← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

Chapter 119

ဓားတစ်လက်

“ချန်ရှင်းက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ… ကျွန်တော်တို့ ဂိုဏ်းထဲကို အတူတူဝင်ခဲ့ကြတယ်၊၊ ဒါပေမဲ့ သူက အရင်ဆုံးတပည့်ဖြစ်သွားခဲ့တယ်၊၊ ကျွန်တော် အကြီးအကဲအတွက် အလုပ်အကျွေးပြုနေရတုန်းက ချန်ရှင်းက ကျွန်တော့်ကို အကုန်လုံးစောင့်ရှောက်ပေးခဲ့တယ်၊၊ တစ်ခါကဆို သူ ကျွန်တော့်အပေါ် စိတ်ကူးရှိနေတာလားလို့တောင် သံသယဝင်မိတယ်၊၊ ကျွန်တော် ညအိပ်ရင် သူ့ဘက်ကို ကျောပေးပြီး မအိပ်ရဲဘူး”

မုရွှယ်က သူမ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။

“ကျွန်တော် တရားဝင်တပည့်ဖြစ်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ တောင်ပေါ်ကနေ ခိုးထွက်ပြီး အင်တာနက်သုံးကြတယ်… ဂိမ်းတူတူဆော့ကြတယ်… ရေချိုးခန်းတွေကို ပိုက်ဆံမပေးဘဲ ခိုးဝင်ကြတယ်… ပြီးတော့ စီနီယာအစ်မတွေ… ဂျုနီယာညီမလေးတွေကို လိုက်နောက်ပြောင်ကြတယ်… ကျွန်တော်တို့တွေက လုံဟူရှန်းတောင်ကို ပျော်ရွှင်မှုတွေ အများကြီးပေးခဲ့တယ်”

ဘူလ်ဒိုဇာလည်း ရယ်ရမလို၊ ငိုရမလိုဖြစ်နေသည်။

ရှီချန်ကျန်းက ထပ်မံ သက်ပြင်းချကာ “သူ ဘာကြောင့် ပြောင်းလဲသွားလဲဆိုတာ ကျွန်တော်သိသလိုပဲ၊၊ ကမ္ဘာကြီးက ချက်ချင်းကို ကျင့်ကြံခြင်းလောကအသွင်ပြောင်းလဲသွားတဲ့အချိန်မှာ ကျွန်တော်က အဓိကတပည့်အဖြစ် ရွေးချယ်ခံရပြီး သူကတော့ အပြင်စည်းတပည့်အဖြစ်ပဲ ကျန်ခဲ့တယ်… အဲဒါက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာနေမှာပါ”

“ကျွန်တော်က ကျွန်တော့်ရဲ့ အချစ်ဆုံးညီအစ်ကိုကို မဆုံးရှုံးချင်တဲ့အတွက် သူ့ဘေးမှာရှိနေဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်၊၊ အဓိကတပည့်တွေပဲ သင်ယူခွင့်ရှိတဲ့ လျှို့ဝှက်ပညာရပ်အချို့ကိုလည်း သူ့ကို ခိုးသင်ပေးခဲ့သေးတယ်… ဒါပေမဲ့ မထင်မှတ်ဘဲ သူက ကျွန်တော်နဲ့ပိုပြီး ဝေးကွာသွားခဲ့တယ်၊၊ တစ်ခါက သူ တောင်ပေါ်ကနေ ရက်အနည်းငယ်လောက် ပျောက်သွားခဲ့တယ်… ပြန်ရောက်လာတော့ သူ့အခန်းထဲမှာ သူ တစ်လခွဲလောက် အောင်းနေခဲ့တယ်၊၊ ကျွန်တော်က ဘာဖြစ်တာလဲလို့ သွားမေးတော့ သူက…”

ရှီချန်ကျန်းက ရုတ်တရက် အော်ငိုလိုက်သည်။

“သူ ကျွန်တော့်ကို အလစ်တိုက်ခိုက်ပြီး သတိလစ်သွားအောင်လုပ်ခဲ့တယ် သူ… အစ်ကိုရှန်း”

ဝမ်ရှန်း၏ ရင်ဘတ်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ၏ အကြည့်ကအလိုလျောက်ပင် ရှီချန်ကျန်း၏ အောက်ပိုင်းရှိ အရေးကြီးသောနေရာတစ်ခုဆီသို့ ရောက်ရှိသွားသည်။

မုရွှယ်က သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး တစ်ချိန်ကဂုဏ်ယူဝင့်ကြွားခဲ့သော လုံဟူရှန်းတောင်တပည့်ကို သနားမိသွားသည်။

သူမနှင့်မတူဘဲ ဘူလ်ဒိုဇာမှာမူ ပို၍စိတ်ဝင်စားနေပုံရသည်။ သူ၏ မျက်ဝန်းများတောက်ပလာပြီး အသေးစိတ်အချက်အလက်များကို သိလိုဇောဖြင့် မေးမြန်းလိုက်သည်။

“ပြီးတော့ကော အသေးစိတ်အချက်အလက် အကုန်ပြောပြစမ်းပါ သူ မင်းကိုဘာလုပ်လိုက်လဲ”

