အခန်း ၁၈၀
Vol. 18 Ch. 180
🌻 Chapter 180
ဖူကျင်း "နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ သူမ အိမ်ထောင်ကျသွားတာ ငါးနှစ်တောင် ရှိနေပြီ၊ ငါတို့က သူမရဲ့ ယောကျ်ားအိမ်ကို သွားပြီး အဆိပ်ခတ်ရမှာလား"
"ဖူကျင်းရဲ့ ဒေါသတွေကို ပြေပျောက်စေသရွေ့ သူမ အသက်ပေးရလည်း ဘာအရေးကြီးလို့လဲ၊ ဒါပေမဲ့ ဒီအစေခံအိုကြီးမှာ သူတို့ကို ပိုပြီး ဒုက္ခရောက်အောင် လုပ်ဖို့ နည်းလမ်းတစ်ခု ရှိတယ်၊ သူမရဲ့ မောင်လေး နှစ်ယောက်ကို ရှင်းပစ်လိုက်မယ်"
ဖူကျင်း အံ့အားသင့်သွားသည်။
"နင် ဘာတွေပြောနေတာလဲ၊ စတုတ္ထမင်းသားမှာ ကလေးနည်းနည်းပဲ ရှိတာကို"
ချွေ့မားမားက ဆက်ပြောသည်။
"အိမ်ရှေ့စံမင်းသား ရာထူးချခံရတာ နှစ်အတော်ကြာပြီ၊ ပြီးတော့ သူ ထီးနန်းဆက်ခံဖို့ အလားအလာ မရှိတော့ဘူးလို့ ထင်ရတယ်၊ ညီလာခံက မင်းသားတွေထဲမှာ၊ ဒီအစေခံအိုကြီး အမြင်မှာတော့ အကောင်းဆုံးက... ကျွန်မတို့ရဲ့ စတုတ္ထမင်းသားက ထီးနန်းဆက်ခံဖို့ အလားအလာ အများဆုံးပါပဲ"
"နင် ဘာလို့ ဒါကို ပြောနေရတာလဲ"
ချွေ့မားမား "စတုတ္ထမင်းသားက ကမ်းစဲဖူကို အချစ်ဆုံးလေ၊ တကယ်လို့ သူသာ ထီးနန်းဆက်ခံပြီးနောက်မှာ သူမကို တော်ဝင်ကြင်ယာတော် ရာထူးမျိုးပေးလိုက်ရင် ဖူကျင်းရဲ့ မျက်နှာက ဘယ်မှာ သွားထားရမှာလဲ
ကျွန်မ အမြင်မှာတော့ ချက်တစ်ချက်တည်းနဲ့ ငှက်နှစ်ကောင် ပစ်တာက ပိုကောင်းတယ်၊ လီစဲဖူရဲ့ ကလေး သေဆုံးမှုအတွက် အပြစ်ကို ကမ်းစဲဖူအပေါ် ပုံချလိုက်မယ်၊ တကယ် လို့စတုတ္ထမင်းသားက သူမကို အပြစ်ပေးရင် သူမရဲ့ ကလေးနှစ်ယောက်က ဖူကျင်းရဲ့ ကလေးတွေ ဖြစ်လာမှာပဲ
ဒါကို မိခင်ကိုဖယ်ရှားပြီး ကလေးတွေကို ချန်ထားတယ်လို့ ခေါ်တယ်၊ တကယ်လို့ စတုတ္ထမင်းသားက ကမ်းစဲဖူကို အပြစ်မပေးချင်ရင်တောင် ဒီအကြံအစည်က သူမနဲ့ လီစဲဖူကြားမှာ အက်ကြောင်းတစ်ခု ဖန်တီးပေးပြီးသားဖြစ်သွားမယ်၊ ဒါဆို သူတို့က နောင်အနာဂတ်မှာ ဖူကျင်းကို ဆန့်ကျင်ဖို့အတူ တကွပူးပေါင်းလာမှာ မဟုတ်တော့ဘူး"
ဖူကျင်း "စတုတ္ထမင်းသားက ထီးနန်းဆက်ခံဖို့ အလားအလာ အများဆုံးလို့ မင်း တကယ် ထင်လို့လား၊ ငါကတော့ တတိယမင်းသားလို့ထင်နေတာ ဘာလို့လဲမသိဘူး"
