အခန်း ၁၉၀
Vol. 19 Ch. 190
🌻 Chapter 190
လီယုဖူသည် ယိုင်နဲ့သွားကာ သွေးအန်ပြီး သတိလစ်မေ့မြောသွားသည်။ ဟုန်ရှစ်က ယင်ကျန်းကို တွေ့ချင်သော်လည်း ယင်ကျန်းက သူ့ကို တွေ့ရန် ငြင်းဆိုခဲ့သည်။ မျှော်လင့်ချက်မဲ့စွာဖြင့် ဟုန်ရှစ်သည် အကျဉ်းထောင်အတွင်း နံရံကို ခေါင်းဖြင့်ဆောင့်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။
ဟုန်ရှစ် သေဆုံးပြီးနောက် ကိုယ်လုပ်တော်ချီသည် ရူးသွပ်သွားပုံရကာ နန်းတော်တစ်ခွင် နေ့စဉ် စွန်လွှတ်ရင်း ခြောက်လတိုင်တိုင် အချိန်ကုန်ဆုံးစေသည်။
"ကြည့်စမ်း၊ အဲဒီစွန်က အရမ်းမြင့်မြင့် ပျံနေတယ်"
"အားယွင်၊ အားရုန်၊ ရှစ်အာ... မယ်တော် သားတို့သမီးတို့နဲ့အတူတူ စွန်လွှတ်မယ်နော်"
"သခင်မကြီး... သခင်မကြီး၊ ဖြည်းဖြည်း သွားပါ၊ ခြေအိတ်နဲ့ ဖိနပ်လေး စီးပါဦး၊ မလဲစေနဲ့နော်၊ ကျွန်မကို စောင့်ပါဦး"
ယင်းလော့သည် ခြေအိတ်များနှင့် အောက်ခံပြားဖိနပ်များကို ကိုင်ဆောင်ကာ သူမနောက်သို့ လိုက်ဖမ်းနေသည်။ အဆုံးတွင် ထိုသူတို့နှစ်ဦးသည် ချူရှို့နန်းဆောင် ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်။
တစ်ချိန်က သေသပ်စွာ မိတ်ကပ်လိမ်းခြယ်ထားပြီး အနည်း ငယ်အသေးစိတ်ကျလွန်းသော ကိုယ်လုပ်တော်ချီသည် ယခုအခါ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ အဖြူရောင်အတွင်းဝတ်အင်္ကျီပွပွကိုသာ ဝတ်ဆင်ထားပြီး လက်ဝတ်ရတနာ တစ်ခုမျှ မဝတ်ဆင်ထားပေ။ သူမ ဗလာဖြစ်နေသော ခြေထောက်များတွင် သွေးများ စွန်းထင်းနေပြီး သူမအနောက်တွင် သွေးစွန်းသော ခြေရာများ ကျန်ရစ်ခဲ့လေသည်။
ဖိနပ်မပါဘဲ လျှောက်နေရင်းပင် သူမ ရုတ်တရက် ယိုင်နဲ့သွားကာ လဲကျတော့မလို ဖြစ်သွားသည်။ ယင်းလော့က သူမ မလဲကျစေရန် မြေကြီးပေါ်တွင် အမြန်အိပ်ချကာ အောက်မှ ခံပေးသော်လည်း အရှိန်ကြောင့် ခေါင်းမူးသွားသဖြင့် ပြန်မထနိုင်တော့ပေ။
ကမ်းချန်ချန် သူမဘေးရှိ အစေခံမလေး နှစ်ဦးအား ပြောသည်။
"သွား... သူတို့ကို သွားတွဲထူလိုက်ကြ"
"ဟုတ်ကဲ့ပါ"
အစေခံမလေးနှစ်ဦးက သွားရောက်၍ လီယွီဖူနှင့် ယင်းလော့ကို တွဲထူပေးကြသည်။
ကမ်းချန်ချန်သည် တစ်ယောက်တည်း ရပ်နေကာ ကောင်း ကင်ယံရှိ စွန်နှင့် လေထဲတွင် လှုပ်ယမ်းနေသော စွန်ကြိုးကို ငေးကြည့်ရင်း သူမ အတွေးများက အဝေးသို့ လွင့်မျောသွားလေသည်။
တားမြစ်နန်းတော်...
မင်းက လူဘယ်နှယောက်ရဲ့ ပျော်ရွှင်မှုတွေကို မြေမြှုပ်ပစ်ခဲ့ပြီလဲ၊ လွတ်လပ်တဲ့ ဝိညာဉ်ဘယ်နှခုကို မင်း ချည်နှောင်ထား ခဲ့ပြီလဲ...