ဘူလ်ဒိုဇာကို သတိမပြုမိဘဲ ရှီချန်ကျန်းက ဝမ်းနည်းပက်လက်ဖြင့် ဆက်ပြောပြသည်။

“သူ ကျွန်တော့်ကို တောင်အနောက်ဘက်ကို ခေါ်သွားပြီး ဂူတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့တယ်၊၊ သူက ကျွန်တော့်ကို အရိုးထုတ်မန္တန်နဲ့ အကြောဆန့်မန္တန်တွေ သုံးပြီး ငါးရက်ငါးညလုံး နှိပ်စက်ခဲ့တယ်၊၊ သူက ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ တတိယတွဲကို ရွတ်ပြဖို့ တောင်းဆိုခဲ့တယ်”

“ကျွန်တော်က တစ်ခါတလေ ပါးစပ်စည်းမရှိပေမယ့် ကျောရိုးမရှိတဲ့ကောင်တော့ မဟုတ်ပါဘူး၊၊ ကျွန်တော့်ဆရာက ကျွန်တော့်ကို တာအိုပညာရပ်တွေ သင်ပေးခဲ့တယ်၊၊ ကျွန်တော့်ဂိုဏ်းက ကျွန်တော့်ကို ကျင့်ကြံဖို့ နေရာပေးခဲ့တယ်၊၊ အဲဒါကြောင့် ကျွန်တော့်အတွက်တော့ တာအိုအမွေအနှစ်ရဲ့ စည်းကမ်းချက်တွေက အကြွင်းမဲ့ပဲ… ချန်ရှင်းက ကျွန်တော့်ကို သေအောင်နှိပ်စက်ရင်တောင် ကျွန်တော် တစ်လုံးမှဖွင့်ပြောမှာ မဟုတ်ဘူး”

“နောက်ဆုံးတော့ သူလက်လျှော့သွားခဲ့တယ်၊၊ သူ ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး အကြိမ်အနည်းငယ်ဦးချပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ်… ကျွန်တော်က အဲဒီဂူထဲမှာ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်လေ၊၊ သူ ဘာဖြစ်လို့တတိယတွဲကို ဒီလောက်အထိစွဲလမ်းနေရလဲဆိုတာ ကျွန်တော်မသိဘူး.. သူ ကျွန်တော့်ကို မပြောခဲ့ဘူး… သူ့မှာ အကြောင်းပြချက်ရှိလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်၊၊ ဒါပေမဲ့ ဒီကိစ္စမှာတော့ ကျွန်တော်က လုံဟူရှန်းတောင်ရဲ့ တပည့်အဖြစ်ပဲ ပြတ်ပြတ်သားသားရပ်တည်မှာပါ”

“မင်း လုပ်တာ မှန်ပါတယ်… အပြစ်ရှိတယ်လို့ ခံစားနေစရာမလိုပါဘူး” ဝမ်ရှန်းက နှစ်သိမ့်လိုက်သည်။

ရှီချန်ကျန်းက သူ့ကိုယ်သူလှောင်ရယ်လိုက်ပြီး “ကျွန်တော် အဲဒီဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး”

“ဒါဆို မင်း ဘာကိုရှုပ်ထွေးနေတာလဲ” ဝမ်ရှန်းက လက်ကို ဖြန့်လိုက်သည်။

“မင်း ဘာမှမမှားဘူး မင်း ငါးရက်ငါးညလုံး နှိပ်စက်မှုကို ခံခဲ့ရပေမယ့် တာအိုအမွေအနှစ်ရဲ့ လျှို့ဝှက်ချက်ကို သစ္စာမဖောက်ခဲ့ဘူး… မင်းတို့ဂိုဏ်းက မင်းကို ဆုတောင်ပေးသင့်သေးတယ်”

ရှီချန်ကျန်းက မျက်နှာကိုသုတ်လိုက်ပြီး မျက်နှာကြက်ပေါ်ရှိ အလင်းရောင်ဟပ်နေသည်ကို စိုက်ကြည့်နေသည်။

“အစ်ကိုရှန်းပြောတာ မှန်ပါတယ်… အဲဒီကိစ္စပြီးကတည်းက ဂိုဏ်းထဲမှာ ကျွန်တော့်ရဲ့ အဆင့်အတန်းက မြင့်တက်လာခဲ့ပြီး ချန်ရှင်းကတော့ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရပြီး အရိပ်အယောင်တောင် မတွေ့ရတော့ဘူး၊၊ ဒါပေမဲ့ မော်ရှန်းတောင်နှီးနှောဖလှယ်ပွဲကနေ ပြန်လာပြီး မကြာခင်မှာပဲ ချန်ရှင်းဆီကနေ ကျွန်တော် ဖုန်းလက်ခံရရှိခဲ့တယ်… ကျွန်တော်လည်း တုန်လှုပ်သွားတာပေါ့”