ချွေ့မားမား အသက်ရှူမှားသွားပြီး အခန်းထဲတွင် သူတို့နှစ်ယောက်တည်းရှိနေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလေသည်။
"ကျွန်မရဲ့သခင်မလေးရယ်... သခင်မလေးက ဘာလို့ တတိယမင်းသားအကြောင်းကို တွေးနေသေးတာလဲ၊ သခင်မလေး နာကျင်ခဲ့ရတယ် မဟုတ်ဘူးလား"
ဖူကျင်းသည် သူမလက်ထဲရှိ ရိုးစင်းသော ပဝါလေးကို ပွတ်သပ်ရင်း မိန်းမငယ်လေးတစ်ယောက်လို တောက်ပသော အပြုံးတစ်ခုကို ပြသလာသည်။
"ငါ နာကျင်ခဲ့ရတာ မှန်ပါတယ်၊ ဒါပေမဲ့ သူက ငါ့အတွက် ဒီပဝါလေးကို ကိုယ်တိုင်ပန်းထိုးပေးခဲ့တာပဲ၊ ဒါက သူ့ရဲ့ ရိုးသားမှုကို ပြသနေတာလေ၊ သူက ငါ့ကို ဂရုစိုက်တုန်းပါပဲ"
သို့သော် ထိုအပြုံးသည် သူမ မျက်လုံးများအထိ မရောက်ခဲ့ပေ။ အဆုံးတွင် အပြုံးသည် မှေးမှိန်သွားပြီး အရိုးထဲထိ စိမ့်ဝင်အေးခဲသွားစေသော ရေခဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချွေ့မားမားက ထိုပဝါကို ဆွဲယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် ဒေါသတကြီးဖြင့် ပြောလေသည်။
"သခင်မလေး... ဒီပဝါပေါ်မှာ ဖြူစင်မှုဆိုတဲ့ စာလုံးတစ်လုံးတည်းပဲ ရှိတာလေ၊ ဒါက ဘယ်လောက်တောင် ခံမှာလဲ၊ ပြီးတော့ သခင်မလေးရဲ့ အဆင့်အတန်းအရ ဒါကို သိမ်းထားတာက စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ပြဿနာတွေပဲ သယ်ဆောင်လာမှာ"
ဖူကျင်း ထိုပဝါကို ပြန်ယူသည်။
"ငါ သိပါတယ်၊ ဒါကြောင့် ငါ သူ့ရဲ့ အစီအစဉ်အတိုင်း တိတိ ကျကျ လိုက်လုပ်ဖို့ မရည်ရွယ်ပါဘူး"
ချွေ့မားမား အိုမင်းနေသောနှလုံးသားမှာ ရပ်တန့်သွားမတတ် ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို ခံစားနိသည်။
"သူက ဖူကျင်းကို ဘာအတွက် အသုံးချချင်တာလဲ၊ ဒါဆို သူက ဒီပဝါကို ပေးတဲ့နောက်ကွယ်မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပေါ့"
"သူက ငါ့ကို မင်းသားဆယ့်သုံးနဲ့ စတုတ္ထမင်းသားကြားမှာ သွေးခွဲစေချင်တာ၊ ဘာပဲဖြစ်ဖြစ် မင်းသားဆယ့်သုံး အကျဉ်းကနေ လွတ်လာတုန်းက သူက ဧကရာဇ်မင်းမြတ်ရဲ့ ဆူပူကြိမ်းမောင်းတာကို ခံခဲ့ရတာလေ
