← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

📗 Chapter 156

ယဲ့ရှောင်ရှောင်နှင့် ကျန်းခိုင်နင်တို့ ကျောင်းသို့ ပြန်လာချိန်တွင် ည ၇ နာရီပင် ထိုးနေပါပြီ။

အဆောင်မှူး၏ ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားစဉ် အဆောင် မှူးက ယဲ့ရှောင်ရှောင်အား လှမ်း၍အသိပေးလိုက်သည်။

“ကျောင်းသူ ယဲ့ရှောင်ရှောင်၊ ဒီနေ့ နင့်ကောင်လေး လာရှာတယ်နော်”

ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လျက် မေးလိုက်သည်။

“ဒေါ်လေး လူမှားတာများလား”

အဆောင်မှူးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

“ငါ့မျက်လုံးတွေက ဘယ်တော့မှ လူမမှားတတ်ဘူး၊ နင့်ကောင်လေးလို အရမ်းကြည့်ကောင်းတဲ့လူမျိုးဆို မေ့ဖို့ ပိုဝေးတာပေါ့၊ မမှားနိုင်ပါဘူး”

အဆောင်မှူးသည် ရုပ်ရည်ချောမောလှပသူများနှင့် ပတ်သတ်လာလျှင် အလွန်တရာမှ မှတ်ဉာဏ်ကောင်းလှသူဖြစ်သည်။

မရေမတွက်အောင် များပြားသော ကျောင်းသားများအနက် ယဲ့ရှောင်ရှောင်သည် သူမအတွက် အထင်ရှားဆုံး ကျောင်းသူပင် ဖြစ်ပေသည်။

“အဲ့တာဆို ဖုန်းဆက်ဖို့ ဒေါ်လေးဖုန်းကို ခဏလောက်သုံးလို့ရမလား”

အဆောင်မှူး ဘေးပတ်ဝန်းကျင်ကို အကဲခတ်က တီးတိုးပြောလိုက်ပါသည်။

“ဒါဆိုလည်း မြန်မြန်ဆက်၊ သူများတွေ မြင်သွားရင် မကောင်းဘူး”

ဤဖုန်းမှာ အများသုံးဖုန်းဖြစ်ကာ အခကြေးငွေ မလိုအပ်သော်လည်း တက္ကသိုလ်မှ အကုန်အကျခံထားခြင်းဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်ကြိုက်အသုံးပြု၍ မရနိုင်ပေ။

အရေးပေါ်ကိစ္စရှိမှသာ အသုံးပြုနိုင်ပြီး အကြာကြီး ဖုန်းပြော ၍လည်း မရပါ။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ယခုအချိန်လောက်ဆို စခန်းအနီးရှိ သူ့အိမ်တွင် ရှိနေလောက်သည်။

ယဲ့ရှောင်ရှောင်ဖုန်းဆက်လိုက်သောအခါ သိပ်မကြာဘဲ တစ်ဖက်မှ ဖုန်းကိုင်လိုက်ပါသည်။

“ကျွန်မကို ဒီနေ့ လာရှာတယ်ဆို”

လုဟန်ချွမ် ရယ်ရယ်မောမောနှင့် ဆိုသည်။

“ဟုတ်တယ်၊ တို့ရှောင်ရှောင်လေး ကျောင်းမှာ ရှိနေမယ် ထင်ထားတာ”

“ဆရာကြီးရဲ့ ဓာတ်ခွဲခန်းကိုသွားနေတာလေ၊ အခုမှ ပြန်ရောက်တာ”

ယဲ့ရှောင်ရှောင်၏ ရှင်းပြချက်ကို နားထောင်ရင်း လုဟန်ချွမ် ပြုံးသွားသည်။

“ကြိုအသိမပေးမိတာ ကိုယ့်အမှားပါ၊ အခုမှ ပြန်ရောက်တာဆိုရင် နားလိုက်ဦးလေ၊ လီတာ့ကျွမ်းတို့ လင်မယားကိုပြန်ပို့ပြီးပြီလို့ အသိပေးချင်လို့ လာရှာတာပါ”

