← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း (၃၃၈ ) ရေခဲဓာတ်ဝိညာဉ်အမြစ်….

"ရုပ်အလောင်းတွေ ဘယ်မှာလဲ..."

လီချင်းချိုးက တည်ကြည်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

သူသည် တွမ့်ရှောင်ကျွမ်းအပေါ် အထင်အမြင် ကောင်းမွန်ခဲ့သူ ဖြစ်သည်။ ဟူယန်၏ ခံစားချက်ကို ထည့်မတွက်လျှင်ပင် သူမ အခုလို သေဆုံးသွားရခြင်းမှာ သူ့ကို များစွာ ထိခိုက်ခံစားရစေသည်။

ရှောင်ဝူချင်းက ….

"ကျွန်တော်တို့ ဆက်ပြီး ရှာဖွေနေတုန်းပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ချင်းရှောင်တံဆိပ်ပြားပေါ်က အသက်ဓာတ်တားမြစ်ချက်မန္တန်တွေ လွင့်ပျယ်သွားပြီမို့ သူတို့ သေဆုံးသွားပြီလို့ ဆုံးဖြတ်လိုက်ရတာပါ… ဖြစ်စဉ်က ယွီစီရင်စုထဲမှာ ဖြစ်ပွားခဲ့တာပါ" ဟု အစီရင်ခံလိုက်သည်။

အဆိုပါ အသက်ဓာတ်တားမြစ်ချက်မန္တန်မှာ ဝိညာဉ်လမ်းစဉ်နှင့် သက်ဆိုင်ပြီး ဝေထျန်းရှုံးက တံဆိပ်ပြားများပေါ်တွင် ထည့်သွင်းပေးထားခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ သေဆုံးသွားပါက ချင်းရှောင်တံဆိပ်ပြားပေါ်ရှိ အသက်ဓာတ်တားမြစ်ချက်မန္တန် အလိုလို ပျောက်ကွယ်သွားမည်ဖြစ်ရာ၊ ၎င်းမှာ ချင်းရှောင်ဂိုဏ်းအနေဖြင့် ၎င်းတို့၏ တပည့်များ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်သည့် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

လီချင်းချိုးက….

"ခုနစ်ရက်အတွင်း သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့အောင်ကြိုးစား " ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ!"

ရှောင်ဝူချင်းက အမိန့်ကို နာခံရန်အတွက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့တော့သည်။

ဤကိစ္စမှာ သေးငယ်သော ပြဿနာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက် ကျင့်ကြံသူ သို့မဟုတ် အင်အားစုတစ်ခုခုက ချင်းရှောင်ဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကို သက်သေပြနေသောကြောင့်ပင်။ သဘာဝကျစွာပင် ၎င်းမှာ မြောက်ဘက်နယ်စပ်ရှိ မိစ္ဆာနယ်မြေမှ မိစ္ဆာများလည်း ဖြစ်နိုင်ပေသည်။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ ၎င်းမှာ ချင်းရှောင်ဂိုဏ်းအတွက် ကြီးမားသော ဘေးဒုက္ခတစ်ခု ရောက်ရှိလာတော့မည် ဖြစ်ကြောင်း အချက်ပြနေခြင်းပင် ဖြစ်၏။

လီချင်းချိုး၏ မျက်နှာထား ခက်ထန်နေသည်။ သူသည် အဆိုးဝါးဆုံးသော အခြေအနေကိုပင် တွေးတောမိလိုက်သည်။ ၎င်းမှာ မြောက်ဘက်မှ မိစ္ဆာနယ်မြေနှင့် အနောက်ဘက်မှ ဝမ့်ယင်းဂိုဏ်းတို့ ချင်းရှောင်ဂိုဏ်းကို တစ်ပြိုင်နက်တည်း ပူးပေါင်းကျူးကျော် တိုက်ခိုက်လာခြင်းလည်း ဖြစ်နိုင်သည်။

အခြေအနေတွေ ထိုမျှအထိ ဆိုးဝါးမသွားရန်သာ သူ မျှော်လင့်မိတော့သည်။

"ဦးလေးကြီး... ဒီကိစ္စတွေကို အရင်ဆုံး စီမံခန့်ခွဲလိုက်ပါဦး… ကျွန်တော် နောက်ရက်မှပဲ ထပ်ပြီး လာခဲ့ပါ့မယ်"

လီရှို့ကျန်းက နေရာမှ ထလိုက်ရင်း နှုတ်ဆက်တော့ လီချင်းချိုးက သူ့ကို ကြည့်ကာ…. "မင်းကော ဒီကိစ္စတွေမှာ ဝင်ပါချင်လို့လား" ဟု မေးလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ လီရှို့ကျန်း၏ နှလုံးခုန်သံ ဆတ်ခနဲ မြန်ဆန်သွားခဲ့သည်။ သူက တည်ကြည်လေးနက်စွာဖြင့် ….

