← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

🍋 Chapter 197

ဤပရိုမိုးရှင်းဗီဒီယို ရိုက်ကူးရေးအတွက် ကင်မရာအဖွဲ့သားများ၊ ကုန်ကြမ်းပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊

ကျောင်းသို့ ပေးချေရမည့် လုပ်အားခများနှင့် ကျောင်းသားများ ဟန်တျန့်သို့ သွားရောက်ရန် သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်ရေး စရိတ်စကများ အားလုံး စုစုပေါင်းလိုက်ပါကယွမ် ၂ သန်းခန့် ကျသင့်မည် ဖြစ်သည်။

ဤပမာဏသည် အတော်လေး များပြားလှသည်ဟု ထင်ရသော်လည်း သူ့အတွက်မူ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိပေသည်။

ထို့အပြင် သူသည် ယခုကိစ္စကို မစ်ရှင်တစ်ခုကို အောင်မြင်ရန်အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး သူ မကြာခင် ရရှိတော့မည့် အလတ်တန်းစား ချမ်းသာကြွယ်ဝမှု သတင်းအချက်အလက်ကတ်နှင့် နှိုင်းယှဉ်ပါက ယွမ် ၂ သန်းဟူသည်မှာ ဘာမှမဟုတ်ချေ။

သို့သော် ကျိုးထျန်းဆိုသည်မှာ ဘယ်လိုလူမျိုးလဲ။ သူသည် ဤပိုက်ဆံကို အလဟဿ အကုန်အကျခံမည့်သူ မဟုတ်ပေ။

သေချာပေါက် မဟုတ်ပေ။

ထို့ကြောင့် သူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိရန်အတွက် လှည့်ကွက်လေးတစ်ခုကို အသုံးပြုခဲ့သည်။

ယနေ့ညတွင် ဟွမ်ရှီဖျော်ဖြေရေးသည် ဤပရိုမိုးရှင်းဗီဒီယို ၏အမည်ပေးပိုင်ခွင့်နှင့် ကြော်ငြာနေရာများကို လူသိရှင် ကြား လေလံတင်ရောင်းချမည့်အကြောင်း ကြေညာချက် ထုတ်ပြန်လိမ့်မည်ဖြစ်သည်။

Planet Home ရုပ်ရှင်နှင့် ဆက်နွှယ်နေပြီး ရုပ်ရှင်အထူးပွဲတွင် ပြသမည်ဟု သေချာပေါက် အာမခံထားနိုင်သရွေ့ ထိုအခွင့်အရေးကို ဝယ်ယူရန်အတွက် လူအများအပြားအလု အယက် ကြိုးစားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

တစ်ချိန်တည်းမှာပင် အမြင့်ဆုံးသော အကျိုးအမြတ်ကို ရရှိစေရန်အတွက် သူသည် တမင်တကာပင် လေလံစနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူသည် စားသောက်ကုန်လုပ်ငန်းရှင်များအသင်းမှ မစ္စတာကျန်းကိုလည်း လေလံစျေးနှုန်း မြှင့်တင်ပေးရန်အတွက် အတွင်းလူ အဖြစ် ကြိုတင်ညှိနှိုင်းထားခဲ့သေးသည်။

မူလက သူသည် ထျန်းချိုင်နည်းပညာကို ဤသို့ လုပ်ဆောင်စေချင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထျန်းချိုင်နှင့် ဟွမ်ရှီတို့သည် ပရိုမိုးရှင်းဗီဒီယိုတစ်ခုကို အတူတူ ထုတ်လွှင့်ထားခဲ့ဖူးသဖြင့် ၎င်းတို့က တစ်ဖက်တည်းသားများဖြစ်ကြောင်း လူတိုင်း သိရှိထားကြရာ ထျန်းချိုင်မှ ဝင်ရောက်လေလံဆွဲပါက အလွန်အမင်း ဟန်ဆောင်လွန်းနေပေလိမ့်မည်။

ရာနှင့်ချီသော ကျောင်းသားများသည် တကယ်လို့ မိမိတို့သာ ရွေးချယ်ခံရပါက ဘာလုပ်မည်နည်းဟူ၍ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။