"သခင်မကြီး... သတိထား"
ကမ်းချန်ချန် အတွေးလွန်နေစဉ် လီယုဖူသည် သူမကို တွဲထားသော အစေခံမလေး နှစ်ဦးထံမှ ရုန်းထွက်ကာ သူမဆီသို့ ပြေးဝင်လာသည်။ အခြားသူများမှာ ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြသဖြင့် ဘာဖြစ်နေသည်ကို မမြင်လိုက်ကြပေ။
"အား"
အရေးကြီးသော အချိန်လေးတွင် ယွင်ကျွမ်းသည် ကမ်းချန်ချန် ရှေ့သို့ ဝင်ရောက်ကာကွယ်ပေးသည်။
အမှန်တွင် ယွင်ကျွမ်းသည် ကမ်းချန်ချန်ကိုလွမ်းဆွတ်သဖြင့် ကမ်းချန်ချန် အလှဆင်ဆော့ကစားရန်အတွက် သူမကိုယ် တိုင် ပြုလုပ်ထားသော ကတ္တီပါပန်းများကို နန်းတော်ထဲသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း လီယုဖူက ကမ်းချန်ချန်ကိုလုပ်ကြံရန် ကြိုးစားနေသည်ကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
အစေခံမလေးများ ဖမ်းချုပ်ခြင်းကို ခံထားရသော လီယုဖူက ရူးသွပ်စွာ ရယ်မောလျက် အော်ဟစ်နေသည်။
"ငါ နင့်ကို သတ်မယ်၊ နင်က ဂြိုဟ်ဆိုးမပဲ၊ ငါ့ကလေးကို ပြန်ပေး၊ ငါ့သားကို ပြန်ပေး"
ကမ်းချန်ချန်သည် ယွင်ကျွမ်း ခန္ဓာကိုယ်ကို ဖက်ထားကာ မျက်ရည်များ စီးကျနေသည်။
"ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် နင့်ကို အဲဒီနန်းတွင်းဝင်ခွင့် တံဆိပ်ပြားမပေးခဲ့ပါဘူး"
ယွင်ကျွမ်း ရင်ဘတ်တွင် ဓားမြှောင်တစ်လက် စိုက်ဝင်နေပြီး သူမဒဏ်ရာမှ သွေးများ စီးကျနေသော်လည်း အားနည်းစွာ ပြုံးလျက် ကမ်းချန်ချန် လက်ကို ဆုပ်ကိုင်ထားသည်။
"စဲဖူ ဘာမှမဖြစ်တာ တော်ပါပြီ၊ ကျွန်မက စဲဖူ့ကို အမြဲ တမ်း...ကျွန်မရဲ့ အစ်မတစ်ယောက်လို သတ်မှတ်ထားတာပါ"
ယွင်ကျွမ်းသည် သူမ မျက်လုံးများကို ထာဝရမှိတ်သွားခဲ့သည်။ လီယုဖူကို ယင်ကျန်း အေးစက် နန်းဆောင်တွင် အကျဉ်းချထားခဲ့ပြီး ကမ်းချန်ချန် လူအချို့ကို ဦးဆောင်သွားကာ သူမကိုကြိုးဖြင့် လည်ပင်းညှစ်သတ်စေသည်။
ထိုညက သူမသည် လီယုဖူဆီမှ ရူးသွပ်သော ရယ်မောသံများကို အိပ်မက်မက်ခဲ့ပြီး အိပ်မက်ဆိုးမှ နိုးလာသောအခါ သူမ ကုတင်ဘေးတွင် ထိုင်နေသော ယင်ကျန်းကိုတွေ့လိုက်ရသည်။ ကမ်းချန်ချန်သည် သူ့ ရင်ခွင်ထဲသို့ပစ်ဝင်ကာ ငိုကြွေးမိသည်။
"ရှင် ကျွန်မကို အပြစ်တင်နေတာလား၊ ရှင် ကျွန်မကိုအပြစ် တင်နေမှာ သေချာတယ်၊ ရှင် သူမ သေသွားတာကို အခုထိ မကြည့်ရက်သေးဘူးမလား"
ယင်ကျန်း သူမကျောကို နူးညံ့စွာပွတ်သပ်ပေးကာ သက်ပြင်း ချလေသည်။
"သူမ အသတ်ခံလိုက်ရပြီပဲ၊ ကိုယ်က မင်းကို ဘာလို့အပြစ် တင်ရမှာလဲ၊ ပြီးတော့ မင်းက ဘာလို့ ကြောက်နေသေးတာလဲ"
လူသတ်ရခြင်းက နာကျင်စရာကောင်းသော ကိစ္စပင်၊ ရှေးခေတ်ကာလမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက်မှာတောင် သူမက မျက်တောင်မခတ်ဘဲ ထိုသို့ကိစ္စမျိုးလုပ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး ဤလုပ်ရပ်က သူမကို ပိုပြီး ခံစားရဆိုးစေခဲ့သည်။
