← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

🌻 Chapter 187

ကမ်းချန်ချန်မှာ အလွန်အိပ်ချင်နေပြီ ဖြစ်သည်။ ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် သူမ ချက်ချင်းလန်းဆန်းသွားသည်။

"နင် ဘယ်လိုထင်လို့လဲ"

ဟွာယွီ "အဌမမင်းသားက တကယ့်ကို သနားစရာကောင်းတယ်လို့ ဒီအစေခံက ထင်ပါတယ်၊ သူက နိမ့်ကျတဲ့ နောက်ခံကနေ လာတယ်၊ သူ့အမေကလည်း မျက်နှာသာမရဘူး၊ ကွယ်လွန်သွားတဲ့ ဧကရာဇ်မင်းမြတ်ရဲ့ ဆူပူကြိမ်းမောင်းတာကိုလည်း ခံခဲ့ရတယ်၊ ပြီးတော့ သူက အရမ်းလည်း နေမကောင်းဖြစ်နေတယ်၊ ဒီအစေခံက အရမ်း စိတ်ပူမိတယ်"

ကမ်းချန်ချန် "နန်းတွင်းအစေခံမလေး ဖြစ်တဲ့ နင်နဲ့ အဲဒါက ဘာဆိုင်လို့လဲ၊ သူ့ဘဝ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ သူ့ကို အလုပ်အကျွေးပြုဖို့ အစေခံတွေ၊ မိန်းမစိုးတွေ တစ်ပုံကြီး ရှိနေတာပဲ"

ဟွာယွီ "သခင်မ... ဒီအစေခံက အစေခံမလေး တစ်ယောက်ဆိုပေမဲ့ သခင်မရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းကောင်း စားဝတ်နေရေး ပြည့်စုံခွင့်ရတဲ့ ကံကောင်းသူပါ၊ ဒါပေမဲ့ လျန်မင်းသားကတော့ တော်ဝင်မိသားစုဝင်၊ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခံရတဲ့ သားတော်တစ်ပါးလေ၊ တကယ်လို့ တစ်နေ့နေ့မှာ သူသာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့ရင် ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ"

"ဒါဆို နင် ဘာလုပ်ချင်လို့လဲ"

ဟွာယွီ တုံ့ဆိုင်းသွားသည်။

"တကယ်လို့ အဲဒီနေ့သာ တကယ် ရောက်လာခဲ့ရင်၊ အဌမမင်းသားကို ပြုစုစောင့်ရှောက်ဖို့ ဒီအစေခံကို ခွင့်ပြုပေးဖို့ သခင်မက အရှင်မင်းကြီးဆီမှာ တောင်းဆိုပေးပါလို့ မျှော်လင့်ပါတယ်"

ကမ်းချန်ချန် "နင် တကယ်ပဲ အဲဒီလို တွေးနေတယ်ဆိုရင် အခုချက်ချင်း နင့်ကို နန်းတော်ကနေ ထွက်သွားခိုင်းလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် တစ်နေ့နေ့ အ‌ဌမမင်းသားတကယ်ပဲ တစ်ခုခုဖြစ်သွားလို့ အရှင်မင်းကြီးက နင့်ကို အဌမမင်းသားရဲ့စံအိမ်ကို သွားခွင့်ပြုရင်တောင် မင်းသားက နင့်ကို ယုံကြည်ပြီး ပြုစုစောင့်ရှောက်ခွင့် ပေးပါ့မလား၊ အဌမမင်း သားစံအိမ်တစ်ခုလုံးက နင့်ကို အရှင်မင်းကြီးရဲ့ သူလျှိုလို့ပဲ သတ်မှတ်ကြမှာ"