သူတို့တွေ ကြွားလုံးထုတ်ရမလား၊ ပိုပြီး ကြွားလုံးထုတ်ရမလား၊ ဒါမှမဟုတ် ရူးသွပ်မတတ် ကြွားလုံးထုတ်ရမလား...။ စဉ်းစားရုံမျှဖြင့်ပင် အလွန်ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ဒါရိုက်တာဝူသည် မိမိနောက်ကွယ်ရှိ ဝန်ထမ်းများကို လက်ဟန်ပြလိုက်ရာ ဝန်ထမ်းများက အနီရောင် လေးထောင့်သေတ္တာကြီးတစ်ခုကို သယ်ဆောင်လာခဲ့ကြသည်၊ ၎င်းမှာ မဲနှိုက်မည့် သေတ္တာ ဖြစ်သည်။

"ကျောင်းသားတို့... အခု အဓိကဘာသာရပ်တွေရဲ့ နာမည်အားလုံးကို စာရွက်ပေါ်မှာ ရေးပြီးတော့ ဒီသေတ္တာထဲကို ထည့်ထားပါတယ်။ အခု ကျွန်တော် ကံထူးတဲ့အတန်းကို စတင်ပြီး မဲနှိုက်ပေးတော့မယ်"

ဒါရိုက်တာဝူသည် သေတ္တာထဲသို့ လက်နှိုက်ကာ အချိန်အတော်ကြာအောင် မွှေနှောက်ပြနေခဲ့ပြီး တကယ့်ကို ပြဇာတ်ဆန်ဆန် သရုပ်ဆောင်ပြနေခဲ့သည်။

လူတိုင်း၏ နှလုံးသားများသည်လည်း သူနှင့်အတူ သေတ္တာထဲတွင် အထက်အောက် လူးလိမ့်နေသကဲ့သို့ ခံစားနေကြရသည်။

တည်ငြိမ်စွာ ရှိနေသည့် ကျိုးထျန်းမှလွဲ၍ မုယန်သည် ခေါင်းလေးစောင်းကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျိုးထျန်းကို လိုက်လံရှာဖွေတော့သည်။

မလှမ်းမကမ်းတွင် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ရှိနေသည့် ကျိုးထျန်းကို မြင်တွေ့လိုက်ရပြီးနောက် မုယန်သည် မျက်မှန်းစောင်းလိုက်မိပြီး ဤအရာအားလုံး၏ နောက်ကွယ်တွင် မိမိ၏အရည်အချင်းကို ခဏခဏ ထုတ်ပြတတ်သည့် ရည်းစားဖြစ်သူ ရှိနေကြောင်းကို အသေအချာ သိရှိသွားသည်။

'ဒါက ကျိုးထျန်း စီစဉ်ထားတာ သေချာတယ်။ သူ စစ်သင် တန်းကို ရှောင်လွှဲချင်ရုံတင်နဲ့ ဒီလို ပြကွက်ကြီးတစ်ခုကို ဖန်တီးလိုက်တာတော့ မဟုတ်ပါဘူးနော်'

‘အစ်မရှောင်ရှင်းလည်း ဒါကို သိနေမှာပဲ၊ ဘာလို့ ငါ့ကို ကြိုမပြောပြတာလဲ'

'ပြီးတော့ ဒါရိုက်တာက ကံထူးတဲ့အတန်း တစ်ခုတည်းကိုပဲ ရွေးချယ်မယ်လို့ ပြောသွားတယ်။ ငါတို့က အတန်းတူတာ မဟုတ်ဘူး၊ ဒါဆို သူက ငါတို့ထဲက တစ်ယောက်တည်းကိုပဲ ရိုက်ကူးရေးမှာ ပါဝင်ဖို့ စီစဉ်ထားတာလား'

မုယန်အနေဖြင့် ကျိုးထျန်းသည် မိမိကို စစ်သင်တန်းတွင် ပင်ပန်းစွာ ထားခဲ့ပြီး သူတစ်ယောက်တည်း ရှောင်ထွက်သွားမည့်သူမျိုး မဟုတ်ကြောင်း သိထားသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