အဆောင်မှူး၏ဖုန်းဖြင့် စိတ်ကြိုက်စကားပြော၍မရမှန်း သိသဖြင့် ယဲ့ရှောင်ရှောင်လည်း လုဟန်ချွမ်နှင့် စကားအနည်း ငယ်သာ ဆက်ပြောခဲ့သည်။

“ဒါဆို ကျွန်မ အခန်းထဲဝင်တော့မယ်နော်၊ မနက်ဖြန် အချိန်ရမှ ကျွန်မ ဖုန်းထပ်ဆက်လိုက်မယ်”

လုဟန်ချွမ်: “အင်းပါ”

ယဲ့ရှောင်ရှောင် ဖုန်းချပြီးနောက် သူမတွင် မိုဘိုင်းဖုန်းတစ်လုံး ရှိလျှင် သိပ်ကောင်းမည်ဟု မျှော်လင့်မိသွားသည်။

သို့သော် ယခုက ၁၉၈၅ ခုနှစ်သာ ရှိသေးပြီး ပထမဦးဆုံး မိုဘိုင်းဖုန်းမှာ ပြည်တွင်း၌ စတင်ပေါ်ပေါက်နေပြီဖြစ်သော် လည်း ၎င်းမှာ အလေးချိန် ၄ ကီလိုဂရမ်ခန့်ရှိပြီး အလွန်ကြီးမားသည့် အုတ်ခဲကြီးတစ်လုံးပမာ ပုံစံမျိုးဖြစ်သည်။

ထို့အပြင် ထိုမိုဘိုင်းဖုန်းများအား ပိုင်ဆိုင်ထားလျှင်ပင် ဆယ်လူလာနက်ဝေါ့ခ်စနစ်များ မရှိသေးပါက နယ်မြေအများစုတွင် အသုံးဝင်နိုင်မည် မဟုတ်ပါ။

မိုဘိုင်းဖုန်းများ တရားဝင်အမြောက်အများ ထုတ်လုပ်နိုင်ဖို့အတွက် နောက်ထပ် နှစ်အနည်းငယ်မျှ အချိန်ယူရပါဦးမည်။

၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းမှသာ မိုဘိုင်း ဆက်သွယ်ရေး ကိရိယာအမျိုးအစားများ တဖြည်းဖြည်း စုံလင်လာပြီး ခေတ်သစ်ဖုန်းများ၏ပုံစံအတိုင်း စတင်ပြောင်းလဲလာတော့မည် ဖြစ်သည်။

ယဲ့ရှောင်ရှောင်သည် အဆောင်မှူးကို ကျေးဇူးတင်လျက် အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့် အဆောင်ခန်းထဲ ပြန်ဝင်လာခဲ့ပါသည်။

ဖုန်းထဲတွင် စကားများ ရန်ဖြစ်ခြင်း မရှိပါဘဲ စိတ်ဓာတ်ကျ နေသည့် ယဲ့ရှောင်ရှောင်အား အဆောင်မှူးက အံ့အားသင့်စွာ ငေးကြည့်နေခဲ့သည်။

အဆောင်ခန်းထဲ ပြန်ရောက်သည့်တိုင်အောင် ယဲ့ရှောင်ရှောင်မှာ မတက်ကြွနိုင်သေးပေ။

ထန်ရှို့ရှို့ စိတ်ပူစွာ လှမ်းမေးလိုက်သည်။

“နင် ဘာဖြစ်နေတာလဲ၊ မျက်နှာလည်း မကောင်းဘူး”

“စိတ်ညစ်စရာကိစ္စ ရှိလို့ပါ”