ဟွာယွီ ကမ်းချန်ချန် လက်မောင်းကို ဖက်တွယ်လာသည်။

"မဟုတ်ပါဘူး၊ ကျွန်မ သခင်မနဲ့ မခွဲရက်တာ၊ သခင်မက ကျွန်မကို ချူရှို့နန်းဆောင်ရဲ့အထိန်းတော်ကြီး လုပ်ခွင့်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား၊ ဒီမှာ သခင်မကလွဲရင် ကျွန်မက အကြီးဆုံးလေ"

ကမ်းချန်ချန် "အခုတော့ နင့်ကို ငါ မယုံတော့ဘူး၊ နင်က အ‌ဌမမင်းသားအတွက်နဲ့ ငါ့ကို သစ္စာဖောက်မှာတော့ မဟုတ်ဘူးမလား"

ဟွာယွီ အထိတ်တလန့်ဖြစ်သွားကာ သူမရှေ့တွင် ချက်ချင်း ဒူးထောက်ချလာသည်။

"သခင်မ... ကျွန်မ ကျိန်ဆိုရဲပါတယ်၊ တကယ်လို့ ကျွန်မသာ..."

ကမ်းချန်ချန် သူမစကားကို ဖြတ်ပြောသည်။

"ထားလိုက်ပါတော့၊ ကျိန်ဆိုနေလို့ရော ဘာအသုံးကျမှာလဲ၊ ငါတို့ အချင်းချင်းသိလာတာ ဆယ်စုနှစ်ချီနေပြီ၊ အနားတောင် မကပ်ဖူးတဲ့ ယောကျ်ားတစ်ယောက်ထက် ငါက ပိုပြီး အရေးမပါတဲ့သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဟွာယွီ မျက်နှာနီရဲသွားသည်။

"သခင်မ... ကျွန်မက အဌမမင်းသားကို ရမ္မက်စိတ်နဲ့ မက်မောနေတာ မဟုတ်ပါဘူး"

ကမ်းချန်ချန် "ဒါဆို သူက နင့်အတွက် ဘာလဲ"

ဟွာယွီ မျက်လုံးများ အရောင်လင်းလက်သွားသည်။

"ကျွန်မအတွက်တော့ သူက ကောင်းကင်ထက်က လမင်းကြီးလိုပါပဲ"

သုံးလအကြာတွင် ကိုယ်လုပ်တော်တဲ့လည်း ကွယ်လွန်သွားခဲ့ပြီး ဂနာမငြိမ်သော ထိုညီအစ်ကိုများသည် ဤအခွင့်အရေးကို အသုံးချကာ ပြဿနာထပ်မံ ဖန်တီးကြလေသည်။

သူတို့ကို မောင်းထုတ်ပြီးနောက် ယင်ကျန်းသည် ကိုယ်လုပ် တော်တဲ့ ခေါင်းတလားရှေ့တွင် တစ်ယောက်တည်း ဒူးထောက်ကာ အချိန်အကြာကြီးငိုကြွေးနေသည်။ ကမ်းချန်ချန်က တိတ်တဆိတ် လျှောက်လာပြီး သူ့ဘေးတွင် ဒူးထောက်လာသည်။

"အရှင်မင်းကြီး... မယ်တော်ကြီးနဲ့ ကျွန်မတို့ အချိန်များများ အတူမဖြတ်သန်းခဲ့ရပေမယ့် အရှင်မင်းကြီးက မယ်တော်ကြီးကို အရမ်းချစ်သလို မယ်တော်ကြီးကလည်း အရှင်မင်းကြီးကိုအရမ်းချစ်တယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ အရှင် မင်းကြီးက အကြီးဆုံးသားတော်ဖြစ်နေပြီး တာဝန်ဝတ္တရားတွေ အများကြီးထမ်းဆောင်ရလို့ပါ၊ ချစ်ခြင်းမေတ္တာ နက်ရှိုင်းလွန်းလို့ ပိုပြီးတင်းကျပ်ခဲ့တာပါ"

