အခန်း ၁၇၉
Vol. 18 Ch. 179
🌻 Chapter 179
ယင်ကျန်းက စိတ်မပါတပါဖြင့် "ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ"
"သူတို့သုံးကောင်က တစ်တန်းတည်း အိပ်နေကြတာ၊ ပြီးတော့ အရွယ်အစားကလည်း အကုန်တူတူပဲ"
ယင်ကျန်းက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် သူမကို ပွေ့ချီကာ အပြင်ဘက်ရှိ ကုလားထိုင်တစ်ခုဆီသို့ သွား၍ ထိုင်ချလိုက်ပြီး သူ့ခေါင်းကို သူမ ပခုံးပေါ်တွင် အပ်ကာ ခါးသီးစွာဖြင့် ပြောလေသည်။
"ခမည်းတော်က တတိယမင်းသားကို ကူညီဖို့အတွက် မင်းသားဆယ့်သုံးကို တကယ်ပဲ စေလွှတ်လိုက်တယ်"
ကမ်းချန်ချန် "မင်းသားဆယ့်သုံးက တတိယမင်းသားရဲ့ အနိုင်ကျင့်တာ ခံရမှာကို ရှင် စိုးရိမ်နေတာလား"
"မင်းသားဆယ့်သုံးက ဒီတစ်ကြိမ် အကျဉ်းကနေ လွတ်လာပြီးကတည်းက သူ့ရဲ့ ဒေါသက တော်တော်လေးကို ပျော့ပျောင်းသွားခဲ့တယ်၊ သူက အများအားဖြင့် ဒေါသကို မြိုသိပ်ထားဖို့ပဲ ရွေးချယ်တတ်တယ်
သူက စစ်သူကြီးတစ်ယောက်ပါ၊ ဒါပေမဲ့ ခမည်းတော်က သူ့ကို စာအုပ်တွေ ပြုစုဖို့ ခိုင်းတယ်၊ ဒါက သူ့ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ကိုဖြိုခွဲဖို့ ကြိုးစားနေတာ ရှင်းနေတာပဲ"
ကမ်းချန်ချန် သူ့ ကျောကို နူးညံ့စွာ ပွတ်သပ်ပေးသည်။
"ဧကရာဇ်မင်းမြတ်က သူ့ကို ပုံသွင်းချင်ရုံ သက်သက်လည်း ဖြစ်နိုင်တာပဲ၊ စစ်မြေပြင်မှာ စစ်သူကြီးတွေ အများကြီး မလို အပ်ပါဘူး၊ ရှင့်ရဲ့ မင်းသားဆယ့်လေးကလည်း အရမ်းကို ထူးချွန်တာပဲလေ"
ယင်ကျန်း ကုတင်ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်သည်။
"ဒါက ခမည်းတော်က မင်းသားဆယ့်သုံးထက် မင်းသားဆယ့်လေးကို ပိုချစ်တယ်ဆိုတာကို ပိုပြီး သက်သေပြနေတာ မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ကိုယ်တို့သားကိုတော့ အဲဒီလို ဆင်းရဲဒုက္ခခံရအောင် လုပ်မှာ မဟုတ်ဘူး"
ကမ်းချန်ချန် တခစ်ခစ်ရယ်မောလာသည်။
[ရှင် ဧကရာဇ် ဖြစ်လာပြီးရင် ရှင့်သားကို နှိပ်စက်ဖို့ ရှင် တကယ် အချိန်ရမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ရှင်က အိပ်ဖို့တောင် အချိန်ရမှာ မဟုတ်လို့လေ]
ယင်ကျန်းက ပြောသည်။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"
[ရှင် ကျွန်မကို အခုထိ မယုံသေးဘူးလား၊ အခုတောင် ရှင်က ညဉ့်နက်တဲ့အထိ နေရတာ သဘောကျနေပြီ၊ ရှင် ဒီကိုမလာဘဲ စာကြည့်ဆောင်မှာဆိုရင် သန်းခေါင်ကျော်တဲ့အထိ မအိပ်ဘဲ နေတာပဲ]
သူမက အသက်သုံးဆယ်ကျော်ပဲ ရှိသေးတာ၊ အစားအ သောက်တွေ ဒီလောက်ကောင်းကောင်း စားနေရတာတောင် ဆံပင်ဖြူတွေ ရှိနေပြီ၊ ပြီးတော့ မျက်လုံးအောက်မှာလည်း အမဲစက်တွေ ရှိနေပြီ၊ အဲဒါက သူမရဲ့ အလှအပကို ထိခိုက်စေတယ်...