"ကျွန်တော် ဝင်ပါချင်ပါတယ်!" ဟု ပြန်လည် ဖြေကြားလိုက်သည်။

သူသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း၊ မိမိကိုယ်တိုင် မည်သည့်အရာကို လုပ်ဆောင်လိုကြောင်းကိုမူ လွန်ခဲ့သည့် ကာလကတည်းက ကြိုတင် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

လီချင်းချိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကိုမြှောက်ကာ လင်းရှောင်ခေါင်းလောင်းကို သွားရောက်တီးခတ်ရန် သူ့ကို အချက်ပြလိုက်သည်။

လီရှို့ကျန်းကလည်း လင်းရှောင်ခေါင်းလောင်း၏ အရေးပါပုံကို အစောကတည်းက သိရှိထားပြီး ဖြစ်သည်။ နောက်ဆုံး၌ ၎င်းကို ကိုယ်တိုင်တီးခတ်ခွင့် ရရှိခဲ့သဖြင့် အလွန် စိတ်လှုပ်ရှားသွားသော်လည်း၊ တွမ့်ရှောင်ကျွမ်း သေဆုံးသွားခဲ့ရသည့် အဖြစ်ကို တွေးမိလိုက်သည့်အခါတွင်မူ စိတ်အခြေအနေ လေးလံထိုင်းမှိုင်းသွားခဲ့ပြန်သည်။

ဒေါင်…ဒေါင်….

င

လင်းရှောင်ခေါင်းလောင်းသံ ဟိန်းထွက်သွားခဲ့ပြီး ၎င်း၏ သံစဉ်လှိုင်းများမှာ ဂိုဏ်းတစ်ခုလုံး၌ အချိန်အကြာကြီး ပဲ့တင်ထပ်နေခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် ဂိုဏ်း၏ အဆင့်မြင့်လူကြီးများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ လီစစ်ဖုန်းက ဤနေရာ၌ လီရှို့ကျန်း ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

လီရှို့ကျန်း တဖြည်းဖြည်း ကြီးပြင်းလာခဲ့သော်လည်း၊ သူတို့ သားအမိ/သားအဖ ဆက်ဆံရေးမှာ အလွန်အမင်း ရင်းနှီးမှု မရှိချဲ့ပ။ ထို့ပြင် ကျင့်ကြံမှု၌ ထူးချွန်လှသော လီရှို့မင်ကလည်း သူ့ကို အမြဲတစေ ရန်စကျီစယ်လေ့ ရှိသည်။ ယခု လီရှို့ကျန်းကပါ အဆင့်မြင့်ဆွေးနွေးပွဲတွင် ပါဝင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ၌၊ လီစစ်ဖုန်းအနေနှင့် သားဖြစ်သူအတွက် ဝမ်းမြောက်မိသလို တစ်ဖက်တွင်လည်း ကျော်တက်ခံလိုက်ရပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် စိတ်ထဲ၌ အနည်းငယ် ချဉ်တင်တင် ဖြစ်သွားခဲ့သည်။

၎င်းမှာ ကျင့်ကြံမှုအဆင့်တစ်ခုတည်းတင်မကဘဲ အလုံးစုံသော ကဏ္ဍအားလုံး၌ ကျော်တက်ခံလိုက်ရခြင်း ဖြစ်ပေသည်။

ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ကမူ ဤနေရာ၌ လီရှို့ကျန်းကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းမြောက်နေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် လီရှို့ကျန်းမှာ စစ်မှန်သော "ကိုယ်ပိုင်သွေးသား" ဖြစ်နေသဖြင့်၊ အပြင်လောကမှ ကျင့်ကြံသူမျိုးနွယ်စုကြီးများထံသို့ အာဏာနှင့် တာဝန်များကို လွှဲပြောင်းပေးအပ်မည့်အစား မိမိတို့လူကသာ ဂိုဏ်း၏ အချုပ်အာဏာကို ပိုမိုထမ်းဆောင်နိုင်ခြင်းက များစွာ ပိုမိုကောင်းမွန်သည်ဟု ယူဆထားကြသည်။

ချင်းရှောင်ဘိုးဘေးက လီရှို့ကျန်းကို မြင်တွေ့လိုက်ရသောအခါ အားရပါးရ ရယ်မောလိုက်ပြီး၊ ထိုကလေးမှာ နောက်ဆုံး၌ အမြော်အမြင်ရှိစွာဖြင့် ကြီးပြင်းလာခဲ့ပြီဖြစ်ကြောင်း အလွန်အမင်း ချီးကျူးလိုက်တော့သည်။

လူတိုင်း သိရှိထားကြသည်မှာ လီချင်းချိုးက မျိုးဆက်သစ်လူငယ်များကို ပျိုးထောင်ပေးရခြင်းကို နှစ်သက်သော်လည်း၊ လူတိုင်း ဆွေးနွေးပွဲများတွင် ပါဝင်ရန်အတွက် ဤခြံဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မရရှိနိုင်ကြချေ။ ယွင်ချိုင်၊ ကျိယာနှင့် ဟူယန်တို့ပင်လျှင် ယခုအချိန်အထိ ဤနေရာသို့ ဝင်ရောက်ခွင့် မရရှိကြသေးပေ။

ဤသည်မှာ ချင်းရှောင်ဂိုဏ်း၏ အချုပ်အာဏာဖွဲ့စည်းပုံအတွင်းသို့ လီကျန်းရှို့ တရားဝင် စတင်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ကြီးမားသော အချက်ပြမှုတစ်ခုပင် ဖြစ်၏။ ၎င်းမှာ လက်ရှိ ခန်းမသခင်များ၏ နေရာကိုပင် ခြိမ်းခြောက်လာနိုင်ပေသည်။

