← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

🌻 Chapter 189

လီယုဖူသည် သူမကို အလျင်စလို အရိုအသေပေးပြီး ရန်စသည့်လေသံဖြင့် ပြောသည်။

"တော်ဝင်ကိုယ်လုပ်တော်ကြီး မသိဘူးဆိုရင်လည်း၊ ဒီကိစ္စကိုဖြေရှင်းဖို့ ဧကရီမိဖုရားရဲ့ နန်းဆောင်ကို အတူတူ သွားကြရင်ကော ဘယ်လိုလဲ"

ကမ်းချန်ချန် "ဧကရီမိဖုရားက အကျင့်စာရိတ္တကောင်းမွန်ပြီး သဘောထားကြီးတဲ့သူမို့လို့ နန်းတွင်းအစေခံမလေး နည်းနည်းလောက်အပေါ် အငြိုးထားမှာ မဟုတ်တာ သဘာဝပါပဲ၊ တကယ်လို့ နောက်မှ ဧကရီမိဖုရားက အပြစ်တင်လာရင် ကျွန်မ ကိုယ်တိုင်သွားပြီး အပြစ်ခံယူပါ့မယ်၊ အခု သူတို့ကို လွှတ်ပေးလိုက်ပါ"

လီယုဖူ အံ့ကြိတ်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလာသည်။

"ဟုန်လီက လုပ်ကြံသူတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခု သူ့အသက်အန္တရာယ်က မသေချာဘူးလို့ကြားတယ်၊ နင်က သူ့အမေဖြစ်ပြီးတော့ စိတ်မပူဘူးလား"

ငါ့သား အန္တရာယ်ကြုံနေရတာကို နင်က ဘာလို့...

ကမ်းချန်ချန်သည် လည်ချောင်းထဲတွင် အနည်းငယ် တစ်ဆို့သွားပြီး "ကျွန်မ စိတ်ထဲမှာ စိုးရိမ်နေပါတယ်၊ ရှင်ကတော့ ဝမ်းသာအားရဖြစ်နေတာပဲ"

လီယွီဖူသည် သူမ အမူအရာမသင့်တော်ကြောင်း သတိပြုမိသွားပြီး ကမ်းချန်ချန်က သူမကို အပြစ်ရှာမည်ကို စိုးရိမ်သဖြင့် အေးစက်စွာနှာခေါင်းရှုံ့ကာ ထွက်သွားလေသည်။

စုဖေးရှန် အဝေးမှ ပြေးလာရင်း လျှောက်တင်လေသည်။

"သခင်မကြီး... သခင်မကြီး၊ စတုတ္ထမင်းသား ပြန်ရောက်လာပါပြီ၊ အရှင်မင်းကြီးက ဆင့်ခေါ်နေပါတယ်"

လီယုဖူသည် ထွက်သွားစဉ် ခြေခေါက်လဲလုမတတ် ဖြစ်သွားရာ ယင်းလော့က အမြန်တွဲပေးလိုက်ရသည်။ ကမ်းချန်ချန် သည် ပန်းအိုးပုံစံ ဒေါက်မြင့်ဖိနပ်ကို စီးထားလျက် ယန်ရှင်းနန်းဆောင်သို့ အမြန်ပြေးသွားခဲ့ရာ သုံးလတိုင်တိုင် မတွေ့ရသော သူမ ချစ်လှစွာသော သားဖြစ်သူမှာ အခန်းအလယ်တွင် အထိအခိုက်မရှိ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမ အဆုံးတော့ သက်ပြင်းချကာ စိတ်အေးသွားနိုင်ခဲ့သည်။ ဟုန်လီကပြောလာသည်။

"မယ်တော်... သားတော် ပြန်ရောက်ပါပြီ"