ယင်ကျန်း၏ မျက်နှာ မှောင်မိုက်သွားသည်။
"မင်း ကိုယ့်ကို ငြိုငြင်နေတာလား"
[မဟုတ်တာ အရှင်ရယ်]
ယင်ကျန်း သူမ မေးစေ့ကို ကိုက်လျက် မေးသည်။
"တကယ်ပဲ မဟုတ်ဘူးလား"
ကမ်းချန်ချန် အေးခဲသွားသည်။
[ဘာလို့ ရုတ်တရက်ကြီး နည်းနည်း မူမမှန်တဲ့ပုံစံမျိုး ဖြစ်လာရတာလဲ]
ချယ်ရီသီးများ နီရဲလာပြီး ငှက်ပျောပင်များ စိမ်းလန်းလာသည့်အချိန်တွင် စုန့်ကော်ကော်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်ရောက်ရှိလာသည်။
သူမသည် ဝမ်းနည်းပူဆွေးမှုကာလ သုံးနှစ်တာ ဖြတ်သန်းခဲ့ရသော်လည်း မင်းသားစံအိမ်ထက် သူမ ဇာတိမြေတွင် ပို၍ သက်သောင့်သက်သာ ရှိသည်ဟု ခံစားခဲ့ရသည်။ သူမ ကျန်း မာရေးလည်း ပိုမိုကောင်းမွန်လာပြီး ကိုယ်အလေးချိန် အနည်းငယ်ပင် တက်လာသည်။
"ဒေါ်ဒေါ်စုန့်"
"လိမ္မာလိုက်တဲ့ ကလေးလေး"
ဟုန်ကျိုးသည် စကားပြောတတ်နေပြီဖြစ်သည်။ ဖြူဖြူဖွေးဖွေး ဖက်ထုပ်လေးတစ်လုံးလို ကြာရိုးလေးတွေလို ပြည့်ဖြိုးဖြူဝင်းနေတဲ့ လက်မောင်းလေးတွေနဲ့ အထူးသဖြင့် ဆွဲဆိတ်ချင်စရာကောင်းတဲ့ တင်ပါးလေး ရှိလေသည်။
သိပ်မကြာခင်မှာပင် စုယန်သည်လည်း ဟုန်လီကိုလမ်း လျှောက်ထွက်ရာမှ ပြန်ခေါ်လာခဲ့သည်။ ဟုန်လီသည် ပုံမှန်ခန္ဓာကိုယ်အချိုးအစားရှိပြီး လုံးဝန်းကာ တောက်ပသော မျက်လုံးများဖြင့် အလွန်ဉာဏ်ကောင်းပုံရသည်။
စုန့်ကော်ကော် နှုတ်ခမ်းကိုစူကာ "နင်က အရမ်းမျက်နှာ လိုက်တာပဲ၊ ငါတို့က သူငယ်ချင်းတွေဖြစ်လာတာ နှစ်တွေတောင် အများကြီးရှိနေပြီကို၊ နင် ကလေးရသွားတော့ တခြားလူတစ်ယောက်ကို ခေါင်းကိုင်မယ်တော်အဖြစ် အရင်ရွေးလိုက်တယ်ပေါ့"
စုယန် မျက်လုံးများ ပြူးကျယ်သွားကာ သူမပဝါကို စိုးရိမ် တကြီးဖြင့် လိမ်ချေလေသည်။ ကမ်းချန်ချန် ပြုံးလျက် ပြောသည်။
"ညီမတော်က အစ်မအတွက် နေရာတစ်ခု ချန်ထားပေးတယ် မဟုတ်ဘူးလား ဟုန်ကျိုး... မြန်မြန်လာပြီး ခေါင်းကိုင်မယ် တော်လို့ ခေါ်လိုက်"
ဟုန်ကျိုး ချက်ချင်းပြေးလာကာ စုန့်ကော်ကော် အဝတ်အစားများကို သူ့လက်လေးများဖြင့် ဆုပ်ကိုင်လျက် ကလေးသံ လေးဖြင့် ခေါ်လေသည်။
"ခေါင်းကိုင်မယ်တော်... ခေါင်းကိုင်မယ်တော်..."
