← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

🌻 Chapter 178

နောက်ဆုံးတွင် ဤသတင်းကို ကြားရသောအခါ ယင်ကျန်းမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ အရှေ့ဘက်နန်းဆောင်သို့ သွားရောက်ကာ အိမ်ရှေ့စံမင်းသားကို ရှာဖွေလေတော့သည်။

"ဒုတိယအစ်ကိုတော်... အဲဒီဝန်ကြီးတွေက ဘာများ အမှားလုပ်ခဲ့လို့လဲ"

အိမ်ရှေ့စံမင်းသား မျက်လုံးများမှာ နီရဲနေပြီး သူသည် အနည်းငယ် အရက်မူးနေဆဲဖြစ်သည်။

"သူတို့က ငါ့အပေါ် သစ္စာမရှိဘူး၊ ငါက အိမ်ရှေ့စံမင်းသားပါ၊ ဒါပေမဲ့ သူတို့က အဌမမင်းသားကို ထောက်ခံကြတယ်၊ ဒါက လက်ခံနိုင်စရာလား"

"အစ်ကိုတော်က အိမ်ရှေ့စံမင်းသားလေ၊ ဒီထက်ပိုပြီး သဘောထားကြီးလို့ မရဘူးလား"

အိမ်ရှေ့စံမင်းသား "မရဘူး၊ ငါက ဒေါသတွေကို မြိသိပ်ထား တတ်တဲ့သူ မဟုတ်ဘူး၊ စတုတ္ထညီ... မင်း သိတဲ့အတိုင်းပဲ"

ယင်ကျန်း "ဒါပေမဲ့ လက်ရှိ အခြေအနေအရ..."

အိမ်ရှေ့စံမင်းသားက ယုံကြည်မှုအပြည့်ဖြင့် ဖြတ်ပြော သည်။

"စတုတ္ထညီ... ဒီကိစ္စမှာ ဝင်မပါနဲ့၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိတယ်"

ယင်ကျန်း "ကျွန်တော်က ဝင်ပါမယ်လို့ အတင်းပြောရင်ရော"

အိမ်ရှေ့စံမင်းက သူ့ကို စူးစိုက်ကြည့်လာသည်။

"ကိုယ်ရံတော်တွေ၊ မင်းသားကို အပြင်ပို့လိုက်စမ်း"

ယင်ကျန်းသည် အရှေ့ဘက်နန်းဆောင်မှ နှင်ထုတ်ခြင်း ခံလိုက်ရသည်။ သူ လှည့်ကာ အရှေ့ဘက်နန်းဆောင် တံခါးကို စူးစိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။

ယင်ကျန်း ထွက်သွားပြီးနောက် ချန်ဝမ်အာသည် အရက်အိုးတစ်အိုးနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ သူမက အိမ်ရှေ့စံမင်းသားအတွက် အရက်တစ်ခွက် ငဲ့ပေးကာ ပြောလေသည်။

"အိမ်ရှေ့စံမင်းသားက အရမ်းသဘောကောင်းလွန်းတယ်၊ စတုတ္ထမင်းသားရဲ့ အဆင့်အတန်းက ဘာမို့လို့လဲ၊ သူက လက်အောက်ခံ တစ်ယောက်ပဲလေ၊ ဒါပေမဲ့ သူက အိမ်ရှေ့စံမင်းသားကိုတောင် အသံကျယ်ကျယ်နဲ့ ပြန်ပြောရဲတယ်...

အိမ်ရှေ့စံမင်းသားက သူမကို တွန်းချလိုက်ပြီး နှစ်ချက်လောက် ကန်ကျောက်သည်။

"ဒီကနေ ထွက်သွားစမ်း၊ ပြီးတော့ နင့်အဆင့်အတန်းက ဘာမို့လို့ သူ့ကွယ်ရာမှာ အဲဒီလိုပြောရဲရတာလဲ..."

