← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

🍋 Chapter 198

နှိုင်းယှဉ်ရန်အတွက် ခေါ်ဆောင်လာသည့် လူအားလုံးကို ရွေးချယ်ပြီးစီးသွားသောအခါ ဒါရိုက်တာဝူသည် ကျောင်း အုပ်ကြီးထံသို့ သွားရောက်ကာ မသင့်တော်သည့်သူများ ရှိပါက လဲလှယ်ပေးရန် ယဉ်ကျေးပျူငှာစွာ တောင်းဆိုလိုက်သည်။

ကျောင်းအုပ်ကြီးကမူ သေချာပေါက် ဂျီကျမနေဘဲ အားလုံး အဆင်ပြေကြောင်း ပြောကြားခဲ့သော်လည်း ဒါရိုက်တာဝူ၏ ပြုမူဆက်ဆံပုံကို စိတ်ထဲကနေ နောက်ထပ်တစ်ကြိမ်ချီး ကျူးမိသွားပြန်သည်။

'ဒီကောင်က လူအကဲခတ် တကယ်တော်တာပဲ၊ ငါ့ကို အမြဲတမ်း မျက်နှာသာပေးတယ်'

အားလုံး စိတ်ကျေနပ်မှု ရှိသွားကြပြီ ဖြစ်သဖြင့် ဒါရိုက်တာသည် ကျောင်းသားများကို ခေါ်ဆောင်ကာ စင်မြင့်ပေါ်မှ ဆင်းသက်လာခဲ့သည်။

ထို့နောက် ကျောင်းသားများကို လေ့ကျင့်ပေးရန်အတွက် ရုပ်ရည်အချောမောဆုံး စစ်သင်တန်းဆရာတစ်ဦးကို ရှာဖွေပေးခဲ့၏။

စုစုပေါင်း လူဦးရေ ၄၂ ဦး ရှိပြီး တစ်တန်းလျှင် ၁၀ ဦးစီဖြင့် အတန်းလိုက် နေရာယူထားကြကာ အရှေ့ဆုံးတွင် ကျောင်း သားကိုယ်စားလှယ်အဖြစ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မတ်မတ်ရပ်နေကြသည်။

ထိုရွေးချယ်မှုက အထူးတလည် ပြောနေစရာပင် မလိုတော့ချေ။ ၎င်းတို့မှာ ကျိုးထျန်းနှင့် မုယန်တို့ ဖြစ်ကြသည်။

၎င်းမှာ အများပြည်သူသုံး ဘတ်ဂျက်ကို အသုံးပြုပြီး တရားဝင် တွဲခုတ်နေခြင်းမျှသာ ဖြစ်တော့သည်။

အရာအားလုံးကို သူကိုယ်တိုင် စီစဉ်ထားခဲ့ခြင်းဖြစ်ရာ သူ ဘာပဲလုပ်လုပ် ရပေသည်။

ဒါရိုက်တာဝူသည် အရှေ့ဆုံးက လူနှစ်ယောက် နေလောင်ဒဏ် ခံရမည်ကို စိုးရိမ်သဖြင့် တမင်တကာပင် အရိပ်ရသည့်နေရာကို ရွေးချယ်ပေးခဲ့သည့်အပြင် ထီးများကိုပါ ဆောင်းပေးထားခဲ့သည်။

ရိုက်ကူးရေးအဖွဲ့သားများအတွက်မူ အရှေ့ကတစ်ယောက်က ငွေကြေးပံ့ပိုးပေးထားသည့် သူဌေးဖြစ်ပြီး အထူးဂရုစိုက်ခြင်း ခံနေရသည့် အခြားတစ်ယောက်ကမူ သေချာပေါက် သူဌေး၏ရည်းစားဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူသည် ဝန်ထမ်းများကို စက်မှုသုံး ရေခဲသေတ္တာ နှစ်လုံး ယူဆောင်လာစေခဲ့ရာ တစ်လုံးမှာ အအေးခံရန်ဖြစ်ပြီး အခြားတစ်လုံးမှာ အေးခဲရန်ဖြစ်သည်။

အအေးခံသည့် ရေခဲသေတ္တာထဲတွင်ရေသန့်ဘူးများ၊ အအေး ခံလက်ဖက်ရည်များနှင့် ဖျော်ရည်မျိုးစုံကို ထည့်သွင်းထားပြီး အေးခဲသည့် ရေခဲသေတ္တာထဲတွင်မူ ရေခဲချောင်းနှင့် ရေခဲမုန့်များကို အပုံလိုက် ထည့်ထားခဲ့သည်။

