← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

🌻 Chapter 177

ကမ်းချန်ချန်သည် သူမကို ကလေးနှစ်ယောက်နှင့် နို့ထိန်းသည် အချို့နှင့် အနည်းငယ် ကွာဝေးသော ဘေးဘက်သို့ ခေါ်သွားကာ လက်ဖက်ရည်တစ်ခွက် ငဲ့ပေးပြီးနောက် မေးသည်။

"နင့်ကို ဒီလောက်တောင် ဒေါသထွက်သွားစေအောင် သူမက ဘာတွေများ ပြောနေလို့လဲ"

ဟွာယွီ လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။

"ကျူရွေ့လို့ခေါ်တဲ့ အဲဒီအစေခံမလေးက စဲဖူက စတုတ္ထမင်းသားကို တွယ်ကပ်နေတယ်၊ သူ့ရဲ့ အချစ်တွေကို အညီအမျှ ခွဲဝေပေးဖို့ ဘယ်လိုပြောရမလဲဆိုတာ မသိဘူး၊ ပြီးတော့ စဲဖူက သေးသိမ်ပြီး သဝန်တိုတဲ့ အငွေ့အသက်တွေ ထွက်နေတယ်လို့ နွီဟူလုကော်ကော်ကို ပြောနေတာ"

ကမ်းချန်ချန်က "စုယန်က ဘာပြောလိုက်လဲ"

ဟွာယွီက "နွီဟူလူ ကော်ကော်က တော်တော်လေး သဘော ထားကြီးတဲ့သူပဲ၊ သူမက စဲဖူ့ကို စိတ်သဘောထားကောင်းတဲ့ ရှားပါးလူသားတစ်ယောက်ပါလို့ပြောတယ်၊ စတုတ္ထမင်းသားက သူမရဲ့ ခြံဝင်းကို မသွားတာ စဲဖူ့အပြစ် မဟုတ်ပါဘူးတဲ့၊ စတုတ္ထမင်းသားရဲ့ အတွေးတွေကို စဲဖူက ထိန်းချုပ်ထားနိုင်တာမှ မဟုတ်တာလို့ ပြောတယ်"

ကမ်းချန်ချန် ခေါင်းညိတ်သည်။

"သူမက တော်တော်လေး အမြင်ရှင်းတာပဲ"

ဟွာယွီက "အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊ သူမက တစ်ခါတုန်းက စတုတ္ထမင်းသားကို သူမ ကလေးလိုချင်တယ်လို့ ပြောခဲ့ဖူးတယ်၊ ပြီးတော့ အဲဒီဓားခုတ်ခံလိုက်ရတဲ့ အသက်ကယ်ကျေးဇူးကို အသုံးချပြီး အကျပ်ကိုင်ခဲ့တာတဲ့၊ ဟွန်း...

အဲဒီဓားက ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ ဒဏ်ရာက တစ်လက်မလောက်ပဲ နက်တာကို၊ ဒီလောက် သေးငယ်တဲ့ ကျေးဇူးလေးကိုတောင် သူမက အဲဒီလို တောင်းဆိုရဲတယ်"

ကမ်းချန်ချန် ရင်ထဲ ထိတ်သွားသည်။

"နင် ဘယ်လိုသိတာလဲ"

ဟွာယွီ "သူတို့ကိုယ်တိုင် ခုနကပဲ ဖွင့်ပြောလိုက်တာလေ၊ ကံကောင်းလို့ စတုတ္ထမင်းသားက အကျပ်ကိုင်လို့ရတဲ့ သူမျိုး မဟုတ်ဘူး

စတုတ္ထမင်းသားက ဘယ်သူကများ ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပေးအပ်လို့လဲတဲ့၊ သူမက သူ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ ပြီးတော့ သူမကို ဆုလာဘ်တစ်ခုခုနဲ့ လဲလှယ်ဖို့တောင် ပြောခဲ့သေးတယ်"

ကမ်းချန်ချန် အတွေးများ ရှုပ်ထွေးသွားသည်။

"ဒါဆို သူမက ဘယ်လိုတုံ့ပြန်လိုက်လဲ"

"သူမက သူမရဲ့အမှားပါ၊ သူမက ကျေးဇူးကန်းခဲ့တာပါ၊ အခုအခြေအနေက သူမအတွက် လုံလောက်နေပါပြီတဲ့၊ စတုတ္ထမင်းသားက သူမကို အပြစ်မတင်တဲ့အတွက်တောင် ကျေးဇူး တင်ပါတယ်လို့ ပြောသွားတယ်"

"သူမရဲ့စရိုက်က... အတော်လေး သနားစရာကောင်းတာပဲ"

ကမ်းချန်ချန် သက်ပြင်းချလေသည်။

"အသက်ကယ်ကျေးဇူးဆိုတာ အသက်ကယ်ကျေးဇူးပါပဲ၊ သူမရဲ့ ဒဏ်ရာအရွယ်အစားကို အကြောင်းပြချက်အဖြစ် သုံးတာက တော်တော်လေး ကြမ်းတမ်းလွန်းတယ်၊ နောက်တစ်ခါ အဲဒီလို မလုပ်နဲ့တော့"

