← Chapters

အခန်း ၁၁၅

Vol. 8 Ch. 115

အခန်း ၁၁၅

Vol. 8 Ch. 115

အခန်း ၁၁၅ - နတ်ဘုရားတန်ခိုး ရှစ်သိန်းငါးသောင်းကျော်နှင့် ငါ့ကို တွက်ချက်ထောက်လှမ်းနေသူ ရှိသလော

သို့သော် အခြားတစ်နေရာတွင်မူ

တစ်ကိုယ်လုံး မည်းနက်ပြောင်လက်ပြီး အေးစက်သော အလင်းရောင်များ တောက်ပနေသည့် သင်းခွေချပ်ကြီးမှာမူ တစ်ကိုယ်လုံးရှိ အကြေးခွံများ ထောင်ထလာခဲ့သည်။ ၎င်းသည် များစွာတုန်လှုပ်ချောက်ချားသွားပြီး နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤအရာသည်...

မည်မျှအထိ မြင့်မားလွန်းသည့် တည်ရှိမှုမျိုးပါနည်း။

အဆင့် (၇) ဓမ္မသန္ဓေသားအဆင့်တွင်ရှိသည့် ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် အစွမ်းထက်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်လော။ သို့သော်လည်း ၎င်းသည် တစ်ချိန်က တိုင်ဆွေဂူ၏ ဘိုးဘေးနှင့်အတူ ဓမ္မသန္ဓေသားအဆင့် ခုနစ်ဆင့်မြောက်တွင် ရှိသော မျိုးနွယ်စုမှ စီနီယာကြီးတစ်ဦးထံ သွားရောက်ဂါရဝပြုဖူးခဲ့သည်။

သို့သော် ထိုမျိုးနွယ်စုမှ ဘိုးဘေးပေးသည့် ခံစားချက်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ထိုဧရာမ လက်ဝါးကြီးပေးသည့် ခံစားချက်လောက် မထိတ်လန့်စရာ မကောင်းခဲ့ပေ။

"ဒါဆိုရင်... ဖြစ်နိုင်တာက..."

သင်းခွေချပ်ကြီးသည် တုန်တုန်ရင်ရင်ဖြင့် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။ ၎င်းသည် ဆက်ပြီး မတွေးရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် အဆင့် (၇) အထက်ရှိ အဆင့်များသည် ၎င်းလက်လှမ်းမမီနိုင်သော အရာများ ဖြစ်သောကြောင့်ပင်။

မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် မြေကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့၏။ ၎င်းသည် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။

မဖြစ်မနေ ထွက်ပြေးရမည်။

ထို့အပြင် ရွှမ်ခရိုင်သည် ယနေ့မှစ၍ ၎င်းအတွက် တားမြစ်နယ်မြေ ဖြစ်လာပေလိမ့်မည်။ သူ၏ လက်ကျန်ဘဝသက်တမ်းတစ်လျှောက်တွင် ဤနေရာသို့ နောက်တစ်ကြိမ် ဘယ်တော့မှ ခြေမချတော့။

သို့သော် ကွက်တိပင်...

၎င်းသည် ကောင်းကင်ယံတွင် ပေါ်လာသော လျစ်လျူရှုစူးစိုက်နေသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ထိုမျက်လုံးတစ်စုံသည် သူ့ကို အေးစက်တည်ငြိမ်စွာဖြင့် တစ်ချက်မျှသာ ကြည့်လိုက်သည်။

"အသုံးမဝင်တော့ဘူး...!"

သင်းခွေချပ်ကြီးသည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော် ဤအသံသည်လည်း သူ၏ ဘဝနောက်ဆုံးအသံ ဖြစ်သွားခဲ့သည်။ ထိုအကြည့်အောက်တွင် ၎င်း၏ မိစ္ဆာဝိညာဉ်သည် နတ်ဘုရားတန်ခိုးဖြင့် ချေမှုန်းခံလိုက်ရပြီး ခဏချင်းမှာပင် ချုပ်ငြိမ်းသွားခဲ့သည်။ ကြီးမားလှသော အလောင်းကြီးသည် လင်းကနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားတော့၏။

...