“ကျွန်တော် သူ့ကိုပြန်လာပြီး အပြစ်ဝန်ခံဖို့ ဖျောင်းဖျခဲ့သေးတယ်၊၊ အကယ်၍ ဆရာက သူ့ကို အပြစ်ပေးရင် ကျွန်တော်လည်း အတူတူအပြစ်ခံမယ်လို့တောင် ပြောခဲ့တာကို ချန်ရှင်းက ငြင်းဆန်ခဲ့တုန်းပဲ… သူက သူ့မှာ အရေးကြီးလုပ်စရာကိစ္စတစ်ခုရှိတယ်လို့ ပြောတယ်၊၊ ပြီးတော့ သူ့မှာ အချိန်သိပ်မရှိတော့တဲ့အတွက် ကျွန်တော့်ကို ကူညီပေးဖို့တောင်းဆိုခဲ့တယ် သူလုပ်နေတဲ့အရာက မှန်လား၊ မှားလားဆိုတာ သူကိုယ်တိုင်လည်းမသိပေမယ့်… ဒါကို လုပ်ကိုလုပ်ရမယ်လို့ ခံစားနေရတယ်တဲ့”

“သူက ရှင့်ကို ဘယ်လိုကူညီပေးဖို့ တောင်းဆိုခဲ့တာလဲ” မုရွှယ်က မေးလိုက်သည်။

ရှီချန်ကျန်းက ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ပြန်ဖြေသည်၊၊

“အကယ်၍ ဂိုဏ်း ဒါမှမဟုတ် တာအိုအသိုင်းအဝိုင်းက သူ့နောက်ကို လိုက်လံစုံစမ်းရင် ကျွန်တော့်ကို ဒီကိစ္စထဲ ဝင်မပါဖို့ သူ တောင်းဆိုခဲ့တာ ကျွန်တော်က… အစ်ကိုရှန်းလည်း သိပါတယ်… ကျွန်တော်က သံယောဇဉ်ကြီးတဲ့သူဆိုတော့ သဘောတူလိုက်မိတယ်”

ဝမ်ရှန်းက ရှီချန်ကျန်းကို စိုက်ကြည့်ရင်း တည်ငြိမ်သွားသည်။

“မင်း ပြောချင်တာက… မင်းက မီးသူတော်စင်ကို ရှာတွေ့နိုင်တယ်ပေါ့… ဟုတ်လား”

“လွန်ခဲ့တဲ့နှစ်က ကျွန်တော် ရှာဖွေရေးအဆောင်တစ်ခုကို တီထွင်ခဲ့တယ်… အသုံးပြုသူအနေနဲ့ သူရှာချင်တဲ့လူရဲ့ အငွေ့အသက်ကို မှတ်မိနေသရွေ့ အဲဒီအဆောင်က သူတို့ရှိတဲ့နေရာကို ရှာဖွေပေးနိုင်တယ်… ချန်ရှင်းနဲ့ ကျွန်တော်က ခွဲလို့မရအောင် တွဲခဲ့ကြတာဆိုတော့ ကျွန်တော် သူ့ကို ချက်ချင်း ရှာတွေ့နိုင်တယ်၊၊ အခု အဲဒီအဆောင်က ကျွန်တော့်အိတ်ကပ်ထဲမှာ ရှိနေတယ်၊၊ ဒါကို သုံးရမလား… မသုံးရဘူးလားဆိုတာကို ကျွန်တော် ဝေခွဲမရဖြစ်နေတာ…”

ရှီချန်ကျန်း၏ မျက်နှာအမူအရာမှာ အလွန်ခါးသီးနေပုံရသည်။ သူ နောက်ပြောင်ရန်ပင် အင်အားမရှိတော့ပေ။

“ကျွန်တော် ဘာလုပ်ရမလဲ အစ်ကိုရှန်း… ကျွန်တော် အစ်ကိုရှန်းစကားကို နားထောင်ပါ့မယ်… အကယ်၍ ကျွန်တော် ဆရာနဲ့ ဂိုဏ်းကို ကူညီပြီး ချန်ရှင်းကို ဖမ်းခိုင်းရင် သူတို့က သူ့ကို သတ်ပစ်ကြလိမ့်မယ်၊၊ အကယ်၍ ကျွန်တော် ဘာမှမလုပ်ဘဲနေရင်လည်း သူက ဒီညမှာ လူပေါင်းများစွာကို သေစေနိုင်တဲ့ ကပ်ဘေးကြီးတစ်ခုကို ဖန်တီးလိမ့်မယ်၊၊ သူက ဒီလောက်အထိ ကြီးမားတဲ့ ပြဿနာကြီးကို ရှာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး… အစ်ကိုရှန်း ကျွန်တော့်ကို ဘာလုပ်ရမလဲဆိုတာပဲ ပြောပြပေးပါ… ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေးဇူးတင်နေမှာပါ”

ရှီချန်ကျန်းက ထရပ်လိုက်ပြီး ဝမ်ရှန်းကို တရားဝင် တာအိုဂါရဝပြုခြင်းခြင်း ပြုလုပ်လိုက်သည်။ သူ၏ ခေါင်းကို ငုံ့ထားပြီး မျက်နှာတွင်မူ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

ဝမ်ရှန်း နာရီကို ကြည့်လိုက်သည်။ ည ၁၁ နာရီ ၄၅ မိနစ် ရှိနေပြီ ဖြစ်သည်။

အတွေးထဲတွင် နစ်မျောနေသော မုရွှယ်သည် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူမ၏ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် အခန်းပြင်သို့ လေပြင်းမုန်တိုင်းကဲ့သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။

