← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

🍋 Chapter 195

ဆွေ့ယွင်ကျန်း၏ စကားကို ကြားလိုက်ရသောအခါ ကျိုးထျန်းတစ်ယောက် ဆွံ့အသွားခဲ့ရသည်။

"ငါ အခု မင်းကို ရွေးချယ်စရာ တစ်ခုပဲ ပေးမယ်၊ တောင်းပန်ပြီး ပိုက်ဆံပေးလျော်လိုက်"

ဤစကားများမှာ သူ့ကို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားစေသည်။

'ဒီကောင်က တကယ်ပဲ နောက်ခံအာဏာ ရှိတာပဲ။ သာမန်လူတွေဆိုရင် ဒီလောက်အထိ မောက်မာပြနိုင်ဖို့ မလွယ်ဘူး'

'သူ့ကိုကြည့်ရတာ သူ့ရဲ့ မောက်မာမှုကတင် ဘာမှကြောက်စရာမလိုဘူးဆိုတဲ့ ယုံကြည်ချက်အပြည့် ရှိနေတာပဲ'

သူသည် ဒေါသထွက်မသွားခဲ့သေးပေ။

သူဌေးကျန်းမှ ဤကောင်၏ ဦးလေးသည် ဘေးကပ်လျက်ပြည်နယ်၏ဝါဒဖြန့်ချိရေးဌာနမှ အာဏာပိုင်တစ်ဦးဖြစ် ကြောင်း ပြောပြထားခဲ့ပြီးသား ဖြစ်သည်။

သို့ဖြစ်၍ ဤကဲ့သို့သော လူမျိုးနှင့် ဆက်ဆံသည့်အခါ အစွန်းမရောက်စေရန် ထိန်းသိမ်းခြင်းက အကောင်းဆုံး ဖြစ်သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးကြားတွင် အမှန်တကယ်၌ မည်သည့်ပဋိပက္ခမျှ မရှိခဲ့ဖူးချေ၊ သူစိမ်းများဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် ကိစ္စရပ်ကို ပုံကြီးချဲ့ရန် မလိုအပ်ပေ။

"သူဌေးဆွေ့... ကျွန်တော်နဲ့ ဟန်တုန်ကြားက အသေးအမွှား ပဋိပက္ခလေးက ခင်များရဲ့ ကူညီပေးမှုကို လိုအပ်လိမ့်မယ် မထင်ပါဘူး၊ ဒါက ကိစ္စအသေးလေးတစ်ခုပဲလေ"

"ကျွန်တော်နဲ့ သူ့ကြားမှာ သူသေကိုယ်သေ ရန်ငြိုးရန်စတွေ မရှိသလို၊ ခင်များနဲ့လည်း လုံးဝ ရင်းနှီးတာ မဟုတ်ဘူး၊ ခင်များဘက်က တောင်းပန်ခိုင်းတာနဲ့ ပိုက်ဆံပေးလျော်ခိုင်းတာက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိတာမို့လို့ ကျွန်တော် လက်မခံနိုင်ပါဘူး"

သူ၏ တုံ့ပြန်မှုက အပြန်အလှန် ထိပ်တိုက်တွေ့ခြင်း မရှိဘဲ ယဉ်ကျေးပျူငှာစွာ ရှိနေဆဲ ဖြစ်သည်။

သို့သော် ဆွေ့ယွင်ကျန်းကမူ ထိုအရာကို အသိအမှတ်မပြုသည့်အပြင် သူ့ မျက်နှာကြီးက ပိုအေးစက်သွားခဲ့သည်။

"ဒါဆိုရင်... မစ္စတာကျိုးက ငါ့ရဲ့ အစီအစဉ်ကို သဘောမတူဘူးပေါ့"

"ငါက မင်းကို လမ်းစတစ်ခု ချပေးခဲ့တာတောင် မင်းက လက်မခံဘူးဆိုမှတော့ ရှေ့ဆက်ဖို့ မစဉ်းစားနဲ့တော့"