ပြီးတော့ သူက ငါ့ကို အကျိုးအမြတ်တစ်ခုလည်း ကတိပေးထားသေးတယ်၊ တကယ်လို့ သူသာ ထီးနန်းကို အောင်မြင်စွာ လုယူနိုင်ရင် သူက စတုတ္ထမင်းသားကတော်ကို ရာထူးချပြီး ငါ့ကို ဧကရီမိဖုရားအဖြစ် တင်မြှောက်ပေးမယ်တဲ့"
ချွေ့မားမားသည် သူမ သခင်မလေး ရူးသွားပြီဟု ထင်လိုက်မိသည်။
"တကယ်လို့ စတုတ္ထမင်းသားသာ ထီးနန်းတက်ရင် သခင်မလေးက ဧကရီမိဖုရား ဖြစ်လာမှာပဲ မဟုတ်ဘူးလား၊ တတိယမင်းသားရဲ့ စကားတွေကို သခင်မလေးက ယုံကြည်နိုင်လို့လား
တတိယမင်းသားဖူကျင်းက နူးညံ့သိမ်မွေ့ပြီး ဘာအမှားမှလည်း မလုပ်ခဲ့ပါဘူး၊ သူမရဲ့ မိသားစု နောက်ခံကလည်း မဆိုးပါဘူး၊ သူက သူမကို ဒီအတိုင်း လွယ်လွယ်လေးရာထူး ချပစ်လို့ ရမလား၊ သူက သခင်မလေးကို ဧကရီမိဖုရား ဖြစ်စေချင်ရင် အရာရှိတွေကို ဘယ်လိုများ နှုတ်ပိတ်မှာလဲ"
ဖူကျင်း သူမ နှုတ်ခမ်းကို တွန့်ကွေးလေသည်။
"ဟုတ်တယ်၊ သူက ငါ့ကို လိမ်နေတယ်ဆိုတာ ငါ သိပါတယ်၊ တကယ်တော့ ငါက သူ့ကို လက်ထပ်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ၊ ဧကရီမိဖုရားဖြစ်ရတာကို ငါ ဂရုမစိုက်ပါဘူး"
ချွေ့မားမား "သခင်မလေးက မင်းသားဆယ့်သုံးနဲ့ စတုတ္ထမင်းသားကြားမှာ သွေးခွဲဖို့ ကြိုးစားနိုင်ပါတယ်၊ ဒါပေမဲ့ သခင်မလေးက စတုတ္ထမင်းသားရဲ့ ဒေါသကို မခံရဘူးဆိုတာ ဘယ်လို အာမခံနိုင်မလဲ၊ စတုတ္ထမင်းသားနဲ့ မင်းသားဆယ့်သုံးက ငယ်ငယ်ကတည်းက သူငယ်ချင်းတွေလေ၊ သခင်မလေးက ဘယ်လိုလုပ် သူတို့ကို သွေးခွဲနိုင်မှာလဲ"
ဖူကျင်း "ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဧကရာဇ်မင်းမြတ်ရဲ့ တမင်ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် ရည်ရွယ်ချက်မပါတဲ့ လမ်းညွှန်မှုတွေကြောင့် မင်းသားဆယ့်သုံးနဲ့ စတုတ္ထမင်းသားတို့က အတော်လေး ဝေးကွာသွားခဲ့ကြပြီ၊ နောက်ထပ် ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုခု ထပ်ဖြစ်လာရင် သူတို့က ရန်သူတွေ ဖြစ်သွားနိုင်တယ်
သေချာတာပေါ့... ငါက ကိုယ်တိုင် လုပ်မှာ မဟုတ်ပါဘူး၊ သံသယကင်းအောင်တောင် တက်တက်ကြွကြွ ရှောင်ရှားဦးမှာ၊ ဘာပဲဖြစ်ဖြစ် ဒါက တတိယမင်းသား ပြောခဲ့တာဆိုတော့ သူပဲ ဦးဆောင်ရမှာပေါ့"