ရှီချန်ကျန်းက ဝမ်ရှန်းဘက်သို့ လှည့်ကာ “သူက ဘယ်သူလဲ ဘာလို့ပြေးသွားတာလဲ”

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကပဲ”

ဝမ်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ရှီချန်ကျန်း ခေတ္တမျှ မှင်တက်သွားပြီးမှ ကုတင်ပေါ်မှ လွှားခနဲ ခုန်ချကာ ပြတင်းပေါက်ဆီသို့ အမြန်ပြေးလိုက်သည်။ သို့သော်လည်း သူ မလွတ်မြောက်နိုင်ခင်မှာပင် ဝက်ဝံနက်ကြီးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်တစ်ခုက သူ့ထံသို့ တိုးဝင်လာပြီး နံရံတွင် ကပ်သွားအောင် အတင်းအကျပ်ဖိနှိပ်ထားလိုက်တော့သည်။

“အစ်ကိုရှန်း အစိုးရဘက်ကလူတွေက ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲ ဖာ့ခ်… ကျွန်တော် ထောင်ချောက်ထဲ တည့်တည့်တိုးမိတာပဲ”

ရှီချန်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။

သူ၏ အစစ်မှန်ချီများ ပေါက်ကွဲထွက်လာပြီး ဘူလ်ဒိုဇာ၏ ဖမ်းဆီးထားမှုကို ရုန်းထွက်လိုက်သည်။ ပြင်းထန်သော ကန်ချက်တစ်ခုဖြင့် ထိုသန်မာသောလူကြီးကို လွင့်ထွက်သွားစေခဲ့သည်။ သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ဝမ်ရှန်း၏ တည်ငြိမ်သော ခေါ်သံကို ကြားလိုက်ရသဖြင့် ခြေဖဝါးတွင် သံမှိုရိုက်ထားသကဲ့သို့ ချက်ချင်း ရပ်တန့်သွားတော့သည်။

“အချိန်မရှိတော့ဘူး… ထွက်ပြေးတာက ပြဿနာကို မဖြေရှင်းနိုင်ဘူး… မင်း ဂိုဏ်းနဲ့ မင်းရဲ့ စီနီယာအစ်ကိုကြားမှာ ဗျာများနေတာကို ငါသိပါတယ်၊၊ ဒါပေမဲ့ ယောက်ျားကောင်းတစ်ယောက်ဆိုတာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြတ်သားရတယ်၊၊ ကောင်းချန်ရှင်းက အောင်မြင်ရင် သူရဲကောင်းလို့ခေါ်ခံရပြီး သူ ရှုံးနိမ့်ရင်တော့ အရူးတစ်ယောက်ထက် မပိုပါဘူး၊၊ ဘာပဲဖြစ်ဖြစ် မင်းသာ ထပ်ပြီးဝေခွဲမရဖြစ်နေဦးမယ်ဆိုရင် အရာအားလုံးကို ပြုပြင်ဖို့ အချိန်နှောင်းသွားလိမ့်မယ်”

“အစ်ကိုရှန်း… ကျွန်တော်…”

ရှီချန်ကျန်းက သူ၏ တုန်ရီနေသော လက်များကို စိုက်ကြည့်နေမိသည်။ သူ၏ ထွေပြားနေသော စိတ်အာရုံမှာ တဖြည်းဖြည်းပြတ်သားလာတော့သည်။

သူက အိတ်ကပ်ထဲသို့ လက်နှိုက်ကာ တွန့်ကြေနေသော အဝါရောင်အဆောင်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ လက်ညှိုးကို ကိုက်ကာ သွေးသုံးစက်ကို ၎င်းပေါ်သို့ ချလိုက်သည်။ အဆောင်က လင်းထိန်သွားပြီး ဝိညာဉ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ရှီချန်ကျန်းက ၎င်းကို လက်ဖြင့် ဖမ်းဆီးလိုက်သည်။

“ကျွန်တော် အစ်ကိုရှန်းစကားကို နားထောင်မယ်… ကျွန်တော် ချန်ရှင်းကို ရှာပြီး သူ ပြဿနာအကြီးအကျယ်မရှာခင် တားဆီးလိုက်မယ်”

ဝမ်ရှန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အာရုံက တံခါးဝဆီသို့ သတိကြီးစွာဖြင့် ရောက်ရှိသွားသည်။

အပြင်ဘက်မှ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာသည်။ မုရွှယ်သည် ယိမ်းထိုးလျက် အခန်းထဲသို့ နောက်ပြန်ဆုတ်ဝင်လာခဲ့သည်။

သူမ၏ ပါးပြင်ပေါ်တွင်မူ နက်ရှိုင်းသော ဓားရာတစ်ခု ထင်ကျန်နေပြီး လက်ထဲရှိ ဖုန်းမှာလည်း ထက်ပိုင်းပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုဓားရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချောမွေ့နေပြီး သာမန်ဓားတစ်လက်၏ စွမ်းဆောင်ရည်ထက် များစွာကျော်လွန်နေသည်။