စင်မြင့်ပေါ်ရှိ ဒါရိုက်တာဝူသည် သေတ္တာထဲတွင် တစ်မိနစ်တိတိ လက်နှိုက်မွှေနှောက်ပြနေခဲ့ပြီး လူတိုင်း၏ ရင်ခုန်သံကို အစွမ်းကုန် မြှင့်တင်ပေးခဲ့သည်။

မဲများ ရော‌နှောသွားပြီဖြစ်ကြောင်း မြင်ရသည့်အခါမှသာ သူသည် သေတ္တာ၏ အတွင်းဘက်တွင် ကြိုတင်ကပ်ထားခဲ့သည့် စာရွက်အပိုင်းအစလေးကို လှမ်း၍ ယူလိုက်တော့သည်။

သူသည် စာရွက်ကို သေတ္တာထဲမှနေ၍ အလေးအနက်ထားဟန်ဖြင့် ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

ဒါရိုက်တာဟူသည်မှာ ဒါရိုက်တာပီသပေသည်၊ သရုပ်ဆောင်ခြင်းကိုလည်း တကယ်ကို ကျွမ်းကျင်လှ၏။

"ကျောင်းအုပ်ကြီးခင်ဗျာ... ကံထူးတဲ့အတန်းကို ကျောင်းအုပ်ကြီးကိုယ်တိုင် ကြေညာပေးပါဦး"

ကျောင်းအုပ်ကြီးသည် ပြုံးရွှင်သော မျက်နှာဖြင့် ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

'ဒီ ဒါရိုက်တာက တကယ်ကို အလိုက်သိတာပဲ၊ ဒီလိုအရေး ကြီးတဲ့ အခိုက်အတန့်ကို ငါ့ကို ပြန်လည် လွှဲပြောင်းပေးတယ်'

ကျောင်းအုပ်ကြီးသည် စိတ်ထဲကနေ ဒါရိုက်တာဝူကို ချီးကျူးလိုက်ပြီးနောက် မိုက်ခရိုဖုန်း၏ နောက်ကွယ်တွင် ရပ်လိုက်သည်။

"အခု... ဘယ်အတန်းက ကံအကောင်းဆုံး ဖြစ်မလဲဆိုတာကို ငါ ကြေညာပေးတော့မယ်"

သူသည် စာရွက်အပိုင်းအစကို ဖြန့်လိုက်ပြီး မိမိ၏ ရှေ့တွင် မြှောက်၍ ပြလိုက်သည်။

"ဒီကံထူးတဲ့အတန်းကတော့... လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဌာနရဲ့ တရုတ်ဘာသာစကားနှင့် စာပေအထူးပြုအတန်းပဲ ဖြစ်ပါတယ်"

"အားလုံးပဲ... လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြရအောင်"

ကျောင်းအုပ်ကြီးမှ ဦးဆောင်၍ လက်ခုပ်တီးလိုက်သော် လည်း စင်မြင့်အောက်ရှိ ကျောင်းသားများမှာမူ ကျိုးထျန်း၏ အတန်းမှလွဲ၍ အားနည်းစွာသာ လက်ခုပ်တီးကြတော့သည်။

"ဝိုး..."

"ငါတို့ တကယ်ကို ကံကောင်းတာပဲ"

"ငါတို့ ကင်မရာထဲ ပါတော့မယ်၊ ငါ ပြီးရင် မိဘတွေကို ဖုန်းဆက်ပြီး ကြွားရမယ်"

"မိုက်လိုက်တာ၊ ငါ တစ်ခါမှ ပရော်ဖက်ရှင်နယ်အဖွဲ့နဲ့ ရိုက်ကူးရေး မလုပ်ဖူးဘူး"

မိမိဘေးပတ်ဝန်းကျင်ရှိ မိန်းကလေးများသည် အဆက်မ ပြတ် အော်ဟစ်နေကြသဖြင့် ကျိုးထျန်းသည် နားအူမတတ် ခံစားလိုက်ရသည်။