ထိုနှစ် ဇူလိုင်လတွင် အပူရှိန်မှာ ခံနိုင်ရည်မရှိလောက်အောင် ပြင်းထန်လှသည်။ ကန်ရှီးသည် ထုံးစံအတိုင်း နွေရာသီနန်းတော်သို့ သွားရောက်ခဲ့သည်။ ဤတစ်ကြိမ်တွင် မင်းသားတစ်ပါးစီတိုင်းကို အမျိုးသမီးနှစ်ဦးနှင့် ကလေးအချို့ ခေါ်ဆောင်သွားခွင့် ပြုခဲ့သည်။
မူလက ယင်ကျန်းသည် မယားကြီး ဂုဏ်သိက္ခာကို ထိန်းသိမ်းထားလိုသဖြင့် ဖူကျင်းနှင့် ကမ်းချန်ချန်တို့ကို ခေါ်ဆောင် သွားရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ဖူကျင်းကပြော သည်။
"စတုတ္ထမင်းသား... ကျွန်မ ဒီရက်ပိုင်း အရမ်းပင်ပန်းနေတယ်လို့ ခံစားရပြီး မရွေ့လျားချင်ဘူး၊ ကျွန်မအစား လီစဲဖူကို ခေါ်သွားရင်ရော ဘယ်လိုလဲ၊ သူမက ကလေးတွေကို အဲဒီကို ခေါ်သွားပြီး အပူရှောင်လို့ရတာပေါ့"
လီစဲဖူသည် ဤစကားကို ကြားသောအခါ အနည်းငယ်အံ့အားသင့်သွားသည်။
"ဖူကျင်းက ဘာလို့ သူ့အကျင့်တွေကို ပြောင်းလဲသွားတာလဲ"
ယင်းလော့ "ဖူကျင်းက ဒီလိုကိစ္စတွေမှာ အပြင်ပန်းကို အမြဲ တမ်း အရမ်းဂရုစိုက်တာ မဟုတ်ဘူးလား"
လီစဲဖူ ပျော်ရွှင်စွာ ပြုံးလျက်ပင် "ဟုတ်တယ်၊ သူမက အမြဲ တမ်း လူကောင်းဖြစ်ဖို့ ကြိုးစားနေတာ၊ သူမက ဖူကျင်း ဖြစ်လာတာ အံ့သြစရာ မရှိပါဘူး၊ ဒီတစ်ခါတော့ ငါတောင် သူမကို ကျေးဇူးတင်ရတော့မယ်၊ ဒီပူပြင်းတဲ့ ရာသီဥတုမှာ ငါတို့ နောက်ဆုံးတော့ အပူရှောင်ဖို့ သွားလို့ရပြီ၊ ခဏနေကျရင် ငါ့အတွက် လက်ဆောင်တစ်ခုပြင်ဆင်ပြီး သူမရဲ့ ခြံဝင်းကို ပို့လိုက်ပါ၊ ငါတို့ သူမဆီမှာ ကျေးဇူးကြွေး မတင်စေချင်ဘူး"
ယင်းလော့က ပြောသည်။
"ကောင်းပါပြီ၊ ကျွန်မ အခုချက်ချင်း သွားလိုက်ပါ့မယ်"
ယင်းလော့က လက်ဆောင်သွားပို့ပြီးနောက် ဖူကျင်းက သူမနှင့် သီးသန့် အချိန်အနည်းငယ်ကြာ စကားပြောလေသည်။ ဖူကျင်း ခြံဝင်းမှ ထွက်လာချိန်တွင် သူမသည် လုံးဝကြောင် အမ်းအမ်းဖြစ်နေပြီး မျက်နှာမှာလည်း သွေးဆုတ်နေသည်။ ပြန်ရောက်ပြီးနောက်တွင်လည်း သူမသည် အနည်းငယ် စိတ်လွင့်နေသည်။ လီစဲဖူက သူမကို တစ်ချက်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ၊ သူမက နင့်ကို အခက်တွေ့အောင် လုပ်လိုက်လို့လား"
ယင်းလော့ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်မ မကောင်းတဲ့ အစားအစာတစ်ခုခု စားမိလို့ နေမကောင်းဖြစ်နေတာ ဖြစ်မယ်"