ဟွာယွီ လျှာလေးထုတ်လာသည်။

"ကျွန်မ သူမကွယ်ရာမှာ စကားနည်းနည်း ပြောမိရုံပါ၊ သူမရှေ့မှာတော့ ဒီလိုစကားမျိုး မပြောခဲ့ပါဘူး"

ကမ်းချန်ချန် ရယ်မောလာသည်။

"ဒါပေမဲ့ သူတို့ကလည်း ငါ့ကွယ်ရာမှာ ငါ့အကြောင်းပြောနေကြတာပဲ မဟုတ်ဘူးလား၊ နင် ဒေါသမထွက်ဘူးလား"

ဟွာယွီ "စဲဖူရော ဒေါသမထွက်ဘူးလား"

ကမ်းချန်ချန်က ဖြေသည်။

"ယောကျ်ားတစ်ယောက်ကို တခြားသူတွေနဲ့ မျှဝေခံစားရတာကို ငါ တကယ် သဘောမကျပါဘူး၊ ဒါက အမှန်တရားပဲဆိုတော့ ငါက ဘာလို့ အပြောခံရမှာကို ကြောက်နေရမှာလဲ"

အိမ်ရှေ့စံမင်းသား ရာထူးပြန်လည်ရရှိပြီးနောက် သူသည် အဌမမင်းသားအုပ်စုအပေါ် နာကြည်းချက်များ ထားရှိခဲ့ပြီး အဌမမင်းသားကို ထောက်ခံခဲ့သော ဝန်ကြီးတိုင်းသည် သူ၏ အမည်ပျက်စာရင်းတွင် ပါဝင်သွားခဲ့သည်။

ယခုအခါ ကန်ရှီးက ကျန်းနန်သို့ သွားရောက်သောအခါ တိုင်းပြည်ကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူထားရသော အိမ်ရှေ့စံမင်းသားသည် အတော်လေး တက်ကြွလာသည်။

သူသည် ဝန်ကြီးများ၏ နာမည်များကို စက္ကူတစ်ရွက်ပေါ်တွင် ရေးမှတ်ကာ သူ မဲနှိုက်ရရှိသူ မည်သူ့ကိုမဆို နှုတ်ဖြင့် ဆဲဆိုရိုက်နှက်ပြီးနောက် ထိုဝန်ကြီး၏ ရုံးဝတ်စုံများကို ချွတ်ခိုင်းကာ အိမ်ပြန်ပို့လေ့ရှိသည်။

သို့သော် ဤကဲ့သို့ အရှက်ခွဲသည့်နည်းလမ်းက လက်စားချေမှုအတွက် လုံလောက်အောင် မကျေနပ်နိုင်ဟု ခံစားရသဖြင့် သူသည် ထိုနည်းလမ်းကို အမြန်ပင် ငြီးငွေ့သွားခဲ့သည်။

ထို့ကြောင့် သူသည် ကျန်ရှိနေသော ဝန်ကြီးများကို အရှေ့ဘက်နန်းဆောင်သို့ ဆင့်ခေါ်ကာ သူ့ရှေ့တွင် တန်းစီရပ်ခိုင်းပြီး လက်ထဲတွင် မြားတစ်စင်းကိုင်ထားသည်။ သူက ချန်ဝမ်အာအား သူ့မျက်လုံးများကို ပိုးသားအနီရောင်ဖဲကြိုးဖြင့် စည်းခိုင်းလိုက်ပြီး သူပစ်လိုက်သည့်မြား ထိမှန်သူ မည်သူမဆို ကံဆိုးသူအဖြစ် သတ်မှတ်မည်ဟု ဆိုလေသည်။

ဝန်ကြီးအချို့မှာ အလွန်ကြောက်လန့်လွန်း၍ သေးပင်ထွက်ကျသွားကြသည်။ အိမ်ရှေ့စံမင်းသားက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး မြားတစ်ချက်တည်းဖြင့် တတိယအဆင့် အရာရှိတစ်ဦး၏ ဦးထုပ်ကို ထိမှန်သွားစေခဲ့သည်။

ထိုအရာရှိသည် နောက်သို့ လန်ကျသွားပြီး မြေကြီးပေါ်တွင် အဝါရောင်၊ ပူဖောင်းများထကာ အနံ့အသက်ဆိုးရွားသော ရေအိုင်တစ်အိုင် ကျန်ရစ်ခဲ့လေသည်။ အိမ်ရှေ့စံမင်းသားသည် မျက်လုံးစည်းကို ဆွဲဖြဲလိုက်ပြီး ရူးသွပ်စွာ ရယ်မောလေတော့သည်။

ချန်ဝမ်အာက မုတ်ဆိတ်မွေးနှင့် အရာရှိတစ်ဦးကို လက်ညှိုး ထိုးပြလာသည်။

"အိမ်ရှေ့စံမင်းသား... သူက ကျွန်မကို ခိုးကြည့်နေတာ၊ ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးရမယ်"

အိမ်ရှေ့စံမင်းသားက အေးစက်စွာဖြင့် "ကိုယ်ရံတော်တွေ... သူ့မျက်လုံးတွေကို ဖောက်ထုတ်ပြီး ငါ့ရဲ့ အလှလေးကို ပေးလိုက်စမ်း"

All Chapters