သို့သော် သူ၏ အာရုံစိုက်မှုက ထိုအရာပေါ်တွင် မဟုတ်ပေ၊ သူသည် မိမိရှေ့မှောက်တွင် အလျင်အမြန် တိုးပွားလာနေသည့် စနစ်၏ 'အချဉ်ဓာတ်' သတင်းအချက်အလက်များကို ကြည့်ရှုနေခြင်း ဖြစ်သည်။

[ဒင်~]

ရာနှင့်ချီသော လူများသည် အဆက်မပြတ် 'အချဉ်ဓာတ်' များကို ပံ့ပိုးပေးနေကြပြီး ပမာဏက အလွန်အမင်း မများပြားသော်လည်း လူဦးရေက အလွန်များပြားလှသည်။

တစ်မိနစ်အတွင်းမှာတင် သောင်းနှင့်ချီသော 'အချဉ်ဓာတ်' ရမှတ်များ ထွက်ပေါ်လာခဲ့သည်။ မည်သူမဆို တရုတ်ဘာသာ စကားနှင့် စာပေအထူးပြုအတန်း၏ကံကောင်းမှုကို ကြည့်ပြီး မနာလိုဖြစ်ကြမည်မှာ သဘာဝပင်။

တစ်ချိန်တည်းမှာပင် ဂျာနယ်လစ်ဌာနမှ မုယန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

'သူ ဘာတွေ ကြံစည်နေတာလဲ'

မုယန်သည် ကျိုးထျန်းက မိမိကို ပစ်ပယ်ထားမည်မဟုတ်ကြောင်း အသေအချာ ယုံကြည်ထားပြီး ကျောင်းရှိ ဆယ်ဂဏန်းမကသော အတန်းများထဲတွင် သူ၏ အတန်းကိုသာ ကွက်တိ ရွေးချယ်သွားခြင်းက သူ ကွယ်ရာကနေ ကြိုးကိုင်ထားခြင်းဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

"တရုတ်ဘာသာစကားနှင့် စာပေအထူးပြုအတန်းက ကျောင်းသားတို့... စင်မြင့်ပေါ်ကို တက်လာခဲ့ကြပါဦး"

အတန်းထဲရှိ အမျိုးသား၊ အမျိုးသမီး ကျောင်းသား ၂၀ ကျော်လုံးသည် စင်မြင့်ပေါ်သို့ အပြေးတက်လာခဲ့ကြပြီး ဒါရိုက်တာဝူ၏ ရှေ့တွင် ရပ်လိုက်ကြသည်။

"ကျောင်းအုပ်ကြီးခင်ဗျာ... ခင်များရဲ့ ဖူတန့်ကျောင်းသားတွေက တကယ်ကို တက်ကြွပြီးတော့ အရှိန်အဝါ အပြည့် ရှိကြတာပဲ၊ ကျွန်တော်တို့ တကယ့်ကို ကောင်းမွန်တဲ့ ဗီဒီယိုတစ်ခုကို ရိုက်ကူးနိုင်မယ်လို့ ယုံကြည်ပါတယ်"

"ဒါရိုက်တာဝူက ချီးမွမ်းလွန်းနေပါပြီ"

ကျောင်းအုပ်ကြီးနှင့် ကျောင်းသားများသည် ဒါရိုက်တာ၏ ချီးမွမ်းမှုကြောင့် အလွန် ဝမ်းမြောက်သွားကြသည်။

ကျိုးထျန်းတစ်ဦးတည်းသာလျှင် ဤကောင်သည် လူတိုင်းကို ချီးမွမ်းနေခြင်း မဟုတ်ဘဲ မိမိကိုသာ တစ်ချိန်လုံး စူးစိုက်ကြည့်လျက် ဖားနေခြင်းဖြစ်ကြောင်း သိရှိထားသည်။

ဒါရိုက်တာတစ်ယောက်အတွက် အရေးကြီးဆုံးအရာမှာ ရင်းနှီးမြှုပ်နှံသူသာ။ ကျိုးထျန်းသည် သန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်သည်။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက သူသည် ကျိုးထျန်းက သူ့အပေါ် ရင်းနှီးမြှုပ်နှံလိုသရွေ့ ကျိုးထျန်း၏ခြေဖဝါးကိုပင် ဖက်ရန်အဆင်သင့် ရှိနေသည်။