သားအမိ ပြန်လည်ဆုံတွေ့ရခြင်းက ပျော်ရွှင်စရာ အချိန်အခါလေး ဖြစ်သင့်သော်လည်း ဟုန်လီခြေရင်းတွင် ကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ် ဖိချခံထားရသော အမျိုးသားကို မြင်လိုက်ရသောအခါ အရာရာတိုင်း အဆင်မပြေဖြစ်တော့မည်ဟု သူမ ချက်ချင်းခံစားလိုက်ရသည်။

ဟုန်လီ ထိုက်ကျစ်နျန်ကို လက်ညှိုးထိုးပြကာ

"မယ်တော်... ဒါက သားတော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ၊ သူက မယ်တော့်ရဲ့ ဆရာဖြစ်ပြီး မယ်တော့်ကြောင့် သားကို ကယ်တင်ခဲ့တာလို့ ပြောပါတယ်၊ ကျေးဇူးဆပ်တဲ့အနေနဲ့ သားက သူ့ကို နန်းတော်ထဲ အထူးတလည် ဖိတ်ခေါ်ခဲ့တာပါ၊ ဒါပေမဲ့ ခမည်းတော်က သူ့ကို ကြိုးတုပ်ခိုင်းထားတယ်..."

ပလ္လင်ပေါ်တွင် ထိုင်နေသော ယင်ကျန်းက အရာအားလုံးကို အေးစက်စွာ အကဲခတ်နေသည်။

"သူက ကောင်းကင်နဲ့မြေကြီးဂိုဏ်းက ပုန်ကန်သူတစ်ယောက်ပဲ၊ တစ်ခါက ကျန်းကို လုပ်ကြံဖို့တောင် ကြိုးစားခဲ့ဖူးတယ်"

ကမ်းချန်ချန်သည် ယင်ကျန်းကို တစ်ချက်ကြည့်လိုက်ရာ သူမ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားမိနေ သည်။ ဤအမျိုးသားသည် အမြဲတစေ အငြိုးကြီးတတ်သူဖြစ်ရာ သူမသာ ဟုန်လီဘက်မှ ရပ်တည်လိုက်ပါက သူ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

ထို့ကြောင့် ကမ်းချန်ချန်သည် ယင်ကျန်းအနားသို့ သွားကာပြောသည်။

"ခမည်းတော်ပြောတာ မှန်ပါတယ်၊ သူက ပုန်ကန်သူ တစ်ယောက်ပါ၊ မယ်တော် သူ့တပည့် ဖြစ်ခဲ့တာက အသက်ဘေးကနေ လွတ်ဖို့ ယာယီဖြေရှင်းနည်း သက်သက်ပါ၊ အဲဒီတုန်းက သူက မယ်တော့်ကိုတောင် ပြန်ပေးဆွဲခဲ့သေးတာ"

ယင်ကျန်း မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း ထိုက်ကျစ်နျန်ကမူ ကမ်းချန်ချန်ကို နက်နက်ရှိုင်းရှိုင်း မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်များ ပျောက်ကွယ်သွားခဲ့ပြီး ဘဝဒဏ်ကို အတော်လေး ခံစားထားရသော အသွင်အပြင်များဖြင့် အစားထိုး ဝင်ရောက်လာသည်။

သူ့ နှလုံးသားထဲတွင် အမုန်းတရားများကို ပိုက်ထွေးပြီး အသက်ရှင်ရခြင်းက အလွန်ခက်ခဲကြမ်းတမ်းခဲ့မှာ သေချာပေသည်။ သို့သော် သူ့ ကိုယ်ပိုင် စည်းမျဉ်းများနှင့် ခံယူချက်များလည်း ရှိနေသည်။ ဟုန်လီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