"အိမ်ရှေ့စံမင်းသား... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်မ ခဏတာ တွေဝေသွားလို့ပါ"

ချန်ဝမ်အာသည် အမြန်ဒူးထောက်ချလိုက်ပြီး ခွင့်လွှတ်ရန် တောင်းပန်လေသည်။

----

"လာပါ လာပါ၊ လှိမ့်ပေးမယ်... ဘေးအန္တရာယ်တွေ ကင်းဝေးပါစေ၊ ကလေးလေး သန်စွမ်းပါစေ၊ ကလေးလေး ဉာဏ် ကောင်းပါစေ၊ ကလေးလေး ကောင်းချီးမင်္ဂလာခံစားရပါစေ"

ကျောက်သခင်မသည် အခွံခွာထားသော ကြက်ဥတစ်လုံးကို ယူကာ ယခုမှ အသက်တစ်နှစ်ပြည့်သွားသော ကလေးငယ်လေးပေါ်တွင် လှိမ့်ပေးနေသည်။

ဟွာစန်း "သခင်မကြီး... အဲဒီကြက်ဥကို မစားဘူးလား"

ဟွာယွီ ရေနွေးဇလုံတစ်လုံး ယူလာပြီး ပြန်ဖြေလိုက်သည်။

"ဒါကို ဘေးအန္တရာယ် ဖယ်ရှားခြင်းလို့ ခေါ်တယ်၊ အသက်တစ်နှစ်ပြည့် မွေးနေ့ပွဲရဲ့ ပထမဆုံးလုပ်ထုံးလုပ်နည်းပဲ"

ကမ်းချန်ချန်သည် ပန်းသီး၊ ဆန်၊ ကြက်မောက်သီးနှင့် စွန်ပလွံသီး တို့ကို ရေထဲသို့ ထည့်လိုက်ပြီးနောက် ဟုန်လီ လက်လေးများကို ဇလုံထဲသို့ ထည့်ကာ ပွတ်သပ်ပေးသည်။ ဟုန်ကျိုးလည်း သူ့ လက်လေးများကို ဇလုံထဲ ထည့်လိုက်သည်။ ထိုအချိန်တွင် ယင်ကျန်း ဝင်လာပြီး ပြောသည်။

"ကိုယ် အချိန်ကိုက်ရောက်လာတာလား၊ ဒီနေ့ ကလေးနှစ်ယောက်ရဲ့ အသက်တစ်နှစ်ပြည့် မွေးနေ့ပွဲဆိုတာ ကြားလို့ အမေက သူတို့အတွက် ကောင်းချီးတစ်ရာလော့ခ်သီးနှစ်ခုကို အထူးတလည် ပေးသနားလိုက်တယ်"

ထိုသို့ပြောပြီးနောက် သူက ရွှေလော့ခ်သီးနှစ်ခုကို ထုတ်ယူကာ ကလေးများ ခေါင်းပေါ်တွင် ဆင်မြန်းပေးသည်။ ထို့နောက် သူသည် ကမ်းချန်ချန်ကမ်းပေးသော အနီရောင်ဖဲကြိုးကိုယူကာ ကလေးများ၏ နဖူးတွင် စည်းပေးည်။

စုယန်လည်း ဝင်လာပြီး ပြုံးလျက် မေးသည်။

"ကျွန်မလည်း ဒီပျော်ပွဲရွှင်ပွဲမှာ ပါဝင်ချင်လို့ပါ၊ ကျွန်မကိုရော ကြိုဆိုရဲ့လား"

ကမ်းချန်ချန် ပြုံးလျက်ပင်။

"သေချာပေါက် ကြိုဆိုတာပေါ့၊ ပြီးတော့ လီအာကိုလည်း ရှင့်ကို ခေါင်းကိုင်မယ်တော်အဖြစ် အသိအမှတ်ပြုစေချင်တယ်"

သူမက အကြောင်းပြချက် နှစ်ခုကြောင့် ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ စုယန်လည်း ကလေးလိုချင်နေသည်ဟု သူမ ကြားခဲ့ရခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လွန်ခဲ့သောနှစ်လခန့်က ဟုန်လီသည် မိခင်နို့နှင့် ဓာတ်မတည့်မှု ဖြစ်ပွားခဲ့ပြီး သူ့ မျက်လုံးတစ်ဝိုက်တွင် နီရဲလာခဲ့သည်။ ကမ်းချန်ချန်သည် အကြောင်းရင်းကို မသိခဲ့ဘဲ စာအုပ်များ ဖတ်ရှုရှာဖွေကြည့်သော်လည်း အဖြေကို မရှာတွေ့ခဲ့ပေ။

ရလဒ်အနေဖြင့် အစားအစာနှင့် ပတ်သက်၍ ပိုမိုဗဟုသုတကြွယ်ဝသော စုယန်က တိုက်ရိုက်ပင် မေးလာသည်။

"မကြာသေးခင်က ပင်လယ်စာတွေ စားထားသေးလား"