သူသည် မျက်မှောင်ကြုတ်လျက် ကျိုးထျန်း၏ အနားသို့ တိုးကပ်လာပြီး ပုခုံးကို ပုတ်လိုက်သည်။

"ငါက တောင်းပန်ခိုင်းတာကိုလည်း မင်းက မတောင်းပန်ဘူး၊ လျော်ကြေးပေးခိုင်းတာကိုလည်း မပေးဘူးဆိုတော့... ငါတို့ တခြားနည်းလမ်းပြောင်းပြီး ဆော့ကြတာပေါ့"

"မစ္စတာကျိုး... ငါတို့ စောင့်ကြည့်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ဆွေ့ယွင်ကျန်းသည် ဟန်တုန်၏ ပုခုံးကို ဖက်လျက် လှည့်ထွက်သွားခဲ့တော့သည်။

၎င်းတို့နှစ်ဦး အတူတူ လျှောက်လှမ်းသွားကြပုံမှာ အလွန် ရင်းနှီးကျွမ်းဝင်နေဟန် ရသည်။

"မစ္စတာကျိုး... ဒါက..."

ဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သည့် သူဌေးကျန်းသည် ကျိုးထျန်းနှင့် သူဌေးဆွေ့တို့ကြားမှ ပဋိပက္ခကို မြင်တွေ့ရသဖြင့် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။

"မစ္စတာကျန်း... ခင်များကို ဒါမျိုးတွေ မြင်တွေ့စေမိလို့ အားနာပါတယ်ဗျာ၊ ခင်များ စောစောကပြောပြတဲ့ ဇာတ် လမ်းက မှန်ပုံပဲ၊ ဒီဆွေ့ယွင်ကျန်းက တကယ်ကို သဘော ကောင်းတဲ့သူ မဟုတ်ဘူးပဲ"

"ဒါဆို ခင်များအနေနဲ့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

"ဘာလုပ်ရမှာလဲဗျာ... ဘာပဲလာလာ ရင်ဆိုင်ရုံပေါ့၊ ကျွန် တော်က ပြဿနာမရှာတတ်ပေမဲ့ ပြဿနာလာရင်လည်း ကြောက်နေမယ့်သူ မဟုတ်ဘူး”

“လာချင်သလို လာပါစေ၊ တစ်ချို့လူတွေက သူတို့ရဲ့ အရည် အချင်းကို သူတို့ ကိုယ်တိုင် မသိကြဘူး၊ အဆော်ခံရပြီးမှပဲ သင်ခန်းစာရသွားကြလိမ့်မယ်"

ကျိုးထျန်းသည် သူ့ ဝိုင်ခွက်ကို မော့ချလိုက်ပြီး ပြုံးလျက် ခွက်ကို ချလိုက်သည်။

ထိုအချိန်တွင် ဥက္ကဋ္ဌဖန်းနှင့် အခြားလူများလည်း အနားသို့ လျှောက်လှမ်းလာခဲ့ကြသည်။

"မစ္စတာကျိုး... စောစောက ခင်များနဲ့ ဟိုသူဌေးဆွေ့တို့ အဆင်မပြေဖြစ်နေတာကို မြင်လိုက်ရတယ်။ ဘာဖြစ်ကြတာလဲ"

ကျိုးထျန်းက ပြုံးလျက် အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"အို... အဲဒီလိုလား၊ အဲ့ဒီသူဌေးဆွေ့က အရမ်းမောက်မာလွန်းလှတယ်။ အားလုံးက အသင်းသားချင်း မိတ်ဆွေတွေ ဖြစ်ကြတာကို လူသစ်တစ်ယောက်အပေါ် ဒီလို ပြုမူတာက တကယ်ကို လွန်လွန်းပါတယ်"