ဤအရာအားလုံးမှာ ရိုက်ကူးရေးတွင် ပါဝင်နေသည့် ကျောင်းသားများအတွက် ဖြစ်သည်။

ထို့အပြင် ကျောင်းသားများကို ထောင့်ပေါင်းစုံကနေ အအေးပေးနိုင်ရန်အတွက် စက်မှုသုံး ပန်ကာကြီး လေးလုံးကိုပါ ယူဆောင်လာခဲ့သေးသည်။

ဤကဲ့သို့သော အရာမျိုးသည် သာမန်သရုပ်ဆောင်များ ရိုက်ကူးရေးလုပ်စဉ် ရရှိသည့် အခွင့်အရေးထက်ပင် အဆပေါင်းများစွာ သာလွန်လှပေသည်။

ကျိုးထျန်းနှင့် မုယန်တို့တွင်မူ ကိုယ်ပိုင် မိတ်ကပ်ပညာရှင်များရှိကြပြီး ကျန်ရှိသည့် ကျောင်းသား ၄၀ ဦးအတွက်မူ အလုပ်သင်မိတ်ကပ်ပညာရှင် သုံးဦးကသာ အမြန်ပြင်ဆင်ပေးခဲ့ကြသည်။

"ကျိုးထျန်း... နင် တကယ်ကို လွန်လွန်းတယ်၊ စစ်သင်တန်းကို ရှောင်ဖို့အတွက်နဲ့ ဒီလောက်အထိ အားစိုက်ထုတ်စရာ လိုလို့လား"

မုယန် မိတ်ကပ်ပြင်ဆင်နေစဉ်အတွင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ငါ ဒါကို စစ်သင်တန်း ရှောင်ဖို့သက်သက်တင် လုပ်တာ မဟုတ်ဘူး"

"စိတ်မပူပါနဲ့၊ ငါ အကုန်အကျခံထားတဲ့ ပိုက်ဆံတွေကို ပြန်ရှာနိုင်ပါတယ်၊ ဒါကို ငါတို့ရဲ့ အချစ်မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ လူငှားလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ၊ ဒါမှ နောင်တစ်ချိန်ကျရင် ငါတို့ရဲ့ လူငယ်ဘဝကို ပြန်လည်တမ်းတလို့ ရမှာပေါ့"

"နင်ကတော့ လျှောက်ပြောနေပြန်ပြီ"

သူမက ထိုသို့ ပြောဆိုလိုက်သော်လည်း နောင်တစ်ချိန်တွင် မိမိတို့၏ လူငယ်ဘဝကို ပြန်လည်တမ်းတခွင့် ရရှိမည့် အစီအစဉ်အပေါ် အမှန်တကယ်ပင် သဘောကျမိသွားသည်။

လူ့ဘဝ၏ အဆင့်တိုင်းကို တစ်ကြိမ်သာ ဖြတ်သန်းခွင့် ရရှိကြတာဖြစ်ပြီး အချိန်ဟူသည်မှာ လေးညှို့မှလွတ်ထွက်သွားသည့် မြားတစ်စင်းကဲ့သို့ ဘယ်တော့မှ ပြန်မလှည့်လာနိုင်ချေ။

ထိုကဲ့သို့သော အချိန်မျိုးတွင် အမှတ်တရ အချို့ကို ချန်လှပ်ထားခဲ့နိုင်ခြင်းက တကယ်ကို လှပသည့်အရာတစ်ခု ဖြစ်သည်။

ကင်မရာများကို ရိုက်ကူးရေး လိုအပ်ချက်များအတိုင်း နေရာချထားပြီး စစ်သင်တန်းဆရာများကိုပါ မိတ်ကပ်ပြင်ဆင်ပေးကာ လေ့ကျင့်ရေးပြကွက်များကို စတင်ရိုက်ကူးတော့သည်။

ဒါရိုက်တာဝူသည် ပြီးပြည့်စုံမှုကို အကြောင်းပြကာ ရိုက်ကူးရေးအရှိန်ကို တမင်တကာပင် နှောင့်နှေးအောင် ပြုလုပ်ထားခဲ့သည်။

လက်တွေ့တွင်မူ ဒါက ကျိုးထျန်းကို အနားယူချိန် ပိုမိုရရှိစေရန်အတွက် ဖြစ်သည်။

သူတို့သည် အခြေခံအားဖြင့် မိနစ် ၃၀ ခန့် ရိုက်ကူးပြီးတိုင်း မိနစ် ၂၀ ခန့် အနားယူကြသည်။