"သူက နန်းတော်ထဲ ဝင်လာပြီးနောက် လုပ်ကြံဖို့မကြိုးစားခဲ့ပေမဲ့ အဲဒီလို နိုင်ငံတော် ပုန်ကန်မှုမျိုးကို ကျူးလွန်ခဲ့တာဆိုတော့ သေဒဏ်နဲ့ထိုက်တန်ပါတယ်၊ ဟူး... ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် သူ့ကို နန်းတော်ထဲ ခေါ်မလာခဲ့ပါဘူး၊ အခုတော့ သားကပဲ သူ့ကို ဒုက္ခပေးသလို ဖြစ်သွားပြီ"

ယင်ကျန်းက ကမ်းချန်ချန်ကို မေးသည်။

"သူ့ကို ဘယ်လို စီရင်သင့်တယ်လို့ မင်း ထင်လဲ"

ကမ်းချန်ချန် တုံ့ဆိုင်းသွားပြီး "တကယ်လို့ သူ့ကို သတ်လိုက်ရင် အနာဂတ်မှာ ဟုန်လီကို ဘယ်သူက ကယ်တင်ရဲတော့မှာလဲ၊ ဟုန်လီ မျက်နှာကို ထောက်ထားပြီး သေဒဏ်ကိုကင်း လွတ်ခွင့် ပေးလို့ရပါတယ်၊ ဒါပေမဲ့ တစ်သက်လုံး ခံစားရမယ့် ပြစ်ဒဏ်မျိုး ပေးလို့လည်း ရပါတယ်..."

ယင်ကျန်းက အေးစက်စွာဖြင့် ပြောသည်။

"ဒါဆို လောလောဆယ် သူ့ကို အကျဉ်းချထားလိုက်"

ဟုန်လီ ထပ်ပြောချင်သေးသော်လည်း ကမ်းချန်ချန် သူ့ကို အမြန် မျက်ရိပ်ပြလိုက်သဖြင့် ဟုန်လီ ထွက်သွားလေသည်။ ထိုက်ကျစ်နျန်ကိုလည်း ခေါ်ဆောင်သွားကြသည်။

အခန်းထဲတွင် သူမတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကမ်းချန်ချန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာဆောင့် ကြောင့်ထိုင်လျက် ယင်ကျန်း မျက်နှာအမူအရာကို အကဲခတ်ကြည့်နေသည်။

ယင်ကျန်း "သူ မင်းကို ဘာတွေ သင်ပေးခဲ့တာလဲ"

"ခြေဖော့သိုင်းပညာပါ၊ တော်တော်လေး လက်တွေ့အသုံးကျပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းသားဆယ့်သုံးကို ကယ် တင်ဖို့တောင် အဲဒါကို သုံးခဲ့သေးတာ"

ယင်ကျန်း "ကိုယ်တောင် မေ့လုနီးပါးပဲ၊ ဒါဆို သူ့သင်ပေးတာက ပိုကောင်းလား၊ ကိုယ်သင်ပေးတာက ပိုကောင်းသလား"

[ရှင် ဘာတွေပြောနေတာလဲ၊ ရှင် ကျွန်မကို ခြေဖော့သိုင်းပညာမှ မသင်ပေးခဲ့တာ၊ ရှင်က တိုက်ခိုက်တာပဲ သင်ပေးခဲ့တာလေ၊ ပြီးတော့ သင်ပေးနေရင်းနဲ့ မကြာခဏ အခွင့် အရေးယူတတ်သေးတယ်]

ကမ်းချန်ချန် သူ့ ပေါင်ကို လိမ်ဆွဲလိုက်ပြီး ဖြေသည်။

"ရှင် သင်ပေးတာက ပိုကောင်းတာပေါ့"

ယင်ကျန်း "တကယ်လား၊ ကိုယ် မယုံဘူး"

ကမ်းချန်ချန် စိတ်ပျက်လက်ပျက်ဖြင့် "ရှင်က ကျွန်မကို မယုံဘူးလား၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် သိလာပြီး ချစ်လာခဲ့တာ ဆယ်စုနှစ်တွေတောင် ကြာနေပြီကို ရှင်က မယုံဘူးတဲ့လား၊ ကျွန်မ အရမ်းနာကျင်တာပဲ"