"ဟုတ်ပါ့ဗျာ... အဲ့ဒီသူဌေးဆွေ့က ကျွန်တော်တို့အပေါ် အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်ပြီးတော့ ကွယ်ရာမှာလည်း အမြဲတမ်း စောင်းမြောင်းပြောဆိုတတ်တာ၊ ကျွန်တော် သူ့ကို မကျေနပ်ဖြစ်နေတာ ကြာလှပြီ"

"ဒီဆွေ့ယွင်ကျန်းက နောက်ခံအာဏာ ရှိနေတော့ ကျွန်တော်တို့လို စီးပွားရေးသမားတွေကို အထင်သေးတာပေါ့၊ တကယ့် လူယုတ်မာပဲ"

"ကျွန်တော် ထင်တာတော့ သူက အသင်းရဲ့ ဥက္ကဋ္ဌ ရာထူးကို လိုချင်နေလို့ တမင်သက်သက် ပြဿနာရှာနေတာ နေမှာ"

လူတစ်ယောက်က ထိုသို့ပြောလိုက်သည်နှင့် ဘေးနားရှိ လူများ၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။

ဆွေ့ယွင်ကျန်းသည် ဥက္ကဋ္ဌရာထူးကို လိုချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူသည် ဤအသင်းကို ကိုယ် တိုင်တည်ထောင်ခဲ့ခြင်း သို့မဟုတ် လည်ပတ်ခဲ့ခြင်းမရှိပေ။

ထိုသူမှ ရုတ်တရက် ဘယ်ကနေ ရောက်လာမှန်းမသိဘဲ လူတိုင်းကို ဖိနှိပ်ချုပ်ချယ်လိုပြီး ဥက္ကဋ္ဌဖန်းကိုပါ ရာထူးကနေ ဖယ်ရှားရန် ကြိုးစားနေခြင်းဖြစ်ရာ မည်သူက သဘောတူနိုင်ပါမည်နည်း။

ထို့အပြင် သူ့ရဲ့ စရိုက်နဲ့ဆိုရင် သူသာ ဥက္ကဋ္ဌ ဖြစ်လာခဲ့ရင် ကျန်တဲ့သူတွေ ဘာဖြစ်သွားကြမည်နည်း။

ဥက္ကဋ္ဌဖန်း သက်ပြင်းချရင်း မချိပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော်က အခြားလူတစ်ယောက်ကို အသင်းရဲ့ တာဝန်တွေကို လွှဲပြောင်းမပေးချင်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အဖွဲ့အစည်းက အားလုံး လွတ်လွတ်လပ်လပ် စုဆုံပြီး အမြင်ချင်း ဖလှယ်ကြတဲ့ အစုအဖွဲ့လေးတစ်ခုမျှသာပါ"

"ဒါပေမဲ့ သူက ဒီအစုအဖွဲ့လေးကို ကုမ္ပဏီပုံစံမျိုး ပြောင်းလဲပြီး ပေါင်းစည်းပစ်ဖို့ အတင်းအကျပ် လုပ်နေတာ။ သူ့ရဲ့ စိတ်ထဲက အတွေးတွေကိုလည်း အားလုံး သိကြမှာပါ"

"ဟဲဟဲ... သူ့ရဲ့ ရည်ရွယ်ချက်က လူတိုင်းအတွက် ရှင်းလင်းနေတာပဲ၊ သူ ဘာကို ကြံစည်နေလဲဆိုတာ ကျွန်တော်တို့ သေချာပေါက် သိတာပေါ့"

အခြားလူအချို့ကလည်း ထပ်ဆင့်၍ ပြောဆိုကြသည်။

ကျိုးထျန်းသည် ဘေးကနေ နားထောင်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ရာ သူဌေးကျန်းက သူ့ကို ရှင်းပြပေးလာခဲ့သည်။

"ကျွန်တော်တို့ အသင်းရဲ့ ဖွဲ့စည်းပုံက လွတ်လပ်မှု ရှိတယ်၊ ကလပ် တစ်ခု ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုလိုမျိုးပဲ"

"ဒါပေမဲ့ ဒီဆွေ့ယွင်ကျန်းက အသင်းကို ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်နေတာ၊ အဲဒီလိုဆိုရင် အဖွဲ့ဝင်အားလုံးရဲ့ ကုမ္ပဏီတွေနဲ့ စားသောက်ဆိုင်တွေက အသင်းရဲ့ တူညီတဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားလိမ့်မယ်"

"နောက်ပိုင်းမှာ ကုန်ကြမ်းဝယ်ယူမှု လမ်းကြောင်းတွေ၊ ဆိုင်ခွဲအသစ် တည်နေရာတွေကနေ စလို့ စီမံခန့်ခွဲမှု ဝန်ထမ်းတွေအထိ အားလုံးက အသင်းရဲ့ ခွင့်ပြုချက်ကို ရယူရလိမ့်မယ်"

"သူက အသင်းကို လည်ပတ်ချင်တာမဟုတ်ဘူး... သူက အသင်းထဲက လူတိုင်းကို ထိန်းချုပ်ချင်နေတာ"

"တကယ်လို့ သူ့ရဲ့ နည်းလမ်းတွေအတိုင်း ပြောင်းလဲလိုက်ပြီး သူက ဥက္ကဋ္ဌ ဖြစ်လာခဲ့ရင် သူက ရှန်ဟိုင်းရဲ့အဆင့်မြင့်စားသောက်ကုန်လုပ်ငန်းရဲ့ ဧကရာဇ်ဖြစ်သွားမှာ မဟုတ်ဘူးလား"

"သူက သူ့ကို ဆန့်ကျင်တဲ့သူတွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်လိမ့်မယ်၊ သူ့ရဲ့ ခွင့်ပြုချက်မပါဘဲ ရှန်ဟိုင်းမှာ ဘယ်ဆိုင်မှ ဖွင့်လှစ်နိုင်မှာ မဟုတ်တော့ဘူး"

"ဒါက အပေါ်ယံပဲ ရှိသေးတာ၊ သူသာ အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို တဖြည်းဖြည်း ဝါးမြိုပစ်ဖို့ နည်းလမ်းရှာမှာ သေချာတယ်"

"ဒီကောင်က တကယ်ကို ရက်စက်တယ်၊ ကျွန်တော်တို့အားလုံးကို အခင်များလတ်လတ် ဝါးမြိုပစ်မှာ၊ စိတ်နှလုံး လုံးဝမရှိတဲ့ကောင်ပဲ"

ကျိုးထျန်းသည် ဆွေ့ယွင်ကျန်း၏ အစီအစဉ်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

သူသည် မိမိ၏ဩဇာအာဏာကို သုံးပြီး စျေးကွက်ကို ထိန်းချုပ်ကာ လက်ဝါးကြီးအုပ်မှု ရရှိရန် ကြံစည်နေခြင်း ဖြစ်သည်။

'သူက ဆိုင်ခွဲဖွင့်လှစ်သူတွေကို လိမ်လည်လှည့်ဖြားရတာတင် အားမရတော့ဘဲ အခုတော့ သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ လုပ်ငန်းကွင်းဆက်တစ်ခုလုံးကိုပါ အမြတ်ထုတ်ဖို့ ကြံစည်နေတာပဲ'

'တကယ်လို့ သူသာ အောင်မြင်သွားခဲ့ရင် ရှန်ဟိုင်းရဲ့ စားသောက်ကုန်လုပ်ငန်းက ဆွေ့ယွင်ကျန်းရဲ့ ကိုယ်ပိုင်ကစားကွင်းကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား'

ကျိုးထျန်း ဥက္ကဋ္ဌဖန်းကို မေးလိုက်သည်။

"ဥက္ကဋ္ဌ... ကျွန်တော်တို့မှာ ဒီမစ္စတာဆွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှိလား"