အနားယူချိန်အတွင်း အဖျော်ရည်များနှင့် ရေခဲမုန့်များကို စိတ်ကြိုက် အခမဲ့ သောက်သုံးနိုင်ကြသည်။

ထို့အပြင် ထီးရိပ်များအောက်တွင် အနားယူရန်အတွက် ခုံတန်းလျား ဆယ်ဂဏန်းမကကိုလည်း ပြင်ဆင်ပေးထားခဲ့သေးသည်။

ပူပြင်းလှသော နေရောင်ခြည်အောက်တွင် မတ်မတ်ရပ်နေကြရသည့် အခြားကျောင်းသားများ၏ အခြေအနေကမူ လုံးဝ ကွဲပြားလှပေသည်။

ပုံစံတစ်ခုတည်းဖြင့် မိနစ် ၃၀ ခန့် မတ်မတ်ရပ်နေရခြင်းက သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်ပြီး တကယ်လို့ တစ်စုံတစ်ဦးက သေချာမလုပ်ဆောင်နိုင်ပါက အပိုဆောင်း လေ့ကျင့်မှုများကိုပါ ပြုလုပ်ရသေးသည်။

မနက်ခင်းတစ်ခုလုံး မနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရေတစ်ငုံမျှ မသောက်ရသည့်အပြင် အနားယူချိန် တစ်ကြိမ်မျှပင် မရှိခဲ့ချေ။

နေ့လယ် ၁၂ နာရီ တိတိတွင် လူစုခွဲသည့် ဝစီသံထွက်ပေါ်လာခဲ့ရာ ရာနှင့်ချီသော ကျောင်းသားများသည် မိမိတို့၏ ဝိညာဉ်များ နုတ်ယူခြင်း ခံလိုက်ရသကဲ့သို့ အားကစားကွင်းထဲမှနေ၍ အနီးဆုံး ကန်တင်း ရှိရာဘက်သို့ အားအင်ချိနဲ့စွာဖြင့် လျှောက်လှမ်းလာကြတော့သည်။

ရိုက်ကူးရေးအဖွဲ့သည် အားကစားကွင်း၏ ထွက်ပေါက်အနီးတွင် တည်ရှိနေသဖြင့် ထွက်ခွာသွားကြသည့် ကျောင်းသားအားလုံးသည် ၎င်းတို့၏ ဘေးနားမှနေ၍ ဖြတ်သန်းသွားကြရသည်။

"ကဲ... အားလုံးပဲ တော်ကြပါတယ်ဗျာ၊ တကယ့်ကို ပြီးပြည့်စုံတယ်" ဒါရိုက်တာဝူမှ အသံချဲ့စက် ကို ကိုင်ပြီး အော်ဟစ်လိုက်သည်။

"နေ့လယ်စာ အချိန်ရောက်ပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ အဖွဲ့သားတွေက ထမင်းဘူးတွေကို ပြင်ဆင်ပေးထားပါတယ်။ တကယ်လို့ ဒါကို သဘောမကျဘူးဆိုရင်လည်း ကန်တင်းမှာ သွားရောက်စားသုံးနိုင်ပါတယ်၊ လူတိုင်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"

"ပြီးတော့ လူတိုင်းအတွက် ဖရဲသီးတစ်ခြမ်းနဲ့ ဒိန်ချဉ်တစ်ဘူးစီလည်း ရှိပါတယ်"

"အားလုံးရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့်... ကျွန်တော်တို့ လူတိုင်းအတွက် ကြက်ကြော်တစ်ချောင်းနဲ့ ဟေဂန်ဒက်စ် ရေခဲမုန့် တစ်လုံးစီ အပိုဆောင်း ထည့်ပေးပါဦးမယ်"

ဒါရိုက်တာဝူသည် ကျိုးထျန်း ညွှန်ကြားထားခဲ့သည့်အတိုင်း ကျောင်းဝင်းတစ်ခုလုံး ကြားနိုင်လောက်သည့် အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

ရိုက်ကူးရေးကွင်းထဲတွင် အကျိုးခံစားခွင့်များကို ခွဲဝေပေးသည့်အခါ လူတိုင်း သိရှိသွားအောင် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြရန် လိုအပ်ပေသည်။