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ရွှေရောင် ဧရာမလက်ဝါးကြီးသည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ကောင်းကင်ဘုံမှ ဆန့်ထွက်လာသည့် နတ်ဘုရားတစ်ပါး၏ လက်ဝါးကြီးကဲ့သို့ ဖြစ်နေသည်။ ကြီးမားသော လက်ဝါးကြီးသည် ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်၏။

မိစ္ဆာခြောက်ကောင်စလုံးသည် အသည်းတယားယား ကတုန်ကရင် ဖြစ်လောက်အောင် ကြောက်ရွံ့သွားကြပြီး ကရုဏာသက်ရန် အသနားခံချင်ကြသလို၊ သေလဲသေပါစေ အသက်လုတိုက်ခိုက်ချင်ကြ၏။ သို့သော် ၎င်းတို့ ဘာပဲလုပ်ချင်လုပ်ချင် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဧရာမလက်ဝါးကြီး၏ ဖိအားအောက်တွင် တစ်လက်မမျှပင် မလှုပ်ရှားနိုင်ကြပေ။

ဖူး ဖူး ဖူး...!

အလွန်တိုးညှင်းသော အသံခြောက်သံ ထွက်ပေါ်လာခဲ့သည်။

မိစ္ဆာခြောက်ကောင်စလုံး တောင့်တင်းသွားပြီး မျက်လုံးများထဲရှိ အလင်းရောင်များ ကွယ်ပျောက်ကာ ဝိညာဉ်များ လွင့်စင်ပြီး သေဆုံးသွားခဲ့ကြသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဧရာမလက်ဝါးကြီးအတွင်း၌ မိစ္ဆာအလောင်း ခြောက်လောင်းစလုံးသည် မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဧရာမလက်ဝါးကြီးသည် ပျောက်ကွယ်မသွားသေးပါ။

ရွှေရောင် နတ်ဘုရားအလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ရွှေရောင်လက်ဝါးကြီးသည် မိုင်ပေါင်းရာချီသော ကောင်းကင်ယံကို ချက်ချင်း ဖြတ်ကျော်ကာ အသက်လုကာ ရူးရူးမူးမူး ထွက်ပြေးနေသည့် မျက်နှာဖြူ ကျောက်စိမ်းမြေခွေးကို လှမ်းဖမ်းလိုက်သည်။

"အသက်ချမ်းသာပေးပါ!"

"အရှင်မင်းကြီး... ကျွန်ုပ်ကို အသက်ချမ်းသာပေးပါ!"

"ကျွန်ုပ်က မြေခွေးမိစ္ဆာပါ… ကျွန်ုပ်ရဲ့ မျိုးရိုးမှာလည်း မိစ္ဆာအရှင်သခင်တွေ ရှိပါတယ်!"

မျက်နှာဖြူ ကျောက်စိမ်းမြေခွေးသည် ကြီးမားလှသော ရွှေရောင်လက်ဝါးကြီးထဲတွင် ကြောက်လန့်တကြား ဒူးထောက်ကာ တတွတ်တွတ် ဦးချ၍ အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးနေခဲ့သည်။

၎င်း၏ မျက်နှာသည် သွေးမရှိသလို ဖြူလျော်နေပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ထိုဧရာမလက်ဝါးကြီးမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ထိတ်လန့်စရာ ကောင်းလှသည်။ ထိုအရာထက် သူ အဆင့် (၇) တည်ရှိမှုများကို များစွာ မြင်ဖူးခဲ့သည်။

သူ နောင်တအကြီးအကျယ် ရနေ၏။ ပထမဆုံးကတည်းက ဤတာဝန်ကို မယူခဲ့သင့်ပါ။

နတ်မင်းငါးပါးဂူ က ထိုမျှအရေးကြီးသော ကိစ္စရပ်ကို သတင်းမပို့ခဲ့သဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဤတာဝန်ကို လက်ခံခဲ့မိခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ နတ်မင်းငါးပါးဂူသည် ၎င်းကိုယ်တိုင် အစကနေ စတင်တည်ထောင်ခဲ့သည့် အင်အားစုအသေးစားလေးတစ်ခု ဖြစ်၏။ သို့သော် ယခုမူ ဤမစ်ရှင်ကြောင့် ၎င်းတို့သည် အဆင့် (၇) အထွတ်အထိပ် သို့မဟုတ် အဆင့် (၈) စစ်မှန်သော ကောင်းကင်ဘုံအဆင့်ရှိသည့် ထိတ်လန့်ဖွယ်ရာ တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ဖူး...

ကြီးမားသော ရွှေရောင်လက်ဝါးကြီးသည် ၎င်းကို လုံးဝ လျစ်လျူရှုကာ လက်သီးကို ပေါ့ပေါ့ပါးပါးပင် ဆုပ်လိုက်သည်။ မျက်နှာဖြူ ကျောက်စိမ်းမြေခွေး၏ မျက်လုံးများထဲတွင် မကျေနပ်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားပြီး မိစ္ဆာဝိညာဉ်မှာ ကြေမွပျက်စီးသွားတော့၏။

...

