အခန်း ၁၈၈
Vol. 19 Ch. 188
🌻 Chapter 188
ယင်ကျန်းက ပြန်ဖြေလေသည်။
"ကိုယ် ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ မင်းနဲ့အတူ ညစာစားဖို့တော့ အချိန်ရသေးတယ် မဟုတ်လား"
ကမ်းချန်ချန် အနားသို့သွားကာ သူ့ပခုံးများကို ပုတ်ပေးလာသည်။
"အဲဒီလိုဆိုရင်တော့ အရင် စားကြရအောင်၊ မဟုတ်ရင် ကျွန်မပါ ရှင်နဲ့အတူ အစာအိမ်ရောဂါ ရသွားရင် မကောင်းဘူးလေ"
ယင်ကျန်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
"ဟုတ်တယ်၊ မင်းရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပဲ"
စားသောက်ပြီးနောက် ယင်ကျန်းက ကမ်းချန်ချန် ရှေ့သို့ မှတ်တမ်းလွှာ အပုံလိုက်ကို ရွှေ့ပေးလိုက်ပြီး ပြောလေသည်။
"မင်းသားကိုးနဲ့ သူ့လူစုက ကိုယ့်ကို ကျိန်ဆဲဖို့ လူတစ်စုကို စည်းရုံးထားကြတယ်၊ ထီးနန်းက မင်းသားဆယ့်လေးအတွက် ရည်ရွယ်ထားတာလို့ ကောလာဟလတွေ ဖြန့်နေကြတယ်၊ ကိုယ်က နန်းတော်ကို ထိန်းချုပ်ဖို့ လူတွေလွှတ်ပြီး ခမည်းတော်ကို သေအောင်တွန်းပို့ခဲ့တယ်တဲ့၊ ပြီးတော့ ကိုယ့်ညီအစ်ကိုတွေကိုတောင် ဒုက္ခပေးပြီး အဌမမင်းသားနဲ့ နဝမမင်းသားကို သေအောင် အတင်းအကျပ်လုပ်ခဲ့တယ်တဲ့၊ အခု ညီလာခံတစ်ခုလုံးက အဲဒါကို ယုံနေကြပြီ၊ ကျေးဇူးပြုပြီး ကိုယ့်ကို နှစ်သိမ့်ပေးပါဦး"
"ကျွန်မဆီက နှစ်သိမ့်စကား နည်းနည်းလောက်က ခဏတာ ဖြေရှင်းနည်းပဲ ဖြစ်မှာပါ၊ ဒီလိုကိစ္စမျိုးတွေကို ရှင် ပြန်လည်တိုက်ခိုက်ရမယ်၊ ရှင်က ဧကရာဇ်လေ၊ ရှင့်စကားတွေက ကြီးမားတဲ့ သက်ရောက်မှု ရှိတယ်"
ယင်ကျန်း "ဒါဆို ကိုယ် ဘာလုပ်ရမလဲ"
"ဒီလို လုပ်သင့်တယ်၊ ကိစ္စတွေကို ရှင်းလင်းဖို့ စာအုပ်တစ်အုပ် ရေးလိုက်၊ ထီးနန်းကို ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်က လွှဲပြောင်းပေးခဲ့တာလို့ပြောပါ၊ သူတို့ မကျေနပ်ရင် အောက်တမလွန်ဘ၀ကို သွားပြီး ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ကို သွားရှာကြလို့၊ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ရဲ့ စကားကိုတောင် နားမထောင်ဘူးဆိုတော့ သူတို့က သားတွေဖြစ်ဖို့တောင် တကယ့်ကို မထိုက်တန်ဘူးလို့ ရေး၊ ပြီးရင် နဝမမင်းသားနဲ့ ပတ်သက်တဲ့ ကောလာဟလ တချို့ဖြန့်လိုက်၊ ဥပမာ... သူက အဌမမင်းသားကို တိတ်တဆိတ် ချစ်နေတာ၊ ဒါပေမဲ့ မပိုင်ဆိုင်နိုင်လို့ တစ္ဆေဘဝပဲ ရောက်သွားရတယ်ဆိုတာမျိုး၊ ပြီးတော့ မင်းသားဆယ့်လေးကလည်း အဌမမင်းသားကို တိတ်တဆိတ်ချစ်နေပြီး မကြာခဏ ကိုက်တတ်တယ်လို့၊ သူနဲ့ မင်းသားကိုးတို့က တစ်ခါက သူ့ မွေးနေ့မှာ အဌမမင်းသားအတွက် ရန်ဖြစ်ခဲ့ကြတယ် ဆိုတာမျိုးဂောာ