သူမသာ ဆေးကျောင်းသူဘဝကို မရွေးချယ်ခဲ့ဘဲ ဆက်သွယ်ရေး အင်ဂျင်နီယာဘာသာရပ်ကို ရွေးချယ်ခဲ့လျှင် သိပ်ကောင်းမည်ဟုပင် တွေးမိလိုက်သည်။

ထန်ရှို့ရှို့ “နင်အဆင်ပြေရဲ့လား”

“ပြေပါတယ်၊ ကိုယ်ရေးကိုယ်တာကိစ္စပါ၊ သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်”

ယဲ့ရှောင်ရှောင်တစ်ယောက် ကုတင်ပေါ်တွင် မျက်နှာအပ်ကာ လှဲလျောင်းလိုက်ပြီး အချိန်အတော်ကြာအောင် မလှုပ်မယှက် ငြိမ်သက်သွားသည်ကို ထန်ရှို့ရှို့ စောင့်ကြည့်နေခဲ့သည်။

နောက်တစ်နေ့ မနက်မိုးလင်းသောအခါတွင်မူ ယဲ့ရှောင်ရှောင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါသည်။ သူမ ရောက်ရှိနေသည့် ခေတ်ကာလကို ပြောင်းလဲဖို့ မဖြစ်နိုင်သဖြင့် သူမကိုယ်သူမသာ ပြောင်းလဲရပေလိမ့်မည်။

--- --- ---

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် တစ်ပတ်တာ ကုန်လွန်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်လီထံမှ ကြေးနန်းစာတစ်စောင် လက်ခံရရှိခဲ့သည်။ လာမည့် ကျောင်းပိတ်ရက်တွင် ရှုကျမ့်လီ၏ မွေးနေ့ရှိသဖြင့် မွေးနေ့ပွဲသို့ တက်ရောက်ဖို့ သူမကို ဖိတ်ကြားခြင်း ဖြစ်သည်။

မူလက ယဲ့ရှောင်ရှောင် ငြင်းဆန်ဖို့ စိတ်ကူးထားသော်လည်း ရှုကျမ့်လီက သူ့အစီအစဉ်ကို သေသေချာချာ ရှင်းပြခဲ့သည်။

မနက်ပိုင်းတွင် သူ့မိသားစုအား အချိန်ပေးမည်ဖြစ်ပြီး သူ့မိဘများ အပြင်ထွက်သွားမှသာ သူငယ်ချင်းများကို ဖိတ်ကြားမည်ဖြစ်ကြောင်း၊ ယဲ့ရှောင်ရှောင် ကျိန်းသေပေါက် လာရောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ အားလပ်ချိန်တွင် သူ့အတွက် မွေးနေ့လက်ဆောင် သွားဝယ်ပေးလိုက်ရသည်။ အထက်တန်းကျောင်းသားတစ်ဦးအတွက် သင့်တော်သည့် ဖောင်တိန်တစ်ချောင်းကို ရွေးချယ်လိုက်ပါသည်။

ကုန်တိုက်တွင် ပစ္စည်းရွေးချယ်နေစဉ် လုဟန်ချွမ်အား လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ယောက်ျားလေးဝတ် လက်ပတ်နာရီတစ်လုံးကိုလည်း ဝယ်ယူခဲ့သေးသည်။

စစ်တပ်ဝင်းထဲသို့ သွားရမည်ဖြစ်၍ လုအိမ်တော်ကိုလည်း လမ်းကြုံဝင်ရောက်ဖို့ ယဲ့ရှောင်ရှောင် ဆုံးဖြတ်ခဲ့ပါသည်။

ထို့အပြင် ရမ်သဲ့ထန်သို့ သွားရောက်ကာ သက်ကြီးရွယ်အိုများ၏ သရက်ရွက်နှင့် အစာအိမ်အတွက် ကောင်းမွန်စေမည့် တရုတ်တိုင်းရင်းဆေးညွှန်းများကိုလည်း ယူဆောင်လာခဲ့သေးသည်။