ယင်ကျန်း ငိုနေခြင်းကို ရပ်တန့်လိုက်ပြီး သူမကို စူးစိုက်ကြည့်လာသည်။

"မယ်တော်က ကိုယ့်ကို တကယ်ချစ်ရဲ့လား"

"သေချာတာပေါ့၊ ဘာလို့လဲဆိုတော့ ရှင်က ချစ်ခင်ခံရဖို့ ထိုက်တန်လို့လေ"

ယုံကျိန်းအုပ်ချုပ်သည့် ဒုတိယနှစ်တွင် ယင်ရန် ကွယ်လွန်သွားခဲ့သည်။ သူ မကွယ်လွန်မီတွင် အားနည်းနေသော ခန္ဓာကိုယ်ကိုဆွဲကာ ယင်ကျန်းထံသို့ လာရောက် ဂါရဝပြုခဲ့သည်။

"ကျွန်တော် အကျဉ်းကျနေတာ နှစ်တွေအကြာကြီးရှိခဲ့ပြီဆိုတော့ အရာရာကိုပြန်လည် ဆင်ခြင်တွေးတောမိပါတယ်၊ အဲဒီတုန်းက ကျွန်တော့်ရဲ့လုပ်ရပ်တွေက တကယ့်ကို အဓိပ္ပာယ်မရှိခဲ့ပါဘူး၊ အရှင်မင်းကြီးကို သတိလစ်သွားတဲ့အထိ ကန်ကျောက်ခဲ့တာမျိုး မလုပ်သင့်ခဲ့ပါဘူး၊ ပြီးတော့ အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်ကိုလည်း အတင်းအဓမ္မ လုယူခဲ့တာမျိုး မလုပ်သင့်ခဲ့ပါဘူး၊ ချန်ဝမ်အာက ကျွန်တော့်ရဲ့စံအိမ်မှာ ရှိနေတုန်းပါပဲ၊ တကယ်လို့ အရှင်မင်းကြီး သူမကို လိုချင်သေးတယ်ဆိုရင်..."

"ကျန်းက အခုဧကရာဇ်ဖြစ်နေပြီ၊ တကယ်လို့ မိန်းမတစ်ယောက်ကို တကယ်လိုချင်ခဲ့ရင် ညီအစ်ကို သံယောဇဉ်ကို ဂရုစိုက်မနေဘဲ သူမကို စောစောကတည်းက ပြန်ခေါ်လာခဲ့ပြီးပြီပေါ့"

ယင်ရန်မှာ အများကြီး ပိုအိုမင်းသွားပုံရသည်။ သူက ခေါင်းငုံ့ကာ သက်ပြင်းချလျက်

"ဟုတ်ပါတယ်၊ အရှင်မင်းကြီးသာ လိုချင်ခဲ့ရင် စောစောက တည်းက လုပ်ခဲ့ပြီးလောက်ပြီပေါ့၊ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော့်ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်၊ အဟွတ် အဟွတ်..."

ယင်ကျန်း သူ့ကို တွဲထူပေးပြီး နှစ်ယောက်အတူထိုင်ကြသည်။ ထို့နောက် ယင်ကျန်းက ပြောလေသည်။

"ဒုတိယအစ်ကို‌တော်က ကျေးဇူးတင်နေမှတော့ စိတ်အေး အေးထားသင့်ပါတယ်၊ အစ်ကို‌တော်ရဲ့ အမှားတွေကိုတောင် ကျန်းက အပြစ်မယူခဲ့တာ၊ အစ်ကို‌တော် သေဆုံးပြီးနောက်မှာ အစ်ကို‌တော်ရဲ့မျိုးဆက်တွေကို ဘာလို့ ဒုက္ခပေးရက်မှာလဲ"

ယင်ရန် အဆုံးတွင် ခေါင်းမော့ကာ သူ့ကို ကြည့်ပြီး အချိန်အတန်ကြာမှပြောသည်။

"အဲဒီလိုဆိုရင်တော့ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ဒီအပြစ်ရှိတဲ့ယင်ရန်က ကွယ်လွန်သူဧကရာဇ်မင်းမြတ်ကို သွားရောက်ဖူးမြော်လိုက်ပါဦးမယ်"