အတိုချုပ်ပြောရရင်၊ ဒီကောလဟာလကို ဖုံးကွယ်ဖို့ ပိုပြီးလူတွေ စိတ်ဝင်စားမယ့် ကောလဟာလတစ်ခုကို အသုံးပြုလိုက်"
ယင်ကျန်း တုံ့ဆိုင်းသွားသည်။
"ဒါက... တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူးလား"
ကမ်းချန်ချန် ဒေါသတကြီးဖြင့် ပြာသည်။
"ကျွန်မရဲ့ဧကရာဇ်မင်းမြတ်ရေ... ရှင်က အရမ်း စိတ်ထားကောင်းလွန်းတယ်၊ သူတို့က အရှက်အကြောက်တောင်မရှိတော့တာ၊ ရှင်က ဘာလို့ သူတို့ကို မျက်နှာသာပေးနေရသေး တာလဲ"
ယင်ကျန်းသည် ဤအချိန်တွင် နိုင်ငံရေးရန်သူများကို ကိုင် တွယ်ဖြေရှင်းရန်မှာ အဓိကသော့ချက်ဖြစ်သည်ဟု ခံစားရသဖြင့် ခေါင်းသာညိတ်သည်။
"ကောင်းပြီ၊ မင်းနည်းလမ်းအတိုင်း လုပ်မယ်၊ ဒါပေမဲ့ ကိုယ့်အတွက် မင်းရေးပေးရမယ်"
"ဟင်... ကျွန်မကလား၊ ကျွန်မကို အဲဒီလောက် တုံးတယ်လို့ ထင်နေလား၊ တစ်နေ့နေ့ ဒီကိစ္စသာ လွဲချော်သွားရင် ရှင်က ကျွန်မကို သေချာပေါက် အပြစ်တင်မှာပဲ"
ယင်ကျန်း ကူကယ်ရာမဲ့စွာဖြင့် "ကိုယ် မင်းကို အပြစ်တင်ပါဘူးကွာ"
ထို့နောက် ကမ်းချန်ချန်သည် ချူရှို့နန်းဆောင်သို့ အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြေးပြန်သွားကာ သူမ အချိန်အကြာကြီး ရေးသားထားခဲ့သော ဝတ္ထုဇာတ်လမ်းများကို သွားယူသည်။
ထိုအထဲတွင် အဌမမင်းသားနှင့် နဝမမင်းသားဇာတ်လမ်း၊ လမင်းကြီး မြင့်မြင့်မှာသာပြီး ငါ့ဆီကို တစ်ယောက်တည်း မလင်းလာတာကို ငါ မုန်းတယ်၊ ငါ့အစ်ကိုက နှလုံးသားခိုးယူသူ၊ ဘယ်သူက ငါ့အစ်ကို ဖြစ်ချင်တာလဲနှင့် အဌမမင်းသားအတွက် တိုက်ခိုက်ကြတဲ့ နဝမမင်းသားစသည့် ဇာတ်လမ်းများ ပါဝင်လေသည်။
ထိုအရာတို့ကို ဖတ်ပြီးနောက် ယင်ကျန်းမျက်နှာ မှောင်မိုက်သွားသည်။
"ကိုယ်ကိုယ်တိုင်ပဲ ရေးလိုက်ပါတော့မယ်၊ ဒါပေမဲ့ ဒါတွေက ကိုယ့်အတွက် အထောက်အကူပြု ပစ္စည်းတွေဖြစ်လာနိုင်တယ်"
ထိုသို့ဖြင့် အထင်လွဲမှားမှုများမှ နိုးထခြင်း မှတ်တမ်း ပထမမူကြမ်းပေါ်ထွက်လပြီး ယင်ကျန်းသည် အနာဂတ်တွင် မရေမတွက်နိုင်သော ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်ကျစ် စံအိမ်အတွင်း၌ ယင်ထန်က ဒေါသတကြီးဖြင့် ပြောလာသည်။
"စတုတ္ထမင်းသားက အမြဲတမ်း ဒီလိုပြဿနာတွေကို ဖန်တီးတတ်တယ်၊ ဧကရာဇ်တစ်ပါးဖြစ်ပြီး ဒီလိုမျိုးတွေကို ကိုယ် တိုင်ရေးရတာ မရှက်ဘူးလား၊ သူက နေ့တိုင်း ညဉ့်နက်တဲ့အထိ မှတ်တမ်းလွှာတွေကို စစ်ဆေးနေရမယ် မဟုတ်ဘူးလား၊ အခု သူက ဒါတွေလုပ်ဖို့ အချိန်ရနေတယ်ပေါ့"
ယင်ကျစ် စာမျက်နှာအချို့ကို လှန်ကြည့်ကာ ပြုံးလျက်ပြောသည်။