Chapter 120

သေမင်းနှင့် ရင်ဆိုင်ရသော ရှီချန်ကျန်း

အခြေအနေများက ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။ ဝမ်ရှန်းသည် သူ၏ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို အချိန်ပြည့်စောင့်ကြည့်နေခဲ့သော်လည်း မုရွှယ်တိုက်ခိုက်ခံရသည့် ထိုစက္ကန့်ပိုင်းကျမှသာ ကမ္ဘာဦးချီများ ရုတ်တရက်လှုပ်ရှားသွားသည်ကို ခံစားမိလိုက်သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ရန်သူသည် သာမန်ကျင့်ကြံသူတစ်ဦးမဟုတ်ကြောင်း သူအတပ်သိလိုက်ပြီဖြစ်သည်။

မုရွှယ်သည် အခန်းထဲသို့ ဆုတ်ခွာပြီး ရှောင်တိမ်းရန်ပြင်လိုက်စဉ် ဝမ်ရှန်း အနည်းငယ်ရင်းနှီးနေသော ထန်ဓားရှည်တစ်လက်က သူမ၏ လည်ပင်းဆီသို့ ထိုးစိုက်လာခဲ့သည်။ ဓားသွားသည် သူမ၏ ချောမွေ့သောအရေပြားကို ထိုးဖောက်ရန် စပါးလုံးတစ်ထောက်မျှသာလိုတော့သည့် အနေအထားတွင် ရပ်တန့်သွားခဲ့သည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမ ငြိမ်သက်စွာ ရပ်နေရုံသာ တတ်နိုင်တော့သည်။

ဓားသွားက ရှေ့သို့ တရွေ့ရွေ့တိုးလာသဖြင့် မုရွှယ်သည် နောက်သို့ ဆုတ်ပေးခဲ့ရသည်။ တိုက်ခိုက်သူသည်လည်း သူမနောက်သို့ လိုက်လျက် ဆေးရုံခန်းထဲသို့ ဝင်ရောက်လာခဲ့၏။

ထိုသူသည် တစ္ဆေမျက်နှာဖုံးကိုဝတ်ဆင်ထားသော်လည်း ဝမ်ရှန်းအနေဖြင့်မူ သူ၏လက်နက်၊ ဓားဆန္ဒနှင့် မျက်လုံးများကို မေ့ဖျောက်နိုင်ခြင်းမရှိပေ။ ရေထဲသို့ ခုန်ဆင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ထိုယင်ယန်ဂိုဏ်းမှဓားသမားသည် ယခုအခါသူ၏ရှေ့မှောက်တွင် တစ်ဖန်ပြန်၍ ရပ်နေပြန်ပြီဖြစ်သည်။

ရှီချန်ကျန်း၏အာရုံခံစားမှုက မှန်ကန်နေခဲ့သည်။ သူသည် ပစ်မှတ်ထားခံနေရပြီး သူ့နောက်သို့ လိုက်နေသူများမှာလည်း သာမန်အန္တရာယ်မျိုးမဟုတ်ပေ။

ဝမ်ရှန်း၏ သတိပေးချက်နှင့် ယခင်ကျောင်းတွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်နောက်ပိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်ယန်ဂိုဏ်းကို စောင့်ကြည့်ရှာဖွေနေခဲ့သည်။ သို့သော်လည်း သူတို့သည် ပုန်းကွယ်ရာတွင်အလွန်တော်ကြပြီး ခြေရာဖျောက်ရာတွင်လည်းလျင်မြန်လွန်းသဖြင့် ခိုင်လုံသောသဲလွန်စတစ်စုံတစ်ရာမကျန်ရှိခဲ့ပေ။ ထို့အပြင် မြို့တော်၏လုံခြုံရေးကို အမြင့်ဆုံးတိုးမြှင့်ထားသည့်ကြားမှ သူတို့သည် ဆေးရုံအတွင်းသို့ အောင်မြင်စွာခိုးဝင်လာနိုင်ခဲ့ကြသည်။

တစ္ဆေမျက်နှာဖုံးစွပ်ထားသူသည် အခန်းထဲသို့ ပို၍ တိုးဝင်လာခဲ့ပြီး သူ၏နောက်တွင် ကုတ်အင်္ကျီအဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် သူနာပြုဝတ်စုံဝတ်အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာခဲ့၏။ ကုတ်အင်္ကျီအဖြူဝတ်အမျိုးသားသည် အနည်းငယ်ပြုံးနေသော်လည်း လူသားအရေပြားမျက်နှာဖုံးကြောင့် သူ၏အမူအရာမှာသဘာဝမကျဘဲ တောင့်တင်းနေလေ၏၊၊ အမျိုးသမီးသည်လည်း ခန္ဓာကိုယ်အချိုးအစားက ဆွဲဆောင်မှုရှိသော်လည်း သူမ၏မျက်နှာမှာလည်း ထို့အတူပင်၊၊

ယင်ယန်ဂိုဏ်းသည် လူသားအရေပြားမျက်နှာဖုံးများကို လက်ကားဖြန့်ချိသည့်လုပ်ငန်းများ လုပ်ကိုင်နေသလားဟု တွေးမိစရာပင်။

“တာအိုဆရာရှီ… ဘယ်သွားမလို့လဲ”

ကုတ်အင်္ကျီအဖြူဝတ် အမျိုးသားက ခပ်ဖွဖွရယ်မောရင်း မေးလိုက်သည်။ သူသည် ထိုသုံးဦးထဲတွင် ခေါင်းဆောင်ဖြစ်ပုံရသည်။ မျက်နှာဖုံးကြောင့် သူ၏အမူအရာမှာ ထူးဆန်းစွာ တောင့်တင်းနေဆဲပင်။