ကျောင်းသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် စာတိုက်မှတဆင့် လုဟန်ချွမ်ထံသို့ လက်ပတ်နာရီကို ပို့ဆောင်ပေးလိုက်သည်။

လုဟန်ချွမ် ကျောင်းသို့ ထပ်ရောက်လာပြီး လမ်းလွဲသွားမည်စိုးသဖြင့် လာမည့်တနင်္ဂနွေနေ့တွင် စစ်တပ်ဝင်းထဲသို့ လာရောက်ဖို့ရှိကြောင်း စာတစ်စောင်ပါ ပို့ပေးခဲ့သေးသည်။

တနင်္ဂနွေနေ့သို့ ရောက်သောအခါ စစ်တင်ဝင်းထဲသို့ ယဲ့ရှောင်ရှောင် ရောက်ရှိလာခဲ့သည်။ ကံကောင်းစွာဖြင့် လမ်းတွင် သူမကို လာရောက်နှုတ်ဆက်သူများနှင့် မဆုံခဲ့ရပါ။

သို့သော် ရှုအိမ်တော်ရှေ့သို့ ရောက်သည်နှင့် တစ်စုံတစ် ယောက်က လှမ်းခေါ်လိုက်သဖြင့် ယဲ့ရှောင်ရှောင် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။

‘အင်း… တစ်ချိန်ချိန်တော့ ဒါမျိုး ကြုံလာရမှာပဲလေ’

ယဲ့ရှောင်ရှောင် သက်ပြင်းချလိုက်ပြီး ယခုတစ်ခေါက် မည်သို့ သရုပ်ဆောင်ရမည်ကို စဉ်းစားလိုက်ပါသည်။

“ရှောင်ရှောင်၊ နင် တကယ်ကြီး ပြန်ရောက်နေတာပဲ၊ သွမ်လဲ့ ပေါက်ကရတွေ ပြောနေတာလို့ ငါထင်နေတာ”

ရှောက်ကျီယုသည် ယဲ့ရှောင်ရှောင်အား ချီးကျူးစကား ဆိုလိုက်ပါသည်။ သူမ တစ်စုံတစ်ခု ပြောင်းလဲနေသည်ဟု ခံစားမိသော်လည်း အတိအကျ မပြောတတ်ပေ။

ယဲ့ရှောင်ရှောင်လည်း သူ့ကို တိတ်တဆိတ် အကဲခတ်နေပါသည်။ ထိုကောင်လေးမှာ မျက်မှန်တပ်ထားပြီး ရုပ်ရည်သန့်ပြန့်ကာ အနည်းငယ်လေးလံထိုင်းမှိုင်းသည့် အငွေ့အ သက်မျိုးကို ပေးစွမ်းနေသည်။

သူ့ပုံစံက မှတ်မိလွယ်မည့် ပုံစံမျိုးဖြစ်သော်လည်း မူရင်းဝတ္ထုထဲတွင် အသေးစိတ်ဖော်ပြခြင်း ခံရသည့် ဇာတ်ကောင် မဟုတ်ပေ။ သို့မဟုတ် ယဲ့ရှောင်ရှောင်ကသာ မမှတ်မိခြင်း ဖြစ်နိုင်ပါသည်။

ဆိုလိုသည်မှာ သူမရှေ့တွင် ရပ်နေသည့် ကောင်လေးက အရေးမပါသည့် အသေးစားဇာတ်ကောင်တစ်ကောင်သာ ဖြစ်လိမ့်မည်။

ယဲ့ရှောင်ရှောင် တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

“ကျောင်းလာတက်တာပါ”

ရှောက်ကျီယုက မေးသည်။

“ဘယ်ကျောင်းတက်နေတာလဲ”

“ကျင့်ဟွာတက္ကသိုလ်ပါ”

ရှောက်ကျီယု စက္ကန့်ပိုင်းခန့် တိတ်ဆိတ်သွားပြီး တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“ဂုဏ်ပြုပါတယ်”