ထို့အပြင် ဤဗီဒီယိုသည် ဘတ်ဂျက်နည်းပါးလှသော်လည်း သူကိုယ်တိုင် ယွမ် ၂ သိန်းခန့် ရရှိမည် ဖြစ်ရာ ဤအရာအား လုံးမှာ ကျိုးထျန်းကြောင့် ဖြစ်သည်။

ကျိုးထျန်းသည် သူ၏မြှောက်ပင့်မှုများကို အရေးမစိုက်ဘဲ မိမိတွင် လုပ်ဆောင်စရာများ ရှိနေသေးကြောင်း အချက်ပြသည့်အနေဖြင့် သူ့ကို သိမ်မွေ့စွာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ဒါရိုက်တာဝူသည် ချက်ချင်းသဘောပေါက်သွားပြီး ကျောင်းအုပ်ကြီးဘက်သို့ လှည့်လိုက်၏။

"ကျောင်းအုပ်ကြီးခင်ဗျာ... ဒီကျောင်းသားတွေက အားလုံး တော်ကြပေမဲ့ ပြဿနာတစ်ခု ရှိနေပါတယ်"

"ဒါရိုက်တာဝူ... ဘာပြဿနာလဲဗျာ"

"အမျိုးသားနဲ့ အမျိုးသမီး အချိုးအစားက မမျှတဘူး ဖြစ်နေတယ်၊ ဗီဒီယိုထဲမှာ ခင်ဗျားတ့်ုကျောင်းမှာ မိန်းကလေးတွေပဲ ရှိနေသလိုမျိုး ဖြစ်မသွားဘူးလား"

ကျောင်းအုပ်ကြီး ခေါင်းညိတ်လိုက်သည်။

ထိုအရာက အမှန်ပင် ဖြစ်သည်။ တရုတ်ဘာသာစကားနှင့် စာပေအထူးပြုအတန်းတွင် မိန်းကလေးများက အလွန်အ မင်း များပြားလှပေသည်။

"ကျွန်တော့်ရဲ့ ဆိုလိုရင်းကတော့... အချိုးအစား မျှတသွားအောင် တခြားအတန်းတွေထဲက အမျိုးသားကျောင်းသား တစ်ချို့ကို ရွေးချယ်ပြီး ထည့်သွင်းလိုက်ရင်ကော ဘယ်လိုလဲဗျာ"

"ရတာပေါ့... စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသားတွေက အားလုံး ထူးချွန်ကြပါတယ်"

ကျောင်းအုပ်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောကြားလိုက်သည်။

"သေချာတာပေါ့ဗျာ။ နောက်ပြီးတော့ ဒါက ပရိုမိုးရှင်းဗီဒီယိုတစ်ခု ဖြစ်တာကြောင့် ကျောင်းရဲ့ မျက်နှာစာအဖြစ် အရှေ့ဆုံးတန်းမှာ ရပ်ဖို့အတွက် ရုပ်ရည်ချောမောလှပတဲ့ ကျောင်း သားအချို့ကိုလည်း ရွေးချယ်ဖို့ လိုအပ်တယ် မဟုတ်ဘူးလား"

"ဒါရိုက်တာဝူပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ခင်များဘာသာ ခင်များ အဆင်ပြေအောင် စီစဉ်နိုင်ပါတယ်"

ကျောင်းအုပ်ကြီးသည် သူ၏ စကားကို သဘောတူလိုက်သည်။ သူသည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း ရုပ်ရည်သွင်ပြင်၏အရေးပါမှုကိုမူ နားလည်ထားသည်။

ရုပ်ရည်ချောမောသည့် ကျောင်းသားအချို့ကို ကျောင်း၏ မျက်နှာစာအဖြစ် ထားရှိခြင်းက ကျောင်းအတွက်လည်း အကျိုးရှိစေနိုင်သည်။

"ဒါဆိုရင် ကျွန်တော် သွားပြီး ရွေးချယ်လိုက်ပါဦးမယ်"