“မင်း အဲဒီအဆောင်ကို ဒီနေ့မွန်းလွဲပိုင်းကတည်းက ကိုင်ထားပြီး အခုကျ မသုံးဘဲမနေနိုင်တော့ဘူးမဟုတ်လား”

အခန်းထောင့်တွင် ရှီချန်ကျန်း ကန်ထုတ်လိုက်သဖြင့် လွင့်စင်သွားသော ဘူဒိုဇာသည် ထရပ်ကာ သူ၏ခါးနောက်ဆီသို့ လက်လှမ်းလိုက်သည်။ သို့သော် သူ သေနတ်မထုတ်နိုင်မီမှာပင် ထိုအမျိုးသမီးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ဘူဒိုဇာ၏ သေနတ်မှာ လွင့်စင်သွားခဲ့ပြီး ဓားမြှောင်အနှောင့်ဖြင့် သူ၏ဂုတ်ဘေးကို အထုခံလိုက်ရသဖြင့် သွေးများအန်ကာ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။

သူမ၏ ခြေလှမ်းလှုပ်ရှားမှုက ထိတ်လန့်ဖွယ်ကောင်းလောက်အောင်မြန်ဆန်လှသဖြင့် ဝမ်ရှန်းပင်လျှင် တားဆီးရန်အချိန်မရလိုက်ပေ။ ကံကောင်းသည်မှာ သူမသည် ဘူဒိုဇာကို သတ်ပစ်ရန် ရည်ရွယ်ပုံမရခြင်းပင်ဖြစ်သည်။ သူသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်နေသောကြောင့်ဖြစ်နိုင်သည်။

တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်သော အမျိုးသမီး၊ မိစ္ဆာဓားကို ကိုင်ဆောင်ထားသော ဓားသမားနှင့် စွမ်းရည်များကို ဖုံးကွယ်ထားဆဲဖြစ်သော သူတို့၏ခေါင်းဆောင်…

ဝမ်ရှန်း၏ ခြေထောက်များသာ ကောင်းမွန်နေပါက သူတို့နှစ်ဦးကို တစ်ပြိုင်နက်ရင်ဆိုင်ရမည်ကို စိုးရိမ်မည်မဟုတ်ပေ။ သို့သော် လက်ရှိအချိန်တွင်မူ သူသည် အကူအညီမဲ့နေခဲ့သည်။

ကံကောင်းသည်မှာ သူ၏ဆရာဒေါ်လေးသည် အနီးအနားတွင်ရှိနေခြင်းပင်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် သူမကို ဖိတ်ကြားခဲ့ပြီး ယနေ့ညတွင် တာအိုဂိုဏ်းမှ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းလှုပ်ရှားရန်စီစဉ်ထားခဲ့သည်။ သို့သော် ကျင်းယွမ်က အစောပိုင်းကတည်းကလှုပ်ရှားရန် အခိုင်အမာတောင်းဆိုခဲ့သဖြင့် ဝမ်ရှန်းနှင့် အနီးဆုံးနေရာတွင် တာဝန်ချထားခြင်းခံခဲ့ရသည်။

ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ဝမ်ရှန်းသည် ဤမုန်တိုင်းထဲမှ လွတ်မြောက်ပြီးဖြစ်သင့်သည်။ နတ်ဘုရားငါးပါးဂိုဏ်းက ကလဲ့စားချေလိုလျှင်ပင် ဆေးရုံပတ်ပတ်လည်တွင် ချထားသော ယူနီဖောင်းဝတ် စစ်သားအမြောက်အမြားကြောင့် နှစ်ခါလောက်ပြန်စဉ်းစားရမည်ဖြစ်သည်။ သို့သော် ရှီချန်ကျန်းက ဝမ်ရှန်းထံသို့ ဖုန်းဆက်၍ အကြံဉာဏ်တောင်းလိမ့်မည် သို့မဟုတ် ယင်ယန်ဂိုဏ်းသား ၃ ဦးက သူ့နောက်သို့ ချက်ချင်းလိုက်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ရှီချန်ကျန်းသည် မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ တင်းမာသွားခဲ့သည်။ ရန်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူပီပီ မိမိထံသို့ ဦးတည်လာနေသော ရန်လိုမှုများကို သူ အလွယ်တကူပင် အာရုံရလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ”

“ငါတို့လား၊ ငါတို့က ပြဿနာရှာရတာ သဘောကျတဲ့ လူအချို့ပါပဲ” ခေါင်းဆောင်ဖြစ်သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် ပေါ့ပေါ့ပါးပင်ပြန်ဖြေခဲ့သည်။

“မင်းရဲ့ စီနီယာအစ်ကိုကြီးက ဒီနေ့ကြီးကျယ်တဲ့အလုပ်တစ်ခုလုပ်နေတာလေ။ သူ တစ်ယောက်တည်းဖြစ်နေတာကိုမြင်တော့ ငါတို့က သူ့အတွက် အတားအဆီးတချို့ကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်လိုက်တာပဲ”