ဤအချိန်တွင်...

ရွှမ်ခရိုင်ပြင်ပရှိ မြို့နယ် (၁၂) ခုမှ မိစ္ဆာများသည် ကြောက်လန့်တကြားဖြင့် မျက်လုံးအစုံ ပြူးသွားခဲ့ကြသည်။

သူတို့ ဘာကို မြင်လိုက်ရသနည်း။

အဆင့် (၅) မိစ္ဆာအရှင်သခင်တစ်ကောင်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဧရာမလက်ဝါးကြီးဖြင့် အလွယ်တကူ ချေမှုန်းသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထိုအရာသည် ပိုးမွှားအနည်းငယ်ကို ဖိသတ်လိုက်သကဲ့သို့ အလွန်လွယ်ကူပြီး ပေါ့ပါးလှ၏။

၎င်းတို့ တုန်လှုပ်နေကြသည်။

သူတို့ မည်သို့မျှ တုံ့ဆိုင်းမနေဘဲ အဝေးသို့ ချက်ချင်း ထွက်ပြေးရန် ပြင်ကြတော့သည်။ သို့သော် အချို့သော မိစ္ဆာများသည် ကြောက်ရွံ့မှုကြောင့် အရှေ့အနောက် မခွဲခြားနိုင်တော့ဘဲ ရွှမ်ခရိုင်ဘက်သို့ပင် ဦးတည်ပြေးမိကြသည်။

နတ်ဘုရားနယ်မြေ အတွင်း၌...

လီယွဲ့သည် မြို့နယ်(၁၂) ခုမှ မိစ္ဆာများကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ နတ်ဘုရားတန်ခိုးများသည် ခဏချင်းမှာပင် ပြန့်နှံ့သွား၏။

ရုတ်တရက်ပင်... ၎င်း၏ အုပ်ချုပ်မှုနယ်မြေအတွင်း လူသားများကို စားသုံးခဲ့ဖူးသည့် မိစ္ဆာအားလုံး ချက်ချင်း သေဆုံးသွားခဲ့ကြသည်။ မိစ္ဆာအလောင်းများလည်း တစ်ခုပြီးတစ်ခု လေထဲတွင် ကွယ်ပျောက်သွားခဲ့သည်။

လူသားပြည်သူများသည် မိစ္ဆာအများအပြား သေဆုံးသွားသည်ကို မြင်လျှင် ထိတ်လန့်သွားကြ၏။ ၎င်းတို့သည် တစ်ခုခုကို ချက်ချင်း နားလည်သွားပုံရပြီး စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြသည်။

"ကျွန်တော်တို့ကို ကာကွယ်ပေးပြီး မိစ္ဆာတွေကို နှိမ်နင်းပေးတဲ့အတွက် ဖြောင့်မတ်တဲ့ နတ်ဘုရားကြီးကို ကျေးဇူးတင်ပါတယ်”

"ကျေးဇူးတော်ကို ဆပ်ဖို့အတွက် ဖြောင့်မတ်တဲ့ နတ်ဘုရားကြီးကို နေ့ရောညပါ ရိုးရိုးသားသား အမွှေးတိုင်ထွန်းပြီး ဦးချပါ့မယ်”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီယွဲ့၏ မျက်နှာတွင် ကျေနပ်သော အမူအရာ ပေါ်လာခဲ့သည်။ ဤမိစ္ဆာများသည် တကယ့်ကို အချိန်ကိုက် ရောက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့ ခက်ခက်ခဲခဲ လေ့ကျင့်ထားသည့် မိစ္ဆာခန္ဓာကိုယ်ကို ပေးဆောင်သွားရုံသာမက ဆွဲဆောင်မှုရှိသော အလင်းရောင်သက်ရောက်မှုများဖြင့် ပြုလုပ်ထားသည့် ဖျော်ဖြေပွဲတစ်ခု ပြီးမြောက်အောင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားခဲ့ကြသည်။

"ဒီလှိုင်းကတော့ ကျဆင်းလာပြီ"

"အုပ်ချုပ်မှုနယ်မြေထဲက လူဦးရေ သုံးသိန်းခြောက်သောင်းကျော်ရဲ့ အများစုက ငါ့ကို ယုံကြည်သက်ဝင်လာကြလိမ့်မယ်"

"လီယူမင်နဲ့ တခြားသူတွေကို သူတို့ရဲ့ ယုံကြည်မှုကို ပိုပြီး နက်ရှိုင်းအောင် လုပ်ခိုင်းရင် နောက်ထပ် ခြောက်လမပြည့်ခင်မှာ ငါ့ရဲ့ ကိုးကွယ်ယုံကြည်သူ အရေအတွက်ဟာ လေးငါးသိန်းအထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းရတယ်"