"တကယ်တော့ ဒါက တော်တော်လေး ကောင်းတယ်လို့ ငါ ထင်တယ်၊ အရမ်း စိတ်ဝင်စားစရာကောင်းတယ်"
ယင်ထန် "ဟွန်း... ဒီဟာတွေက အတုတွေဆိုတာ ရှင်းနေတာပဲ၊ သူက သူရေးထားတာ အရမ်းကောင်းတယ်လို့ ထင်ပြီး အုပ်ရေအများကြီး ပုံနှိပ်ထုတ်ဝေပြီး ဒေသခံအရာရှိတွေကို ပြည်သူတွေကြားမှာ ဖတ်ပြခိုင်းနေတာ"
ယင်ကျစ် သူ့ရင်ဘတ်ကို ဖိကာ နောက်တစ်ကြိမ် ချောင်းဆိုးသည်။
"သူက ဧကရာဇ် ဖြစ်နေပြီလေ၊ မင်း ထပ်ပြီး ပြဿနာမရှာသင့်တော့ဘူး"
ယင်ထန် ခြေချိတ်ထိုင်လိုက်သည်။
"ငါက သူ့ကို မကြိုက်ရုံပါ၊ သူက ငါ့ကို သတ်ရဲလို့လား"
ယင်ကျန်းသည် အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် ပြည်သူလူထုဆီမှ ငြင်းဆိုမှုများအကြောင်း ကမ်းချန်ချန်အား ပြောပြလေသည်။ လွှဲကုလားထိုင်ပေါ်တွင် ထိုင်နေသော ကမ်းချန်ချန် သည် ဗိုက်ကိုနှိပ်ကာ အသံကျယ်ကျယ်ဖြင့် ရယ်မောလေသည်။
"အဲဒါ သူတို့က အသိပညာနည်းလို့လေ၊ ရှင်က ပြည်သူတွေကြားမှာ ပညာရေး ဖွံ့ဖြိုးတိုးတက်အောင်နဲ့ စာတတ်မြောက်မှုနှုန်း မြင့်မားလာအောင် ရှင်းရှင်းလင်းလင်းမြှင့်တင်ပေးလိုက်တာပဲ"
ယင်ကျန်းက အလွန်သဘောတူစွာဖြင့် ခေါင်းညိတ်သည်။ ရက်အနည်းငယ်အကြာတွင် သူသည် ယွင်စစ်နှင့် ယွင်ထန် တို့ကို ရာထူးမှ ရုပ်သိမ်းကာ အကျဉ်းချလိုက်သည်။
ဟွာယွီသည် နှင်းထဲတွင် ဒူးထောက်ကာ ခေါင်းချလျက် သူမကတိကိုတည်ပေးရန် ကမ်းချန်ချန်အား တောင်းပန်သည်။ ကမ်းချန်ချန်က ယွင်စစ်မှာ အသက်ရှင်ရန် အချိန်များများမကျန်တော့ကြောင်းနှင့် သူမသာ တားဆီးလိုက်ပါက ဟွာယွီက နောက်ပိုင်းတွင် သူမကို မုန်းတီးသွားနိုင်ကြောင်း တွေးမိ သည်။
ထို့ကြောင့် ကမ်းချန်ချန်သည် ယင်ကျန်းကို သွားရောက် တွေ့ဆုံခဲ့သည်။ ဤသည်မှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ။ ယင်ကျန်း ထီးနန်းကို မည်သည့်အရာကမျှမလှုပ်ခတ်နိုင်တော့ပေ။ ထို့ကြောင့် ဟွာယွီသည် တော်ဝင်ဆွေမျိုးများ တရားရုံးသို့ ဝင်ရောက်သွားခဲ့ပြီး ကမ်းချန်ချန် အနားသို့ ဘယ်သောအခါမှ ပြန်မလာတော့ပေ။
နှစ်အနည်းငယ် ကုန်လွန်သွားခဲ့သည်။ ကလေးများလည်း အရွယ်ရောက်လာကြပြီဖြစ်သည်။ ကမ်းချန်ချန်သည် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း ယင်ကျန်းက သူမ ဆံပင်ကို ဖြီးပေးခဲ့ပြီး ကလေးနှစ်ယောက်က စားပွဲမှနေ၍ကြည့်နေခဲ့ကြသည့် အချိန်ကို ပြန်လည်အမှတ်ရသွားလေသည်။
အချိန်တွေက သူမရဲ့ ဆံပင်တွေကို ယူဆောင်သွားပြီး မျက် လုံးထောင့်မှာ အရေးအကြောင်းတွေပေးခဲ့တယ်၊ ဒါပေမဲ့ ငါ့ကို အတွေ့အကြုံတွေ အများကြီးတော့မပေးခဲ့ဘူး၊ သူမက အခုထိ ရိုးအလွန်းနေတုန်းပဲ...