“တာအိုဆရာရှီ… မင်း ဒီကိစ္စမှာဝင်မပါတာအကောင်းဆုံးပဲ။ ငါတို့က လုံဟူရှန်းတောင်ကိုလည်း မစော်ကားချင်ဘူး၊၊ ရွှေအမြုတေအဆင့်ကို တက်လှမ်းခါနီးဖြစ်နေတဲ့ တာအိုဆရာချင်ယန်ဇီကိုလည်း မဆန့်ကျင်ချင်ဘူး။ ဒါပေမဲ့ မင်းက မင်းရဲ့ စီနီယာအစ်ကိုကြီးရဲ့ကိစ္စမှာ ဝင်စွက်ဖက်မယ်ဆိုရင်တော့ ငါတို့က မင်းကို သူစောင့်နေမယ့်တမလွန်ဆီပဲ ပို့ပေးရလိမ့်မယ်”

“မင်း ခုနကဘာပြောလိုက်တယ်”

ရှီချန်ကျန်း၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး ဒေါသကြောင့် နှာပွသွားခဲ့သည်၊၊

“ချန်ရှင်းဒီလိုဖြစ်သွားတာ မင်းတို့ကြောင့်ပဲ”

ခေါင်းဆောင်ဖြစ်သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“မင်း မှားနေပြီ။ ငါတို့က မင်းရဲ့ စီနီယာအစ်ကိုကြီးနဲ့ မကြာသေးခင်ကမှ သိကျွမ်းခဲ့တာပါ။ ငါတို့သာ သူ့ကိုစောစောသိခဲ့ရင် သူ့ရဲ့ ပါရမီနဲ့ဆို ငါ့ရဲ့လုပ်ပိုင်ခွင့်နဲ့ အရင်းအမြစ်တွေအားလုံးသုံးပြီး သူ့ကို ကယ်တင်ပေးမှာပေါ့။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက…”

ထိုအချက်ပင်ဖြစ်သည်။ ရှီချန်ကျန်း ယခင်ကပြောခဲ့ဖူးသည်ကို ယခုအခါ ထိုသူကအတည်ပြုပေးလိုက်ပြီ ဖြစ်သည်—မီးသူတော်စင်တွင် အချိန်အများကြီးမကျန်တော့ပေ။

ဝမ်ရှန်းသည် မည်သူမျှသတိမထားမိစေရန် ဂရုစိုက်ရင်း သူ၏လက်ပတ်ပေါ်ရှိ လျှို့ဝှက်ခလုတ်ကို နှိပ်လိုက်သည်။

“စိတ်အေးအေးထားပါ တာအိုရောင်းရင်း ချန်ကျန်း”

သူက သတိပေးလိုက်သည်။ လက်ရှိအကောင်းဆုံးရွေးချယ်မှုမှာ ဆရာဒေါ်လေး မရောက်လာခင် အချိန်ဆွဲထားရန်ပင် ဖြစ်သည်။

“သူ့ရဲ့ လေသံအရဆိုရင် အဲဒီလူက မိစ္ဆာကျင့်ကြံသူလောကမှာ အစွမ်းထက်သူတစ်ယောက်ဖြစ်ပုံရတယ်။ ငါတို့ ဒုက္ခရောက်ပြီ”

“မင်း ငါ့ကို အထင်ကြီးလွန်းနေပါပြီ”

ထိုသူက ဂရုမစိုက်ဟန်ဖြင့် ကြားဖြတ်ပြောဆိုခဲ့သည်။

“ငါက ငါ့ရဲ့ စီနီယာတွေရဲ့ အရိပ်အာဝါသကို ခိုလှုံနေရုံသက်သက်ပါပဲ၊၊ ပါရမီ၊ နားလည်သဘောပေါက်မှုနဲ့ ဇွဲလုံ့လတွေကိုအားကိုးနေတဲ့ မင်းတို့နဲ့ မတူဘူး။

ဒါပေမဲ့ ငါ မင်းတို့ကို အကြံပြုချက်တစ်ခုပေးချင်တယ်၊၊ မင်းတို့က ဒီပြဿနာတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီပဲ၊၊ ဘာလို့ နောက်တစ်ကြိမ်ပြန်ပါချင်နေရတာလဲ။ မင်းတို့က နတ်ဘုရားငါးပါးဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်ကို ဖယ်ရှားပြီးပြီပဲ။ အဲဒီအောင်မြင်မှုတစ်ခုတည်းနဲ့တင် မင်းတို့က အစိုးရနဲ့အဆင်ပြေပြေနေလို့ရနေပြီ”

ဝမ်ရှန်းက မခိုးမခန့်ရယ်မောလိုက်သည်။

“ငါက အခု သိုင်းလောကထဲမှာ နာမည်ကြီးနေပြီပေါ့၊၊ အခုမှပဲ ကြားဖူးတော့တယ်။ ငါ သိရသလောက်တော့ လုံဟူရှန်းတောင်မှာ သူတို့ရဲ့တပည့်ကို သတ်တဲ့သူကို လိုက်လံရှာဖွေနိုင်တဲ့ အဆောင်ရှိတယ်မလား”