ယုံကျိန်းအုပ်ချုပ်သည့် အဋ္ဌမနှစ်တွင် မင်းသားယီကွယ်လွန်သွားသည်။ ယင်ကျစ်သည် အသုဘအခမ်းအနား ကျင်းပရာ ခန်းမသို့ သူ့ ဘယ်ဘက်ခြေထောက်ဖြင့် အရင်ဝင်မိသည့် အတွက် ယင်ကျန်း အမိန့်ဖြင့် ရေထောင်တွင် အကျဉ်းချခံရပြီး နောက်တစ်နေ့တွင် ကွယ်လွန်သွားခြင်းပင်။
လမင်းကြီးက ကောင်းကင်ယံတွင် မြင့်မားစွာသာနေပြီး ယင်ကျန်းမှာမူ မှတ်တမ်းလွှာများကို စစ်ဆေးနေဆဲဖြစ်သည်။
ကမ်းချန်ချန်သည် ဖယောင်းတိုင်မီးစာကို ညှပ်ရန် ထလာခဲ့သော်လည်း တစ်ချက်ညှပ်လိုက်သည်နှင့် မီးငြိမ်းသွားကာ အခန်း၏ထိုထောင့်တစ်နေရာမှာ အမှောင်အတိ ကျသွားသည်။
ကမ်းချန်ချန် ခေါင်းယမ်းကာ ပြောသည်။
"ဟူး... ဘာလို့ ငြိမ်းသွားရတာလဲ၊ ပြန်ထွန်းရတာ အလုပ်ရှုပ်ပါတယ်၊ အရှင်မင်းကြီး... ဒီည ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရင်ကော"
သူမ ဉာဏ်နီဉာဏ်နက်လေးများကို သိနေသော ယင်ကျန်းက စုတ်တံကို ချထားလိုက်ပြီး သူမအနားသို့ သွားကာလက် ကောက်ဝတ်ကို ဆွဲလျက်ပြောသည်။
"အိပ်ဖို့ အတွင်းခန်းကို သွားကြစို့"
တော်ဝင်ဂူဗိမာန်တွင် ယင်ထီကိုယ်လုပ်တော် ဝူလာနာလာချွမ်းကျူးသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ယင်ထီသည် ရူးသွပ်သွားကာ ယင်ကျန်းကို နောက်တစ်ကြိမ်ထပ်မံကျိန်ဆဲလေတော့သည်။ ထို့ကြောင့် ယင်ကျန်းသည် စုံစမ်းစစ်ဆေးရန် သွေးစက်အဖွဲ့ ကို စေလွှတ်လိုက်သည်။
တကယ်တော့ ချွမ်းကျူးမသေဆုံးမီ သူမ နောက်ဆုံး နောင် တမှာ ယင်ကျန်းနှလုံးသားကို ဘယ်သောအခါမှ မသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ရာ သူမသည် အမြဲတမ်း စိတ်ဓာတ်ကျပြီးမပျော်မရွှင် ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ယင်ထီသည် ထိုအရာကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ အစ်ကိုတော်ကိုဆူပူကြိမ်းမောင်းခဲ့ရာ ယင်ကျန်းမှာ အပြစ်ကင်းသော နစ်နာသူ ဖြစ်သွားခဲ့ရသည်။
သွေးစက်အဖွဲ့သည် ယင်ထီစံအိမ်တွင် အရောင်ဝါနေပြီဖြစ်သော စက္ကူတစ်ရွက်ကိုလည်း တွေ့ရှိခဲ့ကြသည်။
ယင်ကျန်းသည် ထိုစက္ကူပေါ်ရှိလက်ရေးနှင့် ထင်ကျန်ဟူ သော စာလုံးအောက်ရှိ အမှတ်အသားကိုကြည့်ကာ မျက် မှောင်ကြုတ်သွားသည်။ သူ ချက်ချင်းပင် ဧကရီမိဖုရားကို သွားရောက်ရှာဖွေပြီး ထိုစက္ကူကို သူမထံပေးလိုက်သည်။
ဧကရီမိဖုရားမှာ ကျန်းမာရေး အခြေအနေဆိုးရွားနေပြီဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်ထက်ပို၍အသက်မရှင်နိုင်တော့ကြောင်း သိထားသည်။ သူမ မိသားစုနှင့် ဖခင်တို့ကလည်း ဂရုမစိုက်တော့သဖြင့် ရဲတင်းစွာပင် ပြောလာသည်။