ဖြတ်သန်းသွားကြသည့် ကျောင်းသားအားလုံး ဆွံ့အသွားခဲ့ကြရသည်။

လူတွေကြားထဲမှာ ဘာလို့ ဒီလောက်တောင် ကွဲပြားခြားနားမှုတွေ ရှိနေရတာလဲ။

‘ငါတို့တွေက ပူပြင်းလှတဲ့ နေရောင်အောက်မှာ ခြောက်သွေ့ပြီး ကဏန်းလို အရေပြားတစ်ခုလုံး နီမြန်းနေခဲ့ရတာ’

မူလက အသားအရေ ဖြူစင်ဝင်းပကြသည့် မိန်းကလေးအများစုမှာ နှစ်နာရီမျှ လေ့ကျင့်ပြီးနောက် သိသိသာသာပင် အသားညိုသွားခဲ့ကြရသည်။

၎င်းတို့၏ အတွင်းခံများမှာ ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး အင်္ကျီများကို ညှစ်ထုတ်လျှင်ပင် ချွေးများ ထွက်လာနိုင်လောက်သည်။ ထို့အပြင် ဤအခြေအနေမှာ နှစ်ပတ်တိတိ ကြာမြင့်ဦးမည် ဖြစ်သည်။

တစ်ဖက်တွင်မူ ထိုလူများသည် လျှပ်စစ်ပန်ကာများ၊ ထီးရိပ်များအောက်တွင် အနားယူရင်း ရေခဲမုန့်များနှင့် အဖျော်ရည်များကို သောက်သုံးနေကြသည်။

၎င်းတို့တွင် နေလောင်ကာခရင်မ် များ လိမ်းပေးမည့် မိတ်ကပ်ပညာရှင်များပင် ရှိကြသေးသည်။

‘ ဒါက တကယ်ကို ဒေါသထွက်စရာ မကောင်းဘူးလား’

ထို့အပြင် ကန်တင်းမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စားသောက်နေရချိန်မှာ သူတို့က ထမင်းဘူးများကို အခမဲ့ ပေးဝေနေကြပြီး ထိုထမင်းဘူးများ၏ ထုပ်ပိုးမှုပုံစံကတင် အတော်လေး တန်ဖိုးကြီးပုံရသည်။

၎င်းတို့တွင် ကြက်တုတ်များ၊ ဒိန်ချဉ်များ ပါဝင်သည့်အပြင် အားလုံးက ဟေဂန်ဒက်စ် ရေခဲမုန့်ကိုပါ ရရှိကြသေးသည်။

ဤနေ့လယ်စာတစ်နပ်စာ၏ တန်ဖိုးတင် ယွမ် ၁၀၀ ကျော် ကျသင့်ပေလိမ့်မည်။

ကျောင်းမှ စားသောက်ဖွယ်ရာများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က တကယ့်ကို အရသာမရှိသလို ဖြစ်သွားခဲ့ရသည်။

‘မခံစားနိုင်တော့ဘူး’

‘တကယ်ကို မနာလိုစရာပဲ’

ကျိုးထျန်းသည် ဖြတ်သန်းသွားကြသည့် ကျောင်းသားတိုင်း မိမိတို့၏ အစားအစာများကို အထူးသဖြင့် လက်ထဲတွင် ကိုင်ဆောင်ထားကြသည့် ဟေဂန်ဒက်စ် ရေခဲမုန့်ဘူးများကို လည်ပင်းရှည်ကြီးဖြင့် ငေးမောကြည့်ရှုသွားကြသည်ကို စောင့်ကြည့်နေခဲ့သည်။

ဖြတ်သန်းသွားကြသည့် မိန်းကလေးအများစုမှာ သွားရည် ကျမတတ် ဖြစ်နေကြရသည်။

'တောက်... လူအချင်းချင်းကြားမှာ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ၊ ငါတို့တွေက စစ်သင်တန်း တက်ဖို့ လာကြတာ တကယ်ပဲ ဟုတ်ရဲ့လား'

'သူတို့က ဘာလို့ ဒီလောက်တောင် သက်တောင့်သက်သာနဲ့ အပန်းဖြေခရီး ထွက်နေသလိုမျိုး ဖြစ်နေရတာလဲ'

မုယန်သည် မိမိဘေးတွင် ထိုင်ကာ အရူးတစ်ယောက်လို ပြုံးနေသည့် ကျိုးထျန်းကို မြင်တွေ့ရသဖြင့် သူ့ကို အမြန်ပင် တွတ်လိုက်သည်။

"နင် ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"