ဒါရိုက်တာဝူသည် စင်မြင့်ပေါ်မှ ဆင်းသက်လာခဲ့ပြီး လူအုပ်ကြီးထဲသို့ တိုးဝင်ကာ ရှာဖွေတော့သည်။

ကျောင်းသားများသည် ရွေးချယ်ခံရရန် မျှော်လင့်ချက်ဖြင့် မိမိတို့၏ကျောပြင်များကို မတ်မတ်ဆန့်လိုက်ကြသည်။

မုယန်ကမူ အရာအားလုံးကို ရိပ်မိသည့် မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့သည်။

'သူ ဒီလို စီစဉ်ထားတာကိုး'

ဒါရိုက်တာဝူသည် ကျောင်းသားများကြားထဲတွင် လှည့်လည်ကြည့်ရှုရင်း ရုပ်ရည်သွင်ပြင် သင့်တော်သည့် အမျိုးသားကျောင်းသား ၁၀ ဦးခန့်ကို ရွေးချယ်လိုက်သည်။

ဤကျောင်းသားများသည် အားလုံး ခန့်ညားကြသော်လည်း အလွန်အမင်း ချောမောလှပသည့် လူများကိုမူ ရွေးချယ်ခြင်း မပြုခဲ့ချေ။

၎င်းမှာ ကျိုးထျန်း၏အထူးတလည် စီစဉ်ထားမှု ဖြစ်သည်။ မိမိနှင့် ရုပ်ရည်ချင်းပြိုင်ဆိုင်နိုင်မည့် မည်သူ့ကိုမဆို ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဒါရိုက်တာဝူသည် လူအုပ်ကြီးထဲ၌ အကြိမ် ကြိမ် ရှာဖွေနေဟန်ဆောင်လျက် မုယန်၏ ဘေးနားမှနေ၍ မရပ်မနားဘဲ အကြိမ်အနည်းငယ် ဖြတ်သန်းသွားခဲ့ပြီး မိမိကိုယ်ကိုယ် အလေးအနက်ထား၍ ရွေးချယ်နေဟန် ပြုလုပ်ခဲ့သည်။

မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက်မှသာ သူသည် မုယန်၏ အရှေ့တွင် ရပ်တန့်လိုက်တော့သည်။

"ခွင့်ပြုပါဦး ညီမလေး... ညီမလေးရဲ့ အရှိန်အဝါက အတော်လေးကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်နဲ့အတူ စင်မြင့်ပေါ်ကို လိုက်ခဲ့ပေးပါဦး"

မုယန်သည် ပြုံးလျက် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် စင်မြင့်ပေါ်သို့ လျှောက်လှမ်းတက်လာခဲ့သည်။

သူမ ဘေးပတ်ဝန်းကျင်ရှိ မိန်းကလေးများသည် သက်ပြင်း ချလိုက်ကြတော့သည်။

"ဟူး... ရုပ်ရည်ချောမောတာက တကယ့်ကို ကံကောင်းတာပဲ၊ ငါတို့လည်း ရွေးချယ်ခံရရင် ကောင်းမှာပဲ"

"လျှောက်ပြီး စိတ်ကူးမယဉ်စမ်းပါနဲ့ သူတို့ရဲ့ ရုပ်ရည်က ဘယ်လို၊ ငါတို့ရဲ့ ရုပ်ရည်က ဘယ်လိုဆိုတာ မင်း မသိဘူးလား"

"ဟူး..."

မုယန်သည် စင်မြင့်ပေါ်သို့ လျှောက်လှမ်းလာပြီးနောက် ကျိုးထျန်းကို လှမ်း၍ ကြည့်လိုက်ကာ သူမအနေဖြင့် သူ ဘာတွေ လုပ်ဆောင်ထားခဲ့သည်ကို သိရှိထားကြောင်း အချက်ပြသည့်အနေဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ကျိုးထျန်းသည်လည်း ကွယ်ရာကနေ မိမိ၏ နှာခေါင်းကို တို့ထိလိုက်ပြီး လက်ချောင်းများဖြင့် 'V' ပုံစံ အောင်ပွဲခံ အမှတ် အသားကို လုပ်ပြလိုက်သည်။

All Chapters