို အနည်းငယ် အံ့အားသင့်စွာဖြင့် လှည့်ကြည့်သည်။ ကန်ရှီးက သူ့ မေးစေ့ကို လက်ဖြင့်ထောက်ကာ စိတ်ဝင်တစား မေးသည်။

"နျန်ကုန်းယောင်ရဲ့ ညီမ ဟုတ်လား၊ ကောင်းတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရဲ့ညီမကို မင်းသားဆယ့်လေးနဲ့ လက်ထပ်ပေးမယ်ဆိုတဲ့ သတင်း ဘယ်လိုလုပ်ထွက်လာတာလဲ"

နျန်ကုန်းယောင် လက်ဖဝါးများတွင် ချွေးများစတင်ထွက်လာသည်။ မင်းသားဆယ့်လေးက ဒီကိစ္စကို သတင်းမပို့ရသေးဘူးလေ၊ ဧကရာဇ်မင်းမြတ်က ဒါကိုတောင် သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"အရှင်မင်းကြီး... အဲဒါ အထင်လွဲမှုတစ်ခုပါ၊ ကျွန်တော် ဆိုလိုတာက မင်းသားဆယ့်သုံးပါ၊ အိမ်တော်ထိန်း အဘိုးကြီးက နားလေးတော့ အထင်လွဲသွားတာပါ၊ သူက သဘောနဲ့သူ မင်္ဂလာသကြားလုံးတွေတောင် ဝေလိုက်ပါသေးတယ်၊ ကျွန်တော် သူ့ကို အပြစ်ပေးလိုက်ပါပြီ"

အချိန်များက နှေးကွေးသွားသလို ခံစားရပြီး နျန်ကုန်းယောင် နှလုံးသားကို ဖြည်းဖြည်းချင်းထုနှက်နေသည်။ ဖိအားများ မခံနိုင်တော့လောက်အောင် ဖြစ်လာချိန်တွင် ကန်ရှီးက အဆုံးတော့ ပြောလာသည်။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ ငါကိုယ်တော် သဘောတူတယ်"

နျန်မိသားစုနောက်ခံအရ သူမသည် မင်းသားဆယ့်သုံး ကိုယ် လုပ်တော်ဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ ကန်ရှီးသည် ဂုဏ်သတင်းကို တန်ဖိုးထားပြီး သူ့ သားတော် သမီးတော်များ အချစ်ရေးကို ထောက်ခံအားပေးရသည်ကို ကျေနပ်လေသည်။

ယင်ကျန်းနှင့် ယင်ရှန်တို့သည် တစ်ယောက်နောက်တစ်ယောက် ထွက်လာခဲ့ကြပြီး နှစ်ဦးစလုံး၏ မျက်နှာများမှာ သက်သောင့်သက်သာ ရှိနေကြသည်။ ယင်ကျန်းသည် သူ့ကို သွားမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ယင်ရှန် ရယ်မောကာ "စတုတ္ထအစ်ကို... ဘာဖြစ်လို့လဲ၊ ကျွန်တော့်ကို မမှတ်မိတော့ဘူးလား"

ယင်ကျန်းလည်း ရယ်မောကာ ပြောသည်။

"ညီတော်ဆယ့်သုံး... မင်းက တော်တော်လေး စွမ်းဆောင်နိုင်လာတာပဲ"

ယင်ရှန် "စတုတ္ထအစ်ကို... ကျွန်တော် ကြိုမပြောခဲ့လို့ စိတ်ဆိုးနေတာလား"

ယင်ကျန်းက ခေါင်းယမ်းသည်။

"မင်း ပြောပြော မပြောပြော ရလဒ်ကတော့ အတူတူပဲ မဟုတ်ဘူးလား"

"အစ်ကိုတော် ပြောတာမှန်ပါတယ်၊ တကယ်တော့ အတူတူပါပဲ"