သို့သော်လည်း ခန်းမသခင်များအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ စိုးရိမ်ထိတ်လန့်ခြင်း မရှိကြပေ။ နှစ်ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ကြပြီးနောက်တွင်၊ လီချင်းချိုးက သူတို့ကို အကြောင်းမဲ့ သက်သက် ရာထူးမှ ထုတ်ပယ်ပစ်မည်မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်ထားကြ၍ ဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ခန်းမသခင်ရာထူးများမှ ဖယ်ပေးရမည်ဆိုလျှင်ပင်၊ လီချင်းချိုးက ၎င်းတို့အတွက် ထိုထက်ပိုမို အဆင့်မြင့်မားသော ရာထူးအသစ်များကို သေချာပေါက် တိုးချဲ့ခန့်အပ်ပေးလိမ့်မည်ဟု သိထားကြသည်။

လူစုံသွားသောအခါ လီချင်းချိုးက တွမ့်ရှောင်ကျွမ်းအပါအဝင် ဂိုဏ်းသား ခုနစ်ဦး သေဆုံးသွားခဲ့ရသည့် အဖြစ်မှန်ကို တိုက်ရိုက် ချပြလိုက်ရာ လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။

လီချင်းချိုးက သူတို့အချင်းချင်း စကားများငြင်းခုံနေရန် အချိန်မပေးဘဲ ချက်ချင်းပင် အမိန့်များကို ပြတ်သားစွာ စတင်ထုတ်ပြန်လိုက်သည်။ ဤကိစ္စမှာ စုံစမ်းစစ်ဆေးရန် လိုအပ်ရုံသာမက၊ အစောပိုင်းကာလ တားဆီးကာကွယ်ရေး ပြင်ဆင်မှုများကိုပါ တပြိုင်နက်တည်း လုပ်ဆောင်ရမည် ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းအနေနှင့် အပြင်လောက၌ ရှိနေကြသော တပည့်အားလုံးကို အမည်မသိ အင်အားစုများ၏ တိုက်ခိုက်မှုကို သတိပြုကြရန် ချက်ချင်း လှမ်း၍ အကြောင်းကြားရမည် ဖြစ်သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် အဆင့်မြင့်လူကြီးများ တစ်ဦးပြီးတစ်ဦး ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ လီရှို့ကျန်းလည်း အတူတူ ထွက်ခွာသွားခဲ့သဖြင့် ခြံဝင်းအတွင်း၌ လီချင်းချိုးနှင့် ဂျူနီယာညီအစ်ကို မောင်နှမများသာ ကျန်ရစ်ခဲ့တော့သည်။

"အစ်ကိုကြီး... ဒီအကြောင်းကို ဟူယန်ကို ဘယ်လိုပြောရမလဲ"ဟု လီတုန်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

ဟူယန်သည် လက်ရှိတွင် ဝိညာဉ်ပစ္စည်းခန်းမ၌ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူမက သူ့ကို မိမိကိုယ်ပိုင်တပည့်ကဲ့သို့ သဘောထားကာ စောင့်ရှောက်ထားခြင်း ဖြစ်သည်။ ဟူယန်နှင့် တွမ့်ရှောင်ကျွမ်းတို့ အတူတူ ကစားနေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရဖူးသဖြင့်၊ သူမ၏ မျက်ဝန်းထဲတွင် ထိုနှစ်ဦးမှာ ကောင်းကင်ဘုံက ဖန်တီးပေးလိုက်သည့် စုံတွဲတစ်တွဲကဲ့သို့ပင် လိုက်ဖက်လွန်းလှသည်။

သူတို့နှစ်ဦး လက်ထပ်မင်္ဂလာ မပြုရသေးမီအချိန်အတွင်းမှာပင်၊ ၎င်းတို့ထဲမှ တစ်ဦးက ဤကဲ့သို့ ရုတ်တရက် ထာဝရ ခွဲခွာသွားရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ဤသည်မှာ မည်မျှအထိ ရက်စက်ကြမ်းကြုတ်လှသော အဖြစ်ဆိုးလဲ….

လီချင်းချိုးက တည်ငြိမ်စွာဖြင့်…

"သူ့ကို တိုက်ရိုက်ပဲ ပြောပြလိုက်ပါ.. ဖုံးကွယ်ထားဖို့ မလိုသလို၊ စကားလုံးတွေ လှည့်ပတ်ပြီး သွယ်ဝိုက်ပြောနေဖို့လည်း မလိုဘူး" ဟု ဆိုလိုက်သည်။

ထိုစဉ် လီချင်းချိုးက ဟူယန်၏ ကံကြမ္မာဟောင်းဖြစ်သည့် 'ကံဆိုးခြင်းကံကြမ္မာကို ရုတ်တရက် သတိရသွားသည်။ ကြည့်ရသည်မှာ ချင်းရှောင်ဂိုဏ်း၏ အစောင့်အရှောက်အောက်တွင် ရှိနေလျှင်ပင်၊ ဟူယန်အနေနှင်ါ ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

တာအိုမျိုးဆက်စနစ်ကို ထပ်မံခေါ်ယူလိုက်ပြီး ဟူယန်၏ ပုံရိပ်ကို ရှာဖွေကာ ၎င်း၏ ကံကြမ္မာပါရမီအသေးစိတ်ကို စစ်ဆေးကြည့်လိုက်မိသည်။

【ကံဆိုးခြင်းကံကြမ္မာ - အဖုအထစ်များပြားလှသော ဘဝလမ်းစဉ်…. သစ္စာဖောက်ဖျက်ခြင်းနှင့် စွန့်ပစ်ခြင်းများကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ အသည်းအသန် အစွန်းရောက်သော အခြေအနေဆိုးအတွင်း၌ စစ်မှန်သော ဉာဏ်အလင်းပွင်းခြင်းကို အလုံးစုံ ရရှိသွားလိမ့်မည်၊ ၎င်းမှတစ်ဆင့် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုဆီသို့ တက်လှမ်းစေနိုင်မည် ဖြစ်သည်။】

သစ္စာဖောက်ဖျက်ခြင်းနှင့် စွန့်ပစ်ခြင်း….