"ဘာပဲဖြစ်ဖြစ် အဲဒီမြို့နယ် (၁၂) ခု ဘေးကင်းသွားပြီဆိုရင် တုခရိုင် ၊ ကော်ပေ့ခရိုင် နဲ့ ကျင့်နန်ခရိုင် တွေကနေ လူအမြောက်အမြား ဆွဲဆောင်နိုင်မှာ အသေအချာပဲ"

လီယွဲ့ ပြုံးလိုက်သည်။

နတ်ဘုရားတစ်ပါးအနေဖြင့် ကိုးကွယ်ယုံကြည်သူများသည် အမြဲတမ်း အရေးကြီးဆုံး ဖြစ်သည်။

ကိုးကွယ်ယုံကြည်သူများသည် အခြေခံအုတ်မြစ် ဖြစ်သည်။ အကယ်၍ ၎င်းတွင် ကိုးကွယ်ယုံကြည်သူ သန်းပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာ ရှိနေပါက ၎င်းနေ့စဉ်ရရှိမည့် နတ်ဘုရားတန်ခိုးသည် ကြီးမားလှပေလိမ့်မည်။

ထို့နောက်... ၎င်းသည် နတ်ဘုရားဆိုင် ကို ဖွင့်ပြီး မိစ္ဆာအလောင်းအားလုံးနှင့် ငွေသွေးလွှမ်း နေမျိုးနွယ်စု ၏ အလောင်းများကိုပါ ရောင်းချလိုက်သည်။

ရုတ်တရက်ပင်... ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတန်ခိုးများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင်... ၎င်းသည် ယခုအခါ အပိုဆောင်း နတ်ဘုရားတန်ခိုး ၈၅၃,၂၂၉ ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

"တကယ့်ကို အသီးအပွင့် ဝေဆာတဲ့ ရိတ်သိမ်းမှုပဲ..."

"ငွေသွေးလွှမ်း နေမျိုးနွယ်စုက တကယ့်ကို ရက်ရောလွန်းတယ်"

"အလောင်းတွေတင်ပဲ ငါ့ကို နတ်ဘုရားတန်ခိုး ယူနစ် (၈၃၀,၀၀၀) ပံ့ပိုးပေးသွားခဲ့တယ်"

လီယွဲ့၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေ၏။ နတ်ဘုရားနယ်မြေ၏ အဋ္ဌမအဆင့်သို့ မကြာသေးမီကမှ တက်လှမ်းထားသဖြင့် ဤကဲ့သို့ ကြီးမားသော လက်ဆောင်ကို ရရှိခြင်းသည် ၎င်းကို သဘာဝကျကျပင် အလွန် စိတ်ရွှင်လန်းစေသည်။

ဤအချိန်တွင်... ၎င်း၏ နတ်ဘုရားတန်ခိုးသည် ၈၇၄,၅၆၆ သို့ ရောက်ရှိသွားခဲ့သည်။ ရှစ်သိန်းခုနစ်သောင်းကျော်သော နတ်ဘုရားတန်ခိုးများ ဖြစ်၏။

အကယ်၍ ဤအရာသာ အပြင်သို့ ပေါက်ကြားသွားပါက ကမ္ဘာပေါ်ရှိ မည်သည့်နတ်ဘုရားမျှ ယုံကြည်မည်မဟုတ်ပါ။

အကယ်၍ ခွဲထုတ်လိုက်မည်ဆိုလျှင်... ထိုအရာသည် နဝမအဆင့် နတ်ဘုရား ၅၈ ပါးကို အဋ္ဌမအဆင့်သို့ မြှင့်တင်ရန် လုံလောက်သည်။

ယခုအချိန်တွင်... ကမ္ဘာပေါ်ရှိ နတ်ဘုရားအားလုံး ပေါင်းလိုက်လျှင်ပင် အဋ္ဌမအဆင့် နတ်ဘုရား ၅၈ ပါး မမွေးထုတ်နိုင်သေးချေ။

အသေအချာပင်... အဋ္ဌမအဆင့်ရှိသည့် နတ်ဘုရားများ ရှိနှင့်နေပြီး ဖြစ်ပေလိမ့်မည်။ မူလ နတ်ဘုရားလမ်းစဉ် စုံညီပွဲ၏ ဒုတိယနှင့် တတိယနေရာ ရရှိသူများသည် အဋ္ဌမအဆင့် နတ်ဘုရားအဆင့်သို့ မြှင့်တင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ နတ်ဘုရားတိုက်ပွဲများကို ရူးသွပ်စွာ ဆင်နွှဲပြီး တိုက်ပွဲ နှစ်ပွဲ သို့မဟုတ် သုံးပွဲခန့် ကံကောင်းထောက်မစွာ အနိုင်ရရှိခဲ့သည့် အရူးတစ်ယောက်သည်လည်း အဋ္ဌမအဆင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီး ဖြစ်နိုင်သည်။

"ဒီကြေးနီတောင်ကြီးကတော့..."