ယင်ကျန်း သူ့ပခုံးကို ပုတ်ကာ ပြောသည်။

"ညီအစ်ကိုတွေကြားမှာ ဒီလိုကိစ္စလေးတွေအတွက် အငြင်း ပွားနေစရာ မလိုပါဘူး"

အဌမမင်းသား စံအိမ်တွင်လည်း အလားတူအကြောင်းအရာကို ဆွေးနွေးနေကြသည်။ နဝမမင်းသားက စိုးရိမ်တကြီးဖြင့် ပြောသည်။

"မင်းသားဆယ့်လေး... ဒီကိစ္စကို ဘယ်လိုများ ဒီလိုကိုင် တွယ်ရက်တာလဲ"

မင်းသားဆယ့်လေး "ညီတော်ဆယ့်သုံးက သူမကိုလိုချင်နေတာလေ၊ ငါကလည်း သိပ်ဂရုမစိုက်တော့ အဆင်ပြေပါတယ်"

နဝမမင်းသား ဒေါသတကြီးဖြင့် ထလာသည်။

"မင်းတော့"

ဒဿမမင်းသား ဝင်ပြောသည်။

"ဟေး... မိန်းမတစ်ယောက်ပါကွာ၊ သိပ်အရေးမကြီးပါဘူး၊ ဒါနဲ့ ငါတို့ ညီအစ်ကိုတွေကြားက သဟဇာတဖြစ်မှုကိုတော့ မပျက်စီးစေနဲ့"

နဝမမင်းသားက ပြောသည်။

"နျန်ကုန်းယောင်က အလားအလာရှိတဲ့ လူတစ်ယောက်ပါ၊ သူ့အပေါ် လောင်းကြေးထပ်တာက အနာဂတ်မှာ ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်တယ်"

မင်းသားရှစ်က "အသုံးမကျပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ အိမ်ရှေ့စံမင်းသားကို ပူးပေါင်းပြီး ထောက်ခံပေးတုန်းက နန်းတွင်းအရာရှိ ၉၀ ရာခိုင်နှုန်းကျော်က ငါ့ကို ထောက်ခံခဲ့ကြတယ်၊ ဒါပေမဲ့ ရလဒ်က ပြောင်းပြန်ဖြစ်သွားပြီး ခမည်းတော်က ငါ့အပေါ် ပိုပြီး သတိထားလာခဲ့တာပဲ အဖတ်တင်တယ်"

နဝမမင်းသားက "ဟိုဘက်ကို အကျိုးအမြတ် ရသွားအောင် ပေးလိုက်လို့ မဖြစ်ဘူးလေ"

မင်းသားဆယ့်လေးက ပြောသည်။

"စစ်ပွဲရဲ့ သော့ချက်က အရေအတွက် မဟုတ်ဘူး၊ အရည် အသွေးပဲ"

နဝမမင်းသားက လှောင်ပြောင်လိုက်သည်။

"မင်းက စစ်ဗျူဟာအကြောင်း တစ်ခုခုများ သိတယ်လို့ ထင်နေတာလား"

ကမ်းချန်ချန် ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးမားလာပြီး သူမမှာလည်း ပိုပိုပျင်းရိလာသည်။ သူမ တစ်ကိုယ်လုံး ရောင်ရမ်းနေပြီး ဗိုက်ကြီးမှာလည်း ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေသည်။

"ငါ အခု ပေါက်စီတစ်လုံးနဲ့ တူနေပြီ၊ အရင်ကလောက် မလှတော့ဘူး"

ကမ်းချန်ချန်သည် ဝက်ခြေထောက်များနှင့် တူနေသော သူမ ခြေထောက်များကို ကြည့်ကာ မညည်းတွားဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ ယင်ကျန်းက သူမကို ဆွဲကာပြောလာသည်။

"မင်း အစတည်းက အံ့မခန်းအလှလေးမှ မဟုတ်တာ"

ကမ်းချန်ချန် နှာခေါင်းရှုံ့မိသည်။

All Chapters