အခန်း ၁၃၁
Vol. 13 Ch. 131
အခန်း ၁၃၁ - မင်းနဲ့ ကစားရတာ အရမ်းကြာနေပြီ။
နဂါးဘုရားသည် ဝိဉာဥ်သားရဲများ၏ ပထမဆုံးသော ပူးတွဲအရှင်သခင် ဖြစ်ပြီး နဂါးဘုရားနယ်မြေကို တည်ထောင်သူ ဖြစ်သည်။ နဂါးဘုရားလက်အောက်တွင် ကြယ်တာရာစနစ်ကြီး ဆယ်ခုကို အုပ်ချုပ်သည့် နတ်ဘုရား၁၈ ပါး ရှိသည်။
နဂါးဘုရားနယ်မြေကို နတ်ဘုရားကြယ်တာရာနယ်မြေအဖြစ် မြှင့်တင်ရန်အတွက် အခမ်းအနားကြီးတစ်ခု ကျင်းပခဲ့သည်။
ထိုကာလအတွင်း ပင်လယ်နတ်ဘုရား အပါအဝင် ဝိဉာဥ်ကုန်းမြေရှိ နတ်ဘုရားများက ကြံစည်ခဲ့ကြသည်။ သူတို့သည် နဂါးဘုရားနှင့် အာကာသနဂါးဘုရားတို့ကို စကြဝဠာ နိယာမများ၏ လွှမ်းမိုးမှုအောက်တွင် အခမ်းအနားကို ဖျက်ဆီးစေခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် နဂါးမျိုးနွယ်စု၏ အိမ်ရှေ့မင်းသား သေဆုံးခဲ့ပြီး နဂါးဘုရားမှာ ရူးသွပ်သွားကာ နတ်ဘုရားနယ်မြေ စစ်ပွဲကြီးကို ဖြစ်ပေါ်စေခဲ့သည်။
သတိပြန်ဝင်လာပြီးနောက် နဂါးဘုရားသည် အသူရာနတ်ဘုရားကို ခိုင်းစေ၍ သူ၏ခန္ဓာကိုယ်ကို ကောင်းမှုနှင့် မကောင်းမှုဟူ၍ နှစ်ပိုင်းပိုင်းစေခဲ့သည်။
ထို့နောက် နဂါးမျိုးနွယ်စု ပြန်လည်မထမြောက်သရွေ့ ဝိဉာဥ်သားရဲများ နတ်ဘုရားအဖြစ် မခံယူရဟူသော စည်းမျဉ်းကို ချမှတ်ခဲ့သည်။ ဤအချက်က ပင်လယ်နတ်ဘုရားကဲ့သို့သော သူများ တန်ခိုးကြီးထွားလာစေရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်ခဲ့သည်။
ပင်လယ်နတ်ဘုရားသည် နဂါးဘုရား၏ တိုက်ပွဲအမွေအနှစ်များကို အသုံးချကာ နဂါးဘုရား၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငှားရမ်းအသုံးပြုနိုင်သည်။
သို့သော် ပင်လယ်နတ်ဘုရားမှာ နဂါးဘုရား၏ စွမ်းအားကို ကျွမ်းကျင်စွာ မသုံးနိုင်ပေ။ ယခု ရှောင်ချန်ယွီကြောင့် အခြေအနေဆိုးလာသဖြင့် အသုံးပြုရန်သာ တတ်နိုင်တော့သည်။
"လာခဲ့လေ မင်းမှာ ဘာအစွမ်းတွေ ပါသေးလဲ ငါ ကြည့်ရစေဦး။"
ရှောင်ချန်ယွီ၏ စိတ်အာရုံမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ခဏတာ ကြောင်အသွားပြီးနောက် အတွေးများ ရှင်းလင်းသွားသည်။ ရှောင်တိမ်း၍ မရတော့သဖြင့် ရှောင်ချန်ယွီမှာ တိုက်ရိုက် ရင်ဆိုင်ရန်သာ ပြင်ဆင်လိုက်သည်။
"ဒုန်းးးး"
ဖူလန်ဒါ၏ ရွှေရောင်လက်သည်းကြီးမှာ ရှောင်ချန်ယွီ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။ သို့သော် ဖူလန်ဒါ၏ နှလုံးသားမှာ လေးလံသွားသည်။
သူ၏ တိုက်ခိုက်မှုမှာ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ကို ထိမှန်သော်လည်း ဘာမျှ မဖြစ်လာဘဲ ပြန်လည် ထိခိုက်မှု မရှိသည်ကို တွေ့လိုက်ရသောအခါ အံ့ဩသွားရသည်။
"မင်းက တော်တော် သန်မာတာပဲ။ ငါ မင်းကို အထင်သေးမိတာ ဝန်ခံပါတယ် ဒါပေမဲ့ မင်းကိုတော့ လွှတ်မပေးနိုင်ဘူး။"