လီယွဲ့၏ အကြည့်သည် နတ်ဘုရားနယ်မြေ၏ တစ်ဖက်တွင်ရှိသော ကြေးနီတောင်ကြီးပေါ်သို့ ကျရောက်သွားပြီး ၎င်း၏ မျက်လုံးများမှာ ပြင်းပြစွာ တောက်လောင်နေခဲ့သည်။ ဤကြေးနီတောင်ကြီး၏ တန်ဖိုးသည် ထိုငွေသွေးနေမင်းမျိုးနွယ်စုဝင်များ၏ အလောင်းများထက် လုံးဝ မနိမ့်ကျပါ။

ဘာပဲဖြစ်ဖြစ်... ဤအရာသည် အဋ္ဌမအဆင့် ရှိသော ပစ္စည်းတစ်ခု ဖြစ်သည်။

"အဋ္ဌမအဆင့် စစ်မှန်သောကောင်းကင်ဘုံအဆင့်ရှိတဲ့ ပစ္စည်းတစ်ခု..."

လီယွဲ့ သက်ပြင်းချလိုက်သည်။ ဤအရာသည် ၎င်း၏ ဟက်တာ လေးသိန်းကျယ်ဝန်းသော မြေရိုင်းများထဲတွင် အဖိုးတန်ဆုံးသော ပစ္စည်းဖြစ်သည်။ အုပ်ချုပ်မှုနယ်မြေ၏ အခြားနေရာများတွင်ပင် အဆင့် (၈) ပစ္စည်းများကို မဆိုထားနှင့်၊ ခုနစ်ဆင့်မြောက် သို့မဟုတ် အဆင့် (၆) ပစ္စည်းများကိုပင် မတွေ့ရပါ။ အဆင့် (၅) ပစ္စည်းအနည်းငယ်သာ ရှိပြီး အများစုမှာ စိတ်ဝိညာဉ်အပင်များ ဖြစ်ကြကာ ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်။

၎င်းသည် ကြေးနီတောင်ကြီးကို နတ်ဘုရားဆိုင်ထဲသို့ ထည့်တော့မည့်အချိန်တွင်ပင် တစ်စုံတစ်ယောက်သည် ၎င်း၏ ကံကြမ္မာကို တွက်ချက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်မှာ ၎င်းသည် မည်သူမည်ဝါဖြစ်သည်ကို တွက်ချက်နေခြင်းမဟုတ်ဘဲ ၎င်းအပေါ် သက်ရောက်မှုရှိခဲ့သည့် ဖြစ်ပျက်ခဲ့သမျှကို တွက်ချက်နေခြင်း ဖြစ်သည်။

"ဟင်"

လီယွဲ့သည် မြောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ တွက်ချက်မှုပြုလုပ်နေသူသည် မြောက်ဘက် အဝေးတစ်နေရာတွင် ရှိနေရမည် ဖြစ်သည်။ ၎င်းသည် နတ်ဘုရားတန်ခိုး ၂,၅၀၀ ၏ အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားပြီး အဆင့် (၈) နတ်ဘုရားအတတ်ဖြစ်သည့် "အလယ်အလတ်အဆင့် နေရောင်ကွယ်အတတ်" ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

အဋ္ဌမအဆင့် နတ်ဘုရားအတတ် နေရောင်ကွယ်အတတ် နှင့် နှိုင်းယှဉ်ပါက အလယ်အလတ်အဆင့် နေရောင်ကွယ်အတတ်တွင် နောက်ထပ် စွမ်းရည်တစ်ခု ပိုရှိသည်။

ထိုအရာမှာ တန်ပြန်ဒဏ်ခတ်ခြင်း ဖြစ်၏။ ၎င်း၏ တည်ရှိမှုကို တွက်ချက်စမ်းသပ်ဝံ့သည့် မည်သည့် သက်ရှိသတ္တဝါမဆို အလွန်ထိတ်လန့်ဖွယ်ရာ ကောင်းသော တန်ပြန်ဒဏ်ခတ်မှုကို ခံစားရမည် ဖြစ်သည်။

All Chapters