ယင်ကျန်း သူမကြောင့် ရယ်ချင်သွားသည်။

"မင်းမျက်နှာကို ထောက်ထားပြီး သူ့ကို ကွပ်မျက်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပုန်ကန်သူကိုတော့ လွှတ်ပေးလို့ မရဘူး"

ကမ်းချန်ချန် တိတ်တဆိတ် ဝမ်းသာသွားသော်လည်း သူမ မျက်နှာပေါ်တွင် မပြဘဲပြောသည်။

"ကျွန်မ မျက်နှာကို ထောက်ထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကျွန်မက ဒီဆရာကိုမေ့နေတာ ကြာလှပြီ၊ ဟုန်လီရဲ့ မျက်နှာကို ထောက်ထားတာပါ"

ယင်ကျန်း သူမကို ဖက်ထားကာ သူမမေးစေ့ကို ညှစ်လျက်ပြောသည်။

"တကယ်လား၊ ဒါပေမဲ့ ဟုန်လီကိုကယ်ဖို့ သုံးခဲ့တဲ့ မီးခိုးဗုံးက..."

ဟူး... ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရဘူးဆိုတာ သူ အစက တည်းက သိနေခဲ့တာပဲ...

ကမ်းချန်ချန်သည် သူ့ လက်မောင်းကို အမြန်ဆုပ်ကိုင်၍ လှုပ်ယမ်းကာ သနားစရာကောင်းသောအသံဖြင့် ပြောသည်။

"ကျွန်မ သူ့ကို ပြောပြခဲ့တာပါ၊ ကျွန်မ မှားသွားပါတယ်၊ ဒီနှစ်တွေ တစ်လျှောက်လုံး ကျွန်မ အပြစ်ရှိသလို ခံစားနေခဲ့ရတာပါ"

ရက်အနည်းငယ်အကြာ ညီလာခံတွင် ယင်ကျန်းသည် အတိတ်က ကန်ရှီးဧကရာဇ်ကဲ့သို့ပင် ထီးနန်းဆက်ခံရေး ဆွေးနွေးရန်လူတိုင်းအား နောက်တစ်နေ့တွင် မှတ်တမ်းလွှာများ တင်သွင်းကြရန် အမိန့်ပေးသည်။

ဟုန်ရှစ်က ကမ်းချန်ချန် ဖခင်သည် အတိတ်က ပြည့်တန်ဆာတစ်ဦးကို မယားငယ်အဖြစ် သိမ်းပိုက်လိုခဲ့သော ကိစ္စကို ပြန်လည်တူးဆွကာ ဝန်ကြီးများကို လှုံ့ဆော်ရန် အသုံးပြုလေသည်။

"ဒီလို သွေးသားဆွေမျိုးမျိုးနဲ့ဆိုရင် သူက အနာဂတ်မှာ နန်းတွင်းကို ဖရိုဖရဲဖြစ်အောင်လုပ်မှာ မဟုတ်ဘူးလား"

"တော်ဝင်ကိုယ်လုပ်တော်ကြီးက နန်းဆောင်ခြောက်ခုလုံးမှာ နှစ်ပေါင်းများစွာ မျက်နှာသာအပေးခံရဆုံး ဖြစ်ခဲ့ပေမဲ့ အရှင်မင်းကြီးအတွက် ကလေးနှစ်ယောက်ပဲ မွေးပေးနိုင်ခဲ့တယ်၊ သူမက တကယ့်ကို ပြုစားတတ်တဲ့ မြေခွေးမပဲ၊ တာ့ကျီ ဝင်စားတာပဲဖြစ်ရမယ်

"မိသားစုနောက်ခံ သန့်ရှင်းတဲ့ကိုယ်လုပ်တော်ချီရဲ့ သားကို ရွေးချယ်တာက ပိုကောင်းပါတယ်၊ သူက အမွေဆက်ခံသူဖြစ်ဖို့ ပိုသင့်တော်တယ်"