သူသည် စနစ်၏ 'အချဉ်ဓာတ်' ရမှတ်များ အဆက်မပြတ် တိုးပွားလာနေခြင်းကြောင့် သဘာဝအတိုင်း ပျော်ရွှင်နေခြင်း ဖြစ်သည်။

နှစ်နာရီကျော်အတွင်းမှာတင် သူသည် စုစုပေါင်း 'အချဉ်ဓာတ်' ရမှတ် ၁ ဒသမ ၈ သန်းကျော်အထိ ရရှိထားပြီးဖြစ်ရာ အလွန်ပင် ကျေနပ်နေခဲ့သည်။

သေချာပေါက် ဤအကြောင်းကို မုယန်အား ပြောပြ၍ မရချေ။

"လူတိုင်း ပျော်ရွှင်နေကြတာကို မြင်ရတော့ ငါ တကယ်ကို ဝမ်းသာလို့ပါ"

မုယန် ခေါင်းညိတ်လိုက်သည်။ မိမိရှေ့မှောက်ရှိ လူ ၄၀ ဦးမှာ အမှန်တကယ်ပင် အလွန်အမင်း ဝမ်းမြောက်နေကြပြီး ၎င်းတို့၏ ဘဝတွင် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးကြမည် မဟုတ်ပေ။

ကျိုးထျန်း၏ ထူးဆန်းသော တောင်းဆိုမှုများသည် သူမကို အမြဲတမ်း ဇဝေဇဝါ ဖြစ်စေပြီး စိတ်မသက်မသာ ဖြစ်စေခဲ့သော်လည်း ယနေ့တွင်မူ လူများစွာနှင့်အတူ ပျော်ရွှင်မှုကို မျှဝေခံစားနိုင်ခြင်းက သူ၏ ရင့်ကျက်လာမှု အရိပ်အယောင်တစ်ခု ဖြစ်နိုင်ပေသည်။

ဤသို့ တွေးတောမိပြီးနောက် မုယန်လည်း ပြုံးလိုက်မိတော့သည်။

မွန်းလွဲ ၁ နာရီ တိတိတွင် စစ်သင်တန်း ပြန်လည်စတင်ခဲ့ပြီး ညနေ ၅ နာရီအထိ ပြီးဆုံးမည် မဟုတ်ပေ။

မွန်းလွဲ ၁ နာရီ၏ နေရောင်ခြည်သည် မိုက်ခရိုဝေ့ဖ် မီးဖို ထဲတွင် နေထိုင်နေရသကဲ့သို့ အတွင်းရော အပြင်ပါ ပူပြင်းလှပေသည်။

ရာနှင့်ချီသော ကျောင်းသားများသည် ပူပြင်းလှသော နေရောင်အောက်တွင် လေ့ကျင့်နေကြရပြီး တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကိုပါ ရင်ဆိုင်နေကြရသည်။

ကျိုးထျန်းနှင့် အခြားလူများကမူ ရေခဲမုန့်များကို လျက်ရင်း ဖုန်းများကို အပန်းဖြေ ကစားနေကြသည်။

ဒါရိုက်တာဝူက အပူချိန်က အလွန်အမင်း မြင့်မားနေသဖြင့် ကျောင်းသားများ အပူလျှပ်မည်ကို စိုးရိမ်ရသောကြောင့် နှစ်နာရီခန့် အနားယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိုက်ကူးရေးအဖွဲ့သည် အအေးပေး ဖျာများကိုပါ ယူဆောင်လာခဲ့သဖြင့် လုပ်စရာမရှိသည့် ကျောင်းသားများသည် လှဲလျောင်းလျက် အပန်းဖြေနေကြသည်။

ဤအခြေအနေက စစ်ရေးပြ လေ့ကျင့်နေကြရသည့် အခြားကျောင်းသားများကို အလွန်အမင်း ဒေါသထွက်စေခဲ့ပြီး ၎င်းတို့သည် သွားကြိတ်ရမတတ် ဖြစ်နေကြရသည်။

သူတို့သည် နှစ်နာရီကျော်မျှ လေ့ကျင့်ပြီးမှသာ ၁၅ မိနစ်ခန့် အနားယူခွင့် ရရှိကြခြင်းဖြစ်သည်။

ဒေါသထွက်ခြင်းကြောင့် ဖြစ်စေ၊ အပူရှိန်ကြောင့် ဖြစ်စေ ကျောင်းသားအချို့ သတိလစ် မူးလဲသွားခဲ့ကြသဖြင့် ဆေးပေးခန်းသို့ ထမ်းစင်ဖြင့် သယ်ဆောင်သွားခဲ့ကြရသည်။