ဘာလို့လဲဆိုတော့ သူမဘဝရဲ့လမ်းကြောင်းက မင်းသားစံအိမ်ရဲ့ကမ္ဘာနဲ့ တားမြစ်နန်းတော်ရဲ့ကမ္ဘာလောက်ပဲ ရှိခဲ့လို့လေ၊
သူမ မနေ့ညကလည်း ကောင်းကောင်း မအိပ်ရသဖြင့် မျက်လုံးများ နီရဲပြီး ရောင်ရမ်းနေသည်။
ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်များဝင်ရောက်လာရာ ကမ်းချန်ချန် မျက်လုံးမှေးလိုက်စဉ် ယွင်မော့က လိုက်ကာများကို ဆွဲဖွင့်ပေးသည်။
ကမ်းချန်ချန် သက်ပြင်းချမိသည်။
"အပြင်ထွက်ပြီး သွားကြည့်ရအောင်"
ယွင်မော့က သူမကို အပြင်သို့ တွဲခေါ်သွားရာ အစေခံမလေးတစ်ဦးက ထီးတစ်လက်ကို ကြိုတင် ယူဆောင်လာခဲ့ပြီး ဖြစ်သည်။
တောက်ပသော အရောင်အသွေးရှိသည့် စွန်နှစ်ကောင် ကောင်းကင်ယံတွင် လွင့်မျောနေသည်။ ထိုသညိတို့မှာ ယင်ကျန်း မကြာသေးမီကမှ နန်းတော်ထဲသို့ မွေးစားထားသော သမီးတော်များ လွှတ်တင်နေသည့် စွန်များဖြစ်သည်။
ရုတ်တရက် ထိုအထဲက တစ်ယောက်က ကိုယ်လုပ်တော်ချီဟု အမည်ပေးခံထားရသော လီစဲ့ဖူကို မတော်တဆ ဝင်တိုက်မိသွားသည်။ လီစဲ့ဖူ ချက်ချင်းပင် အော်ဟစ်သည်။
"ကိုယ်ရံတော်တွေ၊ အဲဒီစွန်တွေကို ခုတ်ထစ်ပစ်လိုက်စမ်း၊ အဲဒီအစေခံမလေးတွေကို အပြင်ဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက်နှစ်ဆယ်စီ ပေးလိုက်"
အစေခံမလေးများက ဒူးထောက်ချလိုက်ပြီး သနားညှာတာရန် တောင်းပန်လေသည်။
"ချမ်းသာပေးပါ၊ ကိုယ်လုပ်တော်ချီ... ချမ်းသာပေးပါ"
ယင်းလော့ "နန်းတွင်းစည်းမျဉ်းတွေအရ စွန်လွှတ်တာကို တားမြစ်ထားတယ်ဆိုတာ နင်တို့ မသိဘူးလား"
အစေခံမလေးများ ချက်ချင်းအထိတ်တလန့် ဖြစ်သွားကြပြီး အထူးသဖြင့် ကလေးနှစ်ယောက်မှာ နို့ထိန်းသည်များ၏ ရင်ခွင်ထဲတွင် ငိုကြွေးနေကြသည်။
ကမ်းချန်ချန်က ချက်ချင်းရှေ့သို့ထွက်လာကာ "နန်းတော်က ဒီစည်းမျဉ်းကို ဘယ်တုန်းကချမှတ်လိုက်တာလဲ၊ ငါက ဘာလို့ မသိရတာလဲ"