သာမန်မဟုတ်သည့် သူ့တုံ့ပြန်မှုကြောင့် ယဲ့ရှောင်ရှောင် အနည်းငယ် စိတ်ခုသွားခဲ့ရသည်။ အခြားသူများသာဆို ကျင့်ဟွာတက္ကသိုလ်တွင် အဘယ်ကြောင့် တက်ခွင့်ရခဲ့ကြောင်း သူမကို သံသယကြီးစွာ မေးမြန်းကြလိမ့်မည်။

သို့သော် ယခုကဲ့သို့ မေးခွန်းမထူ အလွယ်တကူ လက်ခံနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ထိုကောင်လေးမှာ အများနှင့်မတူ တမူထူးခြားသူဖြစ်မှန်း ပိုမိုသိသာလာပါသည်။

ထိုစဉ်ဂျောက်ခနဲ မြည်သံနှင့်အတူ ရှုအိမ်တော် တံခါးမကြီး ပွင့်သွားခဲ့ပြီး ရှုကျမ့်လီ ခေါင်းပြူထွက်ကာ မေးလိုက်သည်။

“ဘာလို့ အထဲမဝင်ကြသေးတာလဲ၊ အစ်မရှောင်ရှောင်ကို ဘာတွေ သွားပြောနေတာလဲ အစ်ကိုကျီယု!”

ထိုကောင်လေး၏အမည်ကို ယဲ့ရှောင်ရှောင် သိလိုက်ရသည်။ သို့သော် သူ့မျိုးရိုးအမည်ကိုတော့ မမှတ်မိသေးပါ။

ယဲ့ရှောင်ရှောင်က ရှုကျမ့်လီအား မွေးနေ့လက်ဆောင်ပေးလိုက်သည်။

“Happy Birthday ပါ”

“ကျေးဇူးတင်ပါတယ် အစ်မရှောင်ရှောင်! လက်ဆောင်လေးကို သဘောကျပါတယ်”

ရှောက်ကျီယုလည်း လက်ဆောင်ပေးရင်း ကျီစယ်လိုက်သည်။

“အထဲမှာ ဘာပါလဲဆိုတာတောင် မသိသေးဘဲနဲ့၊ မင်းစကားက အပေါ်ယံဆန်လွန်းပါတယ်ကွာ”

ရှုကျမ့်လီ မခံချင်စိတ်ဖြင့် မျက်လုံးပြူးကာ ပြန်ချေပလိုက်သည်။

“မဟုတ်တာ! ဒီတိုင်းကြည့်လိုက်ရုံနဲ့ တန်းသိတယ်၊ အထဲမှာ ဖောင်တိန်တစ်ချောင်းပါတာ သေချာတယ်!”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“မှန်ပါတယ်”

“အထဲမြန်မြန်ဝင်ကြ၊ ကျွန်တော် ကိတ်မုန့်တစ်လုံးဝယ်ထားတယ်၊ ကိတ်မုန့်က အရမ်းလှတာ”

ယဲ့ရှောင်ရှောင်နှင့် ရှောက်ကျီယုတို့ ရှုကျမ့်လီနှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာကြသည်။ အခန်းထဲတွင် လူအတော်များများ ရောက်ရှိနေကြပြီဖြစ်ပြီး အားလုံးက ရှုကျမ့်လီ၏ မိတ်ဆွေသူငယ်ချင်းများသာ ဖြစ်ကြသည်။

၎င်းတို့အနက် အချို့က ယဲ့ရှောင်ရှောင်ကို မြင်ဖူးသော်လည်း ငယ်ရွယ်ကြသူများဖြစ်၍ ယဲ့ရှောင်ရှောင်နှင့် ရှုမိသားစုအကြားမှ ရာဇဝင်ကို ရှင်းရှင်းလင်းလင်း နားမလည်ကြပါ။ ထို့ကြောင့် အားလုံးပါးစပ်မဖွာဘဲ တည်တည်ငြိမ်ငြိမ်သာ နေခဲ့ကြသည်။