ယုံကျိန်းအုပ်ချုပ်သည့် တတိယနှစ်တွင် ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီးဌာနမှ ဝန်ကြီးတစ်ဦးက ဘိုးဘွားများစည်း မျဉ်းများကို လိုက်နာရန်နှင့် တော်ဝင်မျိုးဆက် ပြန့်ပွားရေးကို သေချာစေရန် စသည့် အကြောင်းပြချက်များဖြင့် ယင်ကျန်းအားကိုယ်လုပ်တော်ရွေးချယ်ပွဲကျင်းပရန် အကြံပြုလျှောက်တင်သည်။ သို့သော် ယင်ကျန်းက လက်ယမ်းပြသည်။

"ငါကိုယ်တော်က နေ့ရောညပါ မှတ်တမ်းလွှာတွေကို စစ်ဆေးဖို့ အလုပ်ရှုပ်နေတာ၊ ဘယ်မှာ အချိန်ရမှာလဲ၊ ကိုယ်လုပ်တော်ရွေးချယ်ဖို့ ထပ်ပြီး အကြံပြုတဲ့သူ ဘယ်သူမဆို ဒီည နန်းတော်ထဲလာပြီး ငါကိုယ်တော်နဲ့အတူ မှတ်တမ်းလွှာတွေ လာစစ်ကြစမ်း"

ဝန်ကြီးများမှာ ချက်ချင်းတိတ်ဆိတ်သွားကြပြီး မည်သူကမျှ ထပ်မဟရဲကြတော့ပေ။ ရုတ်တရက် ရွာသွန်းသော ဆောင်း ဦးမိုးအပြီးတွင် နျန်ချွင်းလင် ကွယ်လွန်သွားသည်။ မင်းသားဆယ့်သုံးသည် နန်းတော်ထဲသို့ဝင်လာပြီး ချွင်းလင် နောက် ဆုံးရေးခဲ့သောစာကို ယူဆောင်လာသည်။

ထိုစာထဲတွင် နောင်တရဖွယ်ကောင်းသော အချစ်ရေးတစ်ခုအကြောင်း ဖော်ပြထားပြီး နောင်ဘဝဆိုတာရှိခဲ့လျှင် ယင်ကျန်းကို လက်ထပ်ခွင့်ရဖို့မျှော်လင့်ကြောင်း ရေးသားထား သည်။ စာကို ဖတ်ပြီးနောက် ယင်ကျန်း သက်ပြင်းချမိသည်။

"သူမက ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲဆိုတာ ကျန်း နားမလည်နိုင်ဘူး"

ယင်ရှန် ဒူးထောက်ချလိုက်ပြီး မျက်ရည်များကို ကြိတ်မှိတ်ထိန်းချုပ်ထားရသည်။

"လူအတော်များများက သူတို့ ငယ်ရွယ်စဉ်မှာ မရရှိနိုင်ခဲ့တဲ့အရာကို တစ်သက်လုံး လိုက်လံရှာဖွေရင်း အချိန်ကုန်ဆုံးတတ်ကြပါတယ်၊ သူမကို လက်ထပ်ခဲ့တာက ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် သူမကို ချုပ်နှောင်ထားခဲ့သလို ဖြစ်သွားခဲ့တာပါ၊ အရှင်မင်းကြီး... ကျေးဇူးပြုပြီး သနားညှာတာပေးဖို့ တောင်း ပန်ပါတယ်"

ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။

"သူမက ကျန်းကို ကယ်တင်ခဲ့ပေမဲ့ ကျန်းကတော့ သူမကို အပြစ်တွေပဲ လုပ်မိခဲ့တယ်၊ နျန်ကုန်းယောင်ရဲ့ကိစ္စက သူမရဲ့ အခြေအနေကို ပိုဆိုးသွားစေခဲ့တာ သေချာတယ်"