ဥက္ကဋ္ဌဖန်းက စိတ်ပျက်အားလျော့စွာဖြင့် ပြန်လည်မေးမြန်းလာသည်။

"နည်းလမ်းကောင်းကောင်း မရှိပါဘူးဗျာ၊ ကျွန်တော်တို့အားလုံးက စီးပွားရေးသမားတွေပဲလေ၊ သူ သုံးနိုင်တဲ့ အာဏာနဲ့ အရင်းအမြစ်တွေက ကျွန်တော်တို့အတွက်တော့ တကယ့်ကို ကပ်ဘေးတစ်ခုပဲ"

"ဒါ့အပြင် ရှန်ဟိုင်းမှာ ချမ်းသာတဲ့သူတွေ အများကြီး ရှိနေပေမဲ့ မြို့က သေးပြီးတော့ အဓိက စားသောက်ဆိုင်လုပ်ငန်းစုကြီး အနည်းငယ်ပဲ ရှိတာ"

"ဒါပေမဲ့ ဘေးကပ်လျက်မှာ ရှိတဲ့ ပြည်နယ်ကတော့ ကွဲပြားတယ်၊ အဲဒီနေရာက ကျယ်ပြောပြီး အရင်းအမြစ်တွေ ပေါကြွယ်ဝသလို လူဦးရေလည်း အများကြီး ရှိတယ်”

“ဆွေ့ယွင်ကျန်းက အဲဒီနေရာက ကုန်အမှတ်တံဆိပ်တွေကို ရှန်ဟိုင်းစျေးကွက်ထဲကို စတင် မိတ်ဆက်နေပြီ၊ ကျွန်တော်တို့တွေ တောင့်ခံနိုင်ရင်ပဲ ကံကောင်းလှပြီ"

လူတိုင်းက ခေါင်းခါယမ်းလိုက်ကြသည်။ ထိုလုပ်ငန်းနယ် ပယ်မှ ဘီလူးကြီးများသည် ၎င်းတို့၏အသင်းတွင် ပါဝင်ခြင်းမရှိဘဲ အခြားသော ကမ္ဘာ့အဆင့် ၅၀၀ ဝင် ကုမ္ပဏီများနှင့်သာ ပတ်သက် ဆက်နွှယ်ကြသည်။

၎င်းတို့သည် ရှန်ဟိုင်းတွင် လွှမ်းမိုးမှု ရှိကြသော်လည်း ထိုဘီလူးကြီးများကိုမူ ယှဉ်နိုင်စွမ်းမရှိကြပေ။

"မစ္စတာကျိုး... သတိထားဦးနော်၊ ဒီကောင်က အရမ်းပါးနပ်တယ်၊ ခင်များအပေါ် ဘယ်လို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"အားလုံးရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သတိထားပါ့မယ်၊ ခင်များတို့အားလုံးလည်း သတိထားကြဦး၊ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော်တို့ ချက်ချင်း အချင်းချင်း ဆက်သွယ်ကြတာပေါ့"

"ကောင်းပါပြီ... ကောင်းပါပြီ၊ ကျွန်တော်တို့လည်း အချင်းချင်း အဆက်အသွယ် ရှိနေကြတာပေါ့"

"မစ္စတာကျိုး... ကျွန်တော်တို့ WeChat အချင်းချင်း အပ်ထားကြရအောင်"

...

ဆွေ့ယွင်ကျန်း၏ ပြဿနာရှာမှုကြောင့် လူတိုင်း စိတ်ပါဝင်စားမှု လျော့နည်းသွားခဲ့ရပြီး ညစာစားပွဲသည် တစ်နာရီကျော်မျှသာ ကြာမြင့်ပြီးနောက် ပြီးဆုံးသွားခဲ့တော့သည်။

ကျိုးထျန်းသည် အငှားယာဉ်မောင်းတစ်ဦးကို ခေါ်ကာ ဗီလာသို့ ပြန်လည် မောင်းနှင်စေပြီး အနားယူခဲ့သည်။