ကမ်းချန်ချန် ရင်ထဲ ထိတ်သွားကာ "ဟုတ်တယ်... အခုက ပုဇွန်ဆိတ်ရာသီလေ၊ အဲဒါနဲ့ နည်းနည်းလောက် စားချင်စိတ်ကို မအောင့်နိုင်လို့ စားလိုက်မိတယ်၊ အဲဒါက ကျွန်မရဲ့ နို့ထွက်နှုန်းကို ထိခိုက်စေနိုင်လို့လား"

လီစဲဖူက ပြန်ဖြေသည်။

"ကလေးတွေက နုနယ်တယ်လေ၊ ပြီးတော့ နို့တိုက်မိခင် အများစုက အစားအစာ တချို့ကို ရှောင်ဖို့ လိုအပ်တယ်၊ ငါ့ခြံဝင်းထဲက နို့ထိန်းသည်တွေဆိုရင် ဝက်သားနဲ့ ထမင်းပဲ စားရတာ"

ကမ်းချန်ချန် ဤအကြောင်းကို သိသော်လည်း ဝက်သားတစ်မျိုးတည်းကိုသာ စားနေရခြင်းက အလွန်ခက်ခဲလှသည်။ အထူးသဖြင့် ဆားမပါသော ဝက်ဆီဖတ် သို့မဟုတ် ဝက်ခြေ ထောက်ပြုတ်ကြီးများကို မည်သူကမျှ ကောင်းကောင်း မစားနိုင်ပေ။

ထို့ကြောင့် နို့ထိန်းသည်များက သူတို့ သားလေးများကို နို့တိုက်နိုင်ရန်အတွက် ဝက်ဆီဖတ်များကို အတင်းမျိုချနေရသည်ကို မြင်ရသောအခါ ကမ်းချန်ချန်မှာ စိတ်မကောင်းဖြစ်ခဲ့ရသည်။

ထို့ကြောင့် သူမသည် နေ့ဘက်များတွင် တစ်ခါတစ်ရံ ကလေးများကို ကိုယ်တိုင် နို့တိုက်လေ့ရှိပြီး ထိုအချိန်များတွင် နို့ထိန်းသည်များအတွက် ဆားနယ်ထားသော ဟင်းသီး ဟင်းရွက် အချို့ကို ယူလာပေးခိုင်းလေ့ရှိသည်။

ကမ်းချန်ချန်က နှုတ်ခမ်းကို ကိုက်ကာ "ကျွန်မက စိတ်ကူးပေါက်ပြီး ကိုယ်တိုင် နို့တိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ ဒါပေမဲ့ ရလဒ်က ပြောင်းပြန်ဖြစ်သွားတယ်၊ ရှင်တို့အားလုံးကို ရယ်စရာဖြစ်အောင် လုပ်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်၊ နောက်တစ်ခါ အဲဒီလို မလုပ်တော့ပါဘူး"

တတိယအချက်အနေနဲ့... သမိုင်းမှာ စုယန်က မူလက ဟုန်လီရဲ့နာမည်ခံ မိခင်လေ၊ အခု လိပ်ပြာတောင်ပံခတ်ကြောင့် ဒီဂုဏ်ပုဒ်ကို သူမက လုယူလိုက်သလိုဖြစ်သွားတော့ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်...

ကမ်းချန်ချန် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စုယန် မျက်လုံးများ အရောင်လင်းလက်သွားသည်။

"တကယ်လား၊ ဒါဆို ရှင် စကားရုပ်သိမ်းလို့ မရဘူးနော်"

ကမ်းချန်ချန် သူမ လက်သန်းလေးကို ထောင်ပြလာသည်။

"လက်သန်းချိတ်ပြီး ကတိပေးတယ်"

ယင်ကျန်း ကမ်းချန်ချန်ကို တစ်ချက်ကြည့်ကာ ပြောသည်။

"မင်းကတော့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချဖို့ တကယ်ကို တတ်နိုင်တာပဲ"

ကမ်းချန်ချန် မျက်တောင်တဖျပ်ဖျပ်ခတ်လျက် "မဟုတ်ပါဘူး၊ စတုတ္ထမင်းသားလည်း အဲဒီလိုပဲ တွေးလိမ့်မယ်လို့ ကျွန်မ ထင်လို့ပါ"