စုန့်ကော်ကော်က ရယ်မောကာ သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းသည်။
"အို... လိမ္မာလိုက်တဲ့ ကလေးလေး"
ကမ်းချန်ချန် "ဟုန်ကျိုးက အရမ်းပျင်းတဲ့ကလေးပဲ၊ နင် သူ့ရဲ့ ခေါင်းကိုင်မယ်တော် ဖြစ်လာလို့ ငါ တော်တော်လေး စိတ်အေးသွားပြီ၊ မဟုတ်ရင် သူက စာတောင် သေသေချာချာ ရေးတတ်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်နေတာ"
စုန့်ကော်ကော် ပြုံးလာသည်။
"ဒီလိုကိုး၊ ပျင်းတယ် ဟုတ်လား၊ ငါ ကြည့်ရအောင်၊ အို... ငါတော့ မထင်ပါဘူး၊ ဒီမျက်နှာလေးက တကယ့်ကို ကောင်းချီးခံစားရမယ့် မျက်နှာလေးပဲ"
ဟုန်ကျိုးသည် စုန့်ကော်ကော် ပေါင်ပေါ်တွင် ထိုင်ကာ ကွေ့ဟွာပန်းမုန့်ကို ပျော်ရွှင်စွာစားနေလေသည်။ စုန့်ကော်ကော်ထံမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ပန်းရနံ့လေးကို သူ သဘောကျသည်။
သူတို့ အသက်ခြောက်နှစ်အရွယ် ရောက်သောအခါ ဟုန်ကျိုးနှင့် ဟုန်လီတို့သည် မင်းသားများနှင့် မြေးတော်များအားလုံး တက်ရောက်ရသော စာသင်ကျောင်းမှ ပြန်လာကြသည်။ ကမ်းချန်ချန်နှင့် စုန့်ကော်ကော်တို့သည် သူတို့ကို ကြိုဆိုရန် တံခါးဝတွင် စောင့်နေသည်။
ဟုန်လီ "မယ်တော်စုယန်ရော ဘယ်မှာလဲ"
ကမ်းချန်ချန် "သူမက နင်လေးတို့အတွက် အရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်နေတာ၊ နေ့လယ်ကတည်းကပဲ"
ဟုန်ကျိုး ပြုံးလျက် ပြောသည်။
"ဟုတ်တယ်၊ ဒါဆိုရင် သား ပိုစားရမယ်၊ မယ်တော်စုယန်ပင်ပန်းရကျိုး မနပ်ဘဲ မဖြစ်စေရဘူး"
ကမ်းချန်ချန် သူ့ နှာခေါင်းကို ခပ်ဖွဖွ ပုတ်ကာ ပြောသည်။
"နင်က အစားအသောက်အကြောင်းပဲ အမြဲ တွေးနေတာပဲ"
စုန့်ကော်ကော် "ကျောင်းမှာ ဒီနေ့ ဘယ်လိုနေလဲ၊ အတန်းဖော်တွေနဲ့ အဆင်ပြေရဲ့လား"
ဟုန်လီ "လူတိုင်းက အရမ်းကို စိတ်အားထက်သန်ကြတယ်၊ ပြီးတော့ သားတို့လည်း အများကြီးသင်ခဲ့ရတယ်၊ သားတို့ အရမ်း ပျော်ခဲ့ရတယ်"
ဟုန်ကျိုးက မေးသည်။
"သားတို့ အတူတူ စွန်တောင် လွှတ်ခဲ့ကြသေးတယ်၊ ဒါနဲ့ မယ်တော်... သားက ဘာလို့ စွန်နဲ့ ဆော့ခွင့်မရတာလဲ"
ဤနေရာတွင် ကမ်းချန်ချန်နှင့် စုန့်ကော်ကော်တို့မှာ စကားဆွံ့အသွားကြသည်။ တစ်ချိန်တည်းမှာပင် သစ်တောအုပ်လေးနှင့် မလှမ်းမကမ်းတွင် ချွေ့မားမားသည် အေးစက်သော မျက်နှာထားဖြင့် ထွက်ခွာသွားသည်။
သူမ မျက်မှောင်များမှာ မည်းမှောင်ကာ မှိုင်းညို့နေသည်။ ဖူကျင်း ခြံဝင်းသို့ ပြန်ရောက်သောအခါ သူမက ယခုလေးတင် ကြားခဲ့ရသည်များကို ဖူကျင်းအား ပြန်လည်ပြောပြလေသည်။
ဖူကျင်း ရင်ထဲတွင် နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာသည်။ သန်းခေါင်ယံ အိပ်မက်များအတွင်း သူမ နှလုံးသားကို ဖိစီးနေခဲ့သော ရင်းနှီးနေသည့် နာကျင်မှုများက ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာလျက် သူမက ပြောလေသည်။
"အရမ်း မုန်းဖို့ကောင်းတာပဲ၊ သူတို့ရဲ့ ကလေးတွေ အကုန် လုံးကြီးပြင်းလာကြပြီ၊ ဒါပေမဲ့ ငါ့ရဲ့ ကလေးလေးကတော့ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး"
ချွေ့မားမားက ပြောသည်။
"ဖူကျင်း... သခင်လေးဟွေ့က အဲဒီကောင်မစုတ်လေး ရုန်ကျဲကြောင့် ဒုက္ခရောက်ခဲ့ရတာလေ၊ ကျွန်မတို့ ဘာလို့ လက်စားမချေရမှာလဲ"