ယင်ရှန် "သူမ မသေဆုံးခင်မှာ အရှင်မင်းကြီးကို အပြစ်မတင်ဘူးလို့ ပြောသွားပါတယ်၊ သူမက ကျွန်တော် နျန်ကုန်းယောင်အတွက် ဝင်မတောင်းပန်ပေးခဲ့တာကိုပဲ မုန်းသွားခဲ့တာပါ"

"ဒါက နျန်ကုန်းယောင် သူ့ဘာသာဖန်တီးခဲ့တဲ့ ကိစ္စပဲ၊ မင်းနဲ့ ဘာမှမဆိုင်တာတော့ သေချာတာပေါ့"

ယင်ကျန်း မျက်လုံးများကို မှိတ်လိုက်သည်။

"သူတို့က ဒီလောက်တောင်သံယောဇဉ်ကြီးတဲ့ မောင်နှမတွေဆိုမှတော့ နျန်ကုန်းယောင်ကိုလည်း ကွပ်မျက်လိုက်တော့"

ချူရှို့နန်းဆောင်ထဲတွင် ကမ်းချန်ချန် အစာစားနေစဉ် ယွင်ချင်းက အလျင်စလိုဝင်လာသည်။

"သခင်မကြီး... အရှင်မင်းကြီးက အခုလေးတင် အမိန့်တော် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်၊ နျန်ကိုယ်လုပ်တော်လို့ ဘွဲ့နှင်းသဘင် ပေးသနားလိုက်တယ်တဲ့..."

"ခလွမ်း"

ကမ်းချန်ချန် လက်ထဲရှိ တူများ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ယွင်ချင်းက နားမလည်နိုင်စွာဖြင့် မေးသည်။

"သခင်မကြီး... ဘာဖြစ်လို့လဲ၊ ကျွန်မ စကားပြောလို့တောင် မဆုံးသေးဘူး"

ဟွာယွီက တူများကို ကောက်ယူပေးလျက် ဆူပူလာသည်။

"နောက်တို သတင်းပို့တဲ့အခါ ပိုသတိထားရမယ်၊ တုံ့ဆိုင်းမနေနဲ့၊ ပြောစရာရှိတာ အဆုံးထိပြောရမယ်"

"အထိန်းတော်အပြောတာ မှန်ပါတယ်၊ ယွင်ချင်း မှတ်ထားပါ့မယ်"

ယွင်ချင်းက ဆက်ပြောသည်။

"အံ့သြစရာအကောင်းဆုံးက နျန်ကိုယ်လုပ်တော်က သေဆုံးသွားခဲ့ပြီး အရှင်မင်းကြီးက သူမရဲ့ အသုဘအခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးခဲ့တာပါတဲ့"

ကမ်းချန်ချန်သည် ယွင်မော့ ကမ်းပေးသော တူအသစ်ကို ယူကာဆက်စားလေသည်။ စားသောက်ပြီးစီးသောအခါ သူမကပြောသည်။

"ဒီကိစ္စကို ထပ်မပြောရဘူး"

ထိုညနေပိုင်းတွင် ယင်ကျန်းက ညစာအတူစားရန် သူမကို ဆင့်ခေါ်ခိုင်းသည်။

မှတ်တမ်းလွှာတောင်တန်းကြီးအောက်တွင် နစ်မြုပ်နေဆဲဖြစ်သော အမျိုးသားကိုကြည့်ကာ ကမ်းချန်ချန်ကပြောသည်။

"ဒီလောက် အလုပ်ရှုပ်နေတာကို တခြားလူတွေအတွက် အသုဘအခမ်းအနားပြင်ဆင်ပေးဖို့ အချိန်ရနေသေးတယ်ပေါ့"

All Chapters