ယင်ကျန်းက ပြောသည်။

"စုယန်က အမြဲတမ်း နူးညံ့ပြီး ကြင်နာတတ်တယ်၊ ကလေးတွေကို သွန်သင်ဆုံးမဖို့ အရမ်းသင့်တော်ပါတယ်၊ မင်းရဲ့ အကြံအစည်က ကိုယ် လိုချင်နေတဲ့အရာနဲ့ ကွက်တိပဲ"

စုယန်က ကမ်းချန်ချန်ကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းဒူးထောက်ချလာသည်။

"ကျေးဇူးတင်ပါတယ် စတုတ္ထမင်းသား၊ ကျေးဇူးတင်ပါတယ် စဲဖူ၊ စုယန်က ဟုန်လီကို ကိုယ့်သားအရင်းလိုသေချာ ပေါက် ဆက်ဆံပါ့မယ်"

ခရီးသွားရာမှ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကန်ရှီးသည် အိမ်ရှေ့စံမင်းသားကို ချက်ချင်းဆူပူကြိမ်းမောင်းလေတော့သည်။ သူက အိမ်ရှေ့စံမင်းသားအား သူ့ အမိန့်ကို မနာခံခြင်း၊ အလွန်အမင်း ကာမဂုဏ်ကြူးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် ဝေဖန်ရှုတ်ချကာ သူ့အပေါ် စိတ်ပျက်မိကြောင်း ဖော်ပြလာသည်။

"ကျွန်တော့်ကို ဘယ်လောက်အထိ နာခံစေချင်သေးတာလဲ၊ ကျွန်တော် ခမည်းတော်ကိုမေးမယ်၊ ခမည်းတော် ကျွန်တော့်ဆီကနေ ဘာတွေများ လိုချင်နေသေးတာလဲ"

အိမ်ရှေ့စံမင်းသား မျက်လုံးများမှာ နီရဲနေပြီး သူ့ မျက်နှာအမူအရာမှာ ခက်ထန်ကြမ်းကြုတ်နေကာ နဂါးပုံစံ ပန်းထိုးထားသော ဝတ်ရုံစကို မလျက် ရှေ့သို့ တိုးလာလေသည်။

ကန်ရှီးသည် သူ့အသွင်အပြင်ကြောင့် အနည်းငယ် အံ့အား သင့်သွားသည်။

"မင်း ဘယ်လိုရဲတင်းတာလဲ၊ မင်း ကျန်းကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ"

"အရှင်မင်းကြီးက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရာထူးချချင်နေတာပဲ၊ ကျွန်တော်က ဘာလို့ မလုပ်ရဲရမှာလဲ"

ယင်ရန်းသည် လက်လှမ်းကာ ကန်ရှီး လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ထားသည်။ သားအဖနှစ်ယောက်သည် နဂါးပလ္လင်ပေါ်တွင် လုံးထွေးသတ်ပုတ်ကြကာ အပြန်အလှန် ထိုးကြိတ်ကန်ကျောက် နေကြတော့သည်။

မိန်းမစိုး လျန်ကျိုကုန်းနှင့် အခြားသူများ အမြန်ပြေးလာပြီး သူတို့နှစ်ယောက်ကို ဆွဲခွာလိုက်ကြသည်။ ထိုအချိန်တွင် အိမ်ရှေ့စံမင်းသား၏ဆံကျစ်မှာ ပြေကျနေပြီဖြစ်ပြီး သူ့ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကာ ရူးသွပ်နေသူတစ်ယောက်နှင့် တူနေတော့သည်။

အဆုံးတွင် အိမ်ရှေ့စံမင်းသားသည် အကျဉ်းချခံလိုက်ရပြီး ဒုတိယအကြိမ် ရာထူးချခံရသည်။ ယင်ကျန်းသည် အနည်း ငယ် စိတ်ဓာတ်ကျနေသော အသွင်ဖြင့် ကမ်းချန်ချန် အိပ်ခန်းထဲသို့ ဝင်လာသည်။

ကမ်းချန်ချန်သည် ကလေးနှစ်ယောက်နှင့် ကြောင်တစ်ကောင် အိပ်ပျော်နေသည်ကို သူမ မေးစေ့ကို လက်ဖြင့်ထောက်ကာ ငေးကြည့်နေလေသည်။ ယင်ကျန်း ဝင်လာသည်ကို မြင်သောအခါ ခပ်တိုးတိုးပြေ သည်။

"ကြည့်ပါဦး၊ စိတ်ဝင်စားစရာ မကောင်းဘူးလား"

All Chapters