တွမ့်ရှောင်ကျွမ်းသည် ဟူယန်အပေါ် သစ္စာဖောက်ဖျက်ခဲ့ခြင်း မရှိပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နောင်အနာဂတ်တွင် ဟူယန်သည် ဤထက်မက ပိုမိုကြီးမားသော ဘေးဒုက္ခဆိုးများနှင့် ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်းထုတ်နေခြင်းပင် ဖြစ်၏။ လီချင်းချိုးအနေဖြင့် မိမိ၏ အစောင့်အရှောက်အောက်တွင် ရှိနေပါလျက်နှင့် မည်သို့သေ အခြေအနေမျိုးကြောင့် သစ္စာဖောက်ဖျက်ခြင်းနှင့် စွန့်ပစ်ခြင်းကို ကြုံတွေ့ရဦးမည်ကို ဘယ်လိုမှ စိတ်ကူး၍ မရနိုင်တော့ပေ။

သို့သော်လည်း ထိုကလေး အလွန်အမင်း သနားစရာကောင်းလောက်အောင် ဒုက္ခမရောက်စေရန်အတွက် ဂရုတစိုက် ဆက်လက်စောင့်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

လီတုန်းယွဲ့က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်…. "ဒီတစ်ကြိမ်တော့ သူ့ကို ကျွန်မပဲ သွားပြီး ပြောပြလိုက်ပါ့မယ်" ဟု ဆိုလိုက်သည်။

ယခင်က ယွမ်ချီ သေဆုံးခဲ့သည့် အကြောင်းကို ယွမ်လီထံသို့ လီချင်းချိုး ကိုယ်တိုင် ချပြခဲ့ဖူးသည်။ သူမ၏ အမြင်အရ ၎င်းမှာ ယွမ်လီတစ်ဦးတည်းသာ စိတ်မကောင်းဖြစ်ရသည်မဟုတ်ဘဲ၊ လီချင်းချိုးကိုယ်တိုင်လည်း ဤကဲ့သို့သော ခါးသီးလှသည့် အမှန်တရားကို အသိပေးရခြင်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပြီး စိတ်ဆင်းရဲစရာ ကောင်းလှသည်ဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။

"မလိုပါဘူး၊ ဒါက သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါကိုယ်တိုင် လုပ်ဆောင်ရမယ့် တာဝန်ပဲ"

လီချင်းချိုးက ခေါင်းခါရင်း ငြင်းပယ်လိုက်သည်။

လီစစ်ဖုန်းကမူ ဘာမျှ ထုတ်မပြောခဲ့ပေ။ သူသည် ကိုယ်ပိုင် ဇနီးမယားနှင့် သားသမီးများကို တွေးမိလိုက်ရာ၊ ရုတ်တရက် ချစ်ရသူများကိုလည်း ဤကဲ့သို့ ဆုံးရှုံးသွားရလေမလားဟူ၍ စိုးရိမ်ပူပန်စိတ်များ ဝင်ရောက်လာမိသည်။

လီစစ်ကျင်က… "ကောင်းကင်လက်မှုပညာခန်းမကို ချင်းရှောင်တံဆိပ်ပြားပေါ်မှာ နောက်ထပ် တားမြစ်ချက်မန္တန်တွေ ပိုပြီး ထည့်ခိုင်းလို့ရမလား၊ ဒါမှသာ ဂိုဏ်းသားတွေ တိုက်ခိုက်ခံရတဲ့ အချိန်နဲ့တစ်ပြိုင်နက် ဂိုဏ်းဆီကို သတင်းအချက်အလက်တွေ တိုက်ရိုက် ပို့လွှတ်နိုင်မှာပေါ့" ဟု အကြံပြုလိုက်သည်။

ကျန်းယွီချွန်းက ခေါင်းခါလိုက်ပြီး ….

"ဒါက ပြောသလောက် မလွယ်ကူဘူး… တကယ်လို့ သတင်းအချက်အလက် ပေးပို့မှု အောင်မြင်ခဲ့ရင်တောင်မှ၊ ငါတို့မှာ တပည့်အမြောက်အမြား ရှိနေတာမို့ နောင်ကျရင် ဒီလိုပြဿနာမျိုးစုံကို လိုက်လံဖြေရှင်းရတာ အင်မတန် အလုပ်ရှုပ်လိမ့်မယ်… ငါတို့တွေ ရွေးချယ်မှုတွေ ပြုလုပ်ကြရတော့မယ်…ငါတို့ဘက်က မမျှတတဲ့ ရွေးချယ်မှုမျိုး လုပ်မိသွားရင် ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုပါ ထိခိုက်ပျက်စီးသွားစေနိုင်တယ်" ဟု သုံးသပ်ပြခဲ့သည်။

လီချင်းချိုး ထိုစကားဝိုင်းအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ မော့ကြည့်လိုက်တော့ ကောင်းကင်ယံထက်တွင် မည်းနက်နေသော မိုးတိမ်လိပ်ကြီးများ တလိမ့်လိမ့် တက်လာပြီး တောက်ပလှသော နေရောင်ခြည်ကို အလုံးစုံ ဖုံးကွယ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုစဉ်၌ ရှောင်ဝူချင်း ခြံဝင်းအတွင်းသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်လာခဲ့ပြန်သည်။ သူသည် စားပွဲရှည်ကြီး၏ ရှေ့သို့ ရောက်လာပြီး လေးနက်သော လေသံဖြင့် အစီရင်ခံလိုက်သည်။

"ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်... နောက်ထပ် ဂိုဏ်းသား ငါးယောက် ထပ်ပြီး သေဆုံးသွားခဲ့ပြန်ပြီ!"