“မင်း ပြောတာအမှန်ပဲ” ခေါင်းဆောင်ဖြစ်သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ဒါပေမဲ့ လုံဟူရှန်းတောင်မှာ တပည့်တွေအများကြီးရှိပေမဲ့ ငါတို့နဲ့ စစ်ဖြစ်ဖို့ဆိုရင်တော့ သူတို့ နှစ်ခါပြန်စဉ်းစားရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ ဆရာကတော့ လုံးဝသီးခြားကိစ္စတစ်ခုပဲ။ မင်းတို့ရဲ့ ဂိုဏ်းမှာ လူသုံးယောက်ပဲ ရှိတာ—အာ… မင်းတို့မှာအခု ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ဂျူနီယာညီမလေးတစ်ယောက်ရှိနေပြီပဲ။ ဒါတွေ ထားလိုက်ပါ၊၊ ငါတို့က သူ့ကို အများကြီးကြောက်ရွံ့တယ်။ ရွှေအမြုတေအဆင့် တာအိုဆရာတစ်ယောက်ရဲ့ စွမ်းအားက ဘယ်လောက်တောင်ကြီးမားမလဲဆိုတာ ငါတို့ ခန့်မှန်းလို့တောင်မရဘူး၊၊ ပြီးတော့ ငါတို့က မင်းတို့နဲ့ ရန်သူမဖြစ်ချင်ဘူး။ ဒါကြောင့် ဒီနေ့ညတော့ ဘေးကနေပဲ ပွဲကြည့်နေရင် မကောင်းဘူးလား”

ဝမ်ရှန်းသည် ဘာမျှမပြောဘဲ ဒဏ်ရာရနေသော သူ၏အရိုးများဆီသို့ အစစ်မှန်ချီများကို တိတ်တဆိတ်စုစည်းနေခဲ့သည်။ သို့သော်လည်း ထိုဒဏ်ရာများသက်သာရန် အနည်းဆုံး သုံးရက်မှ ငါးရက်အထိ အချိန်ယူရဦးမည် ဖြစ်သည်။

ထိုစကားဝိုင်းကို နားထောင်နေပုံရသော အမျိုးသမီးက သူမ၏ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။ ထို့နောက် သူမက ခပ်တိုးတိုး ပြောလိုက်သည်၊၊

“သခင်လေး၊၊ ဆေးရုံပတ်ပတ်လည်က စစ်တပ်တွေ လှုပ်ရှားနေပြီ”

သူတို့တွင် အပြင်၌ ကင်းထောက်များ ထားရှိထားသည်မှာ ထင်ရှားလှသည်။

“ဒါဆိုရင်တော့ ငါတို့က တာအိုဆရာရှီကို သူ့ရဲ့ စီနီယာအစ်ကိုကြီးအရင် ပို့ပေးရတော့မှာပေါ့” ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ရှီချန်ကျန်းကို စိုက်ကြည့်လိုက်သည်။

ရှီချန်ကျန်းက နှုတ်ခမ်းကို တွန့်လိုက်ပြီး သူ၏လက်ထဲတွင် အဆောင်နှစ်ရွက်ကို ကိုင်ဆောင်ထားပြီး ဖြစ်သည်။ သူ၏လက်မောင်းနှင့် ပေါင်များတွင်လည်း အဆောင်အိတ်များ ပေါ်လာခဲ့သည်။

“သွား” ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“ရှီချန်ကျန်းရဲ့ အသက်ကိုပဲ ရအောင်ယူ”

ထိုအမိန့်ကြောင့် ဓားသမားသည် မုရွှယ်ကို လျင်မြန်စွာ ဘေးသို့ ကန်ထုတ်လိုက်ပြီး ရှီချန်ကျန်းထံသို့ ပြေးဝင်သွားခဲ့သည်။ အမျိုးသမီးမှာ ပို၍ပင် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီချန်ကျန်း၏အနားသို့ ရောက်ရှိသွားခဲ့သည်။ သူမ၏ သွယ်လျသော လက်မောင်းများသည် ဝေဝါးသွားပြီး သေစေနိုင်သော ဓားမြှောင်နှစ်လက်ဖြင့် ရှီချန်ကျန်း၏လည်ပင်းကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

ရှီချန်ကျန်း၏ ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့သည်။ တိုက်ခိုက်မခံရမီမှာပင် သူ၏ရင်ဘတ်တွင်ကပ်ထားသော အဝါရောင်အဆောင်သုံးရွက်က တောက်ပလာခဲ့သည်။ ၎င်းတို့၏ ရှုပ်ထွေးသော ပုံစံများထဲမှ ရွှေရောင်အလင်းတန်းများပေါက်ကွဲထွက်လာခဲ့သည်။

ဗာဂျရာအဆောင်၊၊

အမျိုးသမီး၏ ဓားမြှောင်များသည် သူ၏လည်ပင်းကို ထိမှန်သွားပြီး သံချင်းထိသံနှစ်ချက် ထွက်ပေါ်လာခဲ့သည်။ ရိုက်ခတ်မှုကြောင့် ရှီချန်ကျန်း၏ မျက်နှာနီမြန်းသွားခဲ့သော်လည်း ဓားသွားများက သူ၏အရေပြားပေါ်မှ လွင့်စင်သွားခဲ့သည်။ သူ နောက်သို့ ယိုင်သွားပြီး အပြင်းအထန်ချောင်းဆိုးလိုက်ရသည်။

All Chapters