အချို့သော စစ်သင်တန်းဆရာများပင်လျှင် ကျိုးထျန်း၏ စစ်သင်တန်းဆရာထံသို့ ချဉ်းကပ်လာကြပြီး အအေးဘူးများကို ခိုးယူသောက်သုံးကြတော့သည်။

တစ်နေ့တာ၏စစ်သင်တန်းသည် ညနေ ၅ နာရီတွင် ပြီးဆုံးသွားခဲ့သည်။

ကျောင်းသားများ ရိုက်ကူးရေးအဖွဲ့၏ ဘေးနားမှနေ၍ ပြန်လည် ဖြတ်သန်းသွားကြသည့်အချိန်တွင် ဒါရိုက်တာဝူသည် အသံချဲ့စက်ကို နောက်ထပ်တစ်ကြိမ် ကောက်ကိုင်လိုက်ပြန်သည်။

"အားလုံးပဲ... တော်ကြပါတယ်ဗျာ။ လူတိုင်း လာပြီးတော့ Milk tea တစ်ခွက်စီ လာယူကြပါဦး"

"တောက်... ကွာ"

"ဖာခေါင်းပဲ... ဟက်"

ကျိန်ဆဲသံများက ကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားခဲ့တော့သည်။

ပင်ပန်းနွမ်းနယ်လွန်းသဖြင့် အသေကောင်ကဲ့သို့ ဖြစ်နေကြရသည့် ကျောင်းသားများသည် အဆောင်သို့ပြန်ကာ လှဲလျောင်းချင်နေကြပြီ ဖြစ်သော်လည်း အအေးခံထားသည့် Milk Tea ရမည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ အနားယူချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။

၎င်းတို့၏ နှလုံးသားများသည် လီမွန်သီးများကဲ့သို့ ချဉ်စုတ်သွားခဲ့ကြရပြီး ကျိုးထျန်းထံသို့ 'အချဉ်ဓာတ်' ရမှတ်များကို အစွမ်းကုန် ပံ့ပိုးပေးနေကြတော့သည်။

[ဒင်~]

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပေ။ အဆိုးဆုံးအချက်မှာ အတန်းထဲက မိန်းကလေးတစ်ဦးက ရုတ်တရက် ညည်းပြလိုက်ခြင်း ဖြစ်သည်။

"ဟူး... အဖျော်ရည်တွေ ထပ်ရပြန်ပြီ၊ ငါက စစ်သင်တန်း တက်ရင်း ဝိတ်ချဖို့ စဉ်းစားထားတာ၊ အခုပုံစံအတိုင်းဆိုရင် ဝိတ်ကျဖို့နေနေသာသာ ပေါင်အများကြီး ပိုတက်လာတော့မှာပဲ"

၎င်းသည် မီလီယံတန်သည့် စောင်းမြောင်းပြောဆိုမှု တစ်ခု ဖြစ်ပြီး အလွန်တရာပြင်းထန်လှသည့်တိုက်ခိုက်မှု ဖြစ်သည်။

ဖြတ်သန်းသွားကြသည့် မိန်းကလေးအချို့မှာ ဤစကားကို ကြားပြီးနောက် မျက်လုံးများပြူးထွက်မတတ် ဖြစ်သွားခဲ့ကြရပြီး ထိုမိန်းကလေးကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်စိတ်များ ပေါ်ပေါက်သွားခဲ့ကြရသည်။

'နင်က Milk Tea သောက်ရတာကိုတောင် မကျေမနပ် ဖြစ်နေသေးတယ် ဟုတ်လား'

'နင်က ဘာလဲ... တမင်သက်သက် ငါတို့ကို လာပြီး ကြွားလုံးထုတ်နေတာလား'

ကျိုးထျန်းသည် 'အချဉ်ဓာတ်' ရမှတ်များ ရုတ်တရက် မြင့်တက်လာသည်ကို မြင်တွေ့ရသောအခါ ထွက်ခွာသွားသည့် မိန်းကလေးကို စိတ်ထဲကနေ လက်မထောင်ပြလိုက်မိသည်။

'ဒီကောင်မလေးက တကယ့်ကို ပါရမီရှင်ပဲ၊ သူမ ကူညီတာကြောင့် ကျောင်းတစ်ခုလုံးက လူတွေ 'အချဉ်ဓာတ်' တွေ တက်ပြီး သေသွားကြတော့မှာပဲ'

All Chapters