သူမကို မမြင်ဖူးသည့် လူအချို့ကတော့ အနည်းငယ်စိတ် ဝင်စားနေကြပါသည်။ ကောင်လေးအချို့က လှလှပပ အစ်မကြီးကို တစ်ချက်နှစ်ချက် ခိုးကြည့်ကြပြီး အကြည့်အမြန်ပြန်လွှဲခဲ့ကြသည်။

သို့သော် ဟောက်မိသားစု၊ ရှုမိသားစုတို့နှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီး စစ်တပ်ဝင်းထဲမှာသာ နေထိုင်သည့် ကလေးအချို့လည်း ရှိပါသေးသည်။

“လခွမ်း၊ ရှောင်ရှောင် ဘယ်တုန်းက ပြန်လာတာလဲ၊ နင့်ကို ကမ္ဘာပေါ်က ပျောက်သွားပြီလို့ ငါတို့အားလုံး ထင်နေကြတာ!”

ယဲ့ရှောင်ရှောင် တစ်ခွန်းမှ ပြန်မပြောနိုင်ခင် ရှုကျမ့်လီက ငေါက်လိုက်သည်။

“မင်း ဘာပေါက်ကရစကားတွေ လာပြောနေတာလဲ”

ယဲ့ရှောင်ရှောင်က ရှုကျမ့်လီ၏ပခုံးကိုကိုင်ကာ စိတ်လျှော့ခိုင်းလိုက်သည်။

“နင်က မွေးနေ့ရှင်နော်၊ စိတ်လျှော့ပါဦး”

ထို့နောက် သူမကို စကားပြောခဲ့သည့် ကောင်လေးအား ကြည့်ကာ မေးလိုက်သည်။

“ဘာကိုဆိုလိုတာလဲ ရှင်းပြပါဦး၊ ငါက ပြန်လာလို့ မရဘူးလား”

ထိုကောင်လေးမှာ အံ့အားသင့်မှုကြောင့်သာ လွှတ်ခနဲ ပြောလိုက်မိခြင်းဖြစ်၍ ယဲ့ရှောင်ရှောင်၏ပွင့်လင်းသော မေးခွန်းကိုကြားပြီး တောင်းတောင်းပန်ပန် အပြုံးဖြင့် ဆိုလိုက်သည်။

“ငါစကားမှားသွားလို့ပါ၊ ပြန်လာချင်လည်း ပြန်လာခဲ့ပေါ့၊ ဘယ်သူမှ မတားပါဘူး”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ငါတို့က ဒီတိုင်း သိချင်လို့ပါ၊ နင်ဟောက်မိသားစုနဲ့ တကယ် အဆက်အသွယ် ဖြတ်လိုက်တာလား၊ အခု ဘယ်မှာနေနေလဲ”

ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို စပ်စပ်စုစု မေးမြန်းနေကြခြင်းဖြစ်သော်လည်း ယဲ့ရှောင်ရှောင်သည် အမှန်တရားကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။

သူမနှင့် ဟောက်ယန်ယန်တို့ မွေးဖွားစဉ်ကတည်းက ဆေးရုံတွင် ကလေးချင်းမှားယွင်းသွားခဲ့သည့်ကိစ္စမှာ ရှက်စရာကောင်းသည့် ကိစ္စဟု ယဲ့ရှောင်ရှောင် မထင်မိပါ။

ထိုအကြောင်းအရာကို လူပုံအလယ်တွင် ပွင့်လင်းစွာထုတ် ဖော်ပြောဆိုခြင်းအားဖြင့် သူမအတွက် မည်သည့် ထိခိုက်နစ်နာမှုမှ ရှိလာလိမ့်မည် မဟုတ်ပေ။

All Chapters