သူသည် ဝိုင် အလွန်အမင်း သောက်ထားခဲ့သဖြင့် တကယ်လို့ မိဘများ သိရှိသွားပါက သေချာပေါက် ဆူပူကြလိမ့်မည် ဖြစ်ရာ အိမ်သို့မပြန်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ထို့အပြင် ယခုအခါ သူ့တွင် အကြောင်းပြချက် ကောင်း ကောင်း ရှိနေသည်။

သူသည် ကျောင်းတွင် နေထိုင်နေပါသည်ဟု ပြောဆိုနိုင်သည်။

ရေချိုး သန့်စင်ပြီးနောက် သူသည် သူ၏ အသစ်စက်စက် ကုတင်ပေါ်တွင် လှဲလျော်ရင်း သေသေချာချာ စဉ်းစားနေခဲ့သည်။

'ငါ့ရဲ့ စားသောက်ဆိုင်က တရားဝင် မဖွင့်ရသေးဘူး၊ ဆွေ့ယွင်ကျန်းက ဒါကို လာပြီး ဒုက္ခပေးနိုင်ဦးမှာ မဟုတ်ဘူး'

'အခြားလုပ်ငန်းတစ်ခုက ထျန်းချိုင်နည်းပညာဆိုတော့ အဲဒါကလည်း သူ့ရဲ့ နယ်ပယ် မဟုတ်တာကြောင့် သူ လာပြီး ပတ်သက်နိုင်မှာ မဟုတ်ဘူး'

'ဒါကြောင့် အခု ငါ စိုးရိမ်ရမယ့်အရာက စားသောက်ဆိုင် ဖွင့်လှစ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာမယ့် ပြဿနာတွေပဲ'

'ဟက်... သူ လာပြီး ပတ်သက်ရဲ၊ မပတ်သက်ရဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့။ တကယ်လို့ သူ လာပြီး ပတ် သက်ရဲတယ်ဆိုရင်တော့ ငါ သူ့ကို အပြတ်ရှင်းပစ်မယ်'

အခြေအနေအားလုံးကို စဉ်းစား သဘောပေါက်သွားပြီးနောက် သူသည် အေးချမ်းစွာ အိပ်စက်လိုက်တော့သည်။

သူသည် နောက်နေ့မနက် အစောပိုင်းတွင် ကျောင်းသို့ စစ်သင်တန်းတက်ရောက်ရန် သွားရမည်ဖြစ်သည်။

သူနှင့် မုယန်တို့တွင် အပြင်ဆောင်နေကျောင်းသားများ အဖြစ် အားသာချက်တစ်ခု ရှိနေသည်။

၎င်းတို့သည် မနက် ၇ နာရီတွင် ပြုလုပ်သည့် မနက်ခင်း လေ့ကျင့်ခန်းကို တက်ရောက်ရန် မလိုအပ်ဘဲ မနက် ၉ နာရီတွင် ရောက်ရှိရုံမျှသာ ဖြစ်သည်။

သူသည် အိမ်တွင် စစ်ဝတ်စုံ ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မှန်ထဲတွင် ကိုယ့်ကိုကိုယ် ကြည့်လိုက်သည်။

‘အင်း... ဒါကို ဝတ်ဆင်လိုက်တာက တကယ်ပဲ တိုက်ခိုက်ရေးစွမ်းရည် +၅ တိုးသွားသလိုမျိုး ခံစားရစေတယ်’

ထို့နောက် ဘန်တလေကို ကျောင်းသို့ မောင်းသွားရာ လမ်းတစ်လျှောက်ရှိ လူများစွာက သူ့ကို စူးစိုက်ကြည့်ရှုနေကြသည်။

"ငါတို့နိုင်ငံက အခု အဲဒီလောက်တောင် ချမ်းသာသွားပြီလား"

"စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားတစ်ယောက်က ဒီလိုကားမျိုးကို မောင်းနေတာလား"

All Chapters