ယင်ကျန်း မှတ်တမ်းလွှာများကို ကြည့်ကာ လှောင်ပြောင်မိပြီး နျန်ကုန်းယောင်နှင့် ပူးပေါင်းကြံစည်မှု၊ ယခုအခါ ဂိုဏ်းများ ဖွဲ့စည်းမှုနှင့် ကြီးမားသော ရည်မှန်းချက်များထားရှိမှု အပါအဝင် ဟုန်ရှစ်အား များစွာသော ပြစ်မှုများကိုစွပ်စွဲပြောဆိုခဲ့သည်။ ထို့ကြောင့် သူသည် ဟုန်ရှစ်အား မင်းသားရှစ်သားအဖြစ် အပ်နှင်းလိုက်သည်။

တော်ဝင်အမိန့်ပြန်တမ်းကို အမြန်ဆုံးထုတ်ပြန်သည်။ ထိုအရာကို ကြားသောအခါ လီယုဖူသည် ယန်ရှင်းနန်းဆောင်သို့ ချက်ချင်းပြေးသွားကာ သနားညှာတာရန် တောင်းပန်လေသည်။ သူမက ငိုကြွေးလျက် ပြောသည်။

"အရှင်မင်းကြီး... ကျွန်မက အရှင်မင်းကြီးအတွက် သားသုံးယောက်နဲ့ သမီးတစ်ယောက် မွေးဖွားပေးခဲ့တာ၊ အခုတော့ ရှစ်အာ တစ်ယောက်ပဲ ကျန်တော့တာပါ"

သို့သော် ယင်ကျန်း ပြင်းထန်စွာ မေးခွန်းထုတ်လေသည်။

"ဟုန်လီက ဘာလို့ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလဲ၊ ကိုယ် လုပ်တော်ချီ... ငါ မသိဘူးလို့ မင်း တကယ် ထင်နေတာလား"

လီယုဖူမှာ နေရာတွင်ပင် အေးခဲသွားကာမယုံကြည်နိုင်စွာဖြင့် ပြောသည်။

"အရှင်မင်းကြီး... ကျွန်မမှာ တာဝန်ရှိတယ်လို့ သံသယဝင်နေတာလား"

ယင်ကျန်းက သူမကို အချိန်အတန်ကြာ စူးစိုက်ကြည့်နေပြီးနောက် အဆုံးတွင် သက်ပြင်းချလာသည်။

"အဲဒါက အရေးမကြီးတော့ပါဘူး၊ ဟုန်ရှစ်က ဒီကိစ္စကို သူ့ဘာသာ ဖန်တီးခဲ့တာ၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သူက မင်းသားရှစ်ရဲ့ လက်ကျန်အင်အားစုတွေနဲ့ ပူးပေါင်းခဲ့တယ်၊ အဲဒါက ခွင့်လွှတ်လို့မရဘူး၊ ကိုယ်ရံတော်တွေ... ကိုယ်လုပ် တော်ချီကို ပြန်ခေါ်သွားလိုက်"

"အရှင်မင်းကြီး... ဟုန်လီက အရှင်မင်းကြီးရဲ့သားပါ၊ ပြီးတော့ ဟုန်ရှစ်ကလည်း အရှင်မင်းကြီးရဲ့ သားပဲလေ၊ ဘယ် လိုလုပ် ဒီလောက်တောင် အသည်းနှလုံးမရှိရက်တာလဲ၊ ဟုန်လီ ထီးနန်းတက်ဖို့ အတားအဆီးတွေကို ရှင်းလင်းပေးဖို့ သက်သက်နဲ့ အရှင်မင်းကြီးက တခြားသားတစ်ယောက်ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို လျစ်လျူရှုရက်တယ်ပေါ့"

All Chapters