လီချင်းချိုး၏ မျက်ဝန်းများ ချက်ချင်းပင် အေးစက်ခက်ထန်သွားခဲ့ပြီး၊ ကျန်းယွီချွန်းနှင့် အခြားသူများလည်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။

ညဉ့်နက်ပိုင်းတွင်……

ဟူယန်သည် ခြံဝင်းအတွင်း၌ မန္တန်တစ်ခုကို လေ့ကျင့်နေသည်။ ကိုယ်ပိုင်မသေမျိူးဂူ ရှိနေပြီဖြစ်သော်လည်း၊ ပုံမှန်အားဖြင့် မန္တန်များကို လေ့ကျင့်သည့်အခါ၌ ဤခြံဝင်းဟောင်းဆီသို့သာ ပြန်လာလေ့ ရှိသည်။ သဘာဝကျစွာပင် သူ ဤနေရာသို့ ပြန်လာရသည့် နောက်ထပ် လျှို့ဝှက်အကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်၊ ၎င်းမှာ တွမ့်ရှောင်ကျွမ်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းလိုခြင်းပင်။

တွမ့်ရှောင်ကျွမ်း ပထမဆုံးအကြိမ် တောင်အောက်သို့ ဆင်းသွားခဲ့စဉ်က စိုးရိမ်ပူပန်စိတ်ခဲ့‌သော်လည်း

လက်ရှိအချိန်တွင် သူမအတွက် အလွန်အမင်း စိုးရိမ်ခြင်း မရှိတော့ပေ။ သူသည် ယခင်က တွမ့်ရှောင်ကျွမ်းနှင့်အတူ တာဝန်များကို ပူးတွဲထမ်းဆောင်ရန် အကြံပြုခဲ့ဖူးသော်လည်း၊ သူမက ငြင်းဆန်ခဲ့သည်။ တွမ့်ရှောင်ကျွမ်းက ဟူယန်တွင် ပိုမိုတောက်ပသော အနာဂတ် ရှိနေသဖြင့် မိမိကြောင့် အချိန်မပုပ်သင့်ကြောင်းနှင့်၊ သူမကိုယ်တိုင်လည်း ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ အခြေခံ၍ ရပ်တည်လိုကြောင်း ပြောဆိုခဲ့ဖူးသည်။

'အခု လေ့ကျင့်နေတဲ့ မန္တန်က အတော်လေး ကောင်းမွန်တာပဲ… မူလချီသုံးစွဲမှု နည်းပါးတဲ့အပြင် လှုံ့ဆော်မှုအရှိန်ကလည်း အလွန် မြန်ဆန်တယ်… ရှောင်ကျွမ်းနဲ့ အင်မတန် လိုက်ဖက်မှာ သေချာတယ်' ဟု ဟူယန် စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်မိရင်း မျက်နှာတွင် မသိမသာ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုစဉ်၌ အနီးသို့ ချဉ်းကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသဖြင့် ဟူယန် ခေါင်းလှည့်ကြည့်လိုက်ရာ၊ ၎င်းမှာ မိမိ၏ ဆရာဖြစ်သူ လီချင်းချိုးဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ကမန်းကတန်း လှည့်၍ အရိုအသေပြုလိုက်သည်။

လီချင်းချိုး သူ့ရှေ့မှောက်သို့ လျှောက်လှမ်းလာချိန်တွင် အေးစက်လှသော လမင်း၏ အလင်းရောင်ခြည်က အရပ်မျက်နှာအနှံ့ ဖြာကျနေသည်။ လီချင်းချိုး စတင်၍ စကားအချို့ကို ဆိုလိုက်ရာ၊ ဟူယန်သည် ချက်ချင်းပင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး နေရာတွင် ကျောက်ရုပ်ပမာ တောင့်တင်းငြိမ်သက်သွားခဲ့လေသည်။

ခြံဝင်းအတွင်းရှိ ရှေးဟောင်းသစ်ပင်ကြီးပေါ်မှ သစ်ရွက်ခြောက်တစ်ရွက်သ လေထဲ၌ ဝဲပျံရင်း အောက်သို့ ဖြည်းညှင်းစွာ ကြွေကျလာခဲ့သည်။ ၎င်းသည် မြေပြင်ပေါ်သို့ မထိစပ်မီအချိန်ကလေးတွင်၊ ရုတ်တရက် တိုက်ခတ်လာသော ညဉ့်လေပြင်းရိုင်းတစ်ခုကြောင့် အထက်သို့ ပြန်လည်လွင့်ပျံသွားခဲ့ပြီး ခြံဝင်းအတွင်းရှိ ဆေးမီးဖိုကြီးအတွင်းသို့ တိုက်ရိုက် ကျရောက်သွားကာ တောက်လောင်နေသော မီးလျှံများအကြား၌ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

လီချင်းချိုး လှည့်ထွက်သွားခဲ့ပြီးသည့်တိုင် ဟူယန် ထိုနေရာ၌ပင် မတ်တတ်ရပ်နေဆဲပင်ဧ သူ့ လက်နှစ်ဖက်စလုံးမှာ အင်္ကျီအတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထိန်းမနိုင်သိမ်းမရအောင် ပြင်းထန်စွာ စတင်တုန်ခါနေလေသည်။

နောက်တစ်နေ့ နံနက်ခင်းတွင်...