ဖူလန်ဒါက လေးနက်စွာ ပြောသည်။
"ဒီလို အရည်အချင်းရှိတဲ့သူက ဘာလို့ ငါ့ကို ဆန့်ကျင်နေတာလဲ။ ငါတို့နဲ့ ပူးပေါင်းရင် အတိတ်က အကြောင်းတွေကို ငါ လျစ်လျူရှုပေးနိုင်တယ်။"
ပင်လယ်နတ်ဘုရားက သူ့ကို သိမ်းသွင်းရန် ကြိုးစားသော်လည်း ရှောင်ချန်ယွီက လှောင်ပြုံးဖြင့် တုံ့ပြန်သည်။
"မင်းနဲ့ ပူးပေါင်းရမှာလား။ ဟာသပဲ။ မင်းဖြစ်စေ နောက်မျိုးဆက်ဖြစ်တဲ့ ထန်စန်းဖြစ်စေ နှစ်ယောက်စလုံးက ကျေးဇူးတရားကို မသိတဲ့သူတွေပဲ။ မင်းတို့နဲ့ ပူးပေါင်းတာက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ။"
ဝိဉာဥ်ကုန်းမြေရှိ ဇာတ်လမ်းများအရ ထန်စန်း စရိုက်မှာ မရိုးသားကြောင်း သူ၏ လုပ်ရပ်များသည် သူတော်ကောင်းယောင်ဆောင်နေသော်လည်း အမှန်တကယ်တွင် ဗိလိန်တစ်ယောက်နှင့် မခြားနားကြောင်း ရှောင်ချန်ယွီ ကောင်းစွာ သိသည်။
သူတို့၏ စရိုက်ဆိုးများကို သိရှိထားသော ရှောင်ချန်ယွီက မည်သို့မျှ အပေါင်းအသင်း လုပ်မည်မဟုတ်ပေ။
ရှောင်ချန်ယွီ၏ လှောင်ပြုံးကြောင့် ပင်လယ်နတ်ဘုရား ဒေါသထွက်သွားသည်။
"သေချင်နေတာပဲ နတ်ဘုရားတစ်ပါးကို စော်ကားရဲတယ်ပေါ့။"
ဖူလန်ဒါ၏ ခန္ဓာကိုယ်မှာ ပိုမိုကြီးထွားလာပြီး ပတ်ဝန်းကျင်မှာ ပူပြင်းလာသည်။
"နဂါးဘုရားနယ်ပယ်။"
"ဒါက နဂါးဘုရားနယ်ပယ်ပဲ။ ငါ့ကို ဒီနယ်ပယ်ကို ထုတ်သုံးအောင် လုပ်နိုင်တာ မင်းအတွက် ဂုဏ်ယူစရာပဲ။ နောက်တစ်ဆင့်မှာတော့ မင်းကို ငရဲကို ပို့ပေးမယ်။တစ်ဖန်ပြန်မမွေးဖွားလာနိုင်အောင် လုပ်ပစ်မယ်။"
"အဲ့လိုလား ရှီလိုင်ခဲအကယ်ဒမီကို ဖျက်ဆီးချင်တဲ့သူတွေ အများကြီးပဲလို့ ငါ ကြားထားတယ်။ မင်းတို့ ရှီလိုင်ခဲအကယ်ဒမီနဲ့ ပင်လယ်နတ်ဘုရားကျွန်းဟာ ဝိဉာဥ်ကုန်းမြေရဲ့ ကင်ဆာဆိုးတွေပဲ ပျက်စီးသွားသင့်တယ်။"
ရှောင်ချန်ယွီက လက်ဝါးကို ဖွင့်လိုက်ရာ ခရမ်းရောင်အလင်းလုံးတစ်ခု ပေါ်လာသည်။
"ရှေးဟောင်းမြင့်မြတ်ခန္ဓာ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းခြင်း။"
"ဘုန်းးးး"
လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ကိုပင် စုတ်ပြဲသွားစေမည့် စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။ ဖူလန်ဒါက မထီမဲ့မြင် ပြုသော်လည်း အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ဘဲ တိုက်ရိုက် ထိမှန်သွားသည်။
ဖုန်မှုန့်များ ပြယ်လွင့်သွားချိန်တွင် ရှောင်ချန်ယွီမှာ မူလနေရာ၌ ပြန်လည် ရပ်နေပြီး ဖူလန်ဒါမှာမူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ရှောင်ချန်ယွီက လဲကျနေသော ဖူလန်ဒါကို ကြည့်ကာ ကစားစရာတစ်ခုကို ကြည့်သကဲ့သို့ ပျော်ရွှင်စွာ ပြုံးလိုက်သည်။