"ဟုတ်တယ်၊ ကျွန်မက ရှင့်ကို မချစ်ခဲ့တာ၊ ရှင်သာ ကျွန်မကို အတင်းအကျပ် အိမ်ထောင်မပြုစေခဲ့ဘူးဆိုရင် စန်းလန်ကို လက်ထပ်ခဲ့မှာပဲ၊ ရှင်က ကျွန်မကို လက်ထပ်ခဲ့ပေမဲ့ လီယုဖူနဲ့ ကမ်းချန်ချန်တို့ကို တရားဝင်ဇနီးဖြစ်တဲ့ အများကြီးကောင်း ကောင်း ဆက်ဆံခဲ့တယ်လေ၊ ကျွန်မ ရှင့်ကို မုန်းတယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ရှင်နဲ့ အတူကုန်ဆုံးခဲ့ရတဲ့ ညတိုင်း ကျွန်မနှလုံးသားကို ဆူးတွေနဲ့ထိုးစိုက်နေသလို အရိုးထဲထိ စိမ့်ဝင်နာကျင်ရတယ်၊ အခု စန်းလန်လည်း သေသွားပြီဆိုတော့ ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး"
သူမက ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုနှင့် နာကြည်းချက်များ ပြည့်နှက်နေသောမျက်လုံးများဖြင့် သူ့ကို စူးစိုက်ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်ရာ မျက်ရည်များက သူမ မျက်လုံးထောင့်ရှိ အရေးအကြောင်းများကို စိုစွတ်သွားစေသည်။
ဤသည်မှာ တစ်ချိန်က အကျင့်စာရိတ္တကောင်းမွန်ခဲ့တဲ့ ဧကရီမိဖုရားနဲ့ လုံးဝမတူတော့ဘဲ ရူးသွပ်ပြီး နှစ်ပေါင်းများစွာနာကျင်ခံစားခဲ့ရတဲ့ အဘွားအိုတစ်ယောက်နဲ့ ပိုတူလို့နေ သည်။
ယင်ကျန်း မျက်ခွံများ လှုပ်ရှားသွားသော်လည်း သူ ဒေါသမထွက်ခဲ့ပေ။ ထိုအစား သူ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး မျက်လွှာချကာ ပြောလေသည်။
"မင်းရဲ့ နှလုံးသားထဲမှာ ကျန်းမရှိဘူးဆိုတာကို သိနေခဲ့တာ ကြာပါပြီ၊ ဒီအိမ်ထောင်ရေးက ခမည်းတော် စီစဉ်ပေးခဲ့တာပါ၊ ကျန်းလို မင်းသားတစ်ပါးအနေနဲ့ ဆုံးဖြတ်ခွင့်ရှိတဲ့ ကိစ္စမှ မဟုတ်ခဲ့တာ၊ ဒီနေ့ ဒီကိုလာခဲ့တာ မင်းကိုမေးခွန်းတစ်ခုတည်း မေးချင်လို့ပါပဲ၊ ဟုန်ယွင်ရဲ့သေဆုံးမှုက မင်းနဲ့ ပတ် သက်နေသလား"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဧကရီမိဖုရားက အေးစက်စွာဖြင့် "အဲဒီတုန်းက ကျွန်မက နွေရာသီအပန်းဖြေစံအိမ်ကို တမင်သက်သက်မသွားခဲ့တာ၊ ဟွန်း... ဟွေ့အာရဲ့သေဆုံးမှုက အဲဒီကောင်မစုတ်လေး ရုန်ကျဲ စွန်လွှတ်လို့ ဖြစ်ရတာ မဟုတ်ဘူးလို့ ရှင် ပြောရဲလား"
"မင်း..."
ယင်ကျန်းလက်က ဧကရီမိဖုရားလည်ပင်းကို ဆုပ်ကိုင်လိုက်ရာ သူ့ လက်ပေါ်ရှိ သွေးကြောများ ထောင်ထလာသည်။ ဧကရီမိဖုရားမှာ အသက်ရှူကျပ်လာသလိုခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ အိမ်ထောင်သက်တမ်းရှိခဲ့ပြီးနောက် သူ ဤမျှလောက် အသည်းနှလုံးမရှိ ရက်စက်လိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မထင်ထားခဲ့ပေ။
ချွေ့မားမားက အမြန်ပြေးလာပြီး
"အရှင်မင်းကြီး... လွှတ်ပေးတော်မူပါ၊ ဧကရီမိဖုရားကို ဘယ်လိုလုပ် လည်ပင်းညှစ်ရက်တာလဲ"
"ငါ့ရှေ့ကနေ ဖယ်စမ်း"
သို့သော် ချွေ့မားမားလက်က ယင်ကျန်း လက်မောင်းကို မထိရသေးမီမှာပင် ယင်ကျန်းက သူမကို ကန်ထုတ်လိုက်ရာ သူ ခန္ဓာကိုယ်မှာ နံရံနှင့် သွားစောင့်မိလေသည်။
ဧကရီမိဖုရား ဝမ်းနည်းစွာပြုံးလျက် "လုပ်စရာရှိတာ ဆက်လုပ်လိုက်လေ"