လီစဲဖူက လက်ယမ်းပြသည်။
"ဒါဆိုလည်း နင် အခုသွားပြီး အနားယူလို့ ရပြီ"
"ဟုတ်ကဲ့ပါ"
ယင်းလော့သည် သူမအခန်းသို့ ပြန်လာပြီးနောက် ဖူကျင်း ပြောခဲ့သည့်စကားများ၊ ချွေ့မားမား ပေးခဲ့သည့် အဆိပ်၊ လီစဲဖူက သူမအပေါ် ပြသခဲ့သည့် ကြင်နာမှုများနှင့် သခင်လေးယွင်နှင့် သခင်မလေးရုန်တို့၏ ချစ်စရာကောင်းသောအမူ အရာများကို တွေးတောနေမိသည်။ သူမ တိတ်တဆိတ်မျက် ရည်မကျဘဲ မနေနိုင်ပေ။
"မယ်တော်... သား ဒါကို ယူသွားလို့ရမလား"
ဟုန်ကျိုးသည် ကြွေဝက်ကလေး အရုပ်တစ်ခုကို မြှောက်ပြကာ မေးလိုက်သည်။
ကမ်းချန်ချန်က ညင်သာစွာဖြင့် ပြန်ဖြေသည်။
"ရတယ်"
ဟုန်ကျိုး သစ်သား ဒိုင်နိုဆော အရုပ်တစ်ခုကိုကောက်ကိုင် သည်။
"သား ဒါကိုလည်း ယူသွားချင်တယ်"
ကမ်းချန်ချန် ထိုသည်ကိုကြည့်ကာ ပြုံးလျက် ပြောသည်။
"ယူကွယ်"
ဟုန်ကျိုးသည် ပျော့ပျောင်းသော ဝက်ဝံရုပ်ကြီးနှင့် ဘက်စုံသုံးဆောက်လုပ်ရေး ဘလောက်တုံးများကို ရင်ခွင်ထဲ ပွေ့ဖက်ထားသည်။
"မယ်တော်... သား ဒါနဲ့ ဒါကိုလည်း ယူသွားချင်တယ်..."
ကမ်းချန်ချန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
"ဟုန်ကျိုး... သားက အရုပ်သုံးရုပ် အများဆုံးပဲ ယူသွားခွင့်ရှိတယ်၊ ပြီးတော့ သားရဲ့အရုပ်တွေကို သားဘာသာ သယ်ရမယ်နော်"
ဖြူဖြူဖွေးဖွေးနှင့် ပြည့်ဖြိုးနေသော ဟုန်ကျိုး မျက်နှာလေးမှာ ချက်ချင်း မှိုင်ကျသွားသည်။
"မယ်တော်~"
ကမ်းချန်ချန်က တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ပြောသည်။
"ချစ်စရာကောင်းအောင် လုပ်ပြနေလို့ မရဘူး"
ယင်ကျန်း ဝင်လာသည်။
"ဒီနေ့ မင်းက မင်းသားကို အလိုလိုက်ဖို့ ဘာလို့ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ"
"ခမည်းတော်ကို ဂါရဝပြုပါတယ်"
ဟုန်ကျိုးသည် ယင်ကျန်းကို မြင်သောအခါ လိမ္မာရေးခြားရှိစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပြီး မျက်လုံးဝိုင်းကြီးများကို မျက်တောင်တဖျပ်ဖျပ်ခတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ နေလေသည်။
ယင်ကျန်းက ပြောသည်။
"အပြင်ထွက် ဆော့ကြရအောင်"