ထိန်းချုပ်ရေးခန်းမက ဂိုဏ်းသားအားလုံး၏ ချင်းရှောင်တံဆိပ်ပြားများဆီသို့ သတိပေးချက် သတင်းစကားတစ်ခုကို ချက်ချင်း ပေးပို့လိုက်သည်။ ၎င်းတွင် ဂိုဏ်းသား တစ်ဆယ့်တစ်ဦးထက်မက အသတ်ခံရပြီး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အသိပေးထားသဖြင့်၊ ဂိုဏ်းတစ်ခုလုံးရှိ လေထုကြီးမှာ ချက်ချင်းပင် တင်းမာအုံ့မှိုင်းသွားခဲ့သည်။

အာရုဏ်ဦးအချိန်၌ လီချင်းချိုးကို ဟူယန် လာရောက်ရှာဖွေခဲ့သည်။ သူ့မျက်ဝန်းအစုံစလုံးမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး၊ တွမ့်ရှောင်ကျွမ်း သေဆုံးခဲ့ရသည့် အကြောင်းရင်းအမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်း၏ စုံစမ်းရေးအဖွဲ့နှင့်အတူ လိုက်ပါသွားလိုကြောင်း တောင်းဆိုလာခဲ့သည်။

လီချင်းချိုးကလည်း ငြင်းဆန်ခြင်းမရှိဘဲ သဘောတူညီခဲ့ပြီး၊ ရှောင်ဝူချင်းကို လာရောက်ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ လီချင်းချိုးအနေဖြင့် ဟူယန် ဒုက္ခရောက်မည်ကို စိုးရိမ်ခြင်း မရှိပေ။ ဟူယန်သည် လက်ရှိတွင် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင်၊ အကယ်၍ ဆိုးဝါးသာ စိတ်ခံစားချက်များကိုသာ ရင်ထဲ၌ အတင်းအကျပ် ဖိနှိပ်ချုပ်တည်းထားခိုင်းမည်ဆိုပါက ၎င်းမှာ ပိုမို၍ ဆိုးဝါးသွားနိုင်သောကြောင့်ပင်။

မွန်းတည့်ချိန်တွင် ရှောင်ဝူချင်းက လီချင်းချိုးထံသို့ လာရောက်ကာ တွမ့်ရှောင်ကျွမ်းအပါအဝင် ခုနစ်ဦးစလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်များ အလုံးစုံ လွင့်ပျယ်သွားခဲ့ပြီဖြစ်ရာ သာမန် ရုပ်ကလာပ်သက်သက်သာ ကျန်ရစ်တော့ကြောင်း အစီရင်ခံလာခဲ့သည်။

နေဝင်ရိုးရီအချိန်၌...

လီချင်းချိုးထံသို့ ရှောင်ဝူချင်းထပ်မံရောက်ရှိလာပြန်ပြီး၊ သေဆုံးသွားသော ဂိုဏ်းသားများ၏ ရုပ်အလောင်းပေါ်တွင် လူသတ်သမား ချန်ထားခဲ့သော စာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အကြောင်းကြားလာခဲ့သည်။

၎င်းစာထဲတွင် လူသတ်သမားက သူသည် ချင်းရှောင်ဂိုဏ်းသားအားလုံး အစအနမကျန် သေဆုံးသွားသည်အထိ ဆက်လက်၍ လိုက်လံတိုက်ခိုက် သတ်ဖြတ်သွားမည်ဖြစ်ကြောင်း ရဲရဲတင်းတင်း ခြိမ်းခြောက်ရေးသားထားသည်။

လီချင်းချိုးက ချက်ချင်းပင် ထိန်းချုပ်ရေးခန်းမကို မကြာသေးမီက ထပ်မံသေဆုံးသွားခဲ့ကြသော ဂိုဏ်းသားများ၏ တည်နေရာကို ရှာဖွေခိုင်းလိုက်သည်။ထိုနေရာမှာလည်း ယွီစီရင်စုအတွင်း၌ပင် ဖြစ်ကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ လီချင်းချိုးကိုယ်တိုင် တောင်အောက်သို့ ချက်ချင်း ဆင်းသွားခဲ့သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်အသိအာရုံ စွမ်းပကားကြီးကို အသုံးပြုကာ ယွီစီရင်စုတစ်ခုလုံးကို ကော်ဇောခင်းသကဲ့သို့ တစ်လက်မမကျန် လိုက်လံရှာဖွေ ဖြန့်ကြက်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ပေသည်။

ညဉ့်နက်ပိုင်း…သစ်တောကြီးတစ်ခုအတွင်း၌..

. ယခင်က တွမ့်ရှောင်ကျွမ်းအပါအဝင် တပည့်ခုနစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဝတ်စုံနက်ဝတ် အမျိုးသားက ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦးကိ မြေပြင်ပေါ်၌ တရွတ်တိုက် ဆွဲခေါ်လာနေသည်။

မှောင်မိုက်လှသော ညဉ့်နက်သန်းခေါင်ယံအတွင်း၌ ထိုအမျိုးသား၏ ဆံပင်များမှာ ဖားလျားကျနေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော သရဲမိစ္ဆာကြီးတစ်ကောင်နှင့်တူနေပြီး မျက်နှာပေါ်ရှိ မည်းနက်နေသော မှော်စာလုံးများမှာလည်း သက်ရှိများကဲ့သို့ အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေကြသည်။

လက်တစ်ဖက်ဖြင့် တရွတ်တိုက် ဆွဲခေါ်ခြင်းခံနေရသော ချင်းရှောင်ဂိုဏ်းသားမှာ အသက်ငယ်ရွယ်သေးသည့် အမျိုးသားတပည့်ကလေးတစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ မျက်လုံးကိုပင် မဖွင့်နိုင်တော့ဘဲ ပါးစပ်အတွင်းမှ သွေးများ တစီစီ ပန်းထွက်နေသည်။ သူ မည်မျှအထိ ရက်စက်စွာ နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသလဲဆိုသည်ကို ဘယ်လိုမှ စိတ်ကူး၍ မရနိုင်ပေ။

ထိုဝတ်စုံနက်ဝတ် အမျိုးသားက သစ်တောအတွင်းရှိ မြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာသောအခါမှသာ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ညာလက်ကို လွှတ်လိုက်တော့သည်။

သူသည် အောက်သို့ ငုံ့ကြည့်လိုက်ကာ မြေပြင်ပေါ်၌ လဲလျောင်းနေသော ချင်းရှောင်ဂိုဏ်းသားကို စိုက်ကြည့်ရင်း …

"ပြောစမ်း... မင်းတို့ ချင်းရှောင်ဂိုဏ်းရဲ့ လီချင်းချိုးဆိုတဲ့ကောင်က တကယ်တမ်း ဘယ်လို ကျင့်ကြံမှုနယ်ပယ်မျိုးမှာ ရှိနေတာလဲ" ဟု မေးမြန်းလိုက်သည်။

ချင်းရှောင်ဂိုဏ်းသားတပည့်ကလေးက မြေပြင်ပေါ်၌ လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်အောက်ခြေမှလည်း သွေးများမှာ အရှိန်အဟုန်ဖြင့် စီးထွက်နေသည်။ သူသည် မျက်လုံးများကို အသည်းအသန် အားစိုက်၍ ဖွင့်ကြည့်လိုက်ကာ၊ အားတင်း၍ လှောင်ပြုံးတစ်ခုကို ဖော်ပြလိုက်ရင်း တုန်ရင်နေသော လေသံဖြင့်…..

"ငါတို့... ဂိုဏ်းချုပ်က... မင်းကို... သေချာပေါက်... ကလဲ့စားချေ... ပေးလိမ့်မယ်..."

ထိုအခါ ဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်ဝန်းများ အေးစက်သွားပြီး….

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ လောကမှာ ရှားပါးလှတဲ့ ရေခဲဓာတ်ဝိညာဉ်အမြစ်သာ ကိန်းအောင်းမနေဘူးဆိုရင်၊ ငါ မင်းရဲ့ ဝိညာဉ်ကို စောစောကတည်းက အတင်းအကျပ် ဖောက်ထွင်းရှာဖွေပြီးပြီ… ကြည့်ရတာ မင်း ခံစားရတဲ့ နာကျင်မှုက မလုံလောက်သေးဘူးထင်တယ်… မင်း ဒီလောကကြီးမှာ လူဖြစ်လာခဲ့ရတာကို နောင်တရသွားအောင် ငါ သေချာပေါက် လုပ်ပေးရသေးတာပေါ့" ဟု ဆိုလိုက်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

"အားးးးးးးးးး!"

စူးရှကျယ်လောင်လှသော အော်ဟစ်ညည်းတွားသံကြီးတစ်ခု သစ်တောကြီးအတွင်း ဟိန်းထွက်သွားခဲ့ပြီး၊ သစ်ပင်များပေါ်ရှိ ငှက်အုပ်များကို ထိတ်လန့်တကြား ပျံသန်းပြေးလွှားသွားစေကာ ဤမှောင်မိုက်သော ညဉ့်နက်သန်းခေါင်ယံကြီးကို ပိုမို၍ ကျောချမ်းဖွယ်ကောင်းအောင် လွှမ်းခြုံသွားစေခဲ့တော့သည်။

မကြာမီအချိန်အတွင်းမှာပင် အဆိုပါ အော်ဟစ်သံကြီး ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။

နောက်တနေ့တွင်…..

ဝတ်စုံနက်ဝတ် အမျိုးသားက ခြေလက်အင်္ဂါအားလုံး မူမမှန်တော့ဘဲ လိမ်တွန့်ပျက်စီးနေသော ချင်းရှောင်ဂိုဏ်း တပည့်ကလေးကို သစ်တောအပြင်ဘက်ရှိ မဟာမြစ်ငယ်တစ်ခု၏ အနီးသို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။ သူ့ ဦးခေါင်းထက်တွင်မူ မှော်မီးအိမ် တစ်လုံး ဝဲပျံနေပြီး၊ လင်းထိန်နေသော နေ့ခင်းဘက်အချိန်တွင်ပင် ၎င်းမီးအိမ်၏ မီးလျှံများမှာ တောက်လောင်နေဆဲပင်။

သူသည် ချင်းရှောင်ဂိုဏ်း တပည့်ကလေးကို မြေပြင်ပေါ်သို့ ပစ်ချထားခဲ့ပြီးနောက်၊ မြစ်ကမ်းပါးဘေးသို့ လျှောက်သွားကာ ခြေထောက်ကို ကွေး၍ ထိုင်ချလိုက်ပြီး သွေးစွန်းနေသော လက်နှစ်ဖက်ကို မြစ်ရေဖြင့် စတင်ဆေးကြောနေသည်။

သူ့ အနောက်ဘက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချင်းရှောင်ဂိုဏ်း တပည့်ကလေးမှာ အသိစိတ် ရှိနေဆဲဖြစ်သော်လည်း၊ မျက်ဝန်းအစုံမှာ ဗလာနတ္ထိဖြစ်နေပြီး ကြည့်ရသည်မှာ စိတ်ဝိညာဉ်တစ်ခုလုံး အပြင်သို့ ဆွဲထုတ်ခံလိုက်ရသလိုပင်။

"ချင်းရှောင်ဂိုဏ်းထဲမှာ မင်းလိုမျိုး မာနခဲ တပည့်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့ဘူး…အမှန်အတိုင်းပြောရရင် ငါ မင်းကို မသတ်ချင်တော့ဘူး… ကောင်းပြီလေ... မင်းရဲ့ မာနတရားကို ငါ လေးစားတဲ့အနေနဲ့၊ ငါ ဒီအလုပ်တွေ အကုန်ပြီးသွားတာနဲ့ မင်းကို ငါ့နောက်ကို တစ်ခါတည်း လိုက်ခေါ်သွားမယ်" ဟု ဝတ်စုံနက်ဝတ် အမျိုးသားက တပည့်ကလေးကို ကျောခိုင်းထားရင်း ညင်သာစွာဖြင့် ပြောဆိုလိုက်သည်။

သူ့ လေသံအတွင်း၌ မည်သည့် စိတ်ခံစားချက်လှိုင်းမျိုးမျှ ပါဝင်ခြင်း မရှိပေ။

သို့သော်လည်း ချင်းရှောင်ဂိုဏ်း တပည့်ကလေးကတော့ စိုးစဉ်းမျှ ဝမ်းမြောက်ခြင်း မရှိပေ။ သူ့ထံတွင် စကားပြောရန်အတွက်ပင် ခွန်အား မရှိတော့ဘဲ အသိစိတ်များမှာလည်း တဖြည်းဖြည်း မှေးမှိန်ဝေဝါးလာနေပြီ ဖြစ်သည်။

ဝူး…

ထိုစဉ်၌ မြစ်ကမ်းပါးတစ်လျှောက်တွင် လေပြင်းတသုတ် ရုတ်တရက် ဝုန်းခနဲ တိုက်ခတ်လာခဲ့သည်။ လက်ကို ဆေးကြောနေသော ဝတ်စုံနက်ဝတ် အမျိုးသားလည်း ချက်ချင်းပင် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကာ မျက်လုံးထောင့်မှနေ၍ အနောက်ဘက်သို့ လှမ်း၍ အကဲခတ်ကြည့်လိုက်မိသည်။

တောက်ပလှသော နေရောင်ခြည်က သူ့မျက်ဝန်းထဲသို့ စူးရှစွာ စီးဝင်လာသဖြင့် မျက်စိသူငယ်အိမ်များ ဆတ်ခနဲ ပြူးကျယ်သွားခဲ့သည်။

ပုံရိပ်တစ်ခု သူ့အနောက်ဘက် လေထုထဲတွင် တည်ငြိမ်စွာ ဝဲပျံနေပြီး ထိုသူက တောက်လောင်နေသော နေမင်းကြီးကို ကျောခိုင်းထားလျက် သူ့ကို အထက်မှ ငုံ့ကြည့်နေသဖြင့်၊ အလင်းရောင်ပြန်ဟပ်မှုကြောင့် ထိုသူ၏ စစ်မှန်သော ရုပ်ရည်သွင်ပြင်ကို သဲသဲကွဲကွဲ မမြင်တွေ့နိုင်ပေ။

ရှူး…

ထိုစဉ် ဘယ်ဘက်လက်အတွင်း၌ ဆန်းကြယ်လှသော ဓားမြှောင်တိုတစ်လက် လေဟာနယ်ထဲမှနေ၍ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အနောက်ကလူကို သတ်ဖြတ်ပစ်ရန်အတွက် ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။

ဝုန်း…

သွေးများ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားခဲ့ပြီး မြစ်ရေပြင်ကြီး ချက်ချင်း ပေါက်ကွဲသွားကာ ရေလှိုင်းလုံးကြီးများပင် ကိုက်ပေါင်းမြောက်မြားစွာ အမြင့်သို့ မြှောက်တက်သွားခဲ့သည်။

ဝတ်စုံနက်ဝတ် အမျိုးသား၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး လေထုထဲသို လွင့်ပျံသွားခဲ့ရပြီး၊ ပြတ်ထွက်သွားသော ဘယ်ဘက်လက်ဖဝါးမှာ ဓားမြှောင်တိုကို တင်းကျစ်စွာ ဆုပ်ကိုင်ထားဆဲ ရှိနေသေးရာ၊ ၎င်း၏ ဓားသွားမှာ လေထုထဲ၌ အေးစက်လှသော အလင်းရောင်ခြည်များကို ရောင်ပြန်ဟပ်နေလေသည